သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန...

By SoeHmue

185K 22.8K 194

အတြဲ (၂) More

အပိုင်း ၂၀၁
အပိုင်း ၂၀၂
အပိုင်း ၂၀၃
အပိုင်း ၂၀၄
အပိုင်း ၂၀၅
အပိုင်း ၂၀၆
အပိုင်း ၂၀၇
အပိုင်း ၂၀၈
အပိုင်း ၂၀၉
အပိုင်း ၂၁၀
အပိုင်း ၂၁၁
အပိုင်း ၂၁၂
အပိုင်း ၂၁၃
အပိုင်း ၂၁၄
အပိုင်း ၂၁၅
အပိုင်း ၂၁၆
အပိုင်း ၂၁၇
အပိုင်း ၂၁၈
အပိုင်း ၂၁၉
အပိုင်း ၂၂၀
အပိုင်း ၂၂၁
အပိုင်း ၂၂၂
အပိုင်း ၂၂၃
အပိုင်း ၂၂၄
အပိုင်း ၂၂၅
အပိုင်း ၂၂၆
အပိုင်း ၂၂၇
အပိုင်း ၂၂၈
အပိုင်း ၂၂၉
အပိုင်း ၂၃၀
အပိုင်း ၂၃၁
အပိုင်း ၂၃၂
အပိုင်း ၂၃၃
၂၃၄
၂၃၅
၂၃၆
၂၃၇
၂၃၈
၂၃၉
၂၄၀
241
242
243
244
245
246
247
248
249
250
251
252
253
254
255
256
257
258
259
260
261
262
263
264
265
266
267
268
269
270
271
272
273
274
275
276
277
278
279
280
281
282
283
284
285
286
287
288
289
290
291
292
293
294
295
296
297
298
299
300
301
302
303
304
305
306
307
308
309
310
311
312
313
314
315
316
317
318
319
320
321
322
323
324
325
326
327
328
329
330
331
332
333
334
335
336
337
338
339
340
341
342
343
344
345
346
347
348
349
350
351
352
353
354
355
356
357
358
359
360
361
362
363
364
365
366
367
368
369
370
371
372
373
374
375
377
378
379
380
376
381
382
384
385
386
387
388
389
390
391
392
393
394
395
396
397
398
399
400

383

601 90 0
By SoeHmue

Chapter 383: စိတ္ကူးပံုေဖာ္ျခင္းနိုင့္ထက္စီးနင္းျဖင့္ အာဏာေတာင္းဆိုမႈကို ၾကားရေသာအခါ က်ိယီ၊ ေလာင္လီႏွင့္ ေလာင္လြန္တို႔သည္ အတန္ငယ္ ေတြေ၀ေနၾကေသာ္လည္း ေနာက္ဆံုးေတာ့ ရွီယန္႔ကို ေခါင္းေဆာင္တင္ရန္ သေဘာတူလိုက္ၾကသည္။သူတို႔ သံုးေယာက္ထဲတြင္ က်ိယီက ရွီယန္၏ စြမ္းရည္ကို ေရေအာက္တြင္ သိရွိဖူးခဲ့ျပီးျဖစ္သည္။ရွီယန္သည္ ျမင့္မားေသာ စြမ္းအင္က်င့္ၾကံမႈအဆင့္မရွိေသာ္လည္း သူ႔ ခြန္အားက ေၾကာက္မက္ဖြယ္ရာပင္ျဖစ္သည္။ျပီးေတာ့ သူမ၏ အၾကီးအမွဴး၀ိညာဥ္သည္ ရွီယန္႔ ထိန္းခ်ဳပ္မႈေအာက္သို႔ က်ေရာက္ေနေလရာ သူမအေနျဖင့္ သူ႔ကို ဘယ္လိုမွ ဆန္႔က်င္ျခင္းမျပဳရဲေတာ့ပါ။ရွီယန္ တစ္ခ်က္အာရံုျပဳလိုက္သည္ႏွင့္ သူမ၏ အၾကီးအမွဴး၀ိညာဥ္ေလး အက္ကြဲသြားရပါလိမ့္မည္။ေလာင္လီႏွင့္ ေလာင္လြန္ ညီအစ္ကိုႏွစ္ေယာက္ကေတာ့ ရွီယန္ႏွင့္ ရင္းႏွီးေသာ ဆက္ဆံေရးရွိသည္။ ျပီးေတာ့ အိုင္ရာႏွင့္ က်ိယီတို႔သည္ ရွီယန္႔အေပၚ ေကာင္းေသာ ရည္ရြယ္ခ်က္မရွိသည္ကိုသိလိုက္ရျပန္သည္။ထိုမိန္းကေလးႏွစ္ေယာက္သည္ ေကာက္က်စ္ျပီး လွည့္ကြက္မ်ားအျပည့္ႏွင့္ျဖစ္ေၾကာင္းလည္း သိေနျပီးျဖစ္ေသာေၾကာင့္ သူတို႔က ရွီယန္႔ကို ေခါင္းေဆာင္တင္လိုက္တာကမွ ပိုေကာင္းမည္ဟု တြက္လိုက္ၾကျခင္းျဖစ္သည္။သူတို႔သံုးေယာက္၏ ေနာက္ထပ္ အဓိက အခ်က္ကေတာ့ ကီစုစည္းမႈကို မျဖဳန္းတီးလိုျခင္းျဖစ္သည္။ရွီယန္ႏွင့္ ရင္ဆိုင္ျခင္းသည္ သူတို႔၏ ကီစုစည္းမႈ ကုန္ခမ္းသည္မွလြဲျပီး ဘာအက်ိဳးေက်းဇူးမွ ရွိမည္မဟုတ္ပါ။သူတို႔ ရိပ္သိမ္းထားေသာ မိစၦာအျမဳေတမ်ား အလဟသ ကုန္ဆံုးသြားျခင္းသာ အဖတ္တင္ေပလိမ့္မည္။သူတို႔က အိုင္ရာလိုမဟုတ္ပါ။အိုင္ရာသည္ ျပီးခဲ့သည့္ ခရီးစဥ္တစ္ေလွ်ာက္လံုး မိစၦာအျမဳေတ အေျမာက္အမ်ား ရိပ္သိမ္းခဲ့ပါသည္။ထို႔ေၾကာင့္ တစ္ခုႏွစ္ခု ကုန္ဆံုးသြားျခင္းက အိုင္ရာ့အတြက္ အေရးမၾကီးေသာ္လည္း သူတို႔သံုးေယာက္က အဲ့ေလာက္ မတတ္နိုင္ၾကပါ။ထို႔ေၾကာင့္ အရွံဳးအျမတ္ ေသခ်ာ တြက္ခ်က္ျပီးေနာက္ သူတို႔သံုးေယာက္က အသာတၾကည္ပင္ ရွီယန္႔ေနာက္လိုက္ရန္ သေဘာတူလိုက္ၾကျခင္းျဖစ္သည္။အိုင္ရာကေတာ့ ရွီယန္႔စကားကို နားေထာင္ရမည္ဆိုျခင္းကို လက္မခံနိုင္ပါ။အျခားသံုးေယာက္ သေဘာတူျပီးျဖစ္ေသာ္လည္း သူမက အံတင္းတင္းၾကိတ္ကာ ရွီယန္႔ကို စိုက္ၾကည့္ေနတုန္းပင္ျဖစ္သည္။သူမ၏ ေအးစက္စက္ မ်က္လံုးမ်ားတြင္ ဆံုးျဖတ္ထားျပီးျဖစ္ဟန္ျဖင့္"နင္က ငါတို႔ကို ဦးေဆာင္ဖို႔ အဆင့္မွီတယ္လို႔ ငါမထင္ဘူး...နင့္ရဲ့ ေနာက္ေၾကာင္းရာဇ၀င္ကလည္း ဖံုးကြယ္ထားတယ္...နင္က ျမင့္ျမတ္ရာနယ္ေျမက သိုင္းသမားတစ္ေယာက္လည္းမဟုတ္ဘူး...ဒါေၾကာင့္ ငါတို႔ရဲ့ အေျခေနေတြကိုလည္း ရွင္းရွင္းလင္းလင္း နားလည္သေဘာေပါက္မွာမဟုတ္ဘူး...နင္ တစ္ခုခု လြဲေခ်ာ္သြားရင္ အက်ိဳးဆက္ကို ငါတို႔လဲ ခံစားရလိမ့္မယ္...""အက်ိဳးဆက္လား..."ရွီယန္က ေအာ္ဟစ္ရယ္ေမာလိုက္သည္။သူ႔မ်က္ႏွာသည္လည္း ေအးစက္သြားျပီးေနာက္ တင္းမာျပတ္သားစြာျဖင့္"အက်ိဳးဆက္ကို အခုပဲ ခံစားရေစမယ္"ရွီယန္က စိတ္ျဖင့္ တစ္ခ်က္ အာရံုျပဳလိုက္သည္။သူ႔လက္ႏွစ္ဖက္စလံုး ဆန္႔ထြက္လာျပီး အိုင္ရာ့ထံသို႔ ျပိဳင္တူ တြန္းထုတ္လိုက္ေလသည္။ေသျခင္းရွင္ျခင္းနိမိတ္ေတာ္...