𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓...
Galing kay White_Tulip85
698K 30.3K 2.1K
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (T... Higit pa
Introduction
Part-1(Unicode+Zawgyi)
Part-2 (Unicode+ Zawgyi)
Part-3(Unicode+Zawgyi)
Part-4(Unicode+Zawgyi)
Happy Birthday
Part-5 (Unicode + Zawgyi)
Part-6 (Unicode + Zawgyi)
Part-7 (Unicode + Zawgyi)
Part-8 (Unicode + Zawgyi)
Part-9 (Unicode+ Zawgyi)
Part-10 (Unicode+ Zawgyi)
Part-11(Unicode + Zawgyi)
Part-12(Unicode + Zawgyi)
Part-13(Unicode + Zawgyi)
Part-14(Unicode + Zawgyi)
Part-15(Unicode+ Zawgyi)
Part-16 (Unicode+ Zawgyi)
Part-17(Unicode+ Zawgyi)
Part-18(Unicode + Zawgyi)
Part-19(Unicode + Zawgyi)
Part-20(Unicode + Zawgyi)
Part-21(Unicode + Zawgyi)
Part-22(Unicode + Zawgyi)
Part-23(Unicode + Zawgyi)
Part-24( Unicode + Zawgyi)
Part-25(Unicode + Zawgyi)
Part-26(Unicode + Zawgyi)
Part-27(Unicode + Zawgyi)
Part-28(Unicode + Zawgyi)
ဆွေးနွေးခြင်း(ဖတ်ပေးကြပါရှင်)
Part-29(Unicode + Zawgyi)
Part-30(Unicode + Zawgyi)
Part-31 (Unicode + Zawgyi)
Part-32(Unicode + Zawgyi)
Part-33( Unicode + Zawgyi)
Part-34(Unicode + Zawgyi)
Part-35(Unicode + Zawgyi)
Part-36(Unicode + Zawgyi)
Part-37(Unicode + Zawgyi)
Part-38(Unicode + Zawgyi)
Part-39(Unicode +Zawgyi)
Part-40(Unicode +Zawgyi)
Part-41(Unicode + Zawgyi)
Part-42(Unicode + Zawgyi)
Part-43(Unicode + Zawgyi)
Part-44(Unicode + Zawgyi)
Part-45 (Unicode + Zawgyi)
Part-46 (Unicode + Zawgyi)
Part-47(Unicode + Zawgyi)
Part-48( Unicode + Zawgyi)
Part-49(Unicode + Zawgyi)
Part-50(Unicode + Zawgyi)
Part-51(Unicode + Zawgyi)
Khit+Khoon (Chibi Art)
Part-52(Unicode + Zawgyi)
Part-53(Unicode + Zawgyi)
Part-54(Unicode + Zawgyi)
Part-55(Unicode + Zawgyi)
Part-56(Unicode + Zawgyi)
Part-57(Unicode + Zawgyi)
Part-58(Unicode + Zawgyi)
Part-59(Unicode + Zawgyi)
Part-60(Unicode + Zawgyi)
Part-61(Unicode +Zawgyi)
Part-63(Unicode + Zawgyi)
Part-64(Unicode + Zawgyi)
Part-65(Unicode + Zawgyi)
Part-66(Unicode + Zawgyi)
Part-67(Unicode + Zawgyi)
Part-68(Unicode + Zawgyi)
Part-69(Unicode + Zawgyi)
Part-70(Unicode + Zawgyi)
Part-71(Unicode + Zawgyi)
Part-72(Unicode + Zawgyi)
Hello(Long time no see)
Part-73(Unicode + Zawgyi)
Part-74(Unicode + Zawgyi)
Part-75 (Unicode + Zawgyi)
Part-76(Final) (Unicode + Zawgyi)
ကျေးဇူးတင်လွှာ (ေက်းဇူးတင္လႊာ)
Extra(1)
Extra(2)
Extra-3 (End)
Part-62(Unicode + Zawgyi)
6.1K 275 14
Galing kay White_Tulip85
(Unicode)
ဒီနေ့ဟာ7လပိုင်း 15နေ့ဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင်ထွန်းတောက်ပိုင်နှင့်မိုးမြင့်ခေါင်တို့၏ မင်္ဂလာပွဲနေ့ပင်။
ဒီနေ့တွင်တော့ စီးပွားရေးလုပ်ငန်းရှင်တော်တော်များများလည်းရောက်ရှိနေကြလေပြီ။ 'Winter' Group ၏CEO ဦးဆောင်းဦးမိုးမာန်ကတော့ မအားသဖြင့်မလာနိုင်ပေ။ လက်ဖွဲ့လှမ်းပို့၍ ဖုန်းဖြင့်သာလှမ်းဆက်၍ဂုဏ်ပြုပေးလေသည်။ ယခုတွင်တော့ ဟိုတယ်ခန်းမထဲတွင်စီးပွားရေးလုပ်ငန်းရှင်တော်တော်များများစုဝေးရောက်ရှိနေကြသည်။
ဈာန်မင်းတခေတ်၏မိဘများ၊ ဘုန်းဇေယံ၏မိဘများ၊ ကျော်ဇင်၊မြတ်အောင်တို့၏မိဘများနှင့် မင်္ဂလာသတို့သားနှစ်ယောက်၏မိဘများ၊ သန့်ဇေထွန်းနှင့်ငွေစင်ကြိုးတို့၏မိဘများအားလုံးစုနေကြလေသည်။ ထူးသက်၏မိဘနှစ်ပါးကတော့မရှိကြပေ။
"ကျုပ်တို့လာတာမီသေးရဲ့လားဗျ"
ရုတ်တရက်ဝင်လာကြသောလူနှစ်ယောက်အားကြည့်လိုက်သောအခါ မိုးမြင့်ခေါင်တစ်ယောက်ပြုံးပျော်သွားတော့သည်။ ထိုလူနှစ်ယောက်မှာ သူတို့၏အရေးကြီးတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပင်မဟုတ်လား။
ထိုလူနှစ်ယောက်ကိုမြင်လိုက်ရသော် ထိုင်ခုံတွင်ထိုင်ကာ မုန့်စားနေသောထူးသက်မှာနင်ပင်နင်သွားသည်။
*ဟာ...ဘယ်လိုတောင်ရောက်ချလာတာလဲ! ဘယ်လိုပဲဖြစ်ဖြစ်ပါလေ အပြန်မုန့်ဖိုးတော့တောင်းအုံးမှ ဟီးဟီးး*
ထို့နောက်စားနေရာမှ ရပ်ကာရေသောက်၍ ထ,သွားကာမျက်နှာချိုသွားသွေးတော့သည်။
"လွမ်းနေတာ အဟင့်.."
