Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပ...

By PhyoMonMonOo

900K 134K 7K

Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက... More

Prologue
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134 + 135
Chapter 136
Chapter 137+138
Chapter 139
Chapter 140
Chapter 141+142
Chapter 143 + 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149 + 150
Chapter 151
Chapter 152
Chapter 153
Chapter 154 + 155
Chapter 156 + 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165+166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Sorry
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Manhua promotion
ဇာတ်ကောင်မိတ်ဆက်
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191
Chapter 192 + 193
Chapter 194
Chapter 195
Chapter 196
Chapter 197
Chapter 198
thanks
Chapter 199+200
Chapter 201+202
Chapter 203
Chapter 204
Chapter 205+206
Let's click for victory
Please answer me
Chapter 207(Uni)
Chapter 208 (Uni)
Chapter 209(Uni)
Chapter 210(Uni)
Chapter 207+208+209+210(Zawgyi)
Chapter 211
Chapter 212
Chapter 213 + 214 + 215(Uni)
Chapter 213+214+215(Zawgyi)
Chapter 216+217+218(U)
Chapter 216+217+218(Z)
Chapter 219+220(U)
Chapter 219 + 220(Z)
Please Read ❗❗
Chapter 223 to 229 (Z)
Chapter 230 to 234
Chapter 230 to 234 (Z)
Chapter 235 to 240 (Unicode )
Chapter 235 to 240 ( Zawgyi)
Chapter 241 + 242(U)
Chapter 241+242(Z)
Chapter 243 (Z+U)
တောင်းပန်ရဦးမယ် 😅
Chapter 244 +245 (U + Z)
Chapter 246 +247+248 (U)
Chapter 246+247+248(Z)
Chapter 249(Z+U)
Chapter 250 (Z+U)
Chapter 251
Chapter 252
Chapter 253
Chapter 254
Chapter 255
Chapter 256
chapter 257
Chapter 258
Chapter 259
Chapter 260
Chapter 261
Chapter 262+263+264(U)
Chapter 262+263+264(Z)
Chapter 265
Chapter 266
Chapter 267
Chapter 268
Chapter 269
Chapter 270
Chapter 271
attention please!!

Chapter 223 to 229(U)

6.3K 717 77
By PhyoMonMonOo

Chapter 223

ယုပေါ်ယွင် နဲ့ ပိုင်ရှီရှန်း အချင်းချင်း ဖက်လဲတကင်း စကားတွေဆိုနေချိန် မန့်လုံရောက်လာခဲ့တယ် ။ သူ့ရဲ့ ချစ်ဇနီးလေးက တခြားယောက်ျားတစ်ယောက်နဲ့ ရင်ချင်းအပ်နေတာကို သူ ဘယ်လိုမှ သည်းခံပြီး ဆက်ကြည့်မနေနိုင်တော့တဲ့အဆုံး ချောင်းဟန့်သံကာ အသံပေးတယ် ။

ဒါပေမဲ့ အသုံးမဝင်ခဲ့ပါဘူး ။ အဖက်လုပ်မခံရတဲ့အပြင် ပိုင်ရှီရှန်းရဲ့ မျက်စောင်းတစ်ချက်နဲ့ ခပ်ရွဲ့ရွဲ့ စကားတစ်ခွန်းသာ ပြန်ရလိုက်တယ် ။

" စားပွဲခုံဘေးမှာ ချောင်းဆိုးပျောက်ဆေးရှိတယ် .. ကွကို သွားယူသောက်လိုက် သွား "

ထို့နောက် ဟွန့်ခနဲ နှာမှုတ်ကာ ယုပေါ်ယွင်ဘက်ပြန်လှည့်ရင်း ဆိုတယ် ။

" ကျွန်တော့် သူငယ်ချင်းကို နှစ်ခါပဲ ဖက်ရသေးတာလေ .. ခင်‌ဗျားက ဘာလို့ အရမ်းတွေ မနာလိုနေရတာလဲ "

အိမ်သူသက်ထား ဇနီးမယားအလှလေးက အဲ့လို ငြူငြူစူစူတွေလုပ်လေ မန့်လုံရဲ့ ခံစားချက်တွေ နက်ရှိုင်းလာလေပဲ ။

အဲ့ဒီနောက် သူတို့ရဲ့ မင်းသမီးလေး ရန်ရန်ကို နို့ဖျော်တိုက်ချိန်နီးပြီမို့ နှစ်ယောက်သား ပြန်ဖို့ပြင်တယ် ။ မန့်လုံက ပိုင်ရှီရှန်းကို အရင်ပြန်ခိုင်းလိုက်ပြီး ပိုင်ရှီရှန်း မထွက်သွားခင် ယုပေါ်ယွင် ပခုံးနားထိ ငုံ့ကိုင်းပြီး ဆိုတယ် ။

" ဒီည ရှစ်ထပ်‌က အီတာလျံဘားကို လာဖို့ မေ့မနေနဲ့ဦး .. ဒီညက ငါ့ရဲ့ ......... စေ့စပ်ပွဲလေ "

ယုပေါ်ယွင်က ပိုင်ရှီရှန်းကို စေ့စေ့စပ်စပ်ကြည့်တယ် ။ ပြီးတော့ ပါးပြင်လေးတွေရဲပြီး သွားစွယ်လေးနှစ်ဖက်ပေါ်အောင်ပြုံးကာ ဆိုတယ် ။

" ရို့! ဘာလိုလိုနဲ့ ငါတို့ အစ်ကိုပိုင်တောင် မင်္ဂလာဆောင်တော့မယ် "

" သွားစမ်းပါ ! ငါလည်း suit ဝတ်ပြီး နက်ခ်တိုင်စည်းတဲ့ ယောက်ျားတစ်ယောက်ပါပဲ .. ငါတို့လက်ထပ်တာက ပွင့်လင်းမှု နဲ့ တန်းတူညီမျှရှိမှုအတွက် လက်ထပ်တာ .. နားလည်ရဲ့လား "

ဘာပဲပြောပြော ပိုင်ရှီရှန်းအတွက် ယုပေါ်ယွင် အရမ်းပျော်မိတယ် ။ သူက အပြုံးတွေဝေလျက်နဲ့ ပိုင်ရှီရှန်းကို တွန်းကာသွားခိုင်းနေတယ် ။

" ဟုတ်ပါပြီဗျာ .. သွားတော့ သွားတော့ ကလေးနို့ဆာနေမယ် "

သူတို့နှစ်ယောက် တွန်းတွန်းထိုးထိုး ဆွဲလားရမ်းလားလုပ်ပြီးချိန်မှာ ကုဖုန်းက ကုပေါက်လေးကိုချီပြီး မေးတယ် ။

" မင်း ဗိုက်ဆာပြီလား .. မင်းနဲ့ ယွဲ့ယွဲ့လေးအတွက် ကိုယ် တစ်ခုခု သွားပြင်လိုက်မယ် "