လက္၀ါရိပ္ ဆယ့္ေလးခုသည္ ရုတ္တရက္ ေပါင္းစည္းသြားျပီးေနာက္ ဧရာမ လက္၀ါးၾကီးအျဖစ္ အိုင္ရာ့ထံ တိုး၀င္သြားသည္။ေသျခင္းရွင္ျခင္း နိမိတ္ေတာ္ ထြက္ေပၚလာသည္ႏွင့္ ေက်ာက္ေတာင္ငယ္တစ္လံုးအရြယ္အစားခန္႔ရွိေသာ လက္၀ါးၾကီးသည္ ရုန္႔ရင္းၾကမ္းတမ္းေသာ ထစ္ျခဳန္းသံမ်ားကို ျဖစ္ေပၚေစကာ ေၾကာက္မက္ဖြယ္ရာ ဖိႏွိပ္လာသည္။အိုင္ရာ၏ လွပေသာ မ်က္ႏွာေလးက တည္ျငိမ္ေလးနက္သြားသည္။သူမက အလိုလိုပင္ ေျခလွမ္းအနည္းငယ္ ဆုတ္လိုက္မိသည္။ျပီးေနာက္ ဒဂၤါးျပားေလးတစ္ခုကို အလွ်င္အျမန္ ထုတ္ယူကာ ေတာက္ထုတ္လိုက္ေလသည္။"ခမ္းနားေသာ ေငြေၾကး၏ လႊမ္းမိုးျခင္း"အိုင္ရာ၏ ေအာ္ဟစ္လိုက္သံႏွင့္အတူ ဒဂၤါးျပားထံမွ ေရွးေဟာင္း အကၡရာမ်ား ခုန္ထြက္လာၾကသည္။ေရွးေဟာင္း အကၡရာ တစ္လံုးခ်င္းစီသည္ ေလထဲတြင္ ပ်ံ၀ဲေနရင္း ေငြေရာင္အလင္းတန္းမ်ား ထြက္ေပၚလာသည္။ဒဂၤါးျပားထဲရွိ ေရွးေဟာင္း အကၡရာစာလံုးမ်ား၏ ေတာက္ပေသာ အလင္းတန္းမ်ားသည္ ေသျခင္းရွင္ျခင္းနိမိတ္ေတာ္ထံ တိုး၀င္ရင္ဆိုင္သည္။ခမ္းနားေသာ ေငြေၾကး၏ လႊမ္းမိုးျခင္းသည္ အိုင္ရာ၏ ထြတ္ျမတ္ျခင္းအဆင့္ ေမွာ္ရတနာတစ္ခုျဖစ္သည္။ပိုင္တိျမိဳ႕ေတာ္၀န္ကိုယ္တိုင္ သူမအတြက္ သီးသန္႔ ဖန္တီးေပးထားျခင္းျဖစ္သည္။ခမ္းနားေသာ ေငြေၾကး၏ လႊမ္းမိုးျခင္း ကိုယ္တိုင္ကိုက ခ်မ္းသာၾကြယ္၀ျခင္း၏ အဓိပၸါယ္မ်ား ပါ၀င္ေနေလသည္။လူသားတို႔၏ ေလာကတြင္ျဖစ္ေစ သိုင္းသမားတို႔၏ ေလာကတြင္ျဖစ္ေစ ခ်မ္းသာၾကြယ္၀ျခင္းသည္ ေငြေၾကးအေပၚတြင္ အေျခခံသည္မဟုတ္ေလာ။ေငြေၾကးသည္ မည္သည့္ေလာကတြင္မဆို အေရးပါေသာ အခန္းက႑မွ ပါ၀င္ပါသည္။ေငြေၾကးသည္ လူ႔အဖြဲ႔အစည္း၏ အေျခခံအုတ္ျမစ္ျဖစ္သည္။'ေငြေၾကး' ဟူေသာ စကားလံုးသည္ ျပိဳင္ဘက္ကင္းေသာ စာလံုးတစ္ခု ျဖစ္ေနေပသည္။ဘာမဆို ေငြေၾကးျဖင့္၀ယ္ယူနိုင္ေသာေၾကာင့္ လူ႔ယဥ္ေက်းမႈတစ္ခုလံုးကို အက်ိဳးသက္ေရာက္ေစသည္။ခမ္းနားေသာ ေငြေၾကး၏ လႊမ္းမိုးမႈ ဒဂၤါးေပၚမွ ေရွးေဟာင္းစကားလံုးမ်ားသည္ ေငြေၾကး၏ အဓိပၸါယ္ဖြင့္ဆိုခ်က္မ်ား ပါ၀င္ေနသည္။ရုတ္တရက္ပင္ ရွီယန္႔အေပၚသို႔ လႊမ္းမုိးဖိႏွိပ္လာသည္။ထိုေရွးေဟာင္းအကၡရာမ်ား သူ႔ထံသို႔ မေရာက္ရွိလာေသးတာေတာင္ ပါ၀င္ေသာ အသိအျမင္မ်ားက ရွီယန္႔အေပၚ သက္ေရာက္လာခဲ့ျပီးျဖစ္သည္။မ်က္စိတစ္မွိတ္အတြင္းမွာပင္ ရွီယန္႔ အသိစိတ္ပင္လယ္က ခ်မ္းသာၾကြယ္၀ျခင္း၏ လႊမ္းမိုးျခင္းကို ခံရဟန္တူသည္။ေငြေၾကးဟူေသာ စကားလံုးက သူ႔ အသိစိတ္ပင္လယ္ထဲသို႔ ခုန္ေပါက္၀င္ေရာက္လာည္။ခ်မ္းသာၾကြယ္၀ျခင္း၏ ဥာဏ္အလင္းမ်ားက သူ႔အသိစိတ္ပင္လယ္ထဲတြင္ ရုန္းၾကြလာကာ သူ၏ အၾကီးအမွဴး၀ိညာဥ္ကို ေငြ၏ ေက်းကြ်န္အျဖစ္ ခံစားရေစသည္။စြမ္းအင္က်င့္ၾကံျခင္းလမ္းစဥ္တြင္ ေကာင္းကင္အဆင့္ သိုင္းသမားမ်ားသည္ တိုက္ခိုက္ေရး နည္းစနစ္ အမ်ိဳးမ်ိဳးႏွင့္ ေမွာ္ရတနာ အမ်ိဳးမ်ိဳးတို႔၏ စြမ္းရည္မ်ား ျမင့္မားလာေစရန္ ၄င္းတို႔ စိတ္ကူးပံုေဖာ္ထားေသာ သက္ဆိုင္ရာ ဥာဏ္အလင္းအမ်ိဳးမ်ိဳးတို႔ကို ေပါင္းထည့္နိုင္သည္။ဥပမာ အေျခခံသိုင္းပညာတစ္မ်ိဳးျဖစ္ေသာ ၾကယ္ေၾကြလက္သီးသိုင္းကို ေကာင္းကင္အဆင့္ သိုင္းသမားတို႔ အသံုးျပဳလွ်င္ ၄င္းတို႔ စိတ္ကူးပံုေဖာ္ထားေသာ ၾကယ္တစ္လံုး ေၾကြက်လာသည့္ ခြန္အား၊ အျမန္ႏႈန္း၊ အရွိန္အ၀ါတို႔ကို ေပါင္းစပ္လိုက္ေသာအခါ ရိုးရိုး လက္သီးတစ္ခ်က္သည္ပင္ ၾကယ္ေၾကြသည့္အလား ေၾကာက္မက္ဖြယ္ရာျပင္းထန္လာသည္။ရိုးရိုး အကာအကြယ္ ေမွာ္ရတနာတစ္မ်ိဳးျဖစ္ေသာ ေရလႊာတြင္ သူတို႔၏ ေရအေပၚ အသိအျမင္ျဖစ္ေသာ ေပ်ာ့ေပ်ာင္းမႈ၊ စဥ္ဆက္မျပတ္ျဖစ္မႈ၊ သိပ္သည္းမႈ၊ ေဖာ့ဂုဏ္ စသည္တို႔ကို ေပါင္းစပ္ထည့္သြင္းလိုက္ေသာအခါ ေရလႊာအကာအကြယ္သည္လည္း ျပိဳင္ဘက္တို႔၏ မည္သည့္တိုက္ခိုက္မႈကိုမဆို အရွိန္ေလွ်ာ့ခ်ေပးနိုင္ေသာ အကာအကြယ္ရတနာမ်ိဳး ျဖစ္သြားေလသည္။ထိုသည္ကပင္ နီဗားနားအဆင့္ႏွင့္ ေကာင္းကင္အဆင့္ၾကားမွ ကြာျခားခ်က္ပင္ျဖစ္ေလေတာ့သည္။ေငြေၾကးႏွင့္ သက္ဆိုင္ေသာ အလင္းေရာင္မ်ားသည္ အိုင္ရာ၏ ဒဂၤါးျပားေလးမွ ထြက္ေပၚလာကာ ရွီယန္၏ ေသျခင္းရွင္ျခင္း နိမိတ္ေတာ္ကို ျဖိဳခြဲသည္။ဆန္႔က်င္ဘက္ လိုက္ေလ်ာညီေထြမႈျဖစ္ေသာ ေသျခင္းႏွင့္ ရွင္ျခင္းတို႔၏ သဘာ၀တရားမ်ားသည္ ထို ေသျခင္းရွင္ျခင္း နိမိတ္ေတာ္တြင္ ပါ၀င္သည္။ေသျခင္းရွင္ျခင္းနိမိတ္ေတာ္ႏွင့္ ခမ္းနားေသာ ေငြေၾကး၏ လႊမ္းမိုးမႈတို႔ ထိပ္တိုက္ေတြ႕ၾကသည္။ထိုအခ်ိန္တြင္ ရွီယန္႔ အသိစိတ္ပင္လယ္ကို တစ္စံုတစ္ရာက လႈပ္ႏႈိးလိုက္သကဲ့သို႔ အသက္၀င္လႈပ္ရွားလာသည္။သူ႔စိတ္ထဲတြင္ ရုန္းၾကြလာေသာ ေသဆံုးျခင္းႏွင့္ ရွင္သန္ျခင္း သေဘာတရားမ်ားက ေငြေၾကးဥာဏ္အလင္း၏ ဖိႏွိပ္မႈမ်ားကို စတင္ တန္ျပန္လာၾကသည္။အသက္တစ္ေခ်ာင္း ေသဆံုးျခင္းသို႔ နီးကပ္လာျပီဆိုလွ်င္ ေငြေၾကးသည္ အေရးၾကီးပါေသး၏ေလာ။ေသျခင္းသည္သာ အရာအားလံုး၏ အဆံုးသတ္ျဖစ္သြားေပသည္။ဘ၀တစ္ေလွ်ာက္လံုး ရွာေဖြခဲ့သမွ် ခ်မ္းသာၾကြယ္၀မႈမ်ားကို ေသရာသို႔ ေခၚသြား၍ ရပါသလား။ေငြေၾကးသည္ ရွင္သန္ျခင္းကို ေရာ အမွန္တကယ္ ေပးစြမ္းနိုင္ပါသလား။ရွင္သန္ျခင္းကိုယ္၌ကသာ ရွင္သန္ျခင္းျဖစ္သည္။ေငြေၾကးသည္ ရွင္ျခင္းကို ကိုယ္စားမျပဳနိုင္ပါ။ေသဆံုးရေတာ့မည့္ လူတစ္ေယာက္သည္ အနည္းငယ္မွ်ေသာ အသက္ရွင္သန္ခြင့္အတြက္ အရာရာကိုပင္ စေတးလိမ့္မည္ျဖစ္သည္။ ေငြေၾကးသည္ ဘာအေရးပါသနည္း။ရွီယန္၏ ေသျခင္းရွင္ျခင္း နိမိတ္ေတာ္သည္ ရုတ္တရက္ အဆေပါင္းမ်ားစြာ ခမ္းနားထည္၀ါလာသည္။ေသျခင္းႏွင့္ ရွင္ျခင္း၏ ဥာဏ္အလင္းမ်ားသည္ အိုင္ရာ၏ ေငြေၾကးဆိုင္ရာ အဓိပၸါယ္ဖြင့္ဆိုခ်က္မ်ားကို အစိတ္စိတ္အမႊာမႊာ ပ်က္စီးေစသည္။ဒဂၤါးျပားထဲမွ ေရွးေဟာင္းစကားလံုးမ်ားသည္ ေသျခင္းရွင္ျခင္းနိမိတ္ေတာ္ကို မထိုးေဖာက္နိုင္ေတာ့ပါ။ေငြေၾကးသည္ ေသျခင္းႏွင့္ ရွင္ျခင္းအၾကားတြင္ ပ်က္ျပယ္သြားသည္။ေသျခင္းရွင္ျခင္းနိမိတ္ေတာ္သည္ အိုင္ရာ၏ ေငြဒဂၤါး အကာအကြယ္စက္၀န္းသို႔ ဆက္လက္တိုး၀င္သြားေလသည္။တြန္႔လိမ္သြားေသာ အလင္းေရာင္မ်ားေနာက္တြင္ေတာ့ အကာအကြယ္စက္၀န္းသည္ မေရမတြက္နိုင္ေသာ အလင္းစက္ေလးမ်ားအျဖစ္ ျပိဳကြဲသြားျပီျဖစ္သည္။လက္၀ါးရိုက္ခ်က္က အိုင္ရာ့ကို မီတာ ဒါဇင္ေပါင္းမ်ားစြာ အကြာအထိ လြင့္စင္သြားေစသည္။သူမက ထို အရွိန္ကို ရပ္တန္႔ရန္ပင္ မနည္းၾကိဳးစားလိုက္ရသည္။ပါးစပ္အျပည့္ ေသြးတစ္လုပ္ အန္ထုတ္လိုက္ရေသာေၾကာင့္ ႏႈတ္ခမ္းတြင္ ေသြးစေသြးနေလးမ်ား က်န္ရစ္ခဲ့သည္။သူမ၏ မ်က္၀န္းေလးမ်ားက အနည္းငယ္ အေရာင္ေဖ်ာ့ေတာ့သြားျပီျဖစ္သည္။နီဗားနား တတိယအဆင့္သို႔ တက္လွမ္းလာျပီးေနာက္ ရွီယန္သည္ သိုင္းပညာမ်ား လွ်ိဳ႕၀ွက္ေမွာ္ရတနာမ်ားအေပၚ နားလည္သေဘာေပါက္နိုင္စြမ္းက မူလႏွင့္ ကြာျခားသြားျပီျဖစ္သည္။မည္သည့္ တိုက္ကြက္ျဖစ္ေစ မည္သည့္ ေမွာ္ရတနာျဖစ္ေစ ထုတ္ေဖာ္သူ၏ မူလ အေတြးအျမင္မ်ားႏွင့္ ေပါင္းစည္းလို႔ရသည္။ထိုအခါ အသံုးျပဳသူ ေဖာ္ထုတ္လိုက္ေသာ သိုင္းကြက္မ်ား ေမွာ္ရတနာမ်ားသည္လည္း အဆေပါင္းမ်ားစြာ ပိုအစြမ္းထက္လာေလသည္။ရွီယန္၏ ေသျခင္းရွင္ျခင္း အေပၚ နားလည္ထားေသာ ဥာဏ္အလင္းမ်ားသည္ သိပ္ျပီး မၾကီးက်ယ္လွေသာ္လည္း အိုင္ရာ့ကိုေတာ့ လြင့္စင္သြားေအာင္ ရုိက္ပစ္လိုက္နိုင္ပါသည္။စိတ္ကူးပံုေဖာ္ျခင္း၏ ဆန္းၾကယ္ေလးနက္မႈမ်ား သူ႔စိတ္ထဲသို႔ ၀င္ေရာက္လာသည္။ရွီယန္က တစ္ခ်က္ ရယ္ေမာလိုက္ျပီးေနာက္ ၾကယ္တာရာသိုင္း၀ိညာဥ္ကို ထုတ္ေဖာ္လိုက္သည္။ၾကယ္တာရာ အစုအေ၀းမ်ား သူ႔လက္ဖ၀ါးေပၚတြင္ လင္းလက္လာသည္။အလင္းတန္း ခုႏွစ္ခုျဖင့္ ခုႏွစ္စဥ္ၾကယ္ပံုရိပ္သည္ သူ႔ ႏွလံုးသားတြင္ ပိုမိုလင္းလက္လို႔လာသည္။ၾကယ္တာရာမ်ား၏ လွ်ိဳ႕၀ွက္ေသာ ခမ္းနားေသာ ပရမ္းပတာျဖစ္ေသာ စည္းစနစ္က်နေသာ မူလအစျဖစ္ေသာ၊ ထာ၀ရျဖစ္ေသာ၊ အရွိန္အ၀ါမ်ားက အိုင္ရာ့အေပၚ ေလးလံစြာ ဖိစီးလာသည္။သံလိုက္ျမဴအေမွာင္ထုသို႔ မ၀င္ေရာက္မီက သူသည္ ၾကယ္တာရာမ်ား၏ လွ်ိဳ႕၀ွက္ဆန္းၾကယ္မႈကို နားလည္ရန္ ၾကိဳးပမ္းေနခဲ့သည္။ၾကယ္တာရာမ်ားကို ေငးေမာၾကည့္ရင္း သူ၏ ျဖစ္တည္မႈကိုပင္ ေမ့ေလ်ာ့ခဲ့သည္။ထိုစဥ္က အျဖစ္အပ်က္မ်ားက သူ႔ကို ေအာင္ျမင္မႈအခ်ိဳ႕ရရွိေစခဲ့ဟန္တူသည္။ယခု သူက နီဗားနား တတိယအဆင့္သို႔ ၀င္ေရာက္လာေသာအခါ သိုင္းပညာအမ်ိဳးမ်ိဳးတို႔အေပၚ ထိုးထြင္းသိျမင္နိုင္စြမ္းက အံ့မခန္းျဖစ္လာခဲ့သည္။သူ႔စိတ္ကို ျပဳျပင္လိုက္ေသာအခါ ခုႏွစ္စဥ္ၾကယ္သည္ သူ႔အသိစိတ္ပင္လယ္တြင္ ထင္ရွားလာခဲ့သည္။သူ႔ အသိစိတ္ပင္လယ္သည္ မွတ္တစ္ခ်ပ္သဖြယ္ ခုႏွစ္စဥ္ၾကယ္၏ ပတ္လမ္းမ်ားကို တြက္ထုတ္ေပးလိုက္သည္။သူ၏ ၾကယ္တာရာသိုင္း၀ိညာဥ္မွ ၾကယ္တာရာစြမ္းအင္မ်ားကို ေဖာ္ထုတ္သံုးစြဲကာ အျပင္ဘက္တြင္လည္း ခုႏွစ္စဥ္ၾကယ္၀ကၤဘာတစ္ခုအျဖစ္ စိတ္ကူးပံုေဖာ္လိုက္သည္။လွ်ိဳ႕၀ွက္ဆန္းၾကယ္ေသာ၊ ခမ္းနားလွပေသာ၊ ထာ၀ရျဖစ္ေသာ ၾကယ္တာရာတို႔၏ မွန္ကန္ျခင္း ဥာဏ္အလင္းမ်ားသည္ ခုႏွစ္စဥ္ၾကယ္၀ကၤဘာကို ေထာက္ပံ့ေပးထားသည္။ခုႏွစ္စဥ္ၾကယ္ျဖင့္ လႊမ္းျခံဳျခင္းခံလိုက္ရေသာ အိုင္ရာသည္ ၾကယ္တာရာလမ္းေၾကာင္းမ်ားကို ၾကည့္ရင္း ထင္ေယာင္ထင္မွားမႈမ်ားျဖစ္ေပၚလာသည္။အဆံုးအစမဲ့ေသာ ၾကယ္တာရာမ်ား၏ ျဖစ္တည္မႈေအာက္တြင္ သူမကိုယ္သူမ အမႈန္အမႊားေလးသဖြယ္ ကူကယ္ရာမဲ့စြာ ခံစားလာရသည္။"ၾကယ္တာရာအေမြအႏွစ္ စိတ္အာရံု"က်ိယီ၊ ေလာင္လီႏွင့္ ေလာင္လြန္တို႔၏ မ်က္ႏွာမ်ား ေျပာင္းလဲသြားၾကသည္။သူတို႔က ျပိဳင္တူပင္ ေအာ္ဟစ္လိုက္မိၾကျခင္းျဖစ္သည္။ရွီယန္႔ကို ထိတ္လန္႔ေျခာက္ျခားစြာ ၾကည့္လိုက္ၾကရင္း"မင္းက သန္႔စင္ျခင္း အလင္း အသင္းေတာ္ကလား.."ထိုလူသံုးေယာက္၏ အာေမဋိတ္သံမ်ားက ရွီယန္႔စိတ္ကို အေႏွာက္အယွက္ေပးသလိုျဖစ္သြားသည္။သူ၏ စိတ္စီးေၾကာင္းမ်ားက တံု႔ဆိုင္းသြားသည္။ၾကယ္တာရာအေမြအႏွစ္ စိတ္အာရံု...