"ဟားဟားး ဟုတ်လို့လား? အဖေကိုလွမ်းတာလား ငွေကိုလွမ်းတာလား?"
"ဟာ အဖေကလည်း‌ဗျာ..အမေ့ကြည့်အုံး"
ထူးသက်တစ်ယောက်အဖေနှင့်အမေကိုသွားချွဲတော့အဖေဖြစ်သူမှ ရယ်ကာစလေသည်။ ထူးသက်အမေကတော့ ခေါင်းသာယမ်းနေလေသည်။ သူငယ်ချင်းများအပါအဝင် ခွန်းနှောင်ကြိုးနှင့်သန့်ဇေမှာကြောင်အ,သွားလေသည်။ သူတို့တင်မက သူငယ်ချင်းများ၏မိဘများကောပင်။
ထို့နောက် ဦးလှထူးနှင့်ဒေါ်သက်မာတို့ကိုဈာန်မင်းတခေတ်တို့၏မိဘများဝိုင်းတွင်နေရာချပေးလိုက်ကြသည်။ ထူးသက်ကလည်း သူ့နေရာသူပြန်ထိုင်ကာမုန့်ပြန်စားတော့သည်။
"ထူးသက် အဲ့တာက....?"
ကျော်ဇင်တစ်ယောက်သိချင်သဖြင့်မေးလိုက်သည်။ ငွေစင်ကလည်းသူမေးမည်အလုပ်ကျော်ဇင်ဖြတ်မေးသွားသဖြင့်မမေးတော့ဘဲ ငြိမ်ကာနားထောင်နေလိုက်သည်။ အားလုံးကောပေါ့။ အထူးသဖြင့်ဇေယံပင်။
"ဪ..အဲ့တာငါ့အဖေနဲ့အမေလေ.."
"ဘယ်လို..သူတို့နှစ်ယောက်ကလေ.."
"ဟုတ်တယ်လေ..ဘာလို့လဲ? မယုံကြတာလား? DNAစစ်ပြရအုံးမှာလား?"
မယုံနိုင်စွာသူငယ်ချင်းများကမေးမိတော့ ထူးသက်တစ်ယောက်ဘုကလန့်ပြန်ပြောလာလေသည်။
"ငနာကောင်ကလည်း အကောင်းမေးနေတာကို.."
ငွေစင်တစ်ယောက်စိတ်မရှည်တော့သဖြင့်မျက်စောင်းလေးထိုးကာပြောလိုက်သည်။
"ဟုတ်ပါတယ်ဆို...စားစရာရှိတာစားကြစမ်းပါ။ပြီးရင်မိတ်ဆက်ပေးမယ်"
ထိုအခါမှ အားလုံးကခေါင်းညိတ်ကာမုန့်ပြန်စားကြလေသည်။
ဦးလှထူးတို့နှင့်မိုးမြင့်ခေါင်တို့မှာစီးပွာဖက်များဖြစ်ကြသည်။ ဦးလှထူး၏ဆန်စက်မှဆန်များကို မိုးမြင့်ခေါင်တို့ကပြန်လည်ဝယ်ယူကာ မြို့တွင်ရောင်းချတာပင်။ တစ်ခြားကုန်များကိုလည်းထိုသို့ပင်။ နှမ်း၊နေကြာ၊ပဲအမျိုးမျိုးတို့ကို ဦးလှထူးဆီမှပြန်လည်ဝယ်ယူ၍ မြို့တွင်ပြန်လည်ရောင်းချတာပင်။ ထို့ကြောင့်ဦးလှထူးမှာ အရေးကြီးဧည့်သည်ဆိုလည်းမမှားပေ။
ပွဲပြီးသောအခါ ရင်းနှီးသောမိတ်ဆွေများနှင့်အတူ မင်္ဂလာမောင်နှံတို့နှစ်ယောက်က စားသောက်ဆိုင်တစ်ခုကိုသွားကာ စကားစမြည်ပြောကြလေသည်။
"ဪ...ဒါဆို ကိုလှထူးနဲ့မသက်မာရဲ့သားက ထူးသက်ပေါ့.."
