အခန်း ၉၅ ။ ပုံရိပ်ယောင်ပင်လယ်ဆီသို့

1K 152 2
                                    

95
အခန်း ၉၅ ။ ပုံရိပ်ယောင်ပင်လယ်ဆီသို့

ရိဖုန်းက ရှန်းရင်ကိုခေါ်ပြီး ပုံရိပ်ယောင်ပင်လယ်ဆီ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့တယ်။ သူမ ဘာကြောင့် သူ့ဓားပေါ် ရပ်ချင်ရလဲ မသိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူမက ဧည့်သည်ဆိုတော့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရတော့တာပေါ့။ သူ ရှန်းရင်ကို ပုံရိပ်ယောင်ပင်လယ်နဲ့ မိတ်ဆက်ပေးလိုက်တယ်။

"ဂိုဏ်းချုပ်ရှန်း၊ ဒါက ပုံရိပ်ယောင်ပင်လယ်ပါ" သူက အဆုံးမရှိကျယ်ပြန့်တယ်လို့ထင်ရတဲ့ ပင်လယ်တစ်ခုကို လက်ညှိုးထိုးပြတယ်။

"ကျွန်တော်တို့ရိမိသားစုကျေးဇူးကြောင့် ပုံရိပ်ယောင်ပင်လယ်တစ်လျှောက်က ကမ်းခြေမှာ သားရဲတွေသိပ်မများဘူး၊ ချန်းချွင်းကျွန်းကို ရောက်‌တာ‌နဲ့ သားရဲတွေအများကြီးတွေ့လာရလိမ့်မယ်"

ရှန်းရင် ခေါင်းညိတ်လိုက်တယ်။ တကယ်ပဲ တစ်ခဏနေတော့ ပုံရိပ်ယောင်ပင်လယ်ထဲမှာ ကျွန်းတွေအများကြီး တွေ့နေရတယ်။ ကျွန်းတွေက သေးပြီး တချို့က မီတာနည်းနည်းပဲရှည်လျားတဲ့ ကျောက်ဆောင်လေးတွေနဲ့ဆင်တယ်။ ရိဖုန်းက ဘယ်ကျွန်းမှာမှ ရပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ တချို့ကို အကျဉ်းချုပ်ရှင်းပြပြီး ဆက်ပျံသန်းလာခဲ့တယ်။ တစ်နာရီနေတော့ အဲလိုကျွန်းတွေက ကျဲလာပေမဲ့ တစ်ခုချင်းစီက သူတို့အရင်မြင်ခဲ့တဲ့ဟာတွေထက် အများကြီးပိုကြီးလာတယ်။

သူပြောသလိုပဲ ကျွန်းပေါ်မှာ ဝိညာဉ်သားရဲတွေ အများကြီး။ တချို့က သုံးကောင်၊ငါးကောင် အုပ်စုလိုက် ခရီးသွားနေကြပြီး တချို့ကတော့ ရာနဲ့ချီ ခရီးသွားနေကြတယ်။ အများစုက ကျွန်းပေ့်မှာဖြစ်ပေမဲ့ တစ်ခါတလေတော့ ရေထဲမှာ သားရဲတစ်ကောင်နှစ်ကောင်ကို သတိထားမိတယ်။ သားရဲအားလုံးက ကြီးတာမို့ အဝေးကနေတောင် လှမ်းသတိထားမိနိုင်တာမျိုးပဲ။

"ကျွန်တော့်ရဲ့ ခြင်္သေ့ဟိန်းဟောက်သားရဲကို အဲကျွန်းမှာ တွေ့ခဲ့တာ" ရိဖုန်းက သူ့ညာဘက်က ကျွန်းကြီးတစ်ခုကို လက်ညှိုးထိုးပြလိုက်တယ်။

"အဲကြောင်လား" ရှန်းရင် သူ့ကိုလှည့်ကြည့်လိုက်တယ်။

ရိဖုန်း တုံ့ဆိုင်းသွားတယ်။ သူမက ခြင်္သေ့ဟိန်းဟောက်သားရဲကို သားရဲလေးအနေနဲ့ သတ်မှတ်နေတာ သဘောပေါက်သွားမှ ရှင်းပြလိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now