သန္႔စင္ျခင္းအလင္း အသင္းေတာ္..ထိုစကားလံုးမ်ားက သူ႔ ၾကယ္တာရာေျမပံုဖန္တီးထားမႈကို ရိုက္ခတ္လာသည္။လွ်ိဳ႕၀ွက္ဆန္းၾကယ္ေသာ စိတ္ကူးပံုေဖာ္မႈမ်ားက ၾကယ္တာရာ ေျမပံုေပၚမွ တျဖဳတ္ျဖဳတ္ေပ်ာက္ကြယ္ကုန္သည္။ထိုအခါ သူ၏ ခုႏွစ္စဥ္ၾကယ္သည္ ရုတ္တရက္ အမ်ားၾကီး အားနည္းသြားသည္။အိုင္ရာက သိမ္ငယ္မႈမ်ား အားနည္းမႈမ်ား ကူကယ္ရာမဲ့မႈမ်ားကို ခံစားေနရာမွ ရုတ္တရက္ ထို ခံစားခ်က္မ်ား၏ ဖိႏွိပ္မႈေအာက္မွ လြတ္ေျမာက္သြားသည္။သူမက တည္ျငိမ္စြာပင္ ေျခလွမ္းကြက္တစ္ခ်ိဳ႕ေရႊ႕လိုက္ျပီးေနာက္ ခုႏွစ္စင္ၾကယ္၀ကၤဘာေပၚမွ အားအနည္းဆံုးေနရာမ်ားကို ရွာေဖြလိုက္သည္။သူမ၏ ခမ္းနားေသာေငြေၾကး၏ လႊမ္းမိုးမႈအလင္းတန္းမ်ား ျပန္လည္ ထြက္ေပၚလာျပီးေနာက္ ေငြေၾကးသည္ အရာအားလံုးကို လႊမ္းမိုးအုပ္ခ်ဳပ္မည့္ အရွိန္အ၀ါမ်ားျဖင့္ ၾကယ္တာရာ ေျမပံုကို ဖ်က္ဆီးပစ္လုိက္ေလေတာ့သည္။"နင္က ေကာင္းကင္အဆင့္မေရာက္ေသးေတာ့ နင့္ရဲ့ စိတ္ကူးပံုေဖာ္နိုင္စြမ္းက သိပ္မနက္ရွိဳင္းေသးဘူးေလ...သိုင္းပညာနဲ႔ ေမွာ္ရတနာေတြရဲ့ ေလးနက္မႈကိုလည္း မဖမ္းဆုပ္နိုင္ေသးဘူး....ျပင္ပ အေႏွာက္အယွက္ ၀င္လာတာနဲ႔ မင္းရဲ့ စိတ္ကူးပံုရိပ္ေတြက ခ်က္ျခင္းပ်က္စီးသြားရတယ္...ေနာက္ဆံုးေတာ့လည္း စြမ္းအင္အဆင့္နိမ့္တာက နိမ့္တာပါပဲ...မင္းက စိတ္ကူးပံုေဖာ္ျခင္းကို အားေကာင္းေကာင္းနဲ႔ မဖန္တီးနိုင္ေသးဘူး"အိုင္ရာ့မ်က္ႏွာက အနည္းငယ္ ေျပာင္းလဲေနသည္။သူမက ထိုစကားလံုးမ်ားကို ေအးစက္စက္ ေရရြတ္ေနရင္း ရွီယန္႔ကို စကားေျပာခြင့္မေပးပဲ"နင္က သန္႔စင္ျခင္းအလင္း အသင္းေတာ္ကလူဆိုေတာ့ နင့္ကို ငါတို႔ ျမင့္ျမတ္ရာနယ္ေျမက လူအျဖစ္ စဥ္းစားလို႔ရသြားပါျပီ...ထားလိုက္ပါေတာ့..ငါက နင္နဲ႔ ေခါင္းေဆာင္ေနရာကို ယွဥ္လုမေနေတာ့ပါဘူး...နင္က ငါတို႔ကို ဦးေဆာင္ခ်င္ရင္လည္း နင့္သေဘာပါပဲ..ငါတို႔ကို ျပန္လမ္းမရွိတဲ့ဆီ ေခၚမသြားပါေစနဲ႔လို႔သာဆုေတာင္းရေတာ့မွာေပါ့"အိုင္ရာက ထိုသို႔ ေျပာေနေသာ္လည္း သူမ၏ ႏွလံုးသားထဲတြင္ ျပင္းထန္စြာ တုန္လႈပ္ေျခာက္ျခားေနပါသည္။သူမက ယခုမွ ရွီယန္၏ လွ်ိဳ႕၀ွက္ခ်က္မ်ားကို နည္းနည္းေလး သိျမင္လာျခင္းျဖစ္သည္။ပံုမွန္အတိုင္းဆို နီဗားနားအဆင့္တြင္ စိတ္ကူးပံုေဖာ္ျခင္း ျပဳလုပ္နိုင္ရန္ မျဖစ္နိုင္သေလာက္ပင္ျဖစ္သည္။ေျပာရလွ်င္ သိုင္းပညာရပ္မ်ားႏွင့္ လွ်ို႕၀ွက္ရတနာမ်ားတြင္ အသိအျမင္မ်ား ေပါင္းထည့္ျခင္းဆိုသည္မွာ နီဗားနားအဆင့္ႏွင့္ မသက္ဆိုင္ေသာအရာသာျဖစ္ေလသည္။ရွီယန္ကေတာ့ ထို စိတ္ကူးပံုေဖာ္ျခင္းကို နားလည္ရံုမက ထိေရာက္ေအာင္ပင္ အသံုးခ်နိုင္ေနျပီျဖစ္သည္။သူမ၏ ထြတ္ျမတ္ျခင္းအဆင့္ ေမွာ္ရတနာသည္ ဖ်က္ဆီးခံခဲ့ရသည္။သူက နီဗားနားအဆင့္သာရွိေသးသည္ေလ...။ထိုအေၾကာင္း ေတြးမိလိုက္လွ်င္ အိုင္ရာက ရွီယန္႔ကို မေၾကာက္ပဲမေနနိုင္ေအာင္ျဖစ္လာသည္။ရွီယန္သာ ေကာင္းကင္အဆင့္ တက္လွမ္းသြားခဲ့လွ်င္ ဒီတိုက္ပြဲတြင္ သူမ အသက္ရွင္သန္ရန္ အခြင့္အလမ္းမရွိေၾကာင္း သေဘာေပါက္လာသည္။ရွီယန္ မည္သည့္ လွ်ိဳ႕၀ွက္နည္းစနစ္မ်ားကို အသံုးျပဳျပီး အစြမ္းထက္ေနသည္ကို သူမ နားမလည္ပါ။သူမက ရွီယန္႔ကို ထိပ္တိုက္ရင္မဆိုင္၀ံ့ေတာ့ေလာက္ေအာင္ပင္ျဖစ္လာသည္။ၾကယ္တာရာ ေျမပံုေပ်ာက္ကြယ္သြားျပီျဖစ္ေသာ္လည္း ရွီယန္က ေနရာတြင္ပင္ ေတာင့္ေတာင့္ၾကီး ရပ္ေနဆဲျဖစ္သည္။အိုင္ရာ၏ အေလွ်ာ့ေပးျခင္းကို ၾကားရသည့္အခါ သူ႔မ်က္ႏွာတြင္ သံသယအရိပ္အေယာင္မ်ားလဲ ေပၚေပါက္လာသည္။သူက က်ိယီတို႔သံုးေယာက္ကို လွမ္းၾကည့္ကာ မ်က္ေမွာင္ကုတ္ေနရင္း"သန္႔စင္ျခင္းအလင္း အသင္းေတာ္...အဲ့ဒါက ဘာလဲ""နင္က ၾကယ္တာရာ အေမြအႏွစ္ စိတ္အာရံုကို ဖန္တီး အသံုးခ်ခဲ့တယ္ေလ...အဲ့ဒါက သန္႔စင္ျခင္းအလင္း အသင္းေတာ္ ရဲ့ သိုင္း၀ိညာဥ္ကသာ ဖန္တီးနိုင္တာေလ...နင္က ၾကယ္တာရာ ေျမပံုငယ္ကို ေဖာ္ထုတ္ခဲ့ရံုတင္မကဘူး ၾကယ္တာရာ အသိအျမင္ေတြပါ ေပါင္းစည္းခဲ့တယ္ေလ...နင္က သန္႔စင္ျခင္းအလင္းအသင္းေတာ္ကမဟုတ္လို႔ ဘယ္ကျဖစ္ဦးမွာလဲ"က်ိယီက ေအာင့္သက္သက္ အမူအယာျဖင့္ေျပာသည္။ေလာင္လီႏွင့္ ေလာင္လြန္တို႔ကလဲ ေခါင္းညိတ္ၾကသည္။"သန္႔စင္ျခင္းအလင္း အသင္းေတာ္..."ရွီွယန္ ေခါင္းယမ္းလိုက္သည္။"ငါက အဲ့ဒီ အဖြဲ႔အစည္းအေၾကာင္း တစ္ခါမွ မၾကားဖူးပါဘူး...အဲ့ဒါက ျမင့္ျမတ္ရာနယ္ေျမကလား...အဲ့ဒီ ဂိုဏ္းက အင္အားေတာင့္တင္းသလား""သန္႔စင္ျခင္းအလင္း အသင္းေတာ္က ျမင့္ျမတ္ရာနယ္ေျမမွာ ေရွးအက်ဆံုး အဖြဲ႔အစည္းေတြထဲက တစ္ခုပဲ...သူတို႔ဟာ အလင္းရဲ့ စြမ္းအင္ကို နားလည္သေဘာေပါက္ျခင္းျဖင့္ ေက်ာ္ၾကားတယ္...ေန၊ လ၊ ၾကယ္တာရာေတြဟာ အလင္းရဲ့ အရင္းအျမစ္ေတြပဲေလ...သန္႔စင္ျခင္းအလင္း အသင္းေတာ္က အဲ့ဒီ အလင္း အရင္းအျမစ္ၾကီးေတြနဲ႔ ပတ္သက္တဲ့ ဥာဏ္အလင္းေတြ မေရမတြက္နိုင္ေအာင္ ပိုင္ဆိုင္ထားၾကတယ္...ခုန နင္ ထုတ္ေဖာ္သြားတာဟာ ၾကယ္တာရာ အေမြအႏွစ္ စိတ္အာရံုပဲ...သန္႔စင္ျခင္းအလင္း အသင္းေတာ္ရဲ့ စိတ္ကူးပံုေဖာ္နိုင္စြမ္းေတြထဲက တစ္ခုေပါ့...သူတို႔ေတြပဲ ဒီလို အသိအျမင္မ်ိဳးကို ဖန္တီးေပါင္းစပ္နိုင္တယ္ေလ"---- ----- ------ ------ ------ ------- -----