"ဟုတ်သပဗျာ..၊ ဒီငမွှေထိုးလေးရဲ့အဖေကကျုပ်ပါဗျာ"
ဦးစိုင်းသစ်တခေတ်ပြောသောအခါဦးလှထူးကပြန်ဖြေသည်။ ဦးလှထူးထိုသို့ပြောသောအခါထူးသက်က "အဖေကလည်း..." ဟုပြောလာသည်။
"ဒီနှစ်အတွင်းသားလေးကိုစောင့်ရှောက်ပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်"
ဒေါ်သက်မာတစ်ယောက်အားလုံးကိုကြည့်ကာပြောလိုက်သည်။ ထိုအခါအားလုံးကလက်ကာ,ကာ ပြန်ပြောကြလေသည်။
"မဟုတ်တာရှင် သားငယ်ရဲ့သူငယ်ချင်းတွေကလည်း ကျွန်မရဲ့သားတွေပါပဲ.."
ဒေါ်မြတ်သီရိနွယ်ပြုံးကာ ဒေါ်သက်မာအားပြောလိုက်သည်။
"ထူးသက်လေးကလိမ္မာပါတယ်။ အမြဲပြုံးပျော်နေတာပဲ အိမ်ကသားနဲ့တော့တစ်ခြားစီ ကြည့်ပါလား လူကြီးတွေရှိနေတာတောင် ပြုံးဖော်မရဘူး။ ဖြစ်နိုင်ရင်သားချင်းသာလဲလိုက်ချင်တယ်"
ဒေါ်မာလာစိန်တစ်ယောက် သားဖြစ်သူအားမျက်စောင်းလေးထိုးကာ ပြောလိုက်လေသည်။ ဇေယံကတော့ဘာမှပြန်မပြောပေ။ ထူးသက်ကတော့သူ့ပုံစံအတိုင်း အမြဲပြုံး၍သာနေသည်။
"မမူယာတို့ ဘယ်နေ့ပြန်ကြမှာလဲ?"
ဒေါ်မြတ်သီရိနွယ် မုန့်တစ်ခုကိုစားကာ ကျော်ဇင့်၏မိခင်ဖြစ်သူ ဒေါ်မူယာသွယ်အားလှမ်းပြောလိုက်သည်။
"မမြတ်တို့ကော ဘယ်နေ့ပြန်ကြမှာလဲ? တစ်ခါတည်းအတူပြန်ကြတာပေါ့..မဟုတ်ဘူးလား မမို"
ဒေါ်မူယာသွယ်တစ်ယောက် ဒေါ်မြတ်သီရိနွယ်၏စကားကိုပြန်ဖြေကာ မြတ်အောင်၏အမေဖြစ်သူ ဒေါ်မြသက်မိုအားလှမ်းပြောလိုက်သည်။
"ဟုတ်သားပဲ တူတူပြန်ကြတာပေါ့..၊ လုပ်စရာတွေကိုလဲ စိတ်ချရတဲ့လူတွေနဲ့လွှဲထားခဲ့တာပဲမလား?"
"အွန်း ဒါဆိုလဲကျွန်မတို့တတွေ ရောက်တုန်းရောက်ခိုက် လည်ကြတာပေါ့ မဟုတ်ဘူးရှင် အဟင်းဟင်းးး"
ဒေါ်မြတ်သီရိနွယ်ရယ်ကာအားလုံးကိုကြည့်၍ပြောလိုက်လေသည်။ ထိုအခါအားလုံးကလည်းခေါင်းညိတ်ကြလေသည်။
ထို့နောက်အစားအသောက်ကိုသာဆက်စားကြလေသည်။ နာရီဝက်လောက်အကြာတွင် သူတို့အားလုံးဟိုတယ်သို့ပြန်ကြလေသည်။
"ညနေကျ ပါတီရှိသေးတယ်နော်.."
"အင်းပါ.."
"အဲ့တာဆို ခွန်းနားတော့လေ...ကလေးလေးရေ...အမြန်ဆုံးထွက်လာပါတော့.. ကလေးလေးကိုဦးဦးကမြင်ချင်လှပြီ"
ခါးကိုင်းကာခွန်းနှောင်ကြိုး၏ဗိုက်လေးအားကိုင်၍ အခန်းဝတွင်ပြောနေသော ထွန်းတောက်ပိုင်ပါလေ။
"ပိုင် ငါမပြောပြခဲ့လို့စိတ်မဆိုးဘူးမလားဟင်..."
ခွန်းနှောင်ကြိုး ထွန်းတောက်အားကြည့်ကာပြောလိုက်တော့ ထွန်းတောက်ပိုင်ကခေါင်းအသာယမ်းလေသည်။
"ဟင့်အင်း တအားကြီးတော့စိတ်မဆိုးပါဘူး။ ဒါမဲ့နည်းနည်းတော့ဆိုးတယ်။ ငါတို့အမြဲဖုန်းပြောတာကို ကိုယ်ဝန်ရှိနေသေးမှန်းငါ့ကိုမပြောပြဘူး။ တကယ့်ကိုစပရိုက်ပဲ..မဟုတ် မင်္ဂလာလက်ဖွဲ့ ဟုတ်တယ်မလား..?"
"ဟုတ်တာပေါ့..အခုဆိုရင် ငါ့မှာကိုယ်ဝန်ရှိနေကြောင်း တစ်လောကလုံးသိသွားကြပြီ။ အင်းကံကောင်းတယ်ပဲဆိုရမလား? ငါတို့မြန်မာမှာမရှိနေတာလေ..ဟဟ အခုချိန်လောက်ဆို အဲ့ကလူတွေဒီ အကြောင်းပဲအမြဲပြောနေကြမှာသေချာတယ်"
ဈာန်မင်းတခေတ်တို့သည် မနေ့ကညတည်းကပင်သူတို့တွင်ရင်သွေးလေးရှိနေပြီဖြစ်ကြောင်းကို social media ပေါ်တွင်တင်ခဲ့လေသည်။ 'New World'၏ ဥက္ကဌဖြစ်သော ဦးစိုင်းသစ်တခေတ်တို့မှလည်း သူတို့သားတွင်မျိုးဆက်သစ်လေးရှိနေပြီဖြစ်ကြောင်း ထပ်မံတင်ခဲ့လေသည်။ ထိုအကြောင်းသည်ယခုဆိုလျှင် ဟိုးလေးတကျော်ကျော်ဖြစ်နေလေပြီ။ ခွန်းနှောင်ကြိုးမှာ သူတို့အားထိုသူတွေဘာ‌ပြောမလဲဆိုပြီးသိချင်သော်လည်း ဈာန်မင်းတခေတ်ကဖုန်းပေးမကိုင်ပေ။ ထို့ကြောင့်သူ့မှာသတင်းတွေကိုမသိရပေ။
"ကဲ သွားပြီနော် ခွန်း"
"အွန်း"
ခွန်း ပိုင်သွားသည်နှင့်အခန်းတံခါးကိုပိတ်ကာ ကာတင်ပေါ်သို့ဖြည်းဖြည်းချင်းလှဲချလိုက်သည်။
"ပင်ပန်းနေလား ကြိုးငယ်.."
"အွန်း တစ်နေ့လုံးထိုင်နေရတာ ညောင်းနေတာပဲ.."
"တစ်ခုခုစားချင်သောက်ချင်တာများရှိလား?"
"ဟင့်အင်း ဘာမှမစားချင်ပါဘူး။ ခေတ်ကောဟင်.."
ဈာန်မင်းတခေတ်အင်္ကျီလဲပြီး ကုတင်ပေါ်သို့တက်ကာပြုံး၍မေးလိုက်သည်။
"ကိုယ်လဲမစားချင်ဘူး။ ဒါမဲ့အခုတလော နဂါးမောက်သီးစားချင်နေတယ် သိလား"
"ဟင်...အခုကောစားချင်နေလား? စားချင်ရင်.."
"အခုတော့မစားချင်တော့ပါဘူး.."
ဈာန်မင်းတခေတ်က ခွန်းနှောင်ကြိုး၏စကားကိုဖြတ်ကာပြောလိုက်သည်။
"လာ..ညောင်းနေတယ်မလား? ကိုယ်ခါးကိုဖြည်းဖြည်းလေးနှိပ်ပေးမယ်"
"အွန်း"
ထိုသို့ပြောကာ ဖြည်းဖြည်းချင်းထလိုက်လေသည်။ ဈာန်မင်းတခေတ် ခေါင်းအုံးကိုကုတင်ခေါင်းရင်းသို့ထားကာ မှီလို့ရအောင်လုပ်ပေးလေသည်။ ထို့နောက်ခွန်းနှောင်ကြိုးကထိုခေါင်းအုံးလေးကိုမှီကာဘေးတစ်ဖက်သို့စောင်းပေးလေသည်။
ဈာန်မင်းတခေတ် ခွန်းနှောင်ကြိုး၏ခါးလေးအားဖြည်းဖြည်းချင်းစီနှိပ်ပေးလေသည်။
"သက်သာလား ကြိုးငယ်.."
"အွန်း သက်သာလာတယ်.."
ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက်ကြားတွင်ပြန်တိတ်ဆိတ်သွားလေသည်။ ခဏအကြာခွန်းနှောင်ကြိုးကရုတ်တရက်ထပြောလာသည်။
"ခေတ်.."
"ဗျာ"
"ခွန်းလေ အရင်ကဆို ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်မိတယ်။ ပြီးတော့ယောက်ျားလေးတစ်ယောက်ဖြစ်ပြီးသားအိမ်ပါလာတာကြီးကိုလည်းမုန်းမိတယ်။ ခွန်း ခေတ်နဲ့လက်ထပ်ရတုန်းကဆို ပျော်တစ်ဝက် ဝမ်းနည်းတစ်ဝက်ပဲ သိလား..."
