(ယွဲ့ယွဲ့လေးကိုမှာတဲ့အပိုင်းက chapter 244 ပါ .. မျက်စိလျှမ်းပြီး နံပါတ်မတပ်မိလို့ .. သွေ့ပုချိ )
Chapter 245
" လူသူမဲ့တဲ့ကျွန်းလေးပေါ်မှာ တစ်ပတ်တောင် ! "
" ဝေါင်း ! အသက်ရှင်အောင် အတော်ရုန်းကန်ခဲ့ရမှာပဲ ! "
" မုန်တိုင်း နဲ့ လှိုင်းကြမ်းတွေကြားကနေ အသက်ရှင်လွတ်မြောက်ခဲ့တာတဲ့ .. ကံသီလို့ ! "
" လူသတ်သမားက ရူးနေတာ .. ကြောက်စရာကြီးတဲ့ .. အဲ့အရူးနဲ့ ဖိုက်တင်ယှဉ်ချပြီး ပင်လယ်ထဲကျသွားတာတဲ့ .. ငါတို့ သတင်းထောက်ပြောပြတာ .. အဲဒီလိုအခြေအနေမှာတောင် အသက်ရှင်နေတယ် .. ကံတရားများ ဆန်းကြယ်ချက် !"
တိတ်ဆိတ်တဲ့ ဆေးရုံစင်္ကြန်တလျောက်မှာ ချက်ချင်းဆိုသလို လူတွေစုလာပြီး အသံတွေလည်း ကျွက်ကျွက်ညံလို့ ။
သတင်းထောက်တွေက သတင်းကြားတာနဲ့ ရဟတ်ယာဉ်ရပ်နားကွင်းကိုရောက်လာပြီး သူတို့နောက် တကောက်ကောက်လိုက်ကာ ဓာတ်ပုံတဖြတ်ဖြတ်ရိုက်ယူနေကြတယ် ။
ဆေးရုံဝင်ပေါက်ရောက်တော့ သူတို့အားလုံးရပ်တန့်ပြီး ဆေးရုံဝန်ထမ်းတွေက အရေးပေါ်လှည်းနှစ်ခုကိုတွန်းကာ ခွဲစိတ်ခန်းထဲ အပြေးတပိုင်း ဝင်သွားကြတော့တယ် ။
အဖျားပြန်တက်နေတဲ့ ယုပေါ်ယွင်က ခွဲစိတ်ခန်းထဲအဝင် နောက်ဆုံးအခိုက်အတန့်လေးမှာ အပြင်ကလှမ်းအော်လိုက်တဲ့ ပိုင်ရှီရှန်းအသံကို ကြားလိုက်ရတယ် ။
" မစိုးရိမ်နဲ့တော့ .. မင်းတို့ကို ငါတို့ အိမ်ပြန်ခေါ်သွား ..........."
ထို့နောက် ခွဲစိတ်ခန်းတံခါးက ဂျိမ်းခနဲ ပိတ်သွားလေတယ် ။
နေရာမှာရပ်ကျန်ရစ်တဲ့ ပိုင်ရှီရှန်းက ကုဖုန်းနဲ့ ယုပေါ်ယွင်ကို အသက်ရှင်လျက် ပြန်တွေ့ရတာကြောင့် စိတ်တွေလှုပ်ရှားနေတယ် ။ ရင်ထဲမှာလည်း အပျော်တွေစုပြီး တလှိုက်လှိုက်နဲ့ ။ ငိုချင်သလို ရယ်ချင်သလိုဖြစ်နေတယ် ။
ပိုင်ရှီရှန်းဟာ နောက်လှည့်ပြီး သူ့နောက်က မန့်လုံရင်ခွင်ထဲ ပစ်ဝင်လိုက်တယ်။
" သူတို့ အသက်ရှင်နေသေးတယ် .. တကယ်ရှင်နေသေးတယ် .. အိပ်မက်မဟုတ်ဘူး .. ကျွန်တော် အိပ်မက်မက်နေတာ မဟုတ်......"
