အခန်း ၁၁၅ ။ အမတဘုံ၏ ယေဘုယျအသိပညာ

1K 161 6
                                    

115

အခန်း ၁၁၅ ။ အမတဘုံ၏ ယေဘုယျအသိပညာ

"ရှန်းရင် စားပြီးတာနဲ့ အိမ်ကို သိမ်းဆည်းမယ်" ကူယွဲ့ သုတ်သုတ်ပြာပြာ ပြေးနေရင်း အစားသရဲရှန်းရင်ကို ညွှန်ကြားရသေး။ ရှန်းရင် အမဲသာူကင်နဲ့ ထမင်းစားနေတာ။

"ယွီဟုန့်ကို တပည့်တွေဒီခေါ်လာပြီး မင်းပစ္စည်းတွေအားလုံးကို အနောက်ဆောင်ဆီ ရွှေ့ခိုင်းပြီးပြီ၊ အခုကစပြီး မင်းအဲမှာပဲနေရမယ်"

"ဟမ်" ရှန်းရင်က အူကြောင်ကြောင်ရုပ်။

"ဘာလို့လဲ" ဒီနေရာလေးမှာ နေရတာပျော်တာကို။ ဘာလို့ရွှေ့ရတာလဲ။ အလုပ်ရှုပ်ချက်ပဲ။

"ဒီတောင်ထွတ်အောက်ခြေမှာ အမတဘုံဗိမာန်ရှိတယ်မဟုတ်လား" ကူယွဲ့က မေးခွန်းပြန်မေးလာတယ်။

"ငါလေ့လာပြီးပြီ၊ မင်းအခုနေနေတဲ့နေရာက ငါတို့မြေကြီးကိုတူးရင် အမတဘုံဗိမာန်ရဲ့အလယ်တည့်တည့်ကို ရောက်ဖို့ပြီးပြည့်စုံတဲ့အနေအထားပဲ"

"ဘာလို့ ဘုံဗိမာန်ဆီ ရောက်အောင် ကြိုးစားနေတာလဲ" အခု ကြေမွသွားပြီမဟုတ်ဘူးလား။

"တခြားဘာရှိရမှာလဲ၊ သေချာပေါက် အကြွင်းအကျန်တွေ ကောက်ဖို့ပေါ့ မင်းတို့ ပုံမှန်ဆို မင်းတို့သတ်လိုက်တဲ့လူရဲ့ ပစ္စည်းတွေကို သိမ်းတယ်မဟုတ်လား"

"..." အဓိပ္ပာယ်တော့ရှိသား။

ကူယွဲ့ မျက်စေ့လှန်ပြီး တတွတ်တွတ်ပြောတော့တယ်။

"မင်းက ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ပဲ၊ နည်းနည်းလောက် ဂိုဏ်းအတွက် တွေးပေးလို့ရမလား၊ အခု ငါတို့မသေမျိုးဆီတက်လှမ်းသွားပြီဆိုတော့ ငါတို့ရဲ့လက်နက်၊ ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေ၊ ဆေးမြစ်တွေ ဘာမှအသုံးမဝင်တော့ဘူးဆိုတာမသိဘူးလား၊ ဒါကြောင့် ဂိုဏ်းထဲကလူအများစုက အခု မသေမျိုးတက်လှမ်းလာကြပြီ၊ တကယ်လို့လိုအပ်တာမစုဆောင်းရင် ငါတို့ ဒီတိုင်းထိုင်နေပြီး လေပဲစားရတော့မှာ၊ ပြီးတော့..." သူ့ညာဘက်က လူကို လှည့်ကြည့်လိုက်တယ်။

"ဒါဘယ်သူလဲ၊ ဘယ်ကခေါ်လာတာလဲ၊ မင်းငါတို့ဂိုဏ်းကို ဒုက္ခပေးနေတာရပ်လို့ရမလား"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now