အခန်း ၉၂ ။ ရိမိသားစုမှ ဖိတ်ကြားချက်

1K 149 15
                                    

92

အခန်း ၉၂ ။ ရိမိသားစုမှ ဖိတ်ကြားချက်

"စားဖိုမှူး မြန်မြန် တိုးတက်သွားတာက သိုင်းပညာလေ့ကျင့်မှုမှာ သူ့ရဲ့မြင့်မားတဲ့စံနှုန်းကြောင့်လေ"

ရှန်းရင် စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ မျက်ဆန်လှန်တော့တယ်။

"သူ့ဓားသိုင်းတွေက ကိုယ်တိုင်ထွင်ထားတာ၊ သူ့ကျင့်ကြံမှုက ကိုယ့်ဘာသာလေ့ကျင့်မှုကနေ တည်ဆောက်ထားတာလေ၊ သူ့ဉာဏ်အလင်းပွင့်တာကလည်း ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိမှုရဲ့ ရလဒ်ပဲ၊ အင်း နင်က သူ့လိုအပ်ချက်အတွက် ထောက်ပံ့ပေးတယ်... ဒါပေမဲ့ အဲလိုဆိုရင်တောင် ဘာကိစ္စရှိလဲ၊ ဘာလို့ နင့်ကိုယ်နင် သူနဲ့နှိုင်းနေရတာလဲ"

"ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ၊ ယိချင်းက ယိချင်း နင်ကနင်၊ နင်က တခြားကမ္ဘာကလာတာ၊ နင်တို့နှစ်ယောက်ကြား ကံကြမ္မာက ပတ်သက်မှုမှ မရှိတာ၊ ဘာလို့ တခြားသူတွေနဲ့ အမြဲယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင် လုပ်မှဖြစ်မှာလဲ"  တောက်ခေါက်ပြီး သူမ သွန်သင်တော့တာပေါ့။

"ဖေဖေနွီ၊ နင့်အသက်နဲ့ ဒီလိုမျိုးဗွေဖောက်သင့်လား"

"ဒါက မတူဘူးလေ"

"ဘာမတူလို့လဲ၊ နင် ခေတ်သစ်တုန်းက ဘီလ်ဂိတ်က နင့်ထက်ချမ်းသာတယ်ဆိုတဲ့အချက်ကြောင့် အမြဲ အိပ်မပျော်ဖြစ်နေခဲ့တာ မဟုတ်ဘူးလား"

"..." ကူယွဲ့ သူမကို ချေပစရာ စကားလုံးမရှိတော့ဘူး။

-_-|||

"လူတိုင်းက မတူညီဘူး၊ သူတို့ရဲ့ကိုယ်ကျင့်စရိုက်ကလည်း ကွာခြားတယ်လေ၊ အခြေအနေတွေလည်း မတူကြဘူး၊ သူတို့ရဲ့ ကံကြမ္မာတွေက ကွာခြားကြမှာမလွဲပဲ၊ နင် တကယ်လို့ အတင်းလိုက်ယှဉ်မယ်ဆိုရင် နင့်‌ဇာတိမြို့ကလူဖြစ်တဲ့ ငါ့လိုမျိုးလူကိုပဲ ရွေးပါလား"

"..." ဘယ်သူက မင်းလို cheat နဲ့ ယှဉ်ခံချင်လို့တုံး။

(#‵′)凸

"လူတိုင်းမှာ သူ့ကိုယ်ပိုင်အားသာချက်ဆိုတာ ရှိပြီးသား၊ နင့်ကျင့်ကြံမှုအပေါ်ပဲ အာရုံမစိုက်နဲ့၊ ပိုက်ဆံရှာတဲ့အချိန် ငါတို့ထဲက ဘယ်တစ်ယောက်ကများ နင့်ပြိုင်ဘက်ဖြစ်လို့လဲ၊ ဖုန်းယင်ကို လွန်ခဲ့တဲ့နှစ်ရက်ကတင် ဝိညာဉ်လိုက်ဖမ်းမျှော်စင်ရဲ့သုံးပုံနှစ်ပုံဝေစုကို နင့်ဆီလွှဲပေးအောင် တစ်ပတ်ရိုက်ခဲ့တယ် မဟုတ်လား"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now