Chapter 383: စိတ်ကူးပုံဖော်ခြင်းနိုင့်ထက်စီးနင်းဖြင့် အာဏာတောင်းဆိုမှုကို ကြားရသောအခါ ကျိယီ၊ လောင်လီနှင့် လောင်လွန်တို့သည် အတန်ငယ် တွေေ၀နေကြသော်လည်း နောက်ဆုံးတော့ ရှီယန့်ကို ခေါင်းဆောင်တင်ရန် သဘောတူလိုက်ကြသည်။သူတို့ သုံးယောက်ထဲတွင် ကျိယီက ရှီယန်၏ စွမ်းရည်ကို ရေအောက်တွင် သိရှိဖူးခဲ့ပြီးဖြစ်သည်။ရှီယန်သည် မြင့်မားသော စွမ်းအင်ကျင့်ကြံမှုအဆင့်မရှိသော်လည်း သူ့ ခွန်အားက ကြောက်မက်ဖွယ်ရာပင်ဖြစ်သည်။ပြီးတော့ သူမ၏ အကြီးအမှူး၀ိညာဉ်သည် ရှီယန့် ထိန်းချုပ်မှုအောက်သို့ ကျရောက်နေလေရာ သူမအနေဖြင့် သူ့ကို ဘယ္လိုမွ ဆန့်ကျင်ခြင်းမပြုရဲတော့ပါ။ရှီယန် တစ်ချက်အာရုံပြုလိုက်သည်နှင့် သူမ၏ အကြီးအမှူး၀ိညာဉ်လေး အက်ကွဲသွားရပါလိမ့်မည်။လောင်လီနှင့် လောင်လွန် ညီအစ်ကိုနှစ်ယောက်ကတော့ ရှီယန်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်။ ပြီးတော့ အိုင်ရာနှင့် ကျိယီတို့သည် ရှီယန့်အပေါ် ကောင်းသော ရည်ရွယ်ချက်မရှိသည်ကိုသိလိုက်ရပြန်သည်။ထိုမိန်းကလေးနှစ်ယောက်သည် ကောက်ကျစ်ပြီး လှည့်ကွက်များအပြည့်နှင့်ဖြစ်ကြောင်းလည်း သိနေပြီးဖြစ်သောကြောင့် သူတို့က ရှီယန့်ကို ခေါင်းဆောင်တင်လိုက်တာကမှ ပိုကောင်းမည်ဟု တွက်လိုက်ကြခြင်းဖြစ်သည်။သူတို့သုံးယောက်၏ နောက်ထပ် အဓိက အခ်က္ကေတာ့ ကီစုစည်းမှုကို မဖြုန်းတီးလိုခြင်းဖြစ်သည်။ရှီယန်နှင့် ရင်ဆိုင်ခြင်းသည် သူတို့၏ ကီစုစည်းမှု ကုန်ခမ်းသည်မှလွဲပြီး ဘာအကျိုးကျေးဇူးမှ ရှိမည်မဟုတ်ပါ။သူတို့ ရိပ်သိမ်းထားသော မိစၦာအမြုတေများ အလဟသ ကုန်ဆုံးသွားခြင်းသာ အဖတ်တင်ပေလိမ့်မည်။သူတို့က အိုင်ရာလိုမဟုတ်ပါ။အိုင်ရာသည် ပြီးခဲ့သည့် ခရီးစဉ်တစ်လျှောက်လုံး မိစၦာအမြုတေ အမြောက်အများ ရိပ်သိမ်းခဲ့ပါသည်။ထို့ကြောင့် တစ်ခုနှစ်ခု ကုန်ဆုံးသွားခြင်းက အိုင်ရာ့အတွက် အရေးမကြီးသော်လည်း သူတို့သုံးယောက်က အဲ့လောက် မတတ်နိုင်ကြပါ။ထို့ကြောင့် အရှုံးအမြတ် သေချာ တွက်ချက်ပြီးနောက် သူတို့သုံးယောက်က အသာတကြည်ပင် ရှီယန့်နောက်လိုက်ရန် သဘောတူလိုက်ကြခြင်းဖြစ်သည်။အိုင်ရာကတော့ ရှီယန့်စကားကို နားထောင်ရမည်ဆိုခြင်းကို လက်မခံနိုင်ပါ။အခြားသုံးယောက် သဘောတူပြီးဖြစ်သော်လည်း သူမက အံတင်းတင်းကြိတ်ကာ ရှီယန့်ကို စိုက်ကြည့်နေတုန်းပင်ဖြစ်သည်။သူမ၏ အေးစက်စက် မျက်လုံးများတွင် ဆုံးဖြတ်ထားပြီးဖြစ်ဟန်ဖြင့်"နင်က ငါတို့ကို ဦးဆောင်ဖို့ အဆင့်မှီတယ်လို့ ငါမထင်ဘူး...နင့်ရဲ့ နောက်ကြောင်းရာဇ၀င်ကလည်း ဖုံးကွယ်ထားတယ်...နင်က မြင့်မြတ်ရာနယ်မြေက သိုင်းသမားတစ်ယောက်လည်းမဟုတ်ဘူး...ဒါကြောင့် ငါတို့ရဲ့ အခြေနေတွေကိုလည်း ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မှာမဟုတ်ဘူး...နင် တစ္ခုခု လွဲချော်သွားရင် အကျိုးဆက်ကို ငါတို့လဲ ခံစားရလိမ့်မယ်...""အကျိုးဆက်လား..."ရွီယန္က အော်ဟစ်ရယ်မောလိုက်သည်။သူ့မျက်နှာသည်လည်း အေးစက်သွားပြီးနောက် တင်းမာပြတ်သားစွာဖြင့်"အကျိုးဆက်ကို အခုပဲ ခံစားရစေမယ်"ရွီယန္က စိတ်ဖြင့် တစ်ချက် အာရုံပြုလိုက်သည်။သူ့လက်နှစ်ဖက်စလုံး ဆန့်ထွက်လာပြီး အိုင်ရာ့ထံသို့ ပြိုင်တူ တွန်းထုတ်လိုက်လေသည်။သေခြင်းရှင်ခြင်းနိမိတ်တော်...လက်ဝါရိပ် ဆယ့်လေးခုသည် ရုတ်တရက် ပေါင်းစည်းသွားပြီးနောက် ဧရာမ လက်ဝါးကြီးအဖြစ် အိုင်ရာ့ထံ တိုး၀င်သွားသည်။သေခြင်းရှင်ခြင်း နိမိတ်တော် ထွက်ပေါ်လာသည်နှင့် ကျောက်တောင်ငယ်တစ်လုံးအရွယ်အစားခန့်ရှိသော လက်ဝါးကြီးသည် ရုန့်ရင်းကြမ်းတမ်းသော ထစ်ခြုန်းသံများကို ဖြစ်ပေါ်စေကာ ကြောက်မက်ဖွယ်ရာ ဖိနှိပ်လာသည်။အိုင်ရာ၏ လွပေသာ မျက်နှာလေးက တည်ငြိမ်လေးနက်သွားသည်။သူမက အလိုလိုပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ပြီးနောက် ဒင်္ဂါးပြားလေးတစ်ခုကို အလျှင်အမြန် ထုတ်ယူကာ တောက်ထုတ်လိုက်လေသည်။"ခမ်းနားသော ငွေကြေး၏ လွှမ်းမိုးခြင်း"အိုင်ရာ၏ အော်ဟစ်လိုက်သံနှင့်အတူ ဒင်္ဂါးပြားထံမှ ရှေးဟောင်း အက္ခရာများ ခုန်ထွက်လာကြသည်။ရှေးဟောင်း အက္ခရာ တစ်လုံးချင်းစီသည် လေထဲတွင် ပျံ၀ဲနေရင်း ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ဒင်္ဂါးပြားထဲရှိ ရှေးဟောင်း အက္ခရာစာလုံးများ၏ တောက်ပသော အလင်းတန်းများသည် သေခြင်းရှင်ခြင်းနိမိတ်တော်ထံ တိုး၀င်ရင်ဆိုင်သည်။ခမ်းနားသော ငွေကြေး၏ လွှမ်းမိုးခြင်းသည် အိုင်ရာ၏ ထွတ်မြတ်ခြင်းအဆင့် မှော်ရတနာတစ်ခုဖြစ်သည်။ပိုင်တိမြို့တော်၀န်ကိုယ်တိုင် သူမအတွက် သီးသန့် ဖန်တီးပေးထားခြင်းဖြစ်သည်။ခမ်းနားသော ငွေကြေး၏ လွှမ်းမိုးခြင်း ကိုယ်တိုင်ကိုက ချမ်းသာကြွယ်၀ခြင်း၏ အဓိပ္ပါယ်များ ပါ၀င်နေလေသည်။လူသားတို့၏ လောကတွင်ဖြစ်စေ သိုင်းသမားတို့၏ လောကတွင်ဖြစ်စေ ချမ်းသာကြွယ်၀ခြင်းသည် ငွေကြေးအပေါ်တွင် အခြေခံသည်မဟုတ်လော။ငွေကြေးသည် မည်သည့်လောကတွင်မဆို အရေးပါသော အခန်းကဏ္႑မှ ပါ၀င်ပါသည်။ငွေကြေးသည် လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။'ငွေကြေး' ဟူသော စကားလုံးသည် ပြိုင်ဘက်ကင်းသော စာလုံးတစ်ခု ဖြစ်နေပေသည်။ဘာမဆို ငွေကြေးဖြင့်၀ယ်ယူနိုင်သောကြောင့် လူ့ယဉ်ကျေးမှုတစ်ခုလုံးကို အကျိုးသက်ရောက်စေသည်။ခမ်းနားသော ငွေကြေး၏ လွှမ်းမိုးမှု ဒင်္ဂါးပေါ်မှ ရှေးဟောင်းစကားလုံးများသည် ငွေကြေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ပါ၀င်နေသည်။ရုတ်တရက်ပင် ရှီယန့်အပေါ်သို့ လွှမ်းမိုးဖိနှိပ်လာသည်။ထိုရှေးဟောင်းအက္ခရာများ သူ့ထံသို့ မရောက်ရှိလာသေးတာတောင် ပါ၀င်သော အသိအမြင်များက ရှီယန့်အပေါ် သက်ရောက်လာခဲ့ပြီးဖြစ်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ရှီယန့် အသိစိတ်ပင်လယ်က ချမ်းသာကြွယ်၀ခြင်း၏ လွှမ်းမိုးခြင်းကို ခံရဟန်တူသည်။ငွေကြေးဟူသော စကားလုံးက သူ့ အသိစိတ်ပင်လယ်ထဲသို့ ခုန်ပေါက်၀င်ရောက်လာည်။ချမ်းသာကြွယ်၀ခြင်း၏ ဉာဏ်အလင်းများက သူ့အသိစိတ်ပင်လယ်ထဲတွင် ရုန်းကြွလာကာ သူ၏ အကြီးအမှူး၀ိညာဉ်ကို ငွေ၏ ကျေးကျွန်အဖြစ် ခံစားရစေသည်။စွမ်းအင်ကျင့်ကြံခြင်းလမ်းစဉ်တွင် ကောင်းကင်အဆင့် သိုင်းသမားများသည် တိုက်ခိုက်ရေး နည်းစနစ် အမျိုးမျိုးနှင့် မှော်ရတနာ အမျိုးမျိုးတို့၏ စွမ်းရည်များ မြင့်မားလာစေရန် ၄င်းတို့ စိတ်ကူးပုံဖော်ထားသော သက်ဆိုင်ရာ ဉာဏ်အလင်းအမျိုးမျိုးတို့ကို ပေါင်းထည့်နိုင်သည်။ဥပမာ အခြေခံသိုင်းပညာတစ်မျိုးဖြစ်သော ကြယ်ကြွေလက်သီးသိုင်းကို ကောင်းကင်အဆင့် သိုင်းသမားတို့ အသုံးပြုလျှင် ၄င်းတို့ စိတ်ကူးပုံဖော်ထားသော ကြယ်တစ်လုံး ကြွေကျလာသည့် ခွန်အား၊ အမြန်နှုန်း၊ အရှိန်အဝါတို့ကို ပေါင်းစပ်လိုက်သောအခါ ရိုးရိုး လက်သီးတစ်ချက်သည်ပင် ကြယ်ကြွေသည့်အလား ကြောက်မက်ဖွယ်ရာပြင်းထန်လာသည်။ရိုးရိုး အကာအကွယ် မှော်ရတနာတစ်မျိုးဖြစ်သော ရေလွှာတွင် သူတို့၏ ရေအပေါ် အသိအမြင်ဖြစ်သော ပျော့ပျောင်းမှု၊ စဉ်ဆက်မပြတ်ဖြစ်မှု၊ သိပ်သည်းမှု၊ ဖော့ဂုဏ် စသည်တို့ကို ပေါင်းစပ်ထည့်သွင်းလိုက်သောအခါ ရေလွှာအကာအကွယ်သည်လည်း ပြိုင်ဘက်တို့၏ မည်သည့်တိုက်ခိုက်မှုကိုမဆို အရှိန်လျှော့ချပေးနိုင်သော အကာအကွယ်ရတနာမျိုး ဖြစ်သွားလေသည်။ထိုသည်ကပင် နီဗားနားအဆင့်နှင့် ကောင်းကင်အဆင့်ကြားမှ ကွာခြားချက်ပင်ဖြစ်လေတော့သည်။ငွေကြေးနှင့် သက်ဆိုင်သော အလင်းရောင်များသည် အိုင်ရာ၏ ဒင်္ဂါးပြားလေးမှ ထွက်ပေါ်လာကာ ရှီယန်၏ သေခြင်းရှင်ခြင်း နိမိတ်တော်ကို ဖြိုခွဲသည်။ဆန့်ကျင်ဘက် လိုက်လျောညီထွေမှုဖြစ်သော သေခြင်းနှင့် ရှင်ခြင်းတို့၏ သဘာ၀တရားများသည် ထို သေခြင်းရှင်ခြင်း နိမိတ်တော်တွင် ပါ၀င်သည်။သေခြင်းရှင်ခြင်းနိမိတ်တော်နှင့် ခမ်းနားသော ငွေကြေး၏ လွှမ်းမိုးမှုတို့ ထိပ်တိုက်တွေ့ကြသည်။ထိုအချိန်တွင် ရှီယန့် အသိစိတ်ပင်လယ်ကို တစ်စုံတစ်ရာက လှုပ်နှိုးလိုက်သကဲ့သို့ အသက်၀င်လှုပ်ရှားလာသည်။သူ့စိတ်ထဲတွင် ရုန်းကြွလာသော သေဆုံးခြင်းနှင့် ရှင်သန်ခြင်း သေဘာတရားမ်ားက ငွေကြေးဉာဏ်အလင်း၏ ဖိနှိပ်မှုများကို စတင် တန်ပြန်လာကြသည်။အသက်တစ်ချောင်း သေဆုံးခြင်းသို့ နီးကပ်လာပြီဆိုလျှင် ငွေကြေးသည် အရေးကြီးပါသေး၏လော။သေခြင်းသည်သာ အရာအားလုံး၏ အဆုံးသတ်ဖြစ်သွားပေသည်။ဘ၀တစ်လျှောက်လုံး ရှာဖွေခဲ့သမျှ ချမ်းသာကြွယ်၀မှုများကို သေရာသို့ ခေါ်သွား၍ ရပါသလား။ငွေကြေးသည် ရှင်သန်ခြင်းကို ရော အမှန်တကယ် ပေးစွမ်းနိုင်ပါသလား။ရှင်သန်ခြင်းကိုယ်၌ကသာ ရှင်သန်ခြင်းဖြစ်သည်။ငွေကြေးသည် ရှင်ခြင်းကို ကိုယ်စားမပြုနိုင်ပါ။သေဆုံးရတော့မည့် လူတစ်ယောက်သည် အနည်းငယ်မျှသော အသက်ရှင်သန်ခွင့်အတွက် အရာရာကိုပင် စတေးလိမ့်မည်ဖြစ်သည်။ ငွေကြေးသည် ဘာအရေးပါသနည်း။ရှီယန်၏ သေခြင်းရှင်ခြင်း နိမိတ်တော်သည် ရုတ်တရက် အဆပေါင်းများစွာ ခမ်းနားထည်ဝါလာသည်။သေခြင်းနှင့် ရှင်ခြင်း၏ ဉာဏ်အလင်းများသည် အိုင်ရာ၏ ငွေကြေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အစိတ်စိတ်အမွှာမွှာ ပျက်စီးစေသည်။ဒင်္ဂါးပြားထဲမှ ရှေးဟောင်းစကားလုံးများသည် သေခြင်းရှင်ခြင်းနိမိတ်တော်ကို