" ဟုတ်တယ် .. သူတို့ အသက်ရှင်နေသေးတယ် "
မန့်လုံလို လူကြမ်းကြီးတောင် မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ။ သူက သူ့ဘေဘီလေးကို ခပ်တင်းတင်းပွေ့ဖက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချတယ် ။
" ကိုယ်တို့တွေ သူတို့ကို ရှာတွေ့ခဲ့ပြီ .. ပြီးရင် အိမ်ပြန်ခေါ်သွားပေးရမယ် "
အလောတကြီးပြေးလာတဲ့ ခြေသံတွေနဲ့အတူ လုရန်း , လုရန်နဲ့ တခြားလူတွေ သူတို့မြင်ကွင်းရှေ့ ရောက်လာတယ် ။ သူတို့ဟာ အသက်မရှူအားဘဲ မန့်လုံနဲ့ပိုင်ရှီရှန်းလက်ကို ဆုပ်ကိုင်ကာ အမောတကော မေးတော့တယ် ။
" ကုဖုန်း နဲ့ ပေါ်ယွင် ... သူ သူတို့ ... တကယ်ပဲ .... သူတို့ ........."
" တကယ်ပါ "
ရှီရှန်း မျက်ရည်ကြားက ရှင်းပြရှာတယ် ။
" ငါတို့ အဲ့ဒီလူသူမဲ့တဲ့ကျွန်းလေးပေါ်မှာ ရှာတွေ့ခဲ့တာ .. ကျွန်းစပ်သောင်ပြင်တလျောက်နဲ့ ကျွန်းအနှံ့လိုက်ရှာရင်း နောက်ဆုံး ဂူလေးတစ်လုံးထဲမှာ သွားတွေ့တယ် .. သူတို့က အသက်ရှင်လျက်ပဲ !!! "
" ဒါဆို သူတို့ ....."
အန်နာ့အသံတွေ တုန်လို့ ။
" ကျွန်းပေါ်ကအခြေအနေက အတော်ကို ဆိုးတယ် .. ကုဖုန်းက ခြေထောက်မှာ ဒဏ်ရာကြီးနဲ့ .. ပေါ်ယွင်က အဖျားကြီးနေတယ် .. ဒါကြောင့် အခု ခွဲစိတ်ခန်းထဲမှာ "
အန်နာ ရင်ဘတ်ဖိကာ သူမကိုယ်တိုင် မသိလိုက်ပါဘဲ တချို့သော ဘုရားတရားသမားများကဲ့သို့ ရေရွတ်လိုက်တယ် ။
" အသက်အန္တရာယ် မထိခိုက်ဘူးပဲ .. ကံသီလို့ ကံသီလို့ "
ခွဲစိတ်ခန်းမီးလေးက လင်းနေဆဲဖြစ်ပြီး အပြင်မှာတော့ ကုဖုန်း နဲ့ ပေါ်ယွင်ရဲ့ ဆွေမျိုးနီးစပ်တွေ ၊ ခင်မင်သူမိတ်ဆွေတွေနဲ့ မိသားစုဝင်တွေ စုံနေကြပြီ ။ အကုန်လုံးက ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားနေကြတယ် ။
ကမ္ဘာကြီးရဲ့ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းက အမြဲလိုလို ပြောင်းလဲသွားတတ်တယ် ။ မမျှော်လင့် မထင်မှတ်ဘဲ ဝမ်းနည်းနေရာက တစ်ခုခုကြောင့် ပျော်ရွှင်ရတာမျိုးပေါ့ ။
ခွဲစိတ်ပြီးကြောင်း အချက်ပေးသံက တကယ်ကို နားဝင်အချိုဆုံးပဲ ။