ယုပေါ်ယွင် ခေါင်းညိတ်လုဆဲဆဲမှာ မနေ့က ပန်းကန်ပြားထဲက ငါးကြင်းကြီးကို ဖျတ်ခနဲပြန်မြင်ပြီး ဗိုက်ထဲ မအီမသာဖြစ်လာတယ် ။

" စားသောက်ဆိုင်က စားစရာယူလာပေးရင် ရပြီ .. ခင်ဗျားဘာသာ ချက်ဖို့ စဉ်းတောင်မစဉ်းစားနဲ့ "

ကုဖုန်း နည်းနည်းတော့ ရှက်သွားတယ် ။ သူ့စိတ်ထဲမှာ သူ့ရဲ့လက်ရာလေးအတွက် ခုခံပြောဆိုနေပေမဲ့ အပြင်မှာတော့ မပြောရဲစွာနဲ့.....။

" ကိုယ့် , ကိုယ့်လက်ရာက ....ဟို .. အရမ်းဆိုးလို့လား  "

ယုပေါ်ယွင် ပြောသင့် မပြောသင့် ခဏလောက် ချင့်ချိန်တွေးလိုက်တယ် ။

" ကွကို ပြန်မတွေးတတ်ဘူးလား "

" ကိုယ်ထင်တာက အဲ့ဒါ ပုံမှန်ပါပဲ "

ကုဖုန်းက ခေါင်းမာနေဆဲပဲ ။

" ဟိုတလောက ဖုတ်ပေးတဲ့ ပေါင်မုန့်အစာသွပ်ကရော .. အရသာရှိရဲ့လား "

" ကျွန်တော် "
ယုပေါ်ယွင် ချောင်းတဟွတ်ဟွတ်ဆိုးပြီး
" အဲ့ဒါ ရက်လွန်သွားလို့လေ .. ကျွန်တော် လွှင့်ပစ်လိုက်ပြီ "

ကုဖုန်း သက်ပြင်းချပြီး နောက်ဆုံးတော့ အမှန်တရားကို လက်ခံလိုက်တယ် ။

" အင်းပါ .. ကိုယ်ချက်ထားတာတွေ ခွေးပဲကျွေး..... "

" ဟင့်အင်း ! အဲ့ဒါကို ခွေးတောင်မစားဘူး "

ယုပေါ်ယွင်က စကားတစ်ခွန်းတည်းနဲ့ ကုဖုန်းရင်ကို ဓားနဲ့ထိုးလိုက်တယ် ။ 

ကုဖုန်း အားပါပါနဲ့ ဖူးခနဲ လေမှုတ်ထုတ် , မျက်နှာကိုပြင်ပြီး နောက်ဆုံးမှာ သက်ပြင်းချတယ် ။

" ထားလိုက်ပါတော့ .. ပြန်ရောက်မှပဲ စားဖိုမှူးတစ်ယောက်ငှားပြီး လက်တွေ့သင်ကြားလိုက်မယ် "

ထို့နောက် ယွဲ့ယွဲ့လေးကို ယုပေါ်ယွင်လက်ထဲ ထိုးပေးခဲ့ပြီး သူတစ်‌ယောက်တည်း ဓာတ်လှေကားစီးကာ အောက်ထပ်ဆင်းသွားတယ် ။

ယုပေါ်ယွင်ကတော့ ကလေးချီကာရပ်နေရင်း  စိတ်ပျက်လက်ပျက်ထွက်သွားတဲ့ သူ့ယောက်ျား‌ကို နောက်ကျောကကြည့်ပြီး အကူအညီမဲ့စွာ ခေါင်းရမ်းလိုက်တယ် ။

ဟို‌တလောက လုပ်ပေးတဲ့ အစာသွပ်မုန့်ဆိုတာကလည်း အစာသွပ်မုန့်လို့တောင် ပြောမရဘူး ။ အသားတွေလုံးထားတဲ့ အသားလုံးကြီးလို့ ထင်မိတာ ။ အဲ့ဒါကြီးကို မုန့်ဖုတ်စက်ထဲထည့်ပြီး ဖုတ်တယ်တဲ့ ။ သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ ။ ခဏကြာတော့ မုန့်ဖုတ်စက်က တတီတီနဲ့ အချက်ပေးသံတွေ အဆက်မပြတ် ထမြည်ပါလေရော ။ တကယ်ပါ သရဲကားတွေထဲက သည်းထိတ်ရင်ဖိုတီးလုံးအတိုင်းပဲ ။

ချစ်ရသူရဲ့ နှုတ်ခမ်းထက်က ဓားသွားကြောင့် ရင်နာနာနဲ့ထွက်လာတဲ့ ကုဖုန်းက ကိုးထပ်မြောက်က စားသောက်ခန်းရှိရာအထပ်ကို ရောက်လာတယ် ။

အပျော်စီးသင်္ဘောကြီးက အရမ်းကြီးမားကာ ထည်ဝါလွန်းတယ် ။ လက်ရှိမှာ ဒီသင်္ဘောရဲ့ ယာယီပိုင်ရှင်က မန့်မန့်လုံဖြစ်ပြီး ဧည့်ပရိသတ်တွေလည်း အများကြီး လိုက်ပါစီးနင်းလာတယ် ။ ဒါပေမဲ့ ဧည့်သည်တွေက ကိုယ်စီအခန်း‌တွေထဲမှာသာ ရှိနေပုံရပြီး စားသောက်ခန်းရှိရာအထပ်က လူမရှိဘဲ ခြောက်ကပ်နေတယ် ။ စားသောက်ခန်းဝန်ထမ်းလေးတွေသာ ပျင်းရိပျင်းတွဲနဲ့ အလုပ်လုပ်နေကြတယ် ။

( စားသောက်ခန်းလို့အလွယ်ပဲ ရေးမယ်နော် .. တကယ်တော့ ကိုးထပ်တစ်ထပ်လုံးက အစားအသောက်နဲ့ဆိုင်တာတွေချည်းရှိရာအထပ် )

စားသောက်ခန်းထဲ လျှောက်ဝင်လာရုံပဲရှိသေးပေမဲ့ စူးရှလှတဲ့ ကုဖုန်းမျက်လုံးအစုံကာ စားပွဲတစ်လုံးမှာထိုင်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်တယ် ။

သူတို့က ကျန်းဟောင်နဲ့ သူ့ရဲ့အမြှီးလေး လိခေး ။

ကုဖုန်းလျှောက်လှမ်းလာတာ ကျန်းဟောင်လည်း မြင်သွားပုံရတယ် ။ မျက်ခုံးပင့်ပြီး ဣန္ဒြေရရ ထရပ်ကာ ရည်မွန်စွာ နှုတ်ဆက်စကားဆိုတယ် ။

