အခန်း ၅၀ ။ မထင်မရှားအရင်းအမြစ်တစ်ခုမှ ရတနာ

1K 164 1
                                    

Myanmar Translation of [师父又掉线了] By [尤前]
ဘာသာပြန်သူ - TJ

အခန်း ၅၀ ။ မထင်မရှားအရင်းအမြစ်တစ်ခုမှ ရတနာ

ကူယွဲ့က ဒီရဲတင်းတဲ့ဓားပြတွေကို အတော်လေး ရွံရှာသွားတယ်။ ဒီလူတွေက ရွက်တစ်ထောင် အပင်ဝိညာဉ်အတွက် ရောက်နေတာ အသိသာကြီး။ သူတို့ အကြီးအကဲသုံးယောက် ဘယ်လိုသေသွားလဲဆိုတာ တကယ်တော့ ဂရုစိုက်တာမဟုတ်ဘူး — မဟူရာကောင်းကင်ဂိုဏ်းအတွက် တမင်အခက်တွေ့အောင် ဆင်ခြေအနေနဲ့သုံးချင်ရုံပဲ။

"တာအိုရောင်းရင်း၊ မင်းတို့စွပ်စွဲနေတဲ့အရာအတွက် သက်သေပြဖို့လိုတယ်လေ၊ မင်းတို့ပြောတာနဲ့ပဲ လျှို့ဝှက်ဆန်းကြယ်ဘုံထဲ မင်းတို့ရတနာယူလာတယ်လို့ ငါတို့က ယုံကြည်ပေးဖို့ မျှော်လင့်နေတာလား"

"အကြီးအကဲသုံးယောက် ငါတို့ဂိုဏ်းချုပ်ကို ခွင့်တောင်းချိန် ငါတို့တပည့်တော်တော်များများ ရှိနေခဲ့တယ်"

"အားလုံးက မင်းတို့ရွှမ်းယွမ်မိသားစုကလေ၊ သူတို့က မျက်‌မြင်‌သက်သေတွေ ဖြစ်ဖို့ မသင့်တော်ဘူး၊ တစ်ယောက်ယောက်က တကယ်ပဲ ရွက်တစ်ထောင် အပင်ဝိညာဉ်ကို ယူလာတယ်ဆိုရင်တောင် မင်းတို့ ရွှမ်းယွမ်မိသားစုပိုင်တာ ဖြစ်ပြီး နဂိုက လျှို့ဝှက်ဆန်းကြယ်ဘုံက မဟုတ်ဘူးဆိုတာ ဘယ်လိုသက်သေပြမှာလဲ"

"ဟာသပဲ" အဲလူက သရော်လာတယ်။

"အထက်ထျန်းလန်လောကကလူတိုင်း ငါတို့ရွှမ်းယွမ်မိသားစုက အဂ္ဂိရတ်ပညာရှင်တွေရဲ့ အိမ်ဆိုတာ သိကြတယ်၊ လောကကြီးထဲက တစ်ခုတည်းသော ရွက်တစ်ထောင်ဝိညာဉ်က ငါတို့မိသားစုပိုင်တာ — ငါတို့အမွေအနှစ်‌ရဲ့ ရတနာတွေထဲက တစ်ခုပဲ"

ဟိုလီရှစ်၊ ဘယ်ရွက်တစ်ထောင် အပင်ဝိညာဉ်မဆို သူတို့ရွှမ်းယွမ်မိသားစုက အလိုလိုပိုင်တယ်လို့ ပြောနေတာလား။

အဲလူက တစ်ဖက်လှည့်ပြီး ယိချင်းဘက် မျက်နှာချင်းဆိုင်သွားတယ်။

"တာအိုရောင်းရင်း၊ လျှို့ဝှက်ဆန်းကြယ်ဘုံထဲမှာ မင်းတို့ ကြုံကြိုက်တွေ့ဆုံရင် အလကားယူလို့ရတဲ့ ရတနာတွေ တကယ်ကို အများကြီးရှိပေမဲ့ ရွက်တစ်ထောင်အပင်ဝိညာဉ်ကတော့ သေချာပေါက် အဲဒါတွေထဲက တစ်ခုမဟုတ်ဘူး၊ ပိုင်ရှင်မှန်ရှိပြီးသားမို့ ကျေးဇူးပြုပြီး ငါတို့ကိုပြန်ပေးပါ၊ တာအိုရောင်းရင်း"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now