အခန်း ၁၄၄ ။ လေလွင့်မီးတောက်မျိုးနွယ်

893 161 1
                                    

144

အခန်း ၁၄၄ ။ လေလွင့်မီးတောက်မျိုးနွယ်

"ယွီဖုန်းအမတနယ်မြေက ငါတို့တွေးထားသလို ရှေးဟောင်းကောင်းကင်မျိုးနွယ်ချန်ထားခဲ့တဲ့ အမတနယ်မြေမဟုတ်ဘူ၊ ငါ့ရဲ့ လေလွင့်မီးတောက်မျိုးနွယ်နေတဲ့နေရာပါပဲ"

"ပြီးတော့ အရပ်ဆယ်မျက်နှာကောင်းကင်လက်နက်က ကောင်းကင်မျိုးနွယ်တွေချန်ခဲ့တဲ့ လက်နက်မဟုတ်ဘူး၊ ငါ့မျိုးဆက်ဖန်တီးခဲ့တဲ့ တန်ဖိုးကြီးလက်နက်ပါပဲ၊ ဒီအမတနယ်မြေ အစီအစဉ်ကျပြီး တည်ငြိမ်အောင် ထိန်းချုပ်ဖို့လုပ်ခဲ့တာ"

"ကျုပ်ဘိုးဘွားတွေက လုံးဝကို ဝရုန်းသုန်းကားလောကမှာနေခဲ့တာ၊ ဒီအမတနယ်မြေက ကျုပ်ဘိုးဘွားတွေရဲ့ မျိုးဆက်အဆက်ဆက်ကြိုးစားပြီး ဖွဲ့စည်းထားခဲ့တာပေါ့၊ လောကသုံးထောင်ရဲ့ အဝေးမှာရှိနေပေမဲ့လည်း သူ့ကမ္ဘာနဲ့သူ ဖွဲ့စည်းနိုင်ခဲ့တယ်၊ ကျုပ်ဘိုးဘွားတွေက အရမ်းကိုထူးခြားတဲ့အစွမ်းတွေနဲ့ မွေးဖွားလာတာ- သူတို့တွေက ချီတွေ စုစည်းသွားတာကနေ အရာဝတ္ထုတွေဖန်တီးနိုင်တယ်၊ ကျုပ်မျိုးဆက်က ချီကနေ အရာဝတ္ထုဖန်တီးနိုင်တဲ့အစွမ်းနဲ့ မွေးလာတာပဲ"

"ဒါပေမဲ့ ဒီစွမ်းအားကြောင့် ကျုပ်တို့ဘေးသင့်ခဲ့ရတယ်၊ ကျုပ်တို့ဖန်တီးခဲ့တဲ့လက်နက်တွေက ပိုပို အားကောင်းလာတော့  လောကကိုဖျက်ဆီးပြီး နောက်တစ်ခုဖန်တီးနိုင်တဲ့အစွမ်းပါ ပါလာတယ်၊ ဒါကြောင့် ကျုပ်မျိုးဆက်က သုံးလောကကို ခြိမ်းခြောက်သလိုဖြစ်လာခဲ့တာပေါ့"

"ရှေးဟောင်းကာလတုန်းက အမတဘုံမှာရှိတဲ့ မသေမျိုးချီက အခုနဲ့ကွဲတယ် - ကောင်းကင်ဘုံမှုဘောက် မသေမျိုးချီတွေ အများကြီးရှိတယ်၊ အဲအချိန်တုန်းက အမတတွေနဲ့ ကောင်းကင်မျိုးနွယ်တွေက တိုက်ခိုက်ခဲ့ကြတယ်၊ အမတဘုံက နတ်ဒေဝါဧကရာဇ်တွေက ကျုပ်တို့ဘိုးဘေးတွေဆီကနေ အကူအညီတောင်းခဲ့တယ်၊ ကောင်းကင်မျိုးနွယ်ကို ဖိနှိပ်နိုင်မဲ့ လက်နက်တစ်မျိုးဖန်တီးပေးဖို့ပေါ့"

"ကျုပ်ဘိုးဘေးတွေက မတုံ့ပြန်ခဲ့ပေမဲ့ တကယ်ပဲ ကောင်းကင်မျိုးနွယ်ကို နှိမ်နိုင်းနိုင်လောက်အောင် အင်အားကြီးတဲ့လက်နက်တွေ ဖန်တီးခဲ့တယ်၊ ဒါက ကောင်းကင်မျိုးနွယ်ကို အတော်လေး ဒေါသထွက်စေခဲ့တာပေါ့၊ သေချာပေါက် သူတို့က ကျုပ်ဘိုးဘေးတို့ကို တိုက်ခိုက်တော့တယ်၊ ကျုပ်ဘိုးဘေးတွေက သူတို့ဖန်တီးတဲ့ လက်နက်တွေရဲ့ အကူအညီရှိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နည်းလွန်းတယ်လေ၊ သေချာပေါက် ကောင်းကင်မျိုးနွယ်ကို တိုက်ခိုက်နိုင်လောက်တဲ့အထိ မသန်မာခဲ့ဘူးပေါ့၊ တိုက်ပွဲက အတော်လေး ဖွက်ဖွက်ညက်ကြေခဲ့တာ - ယွီဖုန်းအမတနယ်မြေတစ်ခုလုံး ဖျက်ဆီးခံလိုက်ရတယ်၊ ကျုပ်ဘိုးဘေးအားလုံးနီးပါးသုတ်သင်ခံလိုက်ရတယ်၊ ဘိုးဘေးတချို့ပဲ လောကသုံးထောင်ဆီ ထွက်ပြေးနိုင်ခဲ့တာ"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now