Drip ပုလင်းထဲက ဆေးစက်ကျသံမှလွဲ၍ ဆေးရုံတစ်ရုံလုံး အပ်ကျသံပင်မကြားရ ။
မူလက မန့်လုံဟာ အထူးကောင်းမွန်တဲ့ တစ်ယောက်ခန်းနှစ်ခန်း စီစဉ်ပေးထားသော်လည်း ကုဖုန်းက သတိရလာတာနဲ့ သူ့အနား ယုပေါ်ယွင်မရှိကြောင်းသိပြီး ချက်ချင်းကို အခန်းတန်းပြောင်းခိုင်းတော့တာပဲ ။
မန့်လုံကလည်း သူ့ဘော်ဒါကြီးရဲ့ဆန္ဒကို တစ်ချက်လေးတောင် မညိုညင်ခဲ့ဘူး ။ ယုပေါ်ယွင်ရဲ့တစ်ယောက်ခန်းထဲ ခုတင်တစ်လုံးထပ်ထည့်ခိုင်းပြီး အမြန်ဆုံးနည်းနဲ့ပန်းကန်လုံးစီးပြီး ရွှေ့ပေးလိုက်ရတယ် ။
ဟုတ်ကဲ့ .. ခုဆို စပါယ်ရှယ်တစ်ယောက်ခန်းလေးက ခုတင်နှစ်လုံးယှဉ်ကာဖြင့် စပါယ်ရှယ်စုံတွဲခန်းလေး ဖြစ်လို့သွားပါပြီ ။
မန့်လုံတစ်ယောက် အခန်းထဲမှ ခုတင်ကပ်လျက်ပေါ် ကိုယ်စီလဲလျောင်းရင်း လက်ချင်းတွဲယှက်ထားတဲ့နှစ်ယောက်ကို စိတ်မချနိုင်စွာ ကြည့်နေခဲ့တယ် ။
ကုဖုန်းက ဆေးရုံခုတင်ရဲ့ အဟကြားလေးကနေ ယုပေါ်ယွင်ကိုကြည့်ကာ ဆိုတယ် ။
" ကိုယ်တို့ မသေဘူး .. အမှန်တကယ်ပဲ အိမ်ပြန်ရောက်လာခဲ့ပြီ ဘေဘီ "
" ကျွန်ဝောာ်တို့ ကံကောင်းတာ .. ပြန်အသက်ရှင်နိုင်ခဲ့ပြီ "
ယုပေါ်ယွင် ဖြေးညှင်းစွာပြောတယ် ။ ကြည်ကြည်စင်စင် ပြုံးလိုက်တာကြောင့် သွားစွယ်လေးတွေပါ ပေါ်လာတယ် ။
" ကျွန်တော် နေပြန်ကောင်းရင် ထီထိုးရမယ် "
" ကိုယ်တို့ အသက်ရှင်နေသေးတယ် .. တကယ်ပဲ ရှင်......"
ကုဖုန်းက ငွေ့ရည်ဖွဲ့ကာ စိုစွတ်နေတဲ့ယုပေါ်ယွင်မျက်ဝန်းတွေကိုကြည့်ကာ ပြောတယ် ။ သူ့အသံက ဘာနဲ့မှယှဉ်မရအောင် နူးညံ့လို့ ။
ယုပေါ်ယွင် ပေါ့ပေါ့ပါးပါးပြုံးပြလာတယ် ။ ကြုံခဲ့ရတာတွေကို ဘယ်တော့မှ ပြန်မပြောချင်တော့ဘဲ မေ့ထားလိုက်ချင်တယ် ။
ကုဖုန်း သူ့ရှေ့က လူသားလေးကို အချစ်တွေအပြည့်နဲ့ကြည့်တယ် ။ သူ့မျက်လုံးအစုံက နွေးထွေးလှစွာ ။
ဆုံးရှုံးခါနီးထိဖြစ်ခဲ့ပြီးမှ ဒီလူသားလေးက သူ့အတွက် ဘယ်လောက်ထိ အဖိုးတန်တယ်ဆိုတာ သိလာရတယ် ။ ဒီလူသားနဲ့အတူတူ အေးချမ်းစွာ ယှဉ်တွဲလဲလျောင်းခွင့်လေးရနေတာက ဘယ်လောက်တောင် ရှားပါးလှတဲ့ ကံကောင်းမှုလဲ ။
