အခန်း ၆၇။ မသန့်စင်သော ဓားကျင့်ကြံသူ

1K 167 3
                                    

67

အခန်း ၆၇။ မသန့်စင်သော ဓားကျင့်ကြံသူ

“ဂိုဏ်းချုပ်” နားချိန်ကို အသုံးချပြီးအနူးညံ့ဆုံးအကျင့်စရိုက်ရှိတဲ့အစ်မစစ်ယွီက ဖြတ်သန်းသွားတဲ့ အဲ့ဒီcheat ကို လှမ်းမတားဘဲ မနေနိုင်ဘူး။

“ဟေ့ ညီမ စိမ်းလေး”

ကူယွဲ့က တစ်ချက်ကြည့်ပြီးတော့ တွေးလိုက်တယ်။ ညီမစိမ်းလေးက ဘယ်သူလဲ။ လှည့်ကြည့်လိုက်တဲ့အချိန်မှာ စစ်ယွီလို့ အမည်ရတဲ့တပည့်က အစိမ်းရောင်ဝတ်ရုံဝတ်ထားမှန်း သူ သဘောပေါက်သွားတယ်။

တကယ်ပါပဲ ... သူက နာမည်တွေ မမှတ်မိနိုင်သေးဘူး။

“စားချင်လို့လား” ရှန်းရင်က သူမ သစ်သီးကို ကိုက်ဝါးရင်းနဲ့မေးလိုက်တယ်။

“မလို ... မလိုပါဘူး” စစ်ယွီက ရှက်သွေးဖြာပြီးတော့ ပေးလာတဲ့သစ်သီးကို ပြန်တွန်းထုတ်လိုက်တယ်။

“ဂိုဏ်းချုပ်ကို အကြံဉာဏ်တောင်းစရာမေးခွန်းတစ်ခု ရှိရုံပါပဲ”

“ပြောကြည့်လေ” ရှန်းရင်က အမှုမထားတဲ့အမူအရာနဲ့ ခေါင်းညိတ်လိုက်တယ်။

“အစောတုန်းက ကျွန်မတို့ရဲ့ဓားသိုင်းကွက်တွေကို ဘယ် ... ဘယ်လိုထင်လဲ။ ကျွန်မတို့ ဘာချို့တဲ့နေလဲ”

“ချီး ...” ကူယွဲ့က ချက်ချင်းစိတ်လေသွားတော့တယ်။ သူက ဘာမဆိုသိနေတဲ့ပုံနဲ့။

“အတော်ကောင်းပါတယ်” ထင်တဲ့အတိုင်းပဲ။ ရှန်းရင်က ခဏတာ တောင့်တင်းသွားပြီးတော့ ဘယ်ကြည့်ညာကြည့်နဲ့ ဖျစ်ညစ်ပြောလိုက်တယ်။ “နင်တို့ချို့တဲ့နေတာက ခွန်အားများလား” စစ်ယွီက ကြောင်အစွာငေးကြည့်နေတော့တယ်။

“ဆိုရိုးစကားရှိတယ်မလား ... သန်မာတဲ့သူတစ်ယောက်က စွမ်းအင်ဆယ်မျိုးရှိတဲ့သူတစ်ယောက်ကို အနိုင်ယူနိုင်တယ်လေ”

ကူယွဲ့ ... မင်း  ပုံစံတူ တုပတဲ့ကောင်။

စစ်ယွီက အဲ့ဒီနေရာမှာကြောင်ငေးကြည့်နေပြီးတော့ သူမနားမှာရှိတဲ့ ကျန်တဲ့မိန်းကလေးတွေနဲ့အတူ မျက်လုံးလက်သွားရောပဲ။ ကြည်ညိုလေးစားတဲ့အကြည့်တွေနဲ့သူမက ပြောလိုက်တော့တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now