အခန်း ၁၂၈ ။ နတ်ဆိုးဘုံပွင့်ခြင်း

936 158 3
                                    

128

အခန်း ၁၂၈ ။ နတ်ဆိုးဘုံပွင့်ခြင်း

နတ်ဆိုးချီက တဖြည်းဖြည်း ထူာလိုက်တာ မြို့အရှင်ဗိမာန်ကျူးကျော်ခံရတုန်းကထပ်တောင် ပိုများလာတယ်။ အားလုံးက မဟူရာပင်လယ်ပဲ။ နတ်ဆိုးချီထဲကနေ ရံဖန်ရံခါ နားကွဲမတတ် တစ္ဆေလိုလို အော်သံကြီးလည်း ပေါ်လာသေးတယ်။ နတ်ဆိုးချီထဲကနေ အနီရောင်မျက်လုံးတွေနဲ့ အမည်းရောင်သဏ္ဌာန်တစ်ခုက သူတို့အုပ်စုကို စိန်းစိန်းဝါးဝါး ကြည့်နေလေတယ်။

ကူယွဲ့က တစ်တောင်လုံးကို ကာကွယ်ဖို့ ချက်ချင်း အကာအကွယ်အစီအရင်ချလိုက်တယ်။ နောက်တော့ သူ တပည့်အားလုံးကို ဆင့်ခေါ်ပြီး လူတိုင်းကို ‌အရှေ့ဆောင်က အကာအကွယ်အစီအရင်ထဲနေဖို့ ပြောလိုက်တယ်။ တစ်ရာ့ရှစ်ကြိမ်မြောက် သူ ဇာတ်လိုက်ရဲ့ပြဿနာရှာတဲ့ အလေ့အထလေးကို ဆဲ‌မိတော့တယ်။ ရက်ပိုင်းလေး ဝူတိဂိုဏ်းမှာပဲနေရသေးတယ်၊ ဒီလိုကံမကောင်းတဲ့ကိစ္စဖြစ်နေပြီ။

ငါးမိနစ်မကြာခင်မှာပဲ တပည့်အားလုံး စုလာပြီးတဲ့နောက် ယိချင်းနဲ့ ရှန်းရင်ကပြန်လာတယ်။ ယိချင်းက လူနှစ်ယောက်ကို ဆွဲခေါ်လာချိန် ရှန်းရင်ကတော့ သယ်ထားတာက... ငါးတစ်ကောင်ကိုလား။

ကူယွဲ့ နှုတ်ခမ်းတွေ တွန့်သွားတယ်။ ခုချိန် သောက်ကျိုးနည်းငါးတစ်ကောင်ကို ဘာလိုချင်နေတာလဲ။

သူတို့ပါ အကာအကွယ်အစီအရင်ထဲ ဝင်လာကြတယ်။

ယိချင်း သူဆွဲခေါ်လာတဲ့ ပေါင်ရီနဲ့ ပေါင်ဖေးဖျင်ကို လွှတ်ချလိုက်တယ်။ သူတို့ကြည့်ရတာ တုန်လှုပ်ခြောက်ခြားစရာတစ်ခုခု‌ကနေ သက်သာအောင်လုပ်‌နေရတဲ့ပုံမျိုး။ သူတို့မျက်နှာပေါ် မယုံကြည်နိုင်မှုတွေအပြည့် ရေးထားတယ်။ အထူးသဖြင့် အပြင်းအထန်ဒဏ်ရာရထားတဲ့ပုံပေါ်တဲ့ ပေါင်ရီပဲ။

"ခင်ဗျားတို့... နှစ်ယောက်လုံး ဘာဖြစ်သွားတာလဲ"

ကူယွဲ့ သူတို့ကိုကူတွဲပေးလိုက်တယ်။

ယိချင်း မျက်မှောင်ကြုတ်ပြီး သူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်တယ်။

"ကျွန်တော်တို့စောနက ခန့်မှန်းတာ မှားသွားခဲ့တာပဲ၊ ချွီရွှမ်းမြို့မှာရှိတဲ့ တံခါးက အာရုံလွှဲတာသက်သက်ပဲ၊ နတ်ဆိုးဘုံရဲ့တကယ့်တံခါးက နေရာရွှေ့ပြောင်းသွားပြီးပြီ၊ တခြားနေရာမှာ မဟုတ်ဘူး၊ တစ်ချိန်လုံး နဉ်ဇီအန်းရဲ့ ခန္ဓာကိုယ်ထဲရှိနေခဲ့တာပဲ၊ သူ့တစ်ကိုယ်လုံးက တံခါးဖြစ်နေတာ

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now