ဆရာဝန်တွေရော သူနာပြုတွေရော သူတို့ဆီ အပြေးရောက်လာပြီး အမျိုးမျိုးသော ဆေးစစ်မှုတွေ လုပ်ကြတော့တယ် ။
ယုပေါ်ယွင် လည်စေ့လေးလှုပ်သွားပြီး ရုတ်တရက် ထမေးတယ် ။
" ယွဲ့ယွဲ့ ..ယွဲ့ယွဲ့ .. သားလေးရော "
မန့်လုံနံဘေးရပ်နေတဲ့ ရှီရှန်း ပြုံးကာဆိုတယ် ။
" စိတ်မပူပါနဲ့ .. ယွဲ့ယွဲ့လေး အဆင်ပြေတယ် .. အားလုံးအဆင်ပြေတယ် "
ထို့နောက် ပိုင်ရှီရှန်း ဖုန်းခေါ်ကာ အနည်းငယ်မေးမြန်းပြီးနောက် ဖုန်းချလိုက်တယ်။
" မစိုးရိမ်နဲ့ .. နာနီက ယွဲ့ယွဲ့လေးကိုခေါ်ပြီး လာနေပြီတဲ့ .. မင်း သားလေးကို မကြာခင် တွေ့ရတော့မှာပါ "
🛌🛌🛌🛌🛌🛌🛌🛌🛌🛌🛌🛌🛌🛌🛌🛌🛌🛌
(ယြဲ႕ယြဲ႕ေလးကိုမွာတဲ့အပိုင္းက chapter 244 ပါ .. မ်က္စိလွ်မ္းၿပီး နံပါတ္မတပ္မိလို႔ .. ေသြ႕ပုခ်ိ )
Chapter 245
" လူသူမဲ့တဲ့ကြၽန္းေလးေပၚမွာ တစ္ပတ္ေတာင္ ! "
" ေဝါင္း ! အသက္ရွင္ေအာင္ အေတာ္႐ုန္းကန္ခဲ့ရမွာပဲ ! "
" မုန္တိုင္း နဲ႕ လွိုင္းၾကမ္းေတြၾကားကေန အသက္ရွင္လြတ္ေျမာက္ခဲ့တာတဲ့ .. ကံသီလို႔ ! "
" လူသတ္သမားက ႐ူးေနတာ .. ေၾကာက္စရာႀကီးတဲ့ .. အဲ့အ႐ူးနဲ႕ ဖိုက္တင္ယွဥ္ခ်ၿပီး ပင္လယ္ထဲက်သြားတာတဲ့ .. ငါတို႔ သတင္းေထာက္ေျပာျပတာ .. အဲဒီလိုအေျခအေနမွာေတာင္ အသက္ရွင္ေနတယ္ .. ကံတရားမ်ား ဆန္းၾကယ္ခ်က္ !"
တိတ္ဆိတ္တဲ့ ေဆး႐ုံစၾကၤန္တေလ်ာက္မွာ ခ်က္ခ်င္းဆိုသလို လူေတြစုလာၿပီး အသံေတြလည္း ကြၽက္ကြၽက္ညံလို႔ ။
သတင္းေထာက္ေတြက သတင္းၾကားတာနဲ႕ ရဟတ္ယာဥ္ရပ္နားကြင္းကိုေရာက္လာၿပီး သူတို႔ေနာက္ တေကာက္ေကာက္လိုက္ကာ ဓာတ္ပုံတျဖတ္ျဖတ္ရိုက္ယူေနၾကတယ္ ။
ေဆး႐ုံဝင္ေပါက္ေရာက္ေတာ့ သူတို႔အားလုံးရပ္တန႔္ၿပီး ေဆး႐ုံဝန္ထမ္းေတြက အေရးေပၚလွည္းႏွစ္ခုကိုတြန္းကာ ခြဲစိတ္ခန္းထဲ အေျပးတပိုင္း ဝင္သြားၾကေတာ့တယ္ ။
အဖ်ားျပန္တက္ေနတဲ့ ယုေပၚယြင္က ခြဲစိတ္ခန္းထဲအဝင္ ေနာက္ဆုံးအခိုက္အတန႔္ေလးမွာ အျပင္ကလွမ္းေအာ္လိုက္တဲ့ ပိုင္ရွီရွန္းအသံကို ၾကားလိုက္ရတယ္ ။
" မစိုးရိမ္နဲ႕ေတာ့ .. မင္းတို႔ကို ငါတို႔ အိမ္ျပန္ေခၚသြား ..........."
