အခန်း ၁၃၉ ။ စစ်ပွဲကြီးတစ်ခုနိုးလာခြင်း

979 167 5
                                    

139
အခန်း ၁၃၉ ။ စစ်ပွဲကြီးတစ်ခုနိုးလာခြင်း

ကျောက်တောင်တွေကြားမှာ မီးတောက်တွေ ရုတ်ခြည်းတက်လာပြီး ကောင်းကင်ကို ဟပ်သွားခဲ့တယ်။ မြေကြီးက အသည်းအသန်တုန်ခါလာပြီး ကူယွဲ့ ချက်ချင်းပဲ မြေကြီးပေါ် အိပ်နေတဲ့ တစ်စုံတစ်ယောက်ပေါ် အလိုလို ဖောက်ထွင်းမြင်ရတဲ့ သီးခြားအင်းကွက်တစ်ခု ဖွဲ့တည်လိုက်တယ်။

နောက်တစ်ခဏမှာတင် ဝိညာဉ်ကျောက်တုံးတွေက တောင်တွေပေါ်က လိမ့်ဆင်းလာပြီး ပတ်လည်မှာ အက်ကွဲသံတွေ ပေါ်လာလေရဲ့။ ခပ်ကြီးကြီးတစ်စုံတစ်ရာက မြေကြီးထဲကနေ အပြင်ကို ဖောက်ထွက်လာပြီး မီးတောင်လိုမျိုး လောင်ကျွမ်းနေတဲ့မီးလျှံတွေနဲ့ ဖုံးလွှမ်းနေတယ်။ ကောင်းကင်တစ်ခုလုံး မီးခိုးတွေ ဖုံးနေပုံပဲ။ အဲအရာက ပါးစပ်ဟလိုက်ပြီး သူတို့နောက်တစ်ကြိမ် ကောင်းကင်နဲ့ မြေကြီးကိုပါ လှုပ်ခတ်သွားစေမဲ့ပုံပေါ်တဲ့ ဟိန်းဟောက်သံကြီး ကြားလိုက်ရတယ်။

ကူယွဲ့နဲ့ယိချင်း အင်းကွက်ထဲကလူကို အလိုလိုလှမ်းကြည့်ပြီး စိတ်အေးဟန် သက်ပြင်းချလိုက်တယ်။ ကံကောင်းလို့ သီးခြားအင်းကွက် အမြန်ချမိလိုက်တာ။ ဆူညံသံက အစီအရင်ကိုဖြတ်မသွားဘဲ သူ အိပ်နေသေးတယ်

"ဒါ ဘယ်လိုသားရဲပါလိမ့်"

ယိချင်း မျက်မှောင်ကြုတ်လိုက်တယ်။ သူ အဲလိုသားရဲမျိုး တစ်ခါမှမမြင်ဖူးဘူး။ ကြီးလွန်းလို့ အသွင်လက္ခဏာကိုတောင် သေချာခွဲမရဘူး။ သူ့ကိုယ်ကိုဖုံးလွှမ်းထားတဲ့ မီးတောက်တွေကလည်း ပိုပြီး အခက်တွေ့စေတယ်။ သာမန်မီးတောက်မဟုတ်တာ အသိသာကြီးပဲ။ သားရဲပေါ်ပေါ်လာချင်း ဘေးကအရာအားလုံး ပြာဖြစ်ကုန်တယ်။ သူတို့အမတကိုယ်ခန္ဓာတွေတောင် ဒီလောက်အဝေးကြီးကနေ ပူစပ်စပ်ဖြစ်သေး။

"ဟင့်အင်း၊ ဒါသားရဲမဟုတ်ဘူး" ကူယွဲ့ အသံတိုးပြီး ဇဝေဇဝါပိုဖြစ်လာတယ်။ သူ ကောင်းကင်တစ်ဝက်ကို မီးမြှိုက်ထားပြီဖြစ်တဲ့ အရာကြီးဆီ လက်ညိုးထိုးလိုက်တယ်။

"မြန်မြန် မီးထဲကြည့်လိုက်ကြ"

ယိချင်း ကောင်းကင်စိတ်အာရုံကိုသုံးပြီး မီးထဲအာရုံစိုက်လိုက်တယ်။ သွေဖည်မီးလျှံတွေ အထပ်ထပ်ဖုံးအုပ်နေပုံက သံချပ်ကာလိုပဲ။ မီးထဲမှာ ဘော်ကြယ်လိုမျိုး အဆောင်တချို့လည်း တလက်လက် တောက်‌ပနေတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now