" ဟယ်လို မစ္စတာ ကု , တိုက်တိုက်ဆိုင်ဆိုင်ပဲနော် "

" ဟုတ်ပါ့ "
ကုဖုန်း ခေါင်းညိတ်ပြီး စိတ်မပါစွာနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ် ။
" မင်းလည်း ပါလာတာလား "

" ဟုတ်တယ် .. မစ္စတာမန့်က သူ့ကို ဖိတ်တာလေ "

ကျန်းဟောင်အမူအရာက ပေါ့ပါးသွက်လက်နေပြီး သူ့ရဲ့ ခံစားချက်အစစ်အမှန်ကို မြင်နိုင်ဖို့ရာ မလွယ်ကူစေဘူး ။

" ဥက္ကဌ ကု နဲ့ ပေါ်ယွင် အတူတူလာကြတာလား "

ကျန်းဟောင်နှုတ်က ယုပေါ်ယွင်နာမည်ထုတ်ပြောလိုက်တာနဲ့ ကုဖုန်းတစ်ကိုယ်လုံး သတိအပြည့်ဖြစ်သွားတယ် ။

" မင်းက ဘာလုပ်ချင်လို့လဲ "

ကုဖုန်းရဲ့ သတိအပြည့်လေသံကိုကြားတော့ ကျန်းဟောင် တအံ့တဩပြုံးတယ် ။

" မစ္စတာကုက ဘာလို့ အရမ်းတွေ တင်းကြပ်နေရတာလဲ .. ကြည့်လေဗျာ ! ပေါ်ယွင်က ခင်ဗျားကို ကလေးတစ်ယောက်မွေးပေးထားပြီးပြီ .. ဟော အခု ခင်ဗျားအိမ်ကိုပြောင်းလာပြီး ခင်ဗျားနဲ့အတူတူ နေနေပြီ .. ကျွန်တော် သူ့ကို ပြန်ချဥ်းကပ်လို့ ရဦးမှာတဲ့လား "

ကုဖုန်းက ဘေးမှာထိုင်နေတဲ့ လိခေးကိုကြည့်တယ် ။ လိခေးက စပါကက်တီတစ်ပန်းကန်နဲ့ ကမ္ဘာတည်နေပြီး ပတ်ဝန်းကျင်မှာ စစ်ဖြစ်နေရင်တောင် သိမှာမဟုတ်ဘူး ။ ကုဖုန်း စိတ်ဆုံးဖြတ်လိုက်တယ် ။

အိုခေ ! ဟုတ်ပြီ !

ကျန်းဟောင်က ယုပေါ်ယွင်ကို မဟုတ်တဲ့အတွေးနဲ့ ကျားချောင်းချောင်းနေရင်တောင် ကိစ္စမရှိဘူး ။ ခုဆိုရင် သူနဲ့ ယုပေါ်ယွင်က အချိန်ပြည့်နီးပါး အတူတူရှိနေပြီး အတော်လေးလည်း နီးစပ်နေပြီ ။ ကျန်းဟောင် သူတို့ကြားထဲဝင်လာဖို့ နေရာမရှိဘူး ။ ဝင်လာဖို့ အခွင့်အရေးလည်း သူ မပေးနိုင်ဘူး ။

****************************************

Chapter 224

ကုဖုန်းဟာ စိတ်တစ်ခြမ်းမက အေးသွားပြီး သူ့မျက်နှာလည်း အနည်းငယ် ပျော့ပျောင်းသွားတယ် ။

" စကားအများကြီး ပြောမိသွားပြီ .. မင်းတို့နှစ်ယောက် ဆက်စားကြပါ .. ငါ အရင်သွားနှင့်မယ် "

ကျန်းဟောင်က ကုဖုန်းကို လိုက်ကြည့်နေတယ် ။ ကုဖုန်းက ကောင်တာဆီသွားပြီး တစ်ခုခုမှာတယ် ။ ခဏအကြာမှာ ပါဆယ်ထုပ်‌ဆွဲပြီး ခပ်မတ်မတ်ကိုယ်ဟန် မယိမ်းယိုင်တဲ့ခြေလှမ်း‌တွေနဲ့ စားသောက်ခန်းအပြင်ကို ထွက်သွားတယ် ။

" သားကြီးရေ ! စားကြစို့ "
လိခေးက စားပွဲခုံအောက်က ကျန်းဟောင်ခြေထောက်ကိုကန်ပြီး ပြောတယ် ။

" ဘာတွေလိုက်ကြည့်နေတာလဲ "

ထို့နောက် စားသောက်ခန်းအပြင်ဘက်ကို ပွေးလေးတစ်ကောင်လို ကြည့်လိုက်တယ် ။

" ရို့ ! အဲ့ဒါ မင်းရဲ့ အချစ်ပြိုင်ဘက်ကြီး မဟုတ်လား "

" ဘာအချစ်ပြိုင်ဘက်လဲ .. သူတို့က အဆုံးထိ ရင်းနှီးနီးကပ်ခဲ့ပြီးပြီ "

ကျန်းဟောင် ခြောက်ကပ်ကပ်ပြုံးကာ ခေါက်ဆွဲဖတ်ပေါ်ကို အချဉ်ရည်ဆမ်းတယ် ။

" ငါ့အတွက် နေရာမရှိဘူး .. အဲ့ဒီ ခံစားချက်ကြီးက ဘယ်လောက်စိတ်ဓာတ်ကျဖို့ကောင်းလဲ ငါပဲသိတယ် "

" ဘာမှထပ်မပြောနဲ့တော့ "

လိခေးက စပါကက်တီကိုမြိုချပြီး ဖျော်ရည်မော့ကာ ပြောတယ် ။

" မင်းရဲ့ အချစ်ပြိုင်ဘက်က မင်းထက် ပိုယောက်ျားပီသတယ် "

ကျန်းဟောင်က မျက်မှောင်ကြုပ်ကာ မခံချင်စိတ်နဲ့ ဒေါသတကြီးမေးတယ် ။

" မင်း ဘာပြောတယ် "

ကျန်းဟောင်ရဲ့ အဲ့ဒီပုံကြောင့် လိခေးဟာ ကျန်းဟောင်ကို အဖေချင်းထပ်အောင်သာ ခေါ်လိုက်ချင်တော့တယ် ။ သူ တံတွေးမြိုချပြီး အားနည်းဖျော့တော့သောလေသံလေးနဲ့ ရှင်းပြရှာတယ် ။

" မဟုတ်ဘူး , ငါ ဆိုလိုတာ အဲ့လိုမဟုတ်ဘူး .. မင်းက တက်တက်ကြွကြွနဲ့ ကျန်းမာပျော်ရွှင်ပြီး တောက်ပတယ်ကွာ .. သူကကျတော့ ရင့်ကျက်ပြီး ယောက်ျားပီသ ခန့်ညားတယ် .. မင်းတို့နှစ်ယောက်က ပုံစံချင်းမတူကြဘူးလို့ .. ကိုယ့်စတိုင်လ်နဲ့ ကိုယ်ကွာ ဟဲဟဲ  "

ကျန်းဟောင် အ‌နောက်ဘက်ကို စူးစူးရဲရဲလှည့်ကြည့်ပြီးနောက် စပါကက်တီပန်းကန်ကို ရည်ရွယ်ချက်မရှိ ကြည့်နေပြန်တယ် ။

" ဒီည ငါတို့ သောက်ရအောင် "

" ထပ်သောက်ဦးမယ် ??"