"အင်း ဘာလို့လဲ ပြောပါအုံး"
ဈာန်မင်းတခေတ် ချစ်ရသူ၏စကားများကိုအလေးအနက်ထားကာသေချာနားထောင်ပေးလေသည်။ ထိုနောက်ခွန်းနှောင်ကြိုးကဆက်ပြောသည်။
"ခွန်း ခေတ်နဲ့လက်ထပ်ရလို့အမှန်ပဲပျော်မိတယ်။ ကိုယ်ချစ်ရတဲ့လူကိုပိုင်ဆိုင်ခွင့်ရတာပဲ..ဘယ်သူမဆိုပျော်ရွှင်မှာပဲလေ..ဟုတ်တယ်မလား?"
"ဒါပေါ့ ကြိုးငယ်ရဲ့.."
ခွန်းနှောင်ကြိုး၏ခါးလေးအားနှိပ်ပေးနေရင်းမှ ပျော်ရွှင်စွာဈာန်မင်းတခေတ်ဖြေလိုက်သည်။
"ဒါမဲ့ ကိုယ်မချစ်မနှစ်သက်တဲ့သူနဲ့ ခေတ်ကငယ်ငယ်ရွယ်ရွယ်လေးနဲ့လက်ထပ်လိုက်ရတယ်လေ..အဲ့အတွက်ခွန်းဝမ်းနည်းတယ် ခေတ်ရယ်.."
"ဪ..ကိုယ့်ကြိုးငယ်ရယ်...အရာရာကံစီမံရာပေါ့..ကိုယ်တို့ကဘယ်တတ်နိုင်ခဲ့မှာလဲ? ကြိုးငယ်ဟာကိုယ့်ရဲ့ဖူးစာရှင်မလို့ ကိုယ်တို့ပေါင်းဖက်ရတယ်လို့သာမှတ်ထားလိုက်ပါ ကြိုးငယ်"
ဈာန်မင်းတခေတ်ထိုသို့ပြောကာမှ ခွန်းနှောင်ကြိုးကခေါင်းညိတ်ကာ တစ်ဖက်သို့လှည့်လာလေသည်။
"အရင်ကသိမ်ငယ်ခဲ့တယ်။ ခေတ်က အဆင့်အတန်းမြင့်တဲ့သူ၊ ဂုဏ်ကောငွေကော ရုပ်ရည်ကပါပြောစရာမရှိတဲ့သူတစ်ဦး ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ ပညာအရည်အချင်းကလည်း ခွန်းလိုက်မမီနိုင်ဘူး ဒါကြောင့်အရင်တုန်းကခွန်းသိမ်ငယ်မိတယ်။ ခွန်းဟာ ခေတ်နဲ့မထိုက်တန်သလိုခံစားမိတယ်"
"....."
ဈာန်မင်းတခေတ်ဘာမှမပြော ခွန်းနှောင်ကြိုးကိုသာစိုက်ကြည့်နေသည်။
"အခုတော့ ခွန်းသိမ်ငယ်စိတ်တွေမရှိတော့ဘူး။ ခွန်းနဲ့ခေတ်ကမလိုက်ဖက်ဘူးလို့လဲမထင်‌တော့ဘူး။ ဘာကြောင့်လဲသိလား?"
"ကြိုးငယ်အဖေအကြောင်းသိပြီးလို့လား?"
"အွန်း ဟုတ်တယ်။ ခွန်းကသာမာန်လူမဟုတ်‌ဘူးတဲ့ တော်ဝင်သွေးပါတယ်တဲ့ အဲ့တော့ ခွန်းကခေတ်နဲ့ထိုက်တန်သွားပြီ။ ခွန်းပျော်တယ်သိလား... ဖေဖေနဲ့မေမေကိုလွမ်းမိပေမဲ့ ခွန်းကိုအရမ်းအရမ်းဂရုစိုက်ပြီးအလိုလိုက်တဲ့ ယောက်ျားလည်းရှိသလို အရမ်းကိုချစ်ပေးဂရုစိုက်ပေးတဲ့သူငယ်ချင်းလည်းရှိတယ်။ မိဘအရင်းထက်ပိုတဲ့မေတ္တာတွေပေးတဲ့ဖေဖေနဲ့မေမေလည်းရှိနေသေးတယ်။ ပြီးတော့ ခွန်းရဲ့ဦးလေးနဲ့အဒေါ် ပြီးတော့ညီမလေးငွေစင်.. နောက်ဆုံးကတော့ ခွန်းတို့ရဲ့ကလေးလေးပေါ့..၊ မချမ်းသာရင်နေပါ ခွန်းစိတ်ချမ်းသာရင်ရပြီ၊ အဲ့လို ခွန်းစိတ်ချမ်းသာဖို့ဆိုတာ ခေတ်တို့ရှိမှပြည့်စုံတာပါ..."
"မွ.. ကိုယ်မရှိခဲ့တဲ့နေ့ရက်တွေကအရမ်းခက်ခဲခဲ့မှာပဲ။ ဖြစ်နိုင်ရင်လေ ကိုယ်က ကိုယ့်ကြိုးငယ်ကိုဟိုးငယ်ငယ်လေးကနေ အခုကြီးတဲ့အချိန်ထိအရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ချင်တာ.."