ထို႔ေနာက္ ခြဲစိတ္ခန္းတံခါးက ဂ်ိမ္းခနဲ ပိတ္သြားေလတယ္ ။
ေနရာမွာရပ္က်န္ရစ္တဲ့ ပိုင္ရွီရွန္းက ကုဖုန္းနဲ႕ ယုေပၚယြင္ကို အသက္ရွင္လ်က္ ျပန္ေတြ႕ရတာေၾကာင့္ စိတ္ေတြလႈပ္ရွားေနတယ္ ။ ရင္ထဲမွာလည္း အေပ်ာ္ေတြစုၿပီး တလွိုက္လွိုက္နဲ႕ ။ ငိုခ်င္သလို ရယ္ခ်င္သလိုျဖစ္ေနတယ္ ။
ပိုင္ရွီရွန္းဟာ ေနာက္လွည့္ၿပီး သူ႕ေနာက္က မန႔္လုံရင္ခြင္ထဲ ပစ္ဝင္လိုက္တယ္။
" သူတို႔ အသက္ရွင္ေနေသးတယ္ .. တကယ္ရွင္ေနေသးတယ္ .. အိပ္မက္မဟုတ္ဘူး .. ကြၽန္ေတာ္ အိပ္မက္မက္ေနတာ မဟုတ္......"
" ဟုတ္တယ္ .. သူတို႔ အသက္ရွင္ေနေသးတယ္ "
မန႔္လုံလို လူၾကမ္းႀကီးေတာင္ မ်က္ဝန္းမွာ မ်က္ရည္စေတြနဲ႕ ။ သူက သူ႕ေဘဘီေလးကို ခပ္တင္းတင္းေပြ႕ဖက္ၿပီး စိတ္သက္သာရာရစြာ သက္ျပင္းခ်တယ္ ။
" ကိုယ္တို႔ေတြ သူတို႔ကို ရွာေတြ႕ခဲ့ၿပီ .. ၿပီးရင္ အိမ္ျပန္ေခၚသြားေပးရမယ္ "
အေလာတႀကီးေျပးလာတဲ့ ေျခသံေတြနဲ႕အတူ လုရန္း , လုရန္နဲ႕ တျခားလူေတြ သူတို႔ျမင္ကြင္းေရွ႕ ေရာက္လာတယ္ ။ သူတို႔ဟာ အသက္မရႉအားဘဲ မန႔္လုံနဲ႕ပိုင္ရွီရွန္းလက္ကို ဆုပ္ကိုင္ကာ အေမာတေကာ ေမးေတာ့တယ္ ။
" ကုဖုန္း နဲ႕ ေပၚယြင္ ... သူ သူတို႔ ... တကယ္ပဲ .... သူတို႔ ........."
" တကယ္ပါ "
ရွီရွန္း မ်က္ရည္ၾကားက ရွင္းျပရွာတယ္ ။
" ငါတို႔ အဲ့ဒီလူသူမဲ့တဲ့ကြၽန္းေလးေပၚမွာ ရွာေတြ႕ခဲ့တာ .. ကြၽန္းစပ္ေသာင္ျပင္တေလ်ာက္နဲ႕ ကြၽန္းအႏွံ႕လိုက္ရွာရင္း ေနာက္ဆုံး ဂူေလးတစ္လုံးထဲမွာ သြားေတြ႕တယ္ .. သူတို႔က အသက္ရွင္လ်က္ပဲ !!! "
" ဒါဆို သူတို႔ ....."