လိခေးရဲ့ မျက်နှာသေးသေးလေးက ရှုံ့တွသွားတယ် ။

" အရင်တစ်ခါသောက်တုန်းက မင်း အမူးလွန်သွားတယ်လေ .. အဲ့ဒါကိုထပ်သောက်ဦးမလို့လား ..အများကြီးလည်းမသောက်နိုင်ဘဲနဲ့ .. အေးနော် ငါ့မှာ မင်းအမေဖုန်းနံပါတ်ရှိတယ် .. ငါ ဖုန်းဆက်........"

ကျန်းဟောင် ခပ်စူးစူးစိုက်ကြည့်လာတော့ လိခေး ဆက်မပြောရဲတော့ဘူး ။

" အရေးမပါတာတွေ မပြောနဲ့ .. ‌လွတ်လွတ်လပ်လပ် သောက်ခွင့်ရတုန်းလေး သောက်ချင်တာ .. ငါ ကြေကွဲနေပါတယ်ဆိုမှ မင်းကပါ ထပ်ပြီးဖိအားပေးချင်နေသေးတာလား "

ကျန်းဟောင် အချိုရည်ခွက်ကို ကြမ်းကြမ်းတမ်းတမ်းဆွဲယူပြီး တစ်ကျိုက်တည်း မော့ချလိုက်တယ် ။

" ဒါမှမဟုတ် "

လိခေး ခဏလောက် တွေဝေနေပြီး‌

" အလှလေးတစ်ယောက်လောက်ရှာပြီး တွဲကြည့်ပါလား .. ရွှေဝါရောင်ဆံပင် မျက်လုံးပြာနဲ့ အလှလေး ငါတွေ့ထားတယ် .. သူမရင်ဘတ်က ဟိမဝန္တာတောင်လိုပဲ မို့မောက်နေတာ "

ကျန်းဟောင် အော်လိုက်တယ် ။

" ငါက ဂေးကွ !"

" ဪ အေး အေး အေးပါကွာ !"

လိခေး သူ့ခေါင်းသူပုတ်လိုက်တယ် ။ သူက အဲ့ဒီအချက်ကို အမြဲမေ့မေ့နေတာ ။

" ဒါဆိုလည်း ခန့်ခန့်ညားညားယောက်ျားတစ်ယောက်ပေါ့ကွာ .. ငါ တွေ့ထားတာ ရှိတယ် .. ရွှေအိုရောင်ဆံပင် မျက်လုံးပြာနဲ့ပဲ .. အဲ သူ့ပေါင်ခွကြားကတော့ ဖုဖောင်းထိုးထွက်နေတာ ဟျောင့်ရေ ! လေယာဉ်တင်သင်္ဘောထိပ်ပိုင်းနဲ့ တူ တူ ....."

( လိခေးတစ်ယောက်နဲ့ အူတက် 😂 )

" လိစ့် ! ငါက အရက်သောက်ချင်ရုံပဲကွ "

ကျန်းဟောင်က လေသံနိမ့်နိမ့်နဲ့ ချိန်းခြောက်စကားဆိုတယ် ။

" ဘာပဲဖြစ်ဖြစ် ဒီည သောက်ကိုသောက်မှာ .. ဘယ်သူနဲ့မှ ဘာမှမလုပ်ဘူးနော် .. ကြိုပြောထားမယ် .. ဘယ်မှလည်း မသွားချင်ဘူး .. ခံစားချက်‌တွေမေ့သွားတဲ့ထိ သောက်ပစ်ချင်ရုံပဲ .. ငါ အမူးလွန်သွားရင် မင်းက အခန်းထဲ ခေါ်သွားပေး ..နားလည်လား "

လိခေးနှုတ်ခမ်းပိစိက ခံငြင်းချင်လွန်းလို့ ဟစိဟစိဖြစ်နေတယ် ။ ဒါပေမဲ့ သူ့မှာ သတ္တိလည်း မရှိဘူး ။ အချိန်အတော်ကြာမှ တစ်လုံးတစ်ခဲတည်း ပြန်ပြောပစ်လိုက်တယ်။

" အေး "

ဘယ်သူက သူ့ကို ငကြောက်လို့ ခေါ်တာလဲ ?!

နောက်ဆုံးမှာ မန့်လုံ နဲ့ ပိုင်ရှီရှန်းရဲ့ စေ့စပ်ပွဲ စတင်ကျင်းပချိန်ရောက်လာခဲ့ပြီ ။

ဒီစေ့စပ်ပါတီ အပျော်ခရီးကို လိုက်ပါလာသူမှန်သမျှက မန့်လုံ နဲ့ ပိုင်ရှီရှန်းရဲ့ အသိမိတ်ဆွေ မကင်းရာမကင်းကြောင်းတွေချည်းပဲ ။

ပိုင်ရှီရှန်းက အများကြီး မဖိတ်ကြားဘူး ။ လုပ်ဖော်ကိုင်ဖက်ကောင်းတချို့နဲ့ ယုပေါ်ယွင်ကိုပဲ ဖိတ်တာ ။ မန့်လုံခမျာ အဲ့ဒီအတွက် ဘာမှမတတ်နိုင်ရှာဘူး ။ သူကတော့ ကလေးဘဝကနေ အခုအရွယ်ရောက်တဲ့ထိ ပေါင်းလာတဲ့ သူငယ်ချင်းကောင်းတွေ အကုန်ဖိတ်ထားတာ ။ အဲ့ဒီသူငယ်ချင်းကောင်းတစ်အုပ်တစ်မကြီးက သူတို့နဲ့အတူ အဖော်တစ်ယောက်စီတော့ ခေါ်လာခဲ့တယ် ။ သူတို့ခေါ်လာတဲ့ ယောက်ျား ၊ မိန်းမ အဖော်တွေက သိပ်ပြီးတက်တက်ကြွကြွမရှိပေမဲ့ သူတို့က ကျိန်းသေ ထွက်ခွာသွားမှာလည်း မဟုတ်ဘူး ။