"ဟင်းဟင်းး ခေတ်ကတော့လေ... အဲ့လောက်ကြီးထိဖြစ်နေရင် ဘာလို့ခွန်းရဲ့ဖေဖေလာမလုပ်လဲဟင်..ဟင်းဟင်းးး"
ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ်၏အပြောကိုရယ်ကာပြန်ပြောလိုက်သည်။ ထိုအခါ ဈာန်မင်းတခေတ်က ခွန်းနှောင်ကြိုး၏ပါးကိုရွှတ်ခနဲနမ်းကာပြန်ပြောလေသည်။
"ရွှတ်.. အဖေလုပ်မယ်။ ဒါမဲ့ဟိုလိုအဖေမဟုတ်ဘူး။ ခင်ဗျားကို ရှယ်အမ်းမဲ့ သကြားဖေဖေ"
"....."
ခွန်းနှောင်ကြိုးခမျာ ဈာန်မင်းတခေတ်၏စကားကိုကြားသော် ပြန်လည်ချေပစရာစကားပင်ရှာမတွေ့ခဲ့။ ရှက်ပြုံးလေးပြုံး၍သာ "ခေတ်....!" ဟုသာပြောနေလေသည်။
ထို့နောက်နှစ်ယောက်သား အနမ်းချင်းဖလှယ်ကြလေသည်။ နမ်းရာတွင် တော်တော်များများအချိန်သည် ဈာန်မင်းတခေတ်ဦးဆောင်တာပင်။ ဈာန်မင်းတခေတ်၏ဦးဆောင်မှုအောက်တွင် ခွန်းနှောင်ကြိုးကအလိုက်သင့်သာတုန့်ပြန်ခဲ့လေသည်။ သူစိတ်ပါ‌လျှင်တော့ ဈာန်မင်းတခေတ်အား မတတ်တတ်ဖြင့်ဦးဆောင်လေသည်။
ယခုအချိန်တွင်‌တော့ဈာန်မင်းတခေတ်သာဦးဆောင်ခဲ့သည်။ နှုတ်ခမ်းချင်းထိရုံသာနမ်းနေရင်းမှ ပြင်သစ်အနမ်းများကိုပါ နမ်းလာခဲ့လေသည်။ ထို့ကြောင့်အချိန်ခဏလေးအတွင်း ခွန်းနှောင်ကြိုးအသက်ရှူကြပ်လာခဲ့လေသည်။
"အွင်းးး အွင်းးး"
လက်သီးဆုပ်‌လေးဖြင့် အသာရိုက်တော့ဈာန်မင်းတခေတ်ကနမ်းနေရာမှလွှတ်ပေးလာသည်။ လွှတ်ပေးလာသောအခါ ပါးစပ်တွင်သွားရည်များပေနေလေသည်။
ဈာန်မင်းတခေတ် ခွန်းနှောင်ကြိုး၏နှုတ်ခမ်းတွင်ပေနေသောသွားရည်များကို‌သုတ်ပေးကာပြောလိုက်သည်။
"အဟွန်း ကလေးတောင်ရတော့မယ် အခုထိနမ်းရင်ငါးမိနစ်မပြည့်ဘူးမောပြီးအသက်ရှူကကြပ်နေတုန်း..ဆယ်မိနစ်လောက်တော့လုပ်ပါအုံးဗျ။ နမ်းရတဲ့လူက မဝဘူး"
"ခေတ်က..အရမ်းဆိုးတယ်"
ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ်အားမျက်စောင်းထိုးကာပြောလိုက်သည်။ ခွန်းနှောင်ကြိုး၏စကားကြောင့် ဈာန်မင်းတခေတ်ရယ်သာရယ်နေလိုက်သည်။ ခွန်းနှောင်ကြိုးကတော့အသက်ကိုဝအောင်ရှူကာ မျက်စောင်းလေးတခဲခဲနှင့်...။
🌟🌟🌟
ည7နာရီတွင်ပါတီပွဲစကြသည်။ လူရင်းများနှင့်သာလုပ်သောကြောင့်အပြင်လူများမပါဝင်ပေ။
"ခွေးကောင် ထူးသက်...ငါ့ဆီကယူထားတဲ့ အင်္ကျီ Brandတွေပြန်ပေး..."
ကျော်ဇင်တစ်ယောက် မူးလာသဖြင့် ထူးသက်အားရစ်လေတော့သည်။
"မင်းကွာ...ငါတို့ကတော့ရွာကတက်လာတာဆိုတော့ ဆင်းရဲသားမှတ်နေတာ..ငနာကောင်က ရွာကသူဌေးရဲ့သားတဲ့! မင်းငါ့ဆီက မုန့်တွေကပ်ကပ်စားခဲ့တာတွေပြန်လျော်ပေး"
"ဟေ့ကောင်တွေ...အဲ့တုန်းကမင်းတို့ပဲကျေကျေနပ်နပ်ကြီးကျွေးခဲ့တာလေ..ဘာအခုမှပြန်လာတောင်းနေတာလဲ? မရဘူးနော် မရဘူး လုံးဝပြန်မပေးနိုင်ဘူး"
ယခုအချိန်တွင်တော့ လူငယ်များမှာမူးနေကြလေပြီ။ သို့သော် ဈာန်မင်းတခေတ်၊ခွန်းနှောင်ကြိုးနှင့်ဇေယံတို့မပါပေ။
"ထူးသက်..ငါလေအခုထိကိုမယုံသေးတာသိလား... မင်းတော်တော်အလျှိုကောင်းတယ်။ ဈာန့်‌ထက်တောင်ပိုဆိုးနေတယ်.."