အန္နာ့အသံေတြ တုန္လို႔ ။
" ကြၽန္းေပၚကအေျခအေနက အေတာ္ကို ဆိုးတယ္ .. ကုဖုန္းက ေျခေထာက္မွာ ဒဏ္ရာႀကီးနဲ႕ .. ေပၚယြင္က အဖ်ားႀကီးေနတယ္ .. ဒါေၾကာင့္ အခု ခြဲစိတ္ခန္းထဲမွာ "
အန္နာ ရင္ဘတ္ဖိကာ သူမကိုယ္တိုင္ မသိလိုက္ပါဘဲ တခ်ိဳ႕ေသာ ဘုရားတရားသမားမ်ားကဲ့သို႔ ေရ႐ြတ္လိုက္တယ္ ။
" အသက္အႏၱရာယ္ မထိခိုက္ဘူးပဲ .. ကံသီလို႔ ကံသီလို႔ "
ခြဲစိတ္ခန္းမီးေလးက လင္းေနဆဲျဖစ္ၿပီး အျပင္မွာေတာ့ ကုဖုန္း နဲ႕ ေပၚယြင္ရဲ႕ ေဆြမ်ိဳးနီးစပ္ေတြ ၊ ခင္မင္သူမိတ္ေဆြေတြနဲ႕ မိသားစုဝင္ေတြ စုံေနၾကၿပီ ။ အကုန္လုံးက ေပ်ာ္႐ႊင္မႈနဲ႕ စိတ္လႈပ္ရွားေနၾကတယ္ ။
ကမၻာႀကီးရဲ႕ ေပ်ာ္႐ႊင္ျခင္းနဲ႕ ဝမ္းနည္းျခင္းက အၿမဲလိုလို ေျပာင္းလဲသြားတတ္တယ္ ။ မေမွ်ာ္လင့္ မထင္မွတ္ဘဲ ဝမ္းနည္းေနရာက တစ္ခုခုေၾကာင့္ ေပ်ာ္႐ႊင္ရတာမ်ိဳးေပါ့ ။
ခြဲစိတ္ၿပီးေၾကာင္း အခ်က္ေပးသံက တကယ္ကို နားဝင္အခ်ိဳဆုံးပဲ ။
Drip ပုလင္းထဲက ေဆးစက္က်သံမွလြဲ၍ ေဆး႐ုံတစ္႐ုံလုံး အပ္က်သံပင္မၾကားရ ။
မူလက မန႔္လုံဟာ အထူးေကာင္းမြန္တဲ့ တစ္ေယာက္ခန္းႏွစ္ခန္း စီစဥ္ေပးထားေသာ္လည္း ကုဖုန္းက သတိရလာတာနဲ႕ သူ႕အနား ယုေပၚယြင္မရွိေၾကာင္းသိၿပီး ခ်က္ခ်င္းကို အခန္းတန္းေျပာင္းခိုင္းေတာ့တာပဲ ။
မန႔္လုံကလည္း သူ႕ေဘာ္ဒါႀကီးရဲ႕ဆႏၵကို တစ္ခ်က္ေလးေတာင္ မညိုညင္ခဲ့ဘူး ။ ယုေပၚယြင္ရဲ႕တစ္ေယာက္ခန္းထဲ ခုတင္တစ္လုံးထပ္ထည့္ခိုင္းၿပီး အျမန္ဆုံးနည္းနဲ႕ပန္းကန္လုံးစီးၿပီး ေ႐ႊ႕ေပးလိုက္ရတယ္ ။
ဟုတ္ကဲ့ .. ခုဆို စပါယ္ရွယ္တစ္ေယာက္ခန္းေလးက ခုတင္ႏွစ္လုံးယွဥ္ကာျဖင့္ စပါယ္ရွယ္စုံတြဲခန္းေလး ျဖစ္လို႔သြားပါၿပီ ။
မန႔္လုံတစ္ေယာက္ အခန္းထဲမွ ခုတင္ကပ္လ်က္ေပၚ ကိုယ္စီလဲေလ်ာင္းရင္း လက္ခ်င္းတြဲယွက္ထားတဲ့ႏွစ္ေယာက္ကို စိတ္မခ်နိဳင္စြာ ၾကည့္ေနခဲ့တယ္ ။
ကုဖုန္းက ေဆး႐ုံခုတင္ရဲ႕ အဟၾကားေလးကေန ယုေပၚယြင္ကိုၾကည့္ကာ ဆိုတယ္ ။
" ကိုယ္တို႔ မေသဘူး .. အမွန္တကယ္ပဲ အိမ္ျပန္ေရာက္လာခဲ့ၿပီ ေဘဘီ "
" ကျွန်ဝောာ်တို့ ကံေကာင္းတာ .. ျပန္အသက္ရွင္နိုင္ခဲ့ၿပီ "
ယုေပၚယြင္ ေျဖးညွင္းစြာေျပာတယ္ ။ ၾကည္ၾကည္စင္စင္ ၿပဳံးလိုက္တာေၾကာင့္ သြားစြယ္ေလးေတြပါ ေပၚလာတယ္ ။
" ကြၽန္ေတာ္ ေနျပန္ေကာင္းရင္ ထီထိုးရမယ္ "
" ကိုယ္တို႔ အသက္ရွင္ေနေသးတယ္ .. တကယ္ပဲ ရွင္......"
