အခန်း ၁၃၂ ။ မြို့တော်မှဆင့်ခေါ်ခြင်း

992 155 0
                                    

132

အခန်း ၁၃၂ ။ မြို့တော်မှဆင့်ခေါ်ခြင်း

"စိတ်အေးအေးထား၊ နတ်ဆိုးတွေ ထပ်လာတော့မှာမဟုတ်ဘူး"

ရှန်းရင် ကတိပေးလိုက်တယ်။

ကူယွဲ့က တံခါးဝကို မော့ကြည့်လိုက်တော့ လေထဲမှာမြင်နေရဆဲပဲ။ သူ ဟိုဟိုဒီဒီလှည့်ကြည့်လိုက်တော့ နတ်ဆိုးချီတွေက လေထဲမှာ ပျံ့နေဆဲဆိုတာ သတိထားမိသွားခဲ့တယ်။

"သူတို့မလာရင်တောင် ငါတို့ ဒီနေရာကို ဘာလုပ်မလဲ" ငါတို့ ဒီနတ်ဆိုးချီကို ဝူတိဂိုဏ်းထဲမှာ ထားထားလို့ မဖြစ်ဘူးလေ။

ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ မြူခိုးနက်တွေက တကယ်ကိုပြဿနာပဲ။

"ငါတို့... မည်းလုံးကို ဒီခေါ်ပြီး မေးလိုက်ရင်ရော" သူ ဝေးဝေးရောက်ဦးမယ်မထင်ဘူး။

"မည်းလုံးလား" ‌ဘယ်သူလဲဟ။

"ခဏ မင်းဘာလုပ်နေတာလဲ"

ကူယွဲ့ မေးခွန်းမေးရုံပဲရှိသေး၊ ရှန်းရင်က တံခါးတွေကို ဖြတ်ခုန်ဖို့လု‌ပ်တော့တယ်။

ကူယွဲ့ ရှန်းရင်ကို ပြန်ဆွဲ‌မခေါ်နိုင်ခင် မိုးကြိုးတစ်ခုက ကောင်းကင်ကနေ နတ်ဆိုးဘုံတံခါးကို ထိမှန်တော့တယ်။

အသံကျယ်ကြီးပေါ်လာပြီး တံခါးက အပိုင်းပိုင်းဖြစ်သွားတယ်။ ကျောက်တုံးမည်းကြီးတွေ ကောင်းကင်ကနေ ကျဆင်းလာပေမဲ့ သူတို့မြေကြီးကို မထိခင်မှာတင် ဖုန်မှုန့်အဖြစ် ပြောင်းလဲကုန်တယ်။

"နတ်ဆိုးဘုံတံခါးက... ပျောက်သွားပြီ" ယိချင်းက အံ့အားတကြီး ရေရွတ်တော့ လူတိုင်း မော့ကြည့်မိလိုက်တယ်။

တကယ်ပဲ တံခါးတွေရှိနေတဲ့နေရာမှာ ‌ခုတော့ အနက်ရောင် ချောက်နက်ကြီးရှိနေတယ်။ အနက်ရောင်ခြောက်နက် တဖြည်းဖြည်းလွင့်သွားပြီး မကြာခင်မှာပဲ တံခါး‌တွေနဲ့အတူ ပျောက်ကွယ်သွားတယ်။ ကျန်ရစ်ခဲ့တာတော့ တိမ်ဖုံးနေတဲ့ကောင်းကင်ပြင်ဖြစ်ပြီး အဲဒါလည်း မြန်ဆန်စွာပင် ရှင်းလင်းသွားလေရဲ့။ ဝူတိဂိုဏ်းကိုဝိုင်းထား‌ဆဲ နတ်ဆိုးချီကြောင့်သာ မဟုတ်ရင် သူတို့တွေ နတ်ဆိုးဘုံတံခါးက တကယ်ပဲ အစတည်းက ရှိခဲ့ရဲ့လားတောင် သံသယဝင်မိမှာ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now