အခန်း ၁၁၀ ။ တစ်ဖက်အဖွဲ့၏ အသင်းဝင်များ

1K 165 4
                                    

110

အခန်း ၁၁၀ ။ တစ်ဖက်အဖွဲ့၏ အသင်းဝင်များ

ယိချင်း တန့်သွားတယ်။ သူကြားခဲ့တဲ့အသံအကြောင်း စဉ်းစားမိပေမဲ့ ဘာ‌မှတော့ ပြန်မဖြေဘူး။

တစ်ဖက်လူက အများကြီးပိုခက်ထန်လာတယ် - သတ်ဖို့လုံးဝအသင့်ဖြစ်နေတဲ့ပုံ။ ဒါပေမဲ့အချိန်တိုင်း သူ ယိချင်းကို မထိခင် မသေမျိုးချီတွေကို တစ်ဝက်လောက် အမြဲလျှော့ပစ်တယ်။ မသေမျိုးချီရဲ့ အကူအညီမပါရင် မသေမျိုးက ဓားသိုင်းပေါ်ပဲ မှီခိုနိုင်တာ။ ဒါနဲ့ပတ်သက်ရင်တော့ ယိချင်း သူ့ကို ယှဉ်နိုင်တယ်။ လွမ်ရွှိက စိတ်ပူထက်ပူလာတယ်။

"မြန်မြန်လုပ်လေ၊ ဘာစောင့်နေတာလဲ၊ ညာဘက်တင်ပါးကို တိုက်ပါဆို"

ယိချင်း မျက်မှောင်ကြုတ်ပြီး အသံလွှဲပို့လိုက်တယ်။

"မင်းက ဘာလို့ ငါ့ကိုကူညီနေတာလဲ"

"ငါ့မှာရှင်းပြဖို့အချိန်မရှိဘူး..." တစ်ဖက်လူအသံက ပိုပိုပြီး သွေးပျက်လာတယ်။

"မင်းကို ဒီမှာ သေခွင့်မပေးနိုင်ဘူး၊ ဒီနေရာကနေ ထွက်သွားလိုက်၊ နောက်ကျသိလာလိမ့်မယ်"

"ဟင့်အင်း" ယိချင်းက ငြင်းလိုက်တယ်။ တစ်ဖက်လူက ဘာကြောင့် သူ့ကို ကူညီချင်ရလဲဆိုတာ ဆက်ပြီးအတင်း‌မမေးတော့ဘူး။

"တကယ်လို့ ငါထွက်သွားရင် ကျင့်ကြံသူရာချီ သေချာပေါက် သေကုန်ကြမှာ"

"မင်းဒီမှာဆက်နေရင်တောင် သူတို့ကို မကူညီနိုင်ဘူးဟ" လွမ်ရွှိအသံက တုန်ရီနေတယ်။

"ငါ့နောက်က လူငါးယောက်မှာ လေးယောက်က စိတ်တန်ခိုးအမတတွေ၊ မင်းက သူတို့အတွက် ပြိုင်ဘက်မဟုတ်ဘူး၊ ဒီနေရာက ထွက်သွားပြီး မင်းဆရာကို သွားရှာ"

"မင်းက ငါ့ဆရာသိတယ်လား" ယိချင်း အံ့ဩသွားတယ်။

"ဒါပေါ့ မင်းကို အမှန်တိုင်းပြောမယ်၊ တကယ်တော့ ငါက..."

"လွမ်ရွှိ မင်းဘာလုပ်နေတာလဲ" လွမ်ရွှိစကားမဆုံးခင် စိတ်တန်ခိုးအမ‌တတွေထဲက တစ်ယောက်က လွမ်ရွှိ တစ်ခုခုကြံနေတာကို ပြောနိုင်သလိုမျိုး ကြားဖြတ်ပြောလာတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Wo Geschichten leben. Entdecke jetzt