ကုဖုန္းက ေငြ႕ရည္ဖြဲ႕ကာ စိုစြတ္ေနတဲ့ယုေပၚယြင္မ်က္ဝန္းေတြကိုၾကည့္ကာ ေျပာတယ္ ။ သူ႕အသံက ဘာနဲ႕မွယွဥ္မရေအာင္ ႏူးညံ့လို႔ ။
ယုေပၚယြင္ ေပါ့ေပါ့ပါးပါးၿပဳံးျပလာတယ္ ။ ႀကဳံခဲ့ရတာေတြကို ဘယ္ေတာ့မွ ျပန္မေျပာခ်င္ေတာ့ဘဲ ေမ့ထားလိုက္ခ်င္တယ္ ။
ကုဖုန္း သူ႕ေရွ႕က လူသားေလးကို အခ်စ္ေတြအျပည့္နဲ႕ၾကည့္တယ္ ။ သူ႕မ်က္လုံးအစုံက ႏြေးေထြးလွစြာ ။
ဆုံးရႈံးခါနီးထိျဖစ္ခဲ့ၿပီးမွ ဒီလူသားေလးက သူ႕အတြက္ ဘယ္ေလာက္ထိ အဖိုးတန္တယ္ဆိုတာ သိလာရတယ္ ။ ဒီလူသားနဲ႕အတူတူ ေအးခ်မ္းစြာ ယွဥ္တြဲလဲေလ်ာင္းခြင့္ေလးရေနတာက ဘယ္ေလာက္ေတာင္ ရွားပါးလွတဲ့ ကံေကာင္းမႈလဲ ။
ဆရာဝန္ေတြေရာ သူနာျပဳေတြေရာ သူတို႔ဆီ အေျပးေရာက္လာၿပီး အမ်ိဳးမ်ိဳးေသာ ေဆးစစ္မႈေတြ လုပ္ၾကေတာ့တယ္ ။
ယုေပၚယြင္ လည္ေစ့ေလးလႈပ္သြားၿပီး ႐ုတ္တရက္ ထေမးတယ္ ။
" ယြဲ႕ယြဲ႕ ..ယြဲ႕ယြဲ႕ .. သားေလးေရာ "
မန႔္လုံနံေဘးရပ္ေနတဲ့ ရွီရွန္း ၿပဳံးကာဆိုတယ္ ။
" စိတ္မပူပါနဲ႕ .. ယြဲ႕ယြဲ႕ေလး အဆင္ေျပတယ္ .. အားလုံးအဆင္ေျပတယ္ "
ထို႔ေနာက္ ပိုင္ရွီရွန္း ဖုန္းေခၚကာ အနည္းငယ္ေမးျမန္းၿပီးေနာက္ ဖုန္းခ်လိဳက္တယ္။
" မစိုးရိမ္နဲ႕ .. နာနီက ယြဲ႕ယြဲ႕ေလးကိုေခၚၿပီး လာေနၿပီတဲ့ .. မင္း သားေလးကို မၾကာခင္ ေတြ႕ရေတာ့မွာပါ "