"ဟာ..ကိုသန့်ကလည်း ကျွန်တော်ကလျှိုထားတာမဟုတ်ရပါဘူးဗျ ကိုသန့်တို့ပဲမမေးတာကို..."
စဉ်းစားကြည့်ပြန်တော့လည်းဟုတ်ပါသည်။ သူတို့ကလည်းမမေးဘဲ ကိုယ့်အမြင်နဲ့ကိုယ်သာဆုံးဖြတ်ခဲ့ကြသည်မဟုတ်လား။ ဒီလိုဆိုတော့ထူးသက်အမှားလည်းမဟုတ်ပေ။ သို့သော် ကျော်ဇင်နှင့်မြတ်အောင်တို့မှာ မရပေ။ ပိုမူးလေပိုရစ်လေဖြစ်သည်။
ထိုအမူးသမားနှစ်ယောက်အား ထူးသက်တော်တော်ပင်ဖြေရှင်းလိုက်ရသည်။ သူလည်းမူးနေပေမဲ့ပေါ့...။
ည11နာရီတွင် ပါတီပွဲသိမ်း၍ အားလုံးကိုယ့်အခန်းကိုယ်ပြန်ကြလေသည်။ လူကြီးများကတော့ 9နာရီလောက်ကတည်းကပင်ပြန်သွားကြသည်။ ဈာန်မင်းတခေတ်ကလည်း တစ်ခွက်နှစ်ခွက်လောက်သောက်ပြီး ည10နာရီမထိုးခင်ပြန်သွားလေသည်။ သူ့ယောက်ျားကအချိန်မှန်အိပ်ရမည်ဟုဆိုကာ အကြောင်းပြချက်ပေး၍ ခွန်းနှောင်ကြိုးအားခေါ်ထုတ်သွားကာ ပြန်သွားလေသည်။
.....
အခန်းနံပါတ် 205
"အင်း ရောက်ပြီ...၊ ဒါမဲ့ တံခါးကိုဘိုလိုဖွင့်မလဲ?...သော့..ဘယ်မှာလဲ သော့ရေ..."
ယခုတွင်တော့ အမူးသမားလေးထူးသက်တစ်ယောက် ဟိုတယ်အခန်းရှေ့တွင်ရပ်ကာအခန်းသော့ကိုလိုက်ရှာနေလေသည်။ အားလုံးကတစ်ယောက်တစ်ခန်းဆီနေကြသောကြောင့် ယခုအခါထူးသက်တစ်ယောက်ထဲဖြစ်နေသည်။
-ကျွီ-
"ဟင်..ဟီးဟီးး ဖွင့်သွားပြီ"
ထိုသို့ပြောကာ အထဲသို့ဝင်သွားလေသည်။ ဇေယံတစ်ယောက် မျက်မှောင်ကြုတ်ကာ ထူးသက်ကိုကြည့်၍ အခန်းတံခါးကိုပြန်ပိတ်ကာ ကုတင်ပေါ်တွင်ဝင်အိပ်နေသူအားကြည့်လိုက်သည်။
"ဘယ်လောက်တောင်သောက်မှန်းမသိဘူး။ အခန်းတောင်မှားရတယ်လို့.."
အမှန်တော့ထူးသက်၏အခန်းနံပါတ်မှာ 206ဖြစ်လေသည်။ ဇေယံ့အခန်း၏ဘေးအခန်းဖြစ်သည်။ သူငယ်ချင်းများသည်အခန်းကိုအစဉ်လိုက်ယူထားတာဖြစ်သည်။ ထို့ကြောင့် ထူးသက်တစ်ယောက် 5နှင့်6ကိုမှားကာ ဇေယံ့အခန်းဆီသို့ရောက်သွားတာဖြစ်သည်။
"ထဦး အရက်စော်‌နံနေတာပဲ.. ကိုယ်လက်သန့်လိုက်အုံး"
"ဟင့်အင်း အိပ်ချင်ပြီ။ မကျေနပ်ရင် ကိုကိုကသန့်စင်ပေးလေ.."
"မဆိုးနဲ့! လိမ္မာပါတယ်အချစ်က..ထလိုက်နော်.."
"အွန်း အဲ့တာဆို ထူ"
ဇေယံဘာမှပြန်မပြောတော့ဘဲ အမူးသမားအားထူလိုက်လေသည်။ ထို့နောက် ကိုယ်လက်သန့်စင်ပေးကာ သူ့အင်္ကျီကိုသာဝတ်ပေးထားလိုက်သည်။
"ဇေယံ.."
"အင်း"
"ငါ့ကိုစိတ်ဆိုးနေလား?"
"ဘာကိုလဲ? ဘာကြောင့်စိတ်ဆိုးရမှာလဲ?"
"ငါ့ချစ်သူဖြစ်တဲ့မင်းကိုတောင် ငါ့အကြောင်းဂဃဏနသိအောင်မပြောခဲ့လို့လေ.."
"ဟင့်အင်း မဆိုးပါဘူး။ ဒါမဲ့.."
ဇေယံရပ်ကာ ထူးသက်အားကြည့်လိုက်သည်။
"ဒါမဲ့ ဘာလဲ?"
