အခန်း ၁၇၂ ။ အလံများကို အနိုင်ရခြင်း

815 152 1
                                    

172

အခန်း ၁၇၂ ။ အလံများကို အနိုင်ရခြင်း

ကူယွဲ့ သူ့ရှေ့က သလင်းကျောက်ကို အာရုံစိုက်ထားတယ်။ သလင်းကျောက်က ဆန်းကြယ်ဘုံထဲ ဖြစ်နေသမျှကို ဖော်ပြနေတယ်။ အလံတစ်ခုစီမှာ ဂါထာတွေရွတ်ထားလို့ ပွဲကြည့်စင်ပေါ်က ဧကရာဇ်တွေက အလံတစ်ခုစီက ဘယ်နေရာမှာရှိနေလဲဆိုတာ မြင်နေရတယ်။

တစ်နာရီအတွင်းမှာတင် အင်းကွက်အလံဆယ်ခု‌ထဲက အများစုကို ရှာတွေ့သွားပြီ။ နှစ်ခုသုံးခုပဲ ကျန်နေတော့တယ်။

ကူယွဲ့က သူ့ဂိုဏ်းကတပည့်တွေရဲ့နေရာကို အလိုလိုရှာလိုက်မိတယ်။

ဖုန်းယင်မှာက စနစ်ရှိတယ်။ မြေအမတအုပ်စုက အဖက်မလုပ်တဲ့နေရာမှာ အရမ်းကို ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နေတာ သိသာလှတယ်။ ပြီးတော့ သူတို့နားဖို့ ရွေးထားတဲ့နေရာက ဝင်ပေါက်နားမှာ။ အင်းကွက်အလံတစ်ခုခု ဝင်ပေါက်နားမှာ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်ပဲ လူအများစုက အလံတွေကိုရှာဖို့ ဆန်းကြယ်ဘုံရဲ့အတွင်းပိုင်းတွေ‌ဆီ သွားပြီး အနည်းစုပဲ ဝင်ပေါက်ဆီ ပြန်လာကြတာ။ တစ်ယောက်စနှစ်ယောက်စ ပေါ်လာပေမဲ့ ခြိမ်းခြောက်မှုတစ်ရပ်တော့ မဟုတ်ဘူး။

သူတို့ခန့်မှန်းသလိုမျိုးပဲ အစတုန်းကတော့ ဝင်သွားတဲ့ အမတတွေက သူတို့တိုင်းပြည်က တခြားအမတတွေနဲ့ တပူးပူးတတွဲတွဲပေါ့။ ဒါပေမဲ့ အလံက ဆယ်ခုပဲရှိတော့ အချိန်ကြာလာတာနဲ့အမျှ သူတို့တွေက လမ်းခွဲသွားကြတယ်။ တဖြည်းဖြည်း ပယ်ထုတ်ခံရတဲ့ လူတွေများလာတာမို့ တူတူတွဲကျန်ရစ်ခဲ့တဲ့လူတွေက နှစ်ယောက်၊ သုံးယောက်အုပ်စုတွေပဲ။ အလံဆယ်ခုကို အဲချိန် အကုန်ရှာတွေ့သွားကြပြီ။

လူအများစုက အင်းကွက်အလံတွေကို ဂရုတစိုက် ကာကွယ်ပြီး ပြိုင်ပွဲပြီးမှာကို စောင့်နေတဲ့အချိန်မှာတင် လေးနာရီလောက် နားနေတဲ့ ဝူတိဂိုဏ်းက နောက်ဆုံးတော့ လှုပ်ရှားစပြုလာတယ်။ တစ်ချက်မှ ထပ်မတွေးဘဲ သူတို့နဲ့အနီးဆုံး အလံပိုင်တဲ့အဖွဲ့ဆီ ချီတက်တော့တယ်။ အဲအဖွဲ့မှာက လူသုံးယောက်ပဲရှိတာ။ ဆယ်ယောက် သုံးယောက် - ဘယ်သူအသာစီးရနေလဲဆိုတာ အသိသာကြီး။ သူတို့တွေ အင်းကွက်အလံကို အောင်အောင်မြင်မြင် ရယူနိုင်ခဲ့တယ်။ သူတို့‌တွေဆန်းကြယ်ဘုံအတွင်းပိုင်းထဲ ဝင်လာချိန် ပိုပြီးတောင်လွယ်ကူလာတယ်။

ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာပြန်)Where stories live. Discover now