အခန်း ၁၃၈ ။ လက်ထဲရှိ တာဝန်

1K 165 2
                                    

138

အခန်း ၁၃၈ ။ လက်ထဲရှိ တာဝန်

"ဒါအမတနယ်မြေရဲ့ မြေပုံပဲ၊ နတ်ဒေဝါဧကရာဇ်က ကျွန်တော်တို့မထွက်ခွာခင် ‌ဒါပေးလိုက်တာ"

ယိချင်းက ပြောရင်း မြေပုံတစ်ခုထုတ်လိုက်တယ်။ အမှတ်အသားလုပ်ထားတဲ့ မြေနေရာတချို့ရှိတယ် - တချို့က တောရိုင်းတွေ၊ တချို့က ပင်လယ်၊ တချို့က ထူထဲတဲ့ မိုးသစ်တောတွေပေမဲ့ အများစုကတော့ ကန္တာရကြီးပဲ။

"ဒါက အမတနယ်မြေရဲ့အစိတ်အပိုင်းတစ်ခုစာပဲရှိသေးတယ်၊ နေရာတစ်ခုလုံး ဘယ်လောက်ကြီးလဲ ဘယ်သူမှမသိဘူး၊ မြေပုံပေါ်မတွေ့တဲ့နေရာတွေက ဘယ်သူမှအရင်ကမရောက်ဖူးတဲ့နေရာတွေ"

ကူယွဲ့ မြေပုံကိုသေချာကြည့်လိုက်တော့ မြေအစိတ်အပိုင်းတစ်ခုစီပေါ် စာရင်းတစ်ခု ရေးထားတာ တွေ့လိုက်တယ်။ စာရင်းထဲမှာ သူတို့အဲမှာတွေ့ရမဲ့ တိရစ္ဆာန် ဒါမှမဟုတ် ပစ္စည်းအမျိုးအစားတွေ ပါနေတယ်။

"ငါတို့ဘယ်လမ်းသွားရမလဲဆိုတာ ပြောလိုက်လား"

ယိချင်း ခေါင်းညိတ်ပြီး အလယ်ကို လက်ညှိုးထိုးပြလိုက်တယ်။

"သူက ဒီမြေပုံပေါ်က ဘယ်နေရာကိုမှ ဂရုမစိုက်ဖို့ ပြောလိုက်တယ်၊ အလယ်က ဒီလမ်းကြောင်းကိုပဲ လိုက်ပြီး အနောက်ဘက်ဆီ ဦးတည်တဲ့၊ ဘယ်သူမှ အရင်ကမရောက်ဖူးတဲ့နေရာတွေကို ဦးတည်ရမယ်တဲ့"

"ဘာလို့လဲ" ကူယွဲ့ တန့်သွားတယ်။ လူတွေအရင်ကရောက်ဖူးတဲ့နေရာမှာနေတာ ပိုဘေးမကင်းဘူးလား။

"ဟမ့် သေချာပေါက် သူ ကောင်းကင်အစီအရင်ခြောက်မျိုးဓားကို ရှာချင်လို့ပေါ့" ရွှင်ရှူးက နှာမှုတ်တယ်။

"ပြောရရင် အမတဘုံထဲက လူတိုင်း ဒီမြေပုံရဲ့ပုံတူရှိကြတယ်၊ မရေမတွက်နိုင်တဲ့ ဓားအမတတွေ ဒီနေရာတွေကို သွားဖူးပြီးပြီ၊ တကယ်လို့ ဓားသာရှိနေရင် သူတို့ဟိုအရင်တည်းက တွေ့ပြီးပြီပေါ့၊ သေချာပေါက် သူ မင်းကိုတခြားမှာရှာစေချင်တာ သဘာဝပဲ"

"ဒီနတ်ဒေဝါဧကရာဇ်က ဒီဓားကို အတော်လေးလိုချင်နေတာပဲ၊ ပြောမှ..." ကူယွဲ့ မျက်မှောင်ကြုတ်ပြီး ရွှင်ရှူးကို စိန်းစိန်းဝါးဝါးကြည့်လိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now