အခန်း ၁၈၅ ။ မြေခွေးကို ကောင်းကင်အလွန်ပို့ခြင်း

863 136 7
                                    

185

အခန်း ၁၈၅ ။ မြေခွေးကို ကောင်းကင်အလွန်ပို့ခြင်း

"ကြီးမြတ်တဲ့ အမတတို့... ကျေးဇူးပြုပြီး ဒီမီးအိမ်လေးငှားပါ" မြေခွေးမိစ္ဆာက လူတိုင်း ဒီမီးအိမ်က ဘာလုပ်နိုင်လဲဆိုတာ သိသွားတာကို ခန့်မှန်းမိပုံပဲ။ သူမက တောင်းပန်တော့တယ်။

"ကျွန်မ... ကျွန်မ ဆယ်ရက်အတွင်း ပြန်ပေးမယ်လို့ ကတိပေးပါတယ်၊ တောင်းပန်ပါတယ်"

"ဘယ်သူ့မူလဝိညာဉ်ကို ပြင်ဖို့ကြိုးစားနေတာလဲ" ကူယွဲ့ မျက်မှောင်ကြုတ်လိုက်တယ်။

"ကျွန်မ... ကျွန်မ..." မြေခွေးမိစ္ဆာက လန်ဟွားကို မော့ကြည့်ပြီး တုံ့ဆိုင်းနေကာ မလုံမလဲ ဟိုဟိုဒီဒီကြည့်လိုက်တယ်။

ကူယွဲ့ သူမ ဇာတ်လမ်းတစ်ပုဒ်လျှောက်ပြောမှာကို စောင့်နေဖို့ စိတ်အခြေအနေမရှိတာမို့ ချက်ချင်း ဂါထာတစ်ခုရွတ်ပြီး သူမဆီပစ်လွှတ်လိုက်တယ်။

"ဟင့်အင်း" မြေခွေးဖြူက သွေးပျက်သွားပြီး သူမကို တားဖို့ကြိုးစားပေမဲ့ နောက်ကျလွန်းသွားခဲ့ပြီ။

တစ်ခဏအတွင်း ဂါထာအမှတ်အသားက မြေခွေးရဲ့နှင်းလိုဖြူစွတ်တဲ့အမွှေးပေါ် ပေါ်လာတယ်။ အမှတ်အသားပေါ်မှာတော့ ရေးထားတာက ရှင်းဟန်။

မြေခွေးဖြူက ချက်ချင်း ဖြူဖျော့သွားခဲ့တယ်။

"ရှင်းဟန်လား" အဲဒါဘယ်သူလဲ။ ကူယွဲ့ လှည့်ကြည့်ပြီး မေးလိုက်တယ်။

"ဒီနာမည်ကို ဘယ်သူကြားဖူးလဲ"

လူတိုင်း ထိတ်လန့်ကုန်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက် ‌သူတို့ခေါင်းယမ်းလိုက်ကြတယ်။

မြေကြီးပေါ်က မြေခွေးဖြူက တန့်သွားပြီး စိတ်လှုပ်ရှားမှုတို့ သူမမျက်ဝန်းထဲ ပြည့်နေခဲ့တယ်။ သူမကြည့်ရတာ စိတ်အေးသွားတဲ့ပုံပဲ။

"လန်ဟွား မင်းက ဒီမှာ အသက်အကြီးဆုံးပဲ၊ ဒီနာမည်ကြားဖူးလား" ကူယွဲ့က လန်ဟွားကို လှမ်းမေးလိုက်တယ်။

အသက်အကြီးဆုံးလား။ သောက်ကျိုးနည်း ဘာသဘောလဲ။

"ရင်းနှီးနေသလိုပဲ... ရှင်းဟန်... ရှင်း..." သူ အချိန်အတော်ကြာ စဉ်းစားနေပြီးတဲ့နောက် ခေါင်းယမ်းလိုက်တယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now