မထိုးဖောက်နိုင်တော့ပါ။ငွေကြေးသည် သေခြင်းနှင့် ရှင်ခြင်းအကြားတွင် ပျက်ပြယ်သွားသည်။သေခြင်းရှင်ခြင်းနိမိတ်တော်သည် အိုင်ရာ၏ ငွေဒင်္ဂါး အကာအကွယ်စက်၀န်းသို့ ဆက်လက်တိုး၀င်သွားလေသည်။တွန့်လိမ်သွားသော အလင်းရောင်များနောက်တွင်တော့ အကာအကွယ်စက်၀န်းသည် မရေမတွက်နိုင်သော အလင်းစက်လေးများအဖြစ် ပြိုကွဲသွားပြီဖြစ်သည်။လက်ဝါးရိုက်ချက်က အိုင်ရာ့ကို မီတာ ဒါဇင်ပေါင်းများစွာ အကြာအထိ လွင့်စင်သွားစေသည်။သူမက ထို အရွိန္ကို ရပ်တန့်ရန်ပင် မနည်းကြိုးစားလိုက်ရသည်။ပါးစပ်အပြည့် သွေးတစ်လုပ် အန်ထုတ်လိုက်ရသောကြောင့် နှုတ်ခမ်းတွင် သွေးစသွေးနလေးများ ကျန်ရစ်ခဲ့သည်။သူမ၏ မျက်၀န်းလေးများက အနည်းငယ် အရောင်ဖျော့တော့သွားပြီဖြစ်သည်။နီဗားနား တတိယအဆင့်သို့ တက်လှမ်းလာပြီးနောက် ရှီယန်သည် သိုင်းပညာများ လျှို့၀ှက်မှော်ရတနာများအပေါ် နားလည်သဘောပေါက်နိုင်စွမ်းက မူလနှင့် ကွာခြားသွားပြီဖြစ်သည်။မည်သည့် တိုက်ကွက်ဖြစ်စေ မည်သည့် မှော်ရတနာဖြစ်စေ ထုတ်ဖော်သူ၏ မူလ အတွေးအမြင်များနှင့် ပေါင်းစည်းလို့ရသည်။ထိုအခါ အသုံးပြုသူ ဖော်ထုတ်လိုက်သော သိုင်းကွက်များ မှော်ရတနာများသည်လည်း အဆပေါင်းများစွာ ပိုအစွမ်းထက်လာလေသည်။ရှီယန်၏ သေခြင်းရှင်ခြင်း အပေါ် နားလည်ထားသော ဉာဏ်အလင်းများသည် သိပ်ပြီး မကြီးကျယ်လှသော်လည်း အိုင်ရာ့ကိုတော့ လွင့်စင်သွားအောင် ရိုက်ပစ်လိုက်နိုင်ပါသည်။စိတ်ကူးပုံဖော်ခြင်း၏ ဆန်းကြယ်လေးနက်မှုများ သူ့စိတ်ထဲသို့ ၀င်ရောက်လာသည်။ရှီယန်က တစ်ချက် ရယ်မောလိုက်ပြီးနောက် ကြယ်တာရာသိုင်း၀ိညာဉ်ကို ထုတ်ဖော်လိုက်သည်။ကြယ်တာရာ အစုအေ၀းများ သူ့လက်ဖဝါးပေါ်တွင် လင်းလက်လာသည်။အလင်းတန်း ခုနှစ်ခုဖြင့် ခုနှစ်စဉ်ကြယ်ပုံရိပ်သည် သူ့ နှလုံးသားတွင် ပိုမိုလင်းလက်လို့လာသည်။ကြယ်တာရာများ၏ လျှို့၀ှက်သော ခမ်းနားသော ပရမ်းပတာဖြစ်သော စည်းစနစ်ကျနသော မူလအစဖြစ်သော၊ ထာ၀ရဖြစ်သော၊ အရှိန်အဝါများက အိုင်ရာ့အပေါ် လေးလံစွာ ဖိစီးလာသည်။သံလိုက်မြူအမှောင်ထုသို့ မ၀င်ရောက်မီက သူသည် ကြယ်တာရာများ၏ လျှို့၀ှက်ဆန်းကြယ်မှုကို နားလည်ရန် ကြိုးပမ်းနေခဲ့သည်။ကြယ်တာရာများကို ငေးမောကြည့်ရင်း သူ၏ ဖြစ်တည်မှုကိုပင် မေ့လျော့ခဲ့သည်။ထိုစဉ်က အဖြစ်အပျက်များက သူ့ကို အောင်မြင်မှုအချို့ရရှိစေခဲ့ဟန်တူသည်။ယခု သူက နီဗားနား တတိယအဆင့်သို့ ၀င်ရောက်လာသောအခါ သိုင်းပညာအမျိုးမျိုးတို့အပေါ် ထိုးထွင်းသိမြင်နိုင်စွမ်းက အံ့မခန်းဖြစ်လာခဲ့သည်။သူ့စိတ်ကို ပြုပြင်လိုက်သောအခါ ခုနှစ်စဉ်ကြယ်သည် သူ့အသိစိတ်ပင်လယ်တွင် ထင်ရှားလာခဲ့သည်။သူ့ အသိစိတ်ပင်လယ်သည် မှတ်တစ်ချပ်သဖွယ် ခုနှစ်စဉ်ကြယ်၏ ပတ်လမ်းများကို တွက်ထုတ်ပေးလိုက်သည်။သူ၏ ကြယ်တာရာသိုင်း၀ိညာဉ်မှ ကြယ်တာရာစွမ်းအင်များကို ဖော်ထုတ်သုံးစွဲကာ အပြင်ဘက်တွင်လည်း ခုနှစ်စဉ်ကြယ်၀င်္ကဘာတစ်ခုအဖြစ် စိတ်ကူးပုံဖော်လိုက်သည်။လျှို့၀ှက်ဆန်းကြယ်သော၊ ခမ်းနားလှပသော၊ ထာ၀ရဖြစ်သော ကြယ်တာရာတို့၏ မှန်ကန်ခြင်း ဉာဏ်အလင်းများသည် ခုနှစ်စဉ်ကြယ်၀င်္ကဘာကို ထောက်ပံ့ပေးထားသည်။ခုနှစ်စဉ်ကြယ်ဖြင့် လွှမ်းခြုံခြင်းခံလိုက်ရသော အိုင်ရာသည် ကြယ်တာရာလမ်းကြောင်းများကို ကြည့်ရင်း ထင်ယောင်ထင်မှားမှုများဖြစ်ပေါ်လာသည်။အဆုံးအစမဲ့သော ကြယ်တာရာများ၏ ဖြစ်တည်မှုအောက်တွင် သူမကိုယ္သူမ အမှုန်အမွှားလေးသဖွယ် ကူကယ်ရာမဲ့စွာ ခံစားလာရသည်။"ကြယ်တာရာအမွေအနှစ် စိတ်အာရုံ"ကျိယီ၊ လောင်လီနှင့် လောင်လွန်တို့၏ မျက်နှာများ ပြောင်းလဲသွားကြသည်။သူတို့က ပြိုင်တူပင် အော်ဟစ်လိုက်မိကြခြင်းဖြစ်သည်။ရှီယန့်ကို ထိတ်လန့်ခြောက်ခြားစွာ ကြည့်လိုက်ကြရင်း"မင်းက သန့်စင်ခြင်း အလင်း အသင်းတော်ကလား.."ထိုလူသုံးယောက်၏ အာမေဋိတ်သံများက ရှီယန့်စိတ်ကို အနှောက်အယှက်ပေးသလိုဖြစ်သွားသည်။သူ၏ စိတ်စီးကြောင်းများက တုံ့ဆိုင်းသွားသည်။ကြယ်တာရာအမွေအနှစ် စိတ်အာရုံ...သန့်စင်ခြင်းအလင်း အသင်းတော်..ထိုစကားလုံးများက သူ့ ကြယ်တာရာမြေပုံဖန်တီးထားမှုကို ရိုက်ခတ်လာသည်။လျှို့၀ှက်ဆန်းကြယ်သော စိတ်ကူးပုံဖော်မှုများက ကြယ်တာရာ မြေပုံပေါ်မှ တဖြုတ်ဖြုတ်ပျောက်ကွယ်ကုန်သည်။ထိုအခါ သူ၏ ခုနှစ်စဉ်ကြယ်သည် ရုတ်တရက် အများကြီး အားနည်းသွားသည်။အိုင်ရာက သိမ်ငယ်မှုများ အားနည်းမှုများ ကူကယ်ရာမဲ့မှုများကို ခံစားနေရာမှ ရုတ်တရက် ထို ခံစားချက်များ၏ ဖိနှိပ်မှုအောက်မှ လွတ်မြောက်သွားသည်။သူမက တည်ငြိမ်စွာပင် ခြေလှမ်းကွက်တစ်ချို့ရွှေ့လိုက်ပြီးနောက် ခုနှစ်စင်ကြယ်၀င်္ကဘာပေါ်မှ အားအနည်းဆုံးနေရာများကို ရှာဖွေလိုက်သည်။သူမ၏ ခမ်းနားသောငွေကြေး၏ လွှမ်းမိုးမှုအလင်းတန်းများ ပြန်လည် ထွက်ပေါ်လာပြီးနောက် ငွေကြေးသည် အရာအားလုံးကို လွှမ်းမိုးအုပ်ချုပ်မည့် အရှိန်အဝါများဖြင့် ကြယ်တာရာ မြေပုံကို ဖျက်ဆီးပစ်လိုက်လေတော့သည်။"နင်က ကောင်းကင်အဆင့်မရောက်သေးတော့ နင့်ရဲ့ စိတ်ကူးပုံဖော်နိုင်စွမ်းက သိပ်မနက်ရှိုင်းသေးဘူးလေ...