ရှစ်ထပ်မြောက်ဟောခန်းကျယ်ကြီးထဲမှာ မန့်လုံရဲ့ ကြိုတင်စီစဉ်မိန့်ကြားမှုနဲ့ အရမ်းကိုရိုမန်တစ်‌ဆန်နေတယ် ။

အခန်းတစ်ခုလုံးကို အရောင်လွင်လွင်ပန်းပွင့်လေးတွေနဲ့ အလှဆင်ထားပြီး နေရာအနှံ့မှာ ပိုင်ရှီရှန်းအကြိုက်ဆုံး anime ဇာတ်ကောင် အရုပ်ကြီးတွေလည်း ရှိနေတယ် ။

ပွဲကျင်းပရာနေရာရှိ မီးအလင်းရောင်က စိတ်ခံစားချက်တွေ ပျော်ဝင်လောက်အောင် ဖျော့တော့နူးညံ့ပြီး သိမ်သိမ်မွေ့မွေ့ ။ ဖြည်းလေးစွာ ထွက်လာတဲ့ ဂီတသံက အလွန်ကို သာယာနာပျော်ဖွယ်ကောင်းပြီး လူတွေကို ဆွဲဆောင်နိုင်တယ် ။

ယုပေါ်ယွင်က ကလေးချီထားတဲ့ ကုဖုန်းနဲ့အတူ ပွဲတက်လာတယ် ။

အချိန်က တရားဝင်စေ့စပ်တဲ့အပိုင်းကို မရောက်သေးဘူး ။ ခန်းမထဲက လူတွေကတော့ စည်းချက်နဲ့အညီ ခန္ဓာကိုယ်တွေ လှုပ်ရမ်းနေကြတယ် ။

ခန်းမရဲ့အလယ် ကော်ဇောနီတွေခင်းထားတဲ့နေရာမှာ တစ်စုံတစ်ယောက်က မီးအလင်းရောင်လှုပ်ရှားမှုအတိုင်း စုံတွဲက,ကနေတယ် ။

ထိုအချိန်မှာ ရွေ့လျားနေတဲ့မီးအလင်းရောင်တစ်ခုက ကုကျားယွဲ့လေးမျက်နှာပေါ်ကို ကျရောက်လာတယ် ။ အိပ်မက်ကောင်းလေးမက်ပြီး အိပ်ပျော်နေတဲ့ ကုပေါက်လေးဟာ သူ့အိပ်မက်လေးပျက်သွားလို့ အတော်စိတ်တိုသွားပုံရတယ် ။ ပါးစပ်သေးသေးလေးကို အကျယ်ကြီးဖွင့်ပြီး မျက်ရည်ပေါက်ကြီးများကျကာ အော်ငိုလေတော့တယ် ။

မူလက နာပျော်ဖွယ်ရာ ဂီတသံလေးနဲ့ ငြိမ့်ညောင်းသာယာနေတဲ့ ခန်းမက ကုပေါက်လေးရဲ့ ငိုသံကျယ်ကြီးထွက်လာတဲ့အခါ ရုတ်ချည်းပဲ လေထုက အနှောင့်အယှက်ဖြစ်သွားခဲ့တယ် ။

" ကိုယ် အပြင်ဘက်ထွက်ပြီး သားပေါက်စ ပြန်အိပ်အောင် ချော့သိပ်လိုက်ဦးမယ် "

ကုဖုန်းက ယုပေါ်ယွင်ကိုပြောပြီး အပြင်ထွက်သွားတယ် ။ ကုပေါက်လေးအိပ်သွားလို့ ကလေးတစ်ဖက်နဲ့ ကုဖုန်းပြန်ဝင်လာချိန်မှာ မန့်လုံနဲ့ ပိုင်ရှီရှန်းတို့ ခန်းမထဲဝင်လာတာနဲ့ ဆုံတယ် ။

တောက်ပတဲ့မီးအလင်းရောင်အောက်မှာ personal stylist ရဲ့အစွမ်းနဲ့ နဂိုရှိရင်းစွဲ ချောမောမှုတို့ပေါင်းကာ ပိုင်ရှီရှန်းက နတ်ဘုရားတစ်ပါးလို ထည်ဝါခန့်ညားပြီး အသက်ရှူမှားလောက်ဖွယ်ရာပါပဲ ။ အရပ်ရှည်ရှည်မြင့်မြင့် ၊ အဖြူရောင်အနောက်တိုင်းဝတ်စုံနဲ့ အတော်ကို ယောက်ျားပီသ‌နေတယ် ။

သူ့နံဘေးက မန့်မန့်လုံလည်းပဲ ထို့နည်းလည်းကောင်းပဲ ။ အရပ်ခြောက်ပေကျော် ၊ ရင်အုပ်ကျယ်ကျယ် ၊ ပခုံးထွားထွား ၊ ခန္ဓာကိုယ်တောင့်တောင့် ကြွက်သားအထစ်ထစ်နဲ့ တကယ့်နတ်ဘုရားတစ်ပါးပဲ ။ အပြင်ပန်းသွင်ပြင်က ခေါင်းမာကာ ခက်ထန်မယ့်ပုံပေါ်ပေမဲ့ အတွင်းစိတ်က အရင်ကထက်ပိုပြီး အများကြီး ရည်မွန်ယဉ်ကျေးလာတယ် ။ သူရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်အနက်တိုင်းဝတ်စုံကို ချပ်ချပ်ကပ်ကပ် ဝတ်ဆင်ထားပြီး သူ့မျက်လုံးတည်ရှိရာက ပိုင်ရှီရှန်းထံမှာချည်းပဲ ။ တစ်စက်လေးမှ လွှဲဖယ်မသွားဘူး ။

ကုဖုန်းက ယုပေါ်ယွင်ဘေးကို လျှောက်သွားတယ် ။ ဦးတည်ရာကို ရောက်ရောက်ချင်းမှာပဲ ယုပေါ်ယွင်က မင်္ဂလာမောင်နှံကို ကြည့်နေတာ တွေ့လိုက်ရတယ် ။  ယုပေါ်ယွင်ရဲ့မျက်လုံးအစုံက ကောင်းကင်ကကြယ်တွေ စုဝေးနေသလို တလက်လက်တောက်ပရွှန်းစိုနေတယ် ။

*************************************

Chapter 225

စေ့စပ်ပွဲအခမ်းအနားစတင်ပြီမို့ ဂီတသံစဉ်လည်း ပြောင်းသွားပြီဖြစ်တယ် ။

စင်အောက်မှာရပ်နေတဲ့ ယုပေါ်ယွင်ရဲ့မျက်ဝန်းတောက်တောက်လေးတွေက သူတို့နှစ်ယောက်ဆီက လွှဲဖယ်မသွားဘူး ။

