အခန်း ၁၈၀ ။ ဇဝေဇဝါဖြစ်စေသောပုံရိပ်ယောင်များ

795 146 6
                                    

180

အခန်း ၁၈၀ ။ ဇဝေဇဝါဖြစ်စေသောပုံရိပ်ယောင်များ

ရှန်းရင်တို့တွေ ရွှီးမီကွင်းကို ပြန်ရောက်ချိန် အင်းကွက်အပြင်မှာ အမတတွေ မရှိတော့ဘူး။ တခြားအမတတွေ ထွက်ပြေးသွားတာလား လူကယ်ဖို့ အင်းကွက်ထဲဝင်သွားတာလားမသိ။ သူတို့ပြောနိုင်တာကတော့ ကီလိုမီတာပတ်လည်ကျယ်တဲ့ သွေးရဲရဲနီ အမိုးခုံးကြီးပဲ။

သူတို့ အမိုးခုံးကြီးပေါ် ပျံတက်သွားပြီး အထဲကိုကြည့်လိုက်တယ်။ သူတို့ ညာဘက်ခြမ်းမှာ လူတစ်စုကို ခပ်ရေးရေးမြင်လိုက်ရတယ်။ သူတို့က တိုက်ပွဲကိုကြည့်နေခဲ့ကြတဲ့ ဧကရာဇ်တွေပဲ။ စားဖိုမှူးနဲ့ဖေဖေနျိုလည်း အဲမှာရှိနေတယ်။ ဒါပေမဲ့ အားလုံးက မလှုက်မယှက် ကြမ်းပြင်ပေါ်လဲနေကျတာ။ အင်းကွက်တစ်ခုလုံးထဲ အားလုံးက ပကတိတိတ်ဆိတ်နေတယ်။ လူတစ်ယောက်မှ အသက်ရှူနေပုံမပေါ်။ ကြည့်ရတာ အိပ်ပျော်နေကြသလိုမျိုး။

"ဘာတွေဖြစ်နေတာလဲ" လန်ဟွားက ချူရွှမ့်ကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။ ဒါက အမတသုတ်သင်အင်းကွက်လား၊ ဒါမှမဟုတ် ဝိညာဉ်ရှုပ်ထွေးအင်းကွက်လား။ ဘာလို့အားလုံး သတိလစ်နေကျတာလဲ။

"အဇဋာ... ဧကရာဇ် ဒါ လက္ခဏာတစ်ခုပါပဲ၊ အင်းကွင်က ပြီးသွားပြီဆိုတော့ သူတို့ရဲ့ မူလဝိညာဉ်တွေက အထဲမှာပိတ်မိနေတာ" ချူရွှမ်က ရှင်းပြရင်း နောက်ထပ်သိုင်းတစ်ခုထုတ်ပြီး လက်ကိုမြှောက်ကာ အင်းကွက်ဆှ ယမ်းလိုက်တယ်။ ရဲရဲနီနေတဲ့သွေးရောင်က ခဏတာ ရပ်ဆိုင်းသွားပြီးတော့ ရွှေရောင်အလင်းတန်းကြီး ဖြတ်ခနဲလင်းသွားပြီး အမိုးခုံးထဲက အရာအားလုံး ပြောင်းလဲသွားတယ်။

ရှေးဟောင်းစွန့်ပစ်မြေ မဟုတ်တော့ဘူး။ အဲနေရာမှာ ချော်ရည်တွေ၊ ကျောက်တွေနဲ့ တောင်ထွတ်ကြီးတစ်ခုပဲ ရှိနေတယ်။ သူတို့ဘယ်နေရာပဲကြည့်ကြည့် ငရဲပမာ ကြောက်စရာကောင်းနေတယ်။ ပထဲက လေက လေပြင်းဓားတွေ၊ ဓားချီတွေနဲ့ ပြည့်နေတယ်။ စောနက သတိလစ်နေတယ်လို့ မြင်ခဲ့ရတဲ့ အမမတွေက အထဲမှာ တကွဲတပြားစီနဲ့ လေပြင်းဓားတွေကို တိုက်ခိုက်နေပေမဲ့ ဘယ်သူမှ အဲတိုက်ခိုက်ချက်တွေ အများကြီးကို မကာကွယ်နိုင်ခဲ့ဘူး။ တချို့လေပြင်းဓားတွေက လူအုပ်ကြီးတွေကို ထိမှန်ကုန်မှာ။ ကြည့်ရတာ တိုက်ခိုက်မှုက ထာဝရဆက်သွားနေမဲ့ပုံ။ တကယ်လို့ ဒီလိုသာ ဆက်သွားနေရင် သေချာပေါက် အထဲကလူတွေတော့ အသေထိုးခံရတော့မှာပဲ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now