သိုင်းပညာနဲ့ မှော်ရတနာတွေရဲ့ လေးနက်မှုကိုလည်း မဖမ်းဆုပ်နိုင်သေးဘူး....ပြင်ပ အနှောက်အယှက် ၀င်လာတာနဲ့ မင်းရဲ့ စိတ်ကူးပုံရိပ်တွေက ချက်ခြင်းပျက်စီးသွားရတယ်...နောက်ဆုံးတော့လည်း စွမ်းအင်အဆင့်နိမ့်တာက နိမ့်တာပါပဲ...မင်းက စိတ်ကူးပုံဖော်ခြင်းကို အားကောင်းကောင်းနဲ့ မဖန်တီးနိုင်သေးဘူး"အိုင်ရာ့မျက်နှာက အနည်းငယ် ပြောင်းလဲနေသည်။သူမက ထိုစကားလုံးများကို အေးစက်စက် ရေရွတ်နေရင်း ရှီယန့်ကို စကားပြောခွင့်မပေးပဲ"နင်က သန့်စင်ခြင်းအလင်း အသင်းတော်ကလူဆိုတော့ နင့်ကို ငါတို့ မြင့်မြတ်ရာနယ်မြေက လူအဖြစ် စဉ်းစားလို့ရသွားပါပြီ...ထားလိုက်ပါတော့..ငါက နင်နဲ့ ခေါင်းဆောင်နေရာကို ယှဉ်လုမနေတော့ပါဘူး...နင်က ငါတို့ကို ဦးဆောင်ချင်ရင်လည်း နင့်သဘောပါပဲ..ငါတို့ကို ပြန်လမ်းမရှိတဲ့ဆီ ခေါ်မသွားပါစေနဲ့လို့သာဆုတောင်းရတော့မှာပေါ့"အိုင်ရာက ထိုသို့ ပြောနေသော်လည်း သူမ၏ နှလုံးသားထဲတွင် ပြင်းထန်စွာ တုန်လှုပ်ခြောက်ခြားနေပါသည်။သူမက ယခုမွ ရှီယန်၏ လျှို့၀ှက်ချက်များကို နည်းနည်းလေး သိမြင်လာခြင်းဖြစ်သည်။ပုံမှန်အတိုင်းဆို နီဗားနားအဆင့်တွင် စိတ်ကူးပုံဖော်ခြင်း ပြုလုပ်နိုင်ရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ပြောရလျှင် သိုင်းပညာရပ်များနှင့် လျှို့၀ှက်ရတနာများတွင် အသိအမြင်များ ပေါင်းထည့်ခြင်းဆိုသည်မှာ နီဗားနားအဆင့်နှင့် မသက်ဆိုင်သောအရာသာဖြစ်လေသည်။ရှီယန်ကတော့ ထို စိတ်ကူးပုံဖော်ခြင်းကို နားလည်ရုံမက ထိရောက်အောင်ပင် အသုံးချနိုင်နေပြီဖြစ်သည်။သူမ၏ ထွတ်မြတ်ခြင်းအဆင့် မှော်ရတနာသည် ဖျက်ဆီးခံခဲ့ရသည်။သူက နီဗားနားအဆင့်သာရှိသေးသည်လေ...။ထိုအကြောင်း တွေးမိလိုက်လျှင် အိုင်ရာက ရှီယန့်ကို မကြောက်ပဲမနေနိုင်အောင်ဖြစ်လာသည်။ရှီယန်သာ ကောင်းကင်အဆင့် တက်လှမ်းသွားခဲ့လျှင် ဒီတိုက်ပွဲတွင် သူမ အသက်ရှင်သန်ရန် အခွင့်အလမ်းမရှိကြောင်း သဘောပေါက်လာသည်။ရှီယန် မည်သည့် လျှို့၀ှက်နည်းစနစ်များကို အသုံးပြုပြီး အစွမ်းထက်နေသည်ကို သူမ နားမလည်ပါ။သူမက ရှီယန့်ကို ထိပ်တိုက်ရင်မဆိုင်ဝံ့တော့လောက်အောင်ပင်ဖြစ်လာသည်။ကြယ်တာရာ မြေပုံပျောက်ကွယ်သွားပြီဖြစ်သော်လည်း ရွီယန္က နေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေဆဲဖြစ်သည်။အိုင်ရာ၏ အလျှော့ပေးခြင်းကို ကြားရသည့်အခါ သူ့မျက်နှာတွင် သံသယအရိပ်အယောင်များလဲ ပေါ်ပေါက်လာသည်။သူက ကျိယီတို့သုံးယောက်ကို လှမ်းကြည့်ကာ မျက်မှောင်ကုတ်နေရင်း"သန့်စင်ခြင်းအလင်း အသင်းတော်...အဲ့ဒါက ဘာလဲ""နင်က ကြယ်တာရာ အမွေအနှစ် စိတ်အာရုံကို ဖန္တီး အသုံးချခဲ့တယ်လေ...အဲ့ဒါက သန့်စင်ခြင်းအလင်း အသင်းတော် ရဲ့ သိုင်း၀ိညာဉ်ကသာ ဖန်တီးနိုင်တာလေ...နင်က ကြယ်တာရာ မြေပုံငယ်ကို ဖော်ထုတ်ခဲ့ရုံတင်မကဘူး ကြယ်တာရာ အသိအမြင်တွေပါ ပေါင်းစည်းခဲ့တယ်လေ...နင်က သန့်စင်ခြင်းအလင်းအသင်းတော်ကမဟုတ်လို့ ဘယ်ကဖြစ်ဦးမှာလဲ"ကျိယီက အောင့်သက်သက် အမူအယာဖြင့်ပြောသည်။လောင်လီနှင့် လောင်လွန်တို့ကလဲ ခေါင်းညိတ်ကြသည်။"သန့်စင်ခြင်းအလင်း အသင်းတော်..."ရှှီယန် ခေါင်းယမ်းလိုက်သည်။"ငါက အဲ့ဒီ အဖွဲ့အစည်းအကြောင်း တစ်ခါမှ မကြားဖူးပါဘူး...အဲ့ဒါက မြင့်မြတ်ရာနယ်မြေကလား...အဲ့ဒီ ဂိုဏ်းက အင်အားတောင့်တင်းသလား""သန့်စင်ခြင်းအလင်း အသင်းတော်က မြင့်မြတ်ရာနယ်မြေမှာ ရှေးအကျဆုံး အဖွဲ့အစည်းတွေထဲက တစ္ခုပဲ...သူတို့ဟာ အလင်းရဲ့ စွမ်းအင်ကို နားလည်သဘောပေါက်ခြင်းဖြင့် ကျော်ကြားတယ်...နေ၊ လ၊ ကြယ်တာရာတွေဟာ အလင်းရဲ့ အရင်းအမြစ်တွေပဲလေ...သန့်စင်ခြင်းအလင်း အသင်းတော်က အဲ့ဒီ အလင်း အရင်းအမြစ်ကြီးတွေနဲ့ ပတ်သက်တဲ့ ဉာဏ်အလင်းတွေ မရေမတွက်နိုင်အောင် ပိုင်ဆိုင်ထားကြတယ်...ခုန နင် ထုတ်ဖော်သွားတာဟာ ကြယ်တာရာ အမွေအနှစ် စိတ်အာရုံပဲ...သန့်စင်ခြင်းအလင်း အသင်းတော်ရဲ့ စိတ်ကူးပုံဖော်နိုင်စွမ်းတွေထဲက တစ်ခုပေါ့...သူတို့တွေပဲ ဒီလို အသိအမြင်မျိုးကို ဖန်တီးပေါင်းစပ်နိုင်တယ်လေ"---- ----- ------ ------ ------ ------- -----

Continue Reading

You'll Also Like

2.8M 188K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
112K 13.6K 110
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
720K 29.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
367K 26K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.