အခန်း ၇၁ ။ ရှုံးထွက်ပွဲကြီး

1K 75 0
                                    

71
အခန်း ၇၁ ။ ရှုံးထွက်ပွဲကြီး

နောက်တစ်နေ့အစောပိုင်း ရွှမ်းယွမ်ယွီက ရှန်းရင်ကို သူနဲ့အတူ ပြိုင်ပွဲကြည့်ဖို့ ဖိတ်လာတယ်။ သူ့နောက်မှာတော့ ရွှမ်းယွမ်မိသားစု မျိုးနွယ်က တပည့်တချို့။ တစ်ယောက်ချင်းစီက ယဉ်ကျေးပျူငှာတယ်။ မျိုးနွယ်စုခေါင်းဆောင်က ရှန်းရင်ကို အတော်လေးပျူငှာချိန် တပည့်တွေက ယိချင်းနဲ့ကူယွဲ့ကို အင်မတန်ရိုကျိုးနေတယ်။ သိသာထင်ရှားစွာပဲ ရွှမ်းယွမ်မိသားစုကြောက်တဲ့လူက အမျိုးမျိုး။

မနေ့ကအတိုင်း တူညီတဲ့အချိန် တူညီတဲ့နေရာနှာ ရှန်းရင်က ပြိုင်ပွဲကိုထိုင်ကြည့်ခဲ့တယ်။ သူမက တည်ငြိမ်နေတဲ့မျက်နှာထားနဲ့ ပွဲကြည့်စင်ရဲ့ အမြင့်ဆုံးအထပ်မှာနေလေတယ်။ ပြိုင်ပွဲကြီးရဲ့ ဒုတိယနေ့ဖြစ်ပြီး အတွဲလိုက် တိုက်ခိုက်ရမှာဖြစ်တယ်။ ကျင့်ကြံဆင့်တစ်ဆင့်စီကနေ ထိပ်သီးတိုက်ခိုက်သူ ၁၀ယောက်ကို ရွေးထုတ်မယ်။ ဆွေကြီးမျိုးကြီးမိသားစုလေးစုထဲ တပည့်တွေ အများကြီးရှိလို့ ထိပ်သီးဆယ်ယောက်ထဲဝင်ဖို့က သူတို့အတွက် အလွယ်လေးပဲ။ ဒါကြောင့်မို့ ယွီမိသားစုနဲ့ ယင်းမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေက ရှိမနေဘူး။ ပွဲကြည့်စင်မှာ ‌ဒီနေ့တော့ နေရာတွေအများကြီးပိုတဲ့အတွက် ရွှမ်းယွမ်ယွီ ဒီတစ်ကြိမ်တော့ထိုင်ချနိုင်ပြီ။

သူတို့အပြင် ရိမိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် ရိဖုန်းလည်းရှိနေတယ်။ သူတစ်ယောက်တည်း ဖြစ်နေပြီး ဘေးပတ်လည်ကထိုင်ခုံတွေက ဗလာကျင်းနေတယ်။

ရှန်းရင်က သိချင်စိတ်နဲ့ သူ့ကိုလှမ်းကြည့်မိတယ်။ ရိဖုန်း သူဘာစဉ်းစားနေလဲ နားလည်သွားပြီး ရယ်‌တော့တယ်။

"ရွှယ်ယင်က နေမကောင်းဘူးထင်တာပဲ၊ ကျုပ် ဘယ်လောက်ပဲဖျောင်း‌ဖျဖျောင်းဖျ အိမ်ထဲကနေ မထွက်ဘူး၊ ကျုပ်လည်း ဥယျာဉ်ထဲထားခဲ့ရတယ်"

"အော်" ဘယ်လိုပဲဖြစ်ဖြစ် ခွေးတစ်ကောင်ပဲလေ။

"တာအိုရောင်းရင်း၊ ခင်ဗျားက ဝိညာဉ်သားရဲတွေကို အတော်လေးစိတ်ဝင်စားပုံပဲ"

သူမ ခေါင်းညိတ်လိုက်တယ်။

"အင်း၊ ငါက တိရစ္ဆာန်လေးတွေကို သဘောကျတယ်" စားရတာ ကြိုက်တယ်လေ။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now