"ဒါမဲ့စိတ်မကောင်းတော့ဖြစ်တယ်"
ဇေယံပြောသော် ထူးသက်တစ်ယောက် ငိုမဲ့မဲ့ဖြစ်သွားလေသည်။ မူးနေအောင်သောက်ထားသောကြောင့် မျက်လုံးများမှာ ရီဝေစွာဖြစ်နေသည်။
"ငါ..ငါ တောင်း အွတ်..!"
-ဘုန်း ဘုန်း ဘုန်း-
ရုတ်တရက်စကားကိုအစမခံကာ နမ်းလာသောကြောင့်ထူးသက်လန့်သွားကာ တဘုန်းဘုန်းဖြင့်ဇေယံ့ရင်ဘတ်အားထုရိုက်လိုက်သည်။
-ပြွတ်စ်-
"အွင်းးး အွင်းးး လွှတ်! အွတ်...!"
"ဟင်းးး ဟင်းးဟင်းးး"
လွှတ်လို့ပြောသောအခါ တစ်ချက်နမ်း၍လွှတ်ပေးလာလေသည်။ အသက်ရှူမဝဖြစ်အောင်နမ်းနေသော ကောင်စုတ်အားထူးသက်မျက်စောင်းထိုးလိုက်သည်။
"ခွေးကောင် သူမမောတိုင်း လူကိုအနိုင်ကျင့်တယ်"
"အင်း ဒါကအစပဲရှိသေးတယ်။ ကိုယ်တို့အဆုံးထိသွားရအောင်.."
"ဟင့်.....အွန်းးးး အင်း"
'ဟင့်အင်း' ဆိုသည့်အငြင်းစကားကိုတောင်ပီသအောင်မပြောနိုင်တော့ဘဲ ထူးသက်တစ်ယောက် ဇေယံ၏စားသုံးခြင်းကိုခံလိုက်ရလေသည်။
မနက်ရောက်လျှင်တော့ သေချာပါသည်။ ထူးသက်၏ဆူဆဲခြင်းကို ဇေယံတစ်ယောက်ခံရတော့မှာပင်။
ယခုတွင်တော့ သူလက်ဦးမှုရနေသောကြောင့် ထူးသက်ကိုမထနိုင်အောင်ပင် စာသုံးနေတော့သည်။ မသိလျှင် သူတို့နှစ်ယောက်ထဲလာပြီး ဟန်းနီးမွန်းထွက်နေသလိုပင်။
🌟🌟🌟
လိုအပ်ချက်များစွာဖြင့်...
ကျူးလစ်ဖြူ🌷
5.10.2023(Thursday)
(Happy Birthday ရှောင်းလူကြီး🎂🐰❤️)
🌷🌷🌷🌷🌷🌷🌷🌷🌷🌷
(Zawgyi)
"လွမ်းနေတာ အဟင့်.."
"ထူးသက် အဲ့တာက....?"
"အင်းပါ.."
"ကဲ သွားပြီနော် ခွန်း"
"အွန်း"
"အွန်း"
"သက်သာလား ကြိုးငယ်.."
"အွန်း သက်သာလာတယ်.."
"ခေတ်.."
"ဗျာ"
"ဒါပေါ့ ကြိုးငယ်ရဲ့.."
"....."
"....."
"အွင်းးး အွင်းးး"
"ခေတ်က..အရမ်းဆိုးတယ်"
🌟🌟🌟
"ခွေးကောင် ထူးသက်...ငါ့ဆီကယူထားတဲ့ အင်္ကျီ Brandတြွေပန်ပေး..."
"မင်းကွာ...ငါတို့ကတော့ရွာကတက်လာတာဆိုတော့ ဆင်းရဲသားမှတ်နေတာ..ငနာကောင်က ရွာကသူဌေးရဲ့သားတဲ့! မင်းငါ့ဆီက မုန့်တွေကပ်ကပ်စားခဲ့တာတြွေပန်လျော်ပေး"
"ဟေ့ကောင်တွေ...အဲ့တုန်းကမင်းတို့ပဲကျေကျေနပ်နပ်ကြီးကျွေးခဲ့တာလေ..ဘာအခုမြှပန်လာတောင်းနေတာလဲ? မရဘူးနော် မရဘူး လုံးဝပြန်မပေးနိုင်ဘူး"
.....
အခန်းနံပါတ် 205
-ကျွီ-
"အွန်း အဲ့တာဆို ထူ"
"ဇေယံ.."
"အင်း"
"ငါ့ကိုစိတ်ဆိုးနေလား?"
"ဟင့်အင်း မဆိုးပါဘူး။ ဒါမဲ့.."
"ဒါမဲ့ ဘာလဲ?"
"ငါ..ငါ တောင်း အွတ်..!"
-ဘုန်း ဘုန်း ဘုန်း-
-ပြွတ်စ်-
"ဟင်းးး ဟင်းးဟင်းးး"
"ဟင့်.....အွန်းးးး အင်း"
🌟🌟🌟
White Tulip🌷
5.10.2023(Thursday)
🌷🌷🌷🌷🌷🌷🌷🌷🌷🌷
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
12.4K 395 29
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
32.6K 5.2K 53
ဘာသာပြန်သူ - စွဲညို့အသင်း