မန့်မန့်လုံက ပိုင်ရှီရှန်းလက်မှာ စေ့စပ်လက်စွပ်ဝတ်ပေးချိန်မှာ ပွဲလာဧည့်ပရိသတ်အပေါင်းရဲ့ လက်ခုပ်သံတဖြောင်းဖြောင်းနဲ့ ပျော်ရွှင်စွာ ဝေါခနဲထွက်လာတဲ့ ရယ်မောသံတွေကြား သူ ဒူးထောက်ကျလုဆဲဆဲဖြစ်နေတယ်လို့ ခံစားရတယ် ။

မြူးကြွကာ ရိုမန်တစ်ဆန်တဲ့ လေထု ၊ ဧည့်ပရိသတ်တွေရဲ့ စိတ်အားထက်သန်လှတဲ့အကြည့်တွေအောက်မှာ တလက်လက်ဖြာနေတဲ့ စေ့စပ်လက်စွပ်က နောက်ဆုံးတော့ ပိုင်ရှီရှန်းလက်သူကြွယ်ထက် တင့်တယ်စွာ ဆင်မြန်းပြီးခဲ့ပြီဖြစ်တယ် ။

မန့်လုံက ပိုင်ရှီရှန်းလက်ကို တင်းတင်းဆုပ်ကိုင်ပြီး လက်သူကြွယ်ထက်မှ လက်စွပ်ကိုကြည့်ကာ တလျှောက်လုံး စိုးရိမ်ထိတ်လန့်လာခဲ့သမျှ ချက်ချင်းပဲ စိတ်ဒုံးဒုံးကျသွားခဲ့တယ် ။

ဒီလူကို မင်းပိုင်ဆိုင်နေသမျှ မင်းရဲ့အနာဂတ်ကို စိတ်ချထားလို့ရပြီ ။

အခမ်းအနားမှူးက စေ့စပ်မောင်နှံနှစ်ယောက်ကို ပြုံး၍ကြည့်ပြီး

" ခန့်ညားလှတဲ့အမျိုးကောင်းသားလေးကို ပြန်ရယူနိုင်တဲ့အတွက် ကျွန်တော်တို့သူဌေး မစ္စတာမန့်ကို ဂုဏ်ပြုပါတယ်ခင်ဗျာ .. တစ်လက်စတည်း အခုဖြစ်ပေါ်နေတဲ့ ရင်တွင်းခံစားချက်တွေကို ပရိသတ်‌တွေ သိအောင် ဝေမျှပေးဦးမလားခင်ဗျ .. ဒါမှမဟုတ် မစ္စတာ ပိုင်ကိုရော ပြောချင်တာလေး မရှိဘူးလား "

အခမ်းအနားမှူးက မိုက်ခရိုဖုန်းကို မန့်လုံနှုတ်ခမ်းရှေ့ထိ တိုးပေးလိုက်တယ် ။

မန့်လုံက ပိုင်ရှီရှန်းလက်ကို တင်းတင်းဆုပ်ကိုင်ပြီး သူ့နှလုံးသားက ဝုန်းဒိုင်းကျဲအောင်ကို အခုန်မြန်လာခဲ့တယ် ။

သူ့ဘဝမှာ နုနုရွရွ စကားတွေကို ဖွဲ့နွဲ့ပြီးပြောဖူးတာမျိုး တစ်ခါတောင်မရှိခဲ့ဘူး ။ သူက ဘာစကားမှမဆိုဘဲ စတိတ်စင်ပေါ်မှာ အချိန်အတော်ကြာရပ်နေမိတယ် ။ ထို့နောက်တော့ ရှက်သွေးဖြာစွာနဲ့ပဲ ပိုင်ရှီရှန်းဘက်လှည့်ကာ ပြောတယ် ။

"  ချစ်ရပါတဲ့ ဇနီးလေး , မင်းက ကိုယ့်ဘဝ ၊ ကိုယ့်အသက် ၊ ကိုယ့်နှလုံးသားပါပဲ .. ကိုယ့်ဘဝတစ်သက်တာလုံးမှာ မင်းတစ်ယောက်တည်းကိုပဲ သစ္စာမပြယ်တမ်း ချစ်မြတ်နိုးသွားမှာပါ "

ပိုင်ရှီရှန်းက မန့်လုံရဲ့ မျက်ဆန်နက်နက်တွေထဲ စိုက်ကြည့်ပြီး သူ့နှလုံးသားထဲက ယိုဖိတ်လာတဲ့ ချစ်ခြင်းမေတ္တာတွေကို ထိန်းချုပ်ပြီး မပွင့်တပွင့်လေးပြုံးကာ မန့်မန့်လုံနှုတ်ခမ်းကို  လှမ်းနမ်းလိုက်တယ် ။

ယုပေါ်ယွင် ဖုန်းကိုအမြန်ထုတ်ပြီး ထိုလူသားနှစ်ဦးရဲ့ ချိုမြိန်ရစ်မူးဖွယ်ရာ အခိုက်အတန့်လေးကို ဓာတ်ပုံရိုက်ယူတယ် ။

စေ့စပ်ပွဲအခမ်းအနား ပြီးဆုံးချိန်မှာ ဝန်ထမ်းများက သိမ်းဆည်းထားတဲ့ခုံများ သယ်ဆောင်ကာ ခင်းကျင်းလိုက်တယ် ။ ဟောခန်းမကြီးထဲက မိုးတိုးမတ်တတ်ဖြစ်နေတဲ့ ဧည့်ပရိသတ်အပေါင်းလည်း ခုံတွေပေါ် အသီးသီးထိုင်လိုက်ကြတယ် ။

ထို့နောက် သင်္ဘောဝန်ထမ်းများ ပြင်ဆင်ထားသော စေ့စပ်ညစာစားပွဲမှ အစားအသောက်များကို စားသုံးနေကြတယ် ။

Costa အပျော်စီးသင်္ဘောကတော့ ပင်လယ်ပြင်ထဲ ရွက်လွှင့်နေဆဲ ။ မာယာများလှတဲ့ ပင်လယ်ကြီးက အခိုက်အတန်းအားဖြင့် အေးချမ်းကာ ငြိမ်သက်တိတ်ဆိတ်နေတယ် ။ အချိန်တွေတောင် ရပ်တန့်နေတယ် ထင်ရအောင် အရာရာက ဆိတ်ငြိမ်နေလျက် ။ ကြည်လင်တဲ့ကောင်းကင်ပြင်ကျယ်ထက်က လရောင်ဖွေးဖွေးက ပင်လယ်ပြင်ရဲ့အောက်ခြေထိ ထိုးဖောက်လင်းလက်နေသည့်ပမာ ။

ယုပေါ်ယွင်က ပြတင်းပေါက်ကနေတဆင့် ပင်လယ်ပြင်ရဲ့ ရှုမောမဆုံးတဲ့ညအလှကို ခံစားပြီး သင်္ဘောထဲက မြူးကြွအသက်ဝင်လှတဲ့ပါတီကို ပြန်လှည့်ကြည့်ကာ သူ့ရင်ထဲ အရာရာပြီးပြည့်စုံသွားတယ် ။

မန့်မန့်လုံ နဲ့ ပိုင်ရှီရှန်းဟာ ကမ္ဘာပေါ်က အသစ်စက်စက်ဇနီးမောင်နှံများလိုပဲ မျက်လုံးတွေထဲမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတယ် ။ ဝိုင်တစ်ခွက်စီကိုင်ပြီး အပြုံးတွေတဝေဝေနဲ့ ဧည့်သည်တွေကို တစ်ဝိုင်းပြီးတစ်ဝိုင်း လိုက်နှုတ်ဆက်နေတယ် ။ ယုပေါ်ယွင်တို့ဝိုင်းကိုရောက်တော့ ပိုင်ရှီရှန်း အတော်လေးမူးနေပြီ ။ မျက်နှာချောချောက အနီရောင်သန်းကာ ပန်းရောင်မက်မွန်သီးနဲ့တောင် ဆင်တူလို့ ။

" ပေါ်ယွင် "

ပိုင်ရှီရှန်းက သူတို့ဝိုင်းကိုရောက်တာနဲ့ ယုပေါ်ယွင်ကိုပဲ မျက်လုံးမလွှဲတမ်းကြည့်တယ် ။

ယုပေါ်ယွင် မတ်တတ်ထရပ်ပြီး ပြုံးလျက်ဆိုတယ် ။

" ဂုဏ်ပြုပါတယ် .. ခင်ဗျားတို့က ဖူးစာကြိုးလေး ချည်လိုက်ကြပြီနော် .. ဟား ဟား "

ပိုင်ရှီရှန်းက ယုပေါ်ယွင်ကိုမှီပြီး ဝိုင်တစ်ငုံသောက်လိုက်တယ် ။ သူ့ပါးပြင်လေးက နွေးလို့ ။

" ငါ့ရဲ့ မင်္ဂလာအရက်ကို မမေ့မလျော့ လာသောက်ရမယ်နော် .. မေ့နေလို့ကတော့ မင်းကို ကင်ပစ်မယ် .. ဒါနဲ့ မင်းပျော်ချင်တယ်ဆိုရင် မင်းရဲ့အခြားတစ်ခြမ်းကို တွေ့အောင်ရှာ "

" ငါ ဆုတောင်းပေးမယ် .. မင်းလည်းပဲ .........."

ပိုင်ရှီရှန်း ပိုပိုကာ မူးလာပြီ ။ သူက ယုပေါ်ယွင်နားရွက်နားထိကပ်ကာ တိုးတိုးလေး ပြောတယ် ။

" မင်းတို့နှစ်ယောက်လည်း sex lifeကို ဒီထက်ပိုစောပြီး အမြန်ရောက်နိုင်ပါစေလို့ ငါ ဆုတောင်းတယ် "

ပိုင်ရှီရှန်းစကားကြောင့် ယုပေါ်ယွင်နားရွက်ဖျားတွေ ရဲတက်လာတယ် ။ ရှက်ကိုးရှက်ကန်းနဲ့ ဝိုင်ပုလင်းဆွဲပြီး ခွက်ထဲကိုယ်တိုင်လောင်းထည့်ကာ မျက်ဝန်းတောက်တောက်များနဲ့ ဆိုတယ် ။

" ဒီနေ့က ခင်ဗျားရဲ့ စေ့စပ်မင်္ဂလာနေ့ .. ကျွန်တော်ကောင်းကောင်းမသောက်နိုင်ပေမဲ့ ကိစ္စမရှိဘူး ..ခင်ဗျားကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဝိုင်ကို တစ်ကျိုက်တည်းနဲ့ ကုန်အောင်သောက်ရမယ် "

ပိုင်ရှီရှန်းက ယုပေါ်ယွင် ဝိုင်ငှဲ့နေတာကို စောင့်ကြည့်နေပြီး သူ့ခွက်ထဲက ဝိုင်ကို အကုန်မော့လိုက်တယ် ။ပြီးတော့ ဝိုင်ပုလင်းယူပြီး သူ့ခွက်ထဲ သူ့ဘာသာ ထပ်လောင်းထည့်လိုက်ပြန်တယ် ။

မန့်လုံက ဒါကိုမြင်တော့ မူးနေပြီဖြစ်တဲ့ ပိုင်ရှီရှန်းအစား သူသောက်ပေးချင်ပေမဲ့ လက်‌ဝှေ့ယမ်းပြီး အတားခံရတာပဲ အဖက်တင်တယ် ။

" ကျွန်တော့်ဘော်ဒါက ကျွန်တော့်အတွက် ချီးမြှောက်ပေးတာလေ .. ခင်ဗျားက ဘာကိစ္စဝင်ရှုပ်ရတာလဲ .. သွား သွား !"

ထို့နောက် ပိုင်ရှီရှန်း နဲ့ ယုပေါ်ယွင်ဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်းပြုံးပြီး ဝိုင်တွေကို ဗိုက်ထဲလောင်းထည့်ကြတယ် ။

တစ်ခွက်လုံးအကုန်မော့ပြီးနောက် သူ့ဗိုက်ထဲပူလာတယ်လို့ ယုပေါ်ယွင် ခံစားလာရတယ် ။ ဒါကြောင့် ခုံမှာပြန်ထိုင်ပြီး သူ့ဗိုက်လေးကို ကာကွယ်ဖို့ရာ တူတစ်စုံနဲ့ ကြုံရာဟင်းခွက်နှုက်စားလိုက်တယ် ။

" မင်း အဆင်ပြေရဲ့လား "

ကုဖုန်းက စိုးရိမ်ကြီးစွာကြည့်ပြီး မေးတယ် ။

ယုပေါ်ယွင် မသိမသာပြုံးတယ် ။

" ဝိုင်လေးတစ်ခွက်ပါပဲ .. ကျွန်တော် အများကြီးမသောက်ပါဘူး .. နိုး ပလုံပလုံပါနော် "

မိနစ်သုံးဆယ်ကြာသော် .......

ပိုင်ရှီရှန်းက ယုပေါ်ယွင်ကို ချီသွားတဲ့ ကုဖုန်းကို စောင့်ကြည့်ပြီး ပြောတယ် ။

" မမေ့နဲ့နော် အခန်းထဲ ပြန်ရောက်ရင် သူက အရက်နာကျနေပြီ .. မင်း အဲ့ဒီအမူးသမားကို ကြည့်ပြီး ........"

" နားလည်ပြီ "

ကုဖုန်းခေါင်းညိတ်ကာ ရှေ့ဆက်သွားတယ် ။

တစ်ချိန်တည်းမှာပဲ သူက လက်တစ်ဖက်နဲ့ သားပေါက်စကိုချီ ၊ ကျန်လက်တစ်ဖက်နဲ့ သားပေါက်စနဲ့ အဖေပေါက်စကိုချီထားရတာ ။ သူ့ရင်ခွင်ထဲက အလေးချိန်က တစ်ဖက်ပေါ့ ၊ တစ်ဖက်လေးဖြစ်နေတာမို့ သူလည်း အတော်အားစိုက်ပြီး ချီမထားရတယ် ။

ဓာတ်လှေကားထဲရောက်တော့ ဓာတ်လှေကားနိမ့်ဆင်းသွားတာနဲ့ မျက်လုံးတစ်ဝက်သာဖွင့်နိုင်တဲ့ ယုပေါ်ယွင်က သီချင်းထဆိုတော့တယ် ။

" ပိုင်ရှီရှန်းလေးက ချင်းကျန်းတောင်ခြေမှာ ရပ်နေရှာ .. ငါက လူသားခန္ဓာရဖို့ရာ လှိုဏ်ဂူထဲမှာ နှစ်ပေါင်းထောင်ချီအောင် ကျင့်ကြံအားထုတ်ကာ..... အိုး ငါ ပြန်လည်မွေးဖွားလာ .. အိုး အို ငါက လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွား ရေး ရေ ..."

ကုဖုန်းက အမူးသမားလေးကိုကြည့်ပြီးာသက်ပြင်းတချချ ။

ယုပေါ်ယွင်ရဲ့သောက်နိုင်စွမ်းကို သူ သိခဲ့ပြီးဖြစ်ပါလျက်နဲ့ ။

အခန်းထဲရောက်တော့ သူ့ရင်ခွင်ကို ဖဲမွေ့ရာထင်ပြီး ဇိမ်ကျနေတဲ့ ကျေးဇူးရှင်လေးနှစ်ယောက်ကို အသေအချာ နေရာတကျ ချသိပ်ရတယ် ။ ပထမဆုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ သားပေါက်စကို သူ့ပုခက်လေးထဲထည့်တယ် ။ ပြီးတော့မှ ကလေးအဖေပေါက်စကို နှပ်ယောက်အိပ်မွေ့ရာပေါ် ချပေးလိုက်တယ် ။

နှစ်‌ယောက်အိပ်မွေ့ရာပေါ်က ယုပေါ်ယွင်ဟာ တစ်ကိုယ်လုံး နီရဲနေတာပဲ ။

အခန်းကလည်း နွေးနေတာကြောင့် သူ့ကိုယ်က ပူသထက်ပူလာတယ် ။  အပေါ်ထပ်ဂျက်ကက်ကို မချွတ်ဘဲ မနေနိုင်တော့တာကြောင့် ချွတ်ပြီး ဘေးမှာထားလိုက်တယ် ။ ဒါလည်း ပူနေတုန်းပဲမို့ ကျန်နေသေးတဲ့ ရှပ်အင်္ကျီကို ပေစောင်းစောင်းကြည့်တယ် ။ ပြီးတော့ ချွတ်ပစ်လိုက်တာပေါ့ ။

ကုဖုန်းလှည့်ကြည့်ကြည့်ချင်းမှာပဲ စပရိုက်ဖြစ်သွားတယ် ။

ယုပေါ်ယွင်ကိုယ်တစ်ပိုင်းက လဲလျောင်းနေပြီး ရှပ်အင်္ကျီက ကြယ်သီးအလုံးစုံဖြုတ်ထားတယ် ။ ဖြူဖွေးနူးညံ့တဲ့ ရင်ဘတ်၊ ဗိုက်သားချပ်ချပ် နဲ့ ခါးသိမ်သိမ်လေးက ကုဖုန်းကို လာပါ လာပါ လက်ယပ်ခေါ်နေသလိုပဲ ။

ဒီမြင်ကွင်းက ကုဖုန်းကို အသက်ရှူမြန်စေသလို နှလုံးသွေးတွေ ပွက်ပွက်ဆူစေပြီး နှာခေါင်းသွေးပါ လျှံကျလာတယ် ။

**************************************

Chapter 226

ယုပေါ်ယွင်ကတော့ ပူလို့ကောင်းနေတုန်း ။

သူက နဂိုမူလတည်းက အရက်ဒဏ်မခံနိုင်ဘဲ အူနုလွန်းတဲ့လူ ။ ဝိုင်သောက်ပြီးတိုင်း ချာချာလည်တတ်သလို တစ်ကိုယ်လုံးပူပြီး နီရဲတက်လာတတ်တယ် ။ တကယ်ကို မှည့်ရွဲကာ အရည်ရွှန်းနေတဲ့ မက်မွန်သီးလေးလိုပဲ ။

ကုဖုန်းက အိပ်ရာရှေ့မှာရပ်နေပြီး ခြေအစုံက ကော်နဲ့ကပ်ထားသလို နေရာက ရွေ့မရဘူး ။ အဲ့ဒီလိုပဲ မျက်လုံးအစုံက ယုပေါ်ယွင်ဆီ ပြေးကပ်တော့မလို စူးစူးရဲရဲကြီး စိုက်ကြည့်နေတာ မျက်တောင်လေးတောင် မခတ်ဘူး ။

သူနဲ့ ယုပေါ်ယွင် ဝေးကွာသွားပြီးနောက်ပိုင်းမှာ အတွင်းခံလေးတစ်ထည်တည်း ဝတ်ထားတဲ့ ယုပေါ်ယွင်ရဲ့ sexy ကျကျပုံစံကို မြင်ချင်လို့တောင် မြင်ခွင့်မရတော့ဘူး မဟုတ်လား ။

ဒါပေမဲ့ အခုတော့ ယုပေါ်ယွင်ရဲ့ အတွင်းခံလေးက မပေါ့်တပေါ် ၊ စုပ်ယူနမ်းပစ်ချင်အောင် ချပ်ကပ်နေတဲ့ ဗိုက်သားဖွေးဖွေး ၊ မြည်းစမ်းပစ်ချင်စရာ နီရဲရဲ ချယ်ရီသီးလေးနှစ်လုံး ၊ ကိုက်ခဲချင်စရာ လည်တိုင်ကျော့နဲ့ ညှပ်ရိုးလှလှက အဝတ်မကပ်ဘဲ လစ်ဟာနေလျက် ။ ရှပ်အင်္ကျီစတစ်ဖက်က ယုပေါ်ယွင်မျက်နှာကို မလုံ့တလုံလေး အုပ်နေတယ် ။

Shit !

ဒီအနေအထားက ........အဝတ်မဝတ်ထားတာထက် ပိုပြီးဆွဲဆောင်မှုရှိတယ် !

အကြည့်မလွှဲနိုင်ဘဲ သွေးတွေဆူနေပြီဖြစ်တဲ့ ကုဖုန်