အခန်း ၁၃၆ ။ ရွှင်ရှူး၏စမ်းသပ်မှု

991 171 10
                                    

136

အခန်း ၁၃၆ ။ ရွှင်ရှူး၏စမ်းသပ်မှု

ရွှင်ရှူးက အင်မတန်မြန်ဆန်စွာပဲ မတ်တတ်ရပ်လာတယ်။ သူက ထခုန်ပြီး ဝတ်ရုံတွေကို ဖယ်ကာ အပိုင်းပိုင်း‌ဖြဲလိုက်တယ်။ မြေကြီးပေါ်ပစ်ချပြီး ဒေါသတကြီး တက်နင်းလိုက်သေး။ လက်တစ်ဖက် ယမ်းလိုက်တော့ ဝတ်ရုံပြာတစ်စုံက ပေါ်လာပြီး အမြန်ဝတ်လိုက်တယ်။ ဒီတစ်ကြိမ်တော့ ဝတ်ရုံတွေက ကြမ်းပြင်ကို မထိတော့ဘူး။

"ဟေး မင်းတို့ ဒီကိုဘာလာ... အာ ဟုတ်သား ငါ့ဆောင်းဝိညာဉ်သစ်ရွက်က လူတိုင်းအတွက် မဟုတ်ဘူး"

သူက ချောင်းဟန့်လိုက်တယ်။ သူက စောနလေးကတင် ချော်လဲကျမထားသလိုမျိုး အထက်တန်းကျပြီး မြင့်မားတဲ့ ကိုယ်နေဟန်ထား ပြန်ထိန်း‌လေတယ်။ တကယ်လို့ မျက်နှာပေါ်က ရွှံ့ကြောင့်သာ မဟုတ်ရင် သူလဲကျတာက စိတ်ကူးယဉ်နေတာလို့ သူတို့ထင်မိဦးမှာ။

ကူယွဲ့ ။ ။ "..."

ရှန်းရင် ။ ။ "..."

"အယ်... ဧကရာဇ်ငယ်ရွှင်ရှူး" ဖေဖေနျိုက ဘယ်လိုပဲဖြစ်ဖြစ် ညှိနှိုင်းတဲ့နေရာမှာ အရမ်းကျွမ်းကျင်တာလေ - သူက ထိတ်လန့်မှုကနေ ပထမဆုံး သတိပြန်ဝင်လာတယ်။ ထိန်းချုပ်ထားတဲ့ အမူအရာနဲ့ သူက ပြောလာတယ်။

"ဒီရတနာက အရမ်းတန်ဖိုးကြီးတာ ကျွန်တော်တို့သိပါတယ်၊ ဧကရာဇ်ငယ်ရွှင်ရှူးက အမြဲရက်ရောပြီး အရှင့်မှာပဲ ဆောင်းဝိညာဉ်သစ်ရွက်ရှိတယ်လို့ ကြားဖူးထားလို့ပါ၊ ဒါကြောင့်..." ရွှင်ရှူးက အထင်သေးနေသေးတဲ့ပုံမြင်တော့ ကူယွဲ့ ချက်ချင်း မကျေမနပ်ဖြစ်နေတဲ့ မုန်လာဥဖြူကိုမပြီး ရွှင်ရှူးထံ ကမ်းပေးဖို့လုပ်လိုက်တယ်။

"ဧကရာဇ်ငယ်ရွှင်က အမတတစ်လောကလုံးမှာ အသိမ်မွေ့ဆုံး အမတလို့ကြားဖူးပါတယ်၊ ကျွန်တော်တို့ အပင်ဝိညာဉ်တစ်ခုနဲ့ကြုံခဲ့ရတာ ကံကောင်းတာပါပဲ၊ သူက အပင်အသက်မှာ နောကျေပါတယ်၊ တကယ်လို့ သူ့ကို အရှင်နဲ့ သုံးလပဲ နေခွင့်ပြုရင် အရှင့်ရဲ့ ဒီလှပတဲ့ဥယျာဉ်က ပိုခမ်းနားလာမယ်ဆိုတာ ကတိပေးပါတယ်"

 

"ကျီကျီကျီ..." ကူယွဲ့စကားပြောပြီးပြီးချင်း မုန်လာဥဖြူက အသက်လု‌နေသလို ရုန်းတော့တယ်။ သုံးလနေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now