အခန်း ၈၂ ။ ဝိညာဉ်ဖမ်းမျှော်စင်ထဲ အစုဝေပုံကျပါဝင်ခြင်း

1.1K 161 4
                                    

82

အခန်း ၈၂ ။ ဝိညာဉ်ဖမ်းမျှော်စင်ထဲ အစုဝေပုံကျပါဝင်ခြင်း

ကောင်းကင်နဲ့မြေကြီးမှာ ထူးခြားဖြစ်စဉ်တစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်မှာရှိတဲ့ ဝိညာဉ်စွမ်းအင်အဆင့်က ထိုးထိုးထောင်ထောင် တက်လာတယ်။

ရှန်းရင် နေ့လယ်စာစားနေတုန်း တန်းလန်းပေါ့။ သူမ အသားတစ်ဖက် ကောက်ယူခါစရှိသေး မြေကြီးက ရုတ်တရက် တုန်ခါလာကာ တောင်တန်းတွေ ယိမ်းယိုင်သွားတော့ သူမလက် တုန်ရီသွားပြီး လက်ထဲကအသားလည်း မြေကြီးပေါ်ပြုတ်ကျသွားခဲ့လေတယ်။

နှမြောစရာ...

တစ်ဖက်မှာ ယိချင်းက နောက်ထပ်အသားတစ်တုံးကို ကောက်ယူပြီး ခွက်ထဲ တည်တည်ငြိမ်ငြိမ် ထည့်ပေးလာတယ်။

စားဖိုမှူးကောင်းပဲ

ရှန်းရင် စားတော့မဲ့ဆဲဆဲ ကူယွဲ့က တောက်လောငိနေတဲ့ စိတ်မရှည်မှုတွေနဲ့ ရုတ်တရက် ပြေးဝင်ချလာတယ်။

"ရှန်းရင်၊ စောနက လှုပ်ယမ်းသွားတာကို မင်းတို့ အာရုံခံမိလား"

"ငလျင်လှုပ်တာလား" သူမ ခေါင်းလေးစောင်းလိုက်တယ်။

"မင်းခေါင်းကို ငလျင်" ကူယွဲ့ ဒေါသတကြီး ကြည့်လိုက်တယ်။

"ဆရာ၊ အရှေ့ဘက်အရပ်က ဝိညာဉ်ချီအဆင့်က ပေါ်ထွက်လာပါတယ်"

ယိချင်းခေါင်းမော့ပြီး ညာဘက်ကို ကြည့်ကာ တည်ငြိမ်တဲ့လေသံနဲ့ ရှင်းပြလာတယ်။

"ထူးခြားတဲ့ရတနာတစ်ခု လောကကြီးထဲ ဆင်းသက်လာတာ ဖြစ်နိုင်ခြေအများဆုံးပါ"

"ဟုတ်တယ်၊ လှုပ်ယမ်းသွားမှုကနေ ဆုံးဖြတ်ရရင်တော့ ဒီပစ္စည်းက သေးသေးမွှားမွှားတော့ မဟုတ်နိုင်ဘူး" 

ကူယွဲ့ စိတ်လှုပ်ရှားစွာနဲ့ ဆက်ရှင်းပြတော့တယ်။

"မင်းတို့မြန်မြန်ထုပ်ပိုးကြ၊ ငါတို့ သွားစစ်ဆေးကြည့်ရမယ်"

"ဘာအတွက် အသင့်ပြင်ရမှာလဲ" ရှန်းရင် ခေါင်းမော့လိုက်တယ်။

"သေချာပေါက် အဲကိုသွားဖို့ ပြင်‌ဖို့လေ"

ကူယွဲ့ အကျင့်အတိုင်း ဖြေလိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)जहाँ कहानियाँ रहती हैं। अभी खोजें