အခန်း ၁၃၅ ။ အိမ်၌ ဝတ်ကောင်းစားလှဝတ်ခြင်း

983 161 6
                                    

135

အခန်း ၁၃၅ ။ အိမ်၌ ဝတ်ကောင်းစားလှဝတ်ခြင်း

"ယွီလင်းအမတနယ်မြေက အပြင်အမတဘုံပိုင်တဲ့ ဆန်းကြယ်ဘုံတစ်ခုပဲ"

ရှုကျန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောတော့တယ်။

"ရှေးတုန်းက ကောင်းကင်မျိုးနွယ်က မြေတစ်ကွက်ချန်ထားခဲ့တယ်လို့ပြောကြတယ်၊ အဲမြေက ပတ်ဝန်းကျင်က အရမ်းကိုဆိုးယုတ်ပြီး အန္တရာယ်များပေမဲ့ အင်မတန်ကံကောင်းတယ်တဲ့၊ ဒဏ္ဍာရီအရတော့ နတ်ဒေဝါဧကရာဇ်တွေအကုန်လုံး အရပ်ဆယ်မျက်နှာကောင်းကင်လက်နက်ကို ရှာတွေ့ခဲ့တယ်ပြောတယ်"

"အရပ်ဆယ်မျက်နှာကောင်းကင်လက်နက်လား"

ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"အဲဒါဘာလဲ"

"အဲဒါက ရှေးခေတ်ကောင်းကင်မျိုးနွယ်က လောကကိုဖန်တီးပြီးတော့ ထားရစ်ခဲ့တဲ့ စကြဝဠာဖန်တီးရတနာပဲ၊ နတ်ဒေဝါဧကရာဇ်ဆယ်ယောက်က သူတို့ရဲ့ မြင့်မားတဲ့ ကျင့်ကြံဆင့်ကြောင့်တင် မကဘူး၊ ဒီကောင်းကင်လက်နက်ရှိလို့ပါ စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်နိုင်တာလို့ ကြားဖူးတယ်၊ ကောင်းကင်လက်နက်က ဖန်တီးမှုအစွမ်း ပါဝင်တယ်တဲ့"

"ဒါဆို ဓားရှာတာကျတော့ရော" ယိချင်းက မေးလိုက်တယ်။

"အော် အဲဒါကတော့ အရပ်ဆယ်မျက်နှာကောင်းကင်လက်နက်ကို နတ်ဒေဝါဧကရာဇ်ဆယ်ယောက် ရှာတွေ့ချိန် ဖန်တီးသူတွေက ကောင်းကင်အစီအရင်ခြောက်မျိုးဓားကို ထားခဲ့တယ်တဲ့၊ ပြောကြတာတောာ့ အဲဒါကို ကောင်စကင်ခွဲဖို့သုံးခဲ့တာ‌တဲ့လေ၊ အဲဓားက အဲဒီအမတနယ်မြေမှာ ကျန်ရစ်နေပြီး ရှာတွေ့ဖို့ကံပါလာသူကိုစောင့်ဆိုင်းနေဆဲတဲ့"

"ကောင်းကင်ဖွင့်နတ်လက်နက်လား" ရှန်းရင်ကတန့်သွားတယ်။

"ဆိုလိုတာက ကောင်းကင်ကို ဟက်တပ်ဖွင့်ခွဲတာမျိုးလား"

ရှုကျန်းက အသည်းအသန်ခေါင်းညိတ်ပြတယ်။

"အစီအရင်ခြောက်မျိုးဓားက ကောင်းကင်နဲ့မြေကြီးကိုခွဲလို့ရတဲ့အထိ တကယ်ကိုအင်အားကြီး သန်မာတယ်ပြောကြတယ်၊ သုံးလောကကိုတောင် ပိုင်းဖြတ်နိုင်တယ်လို့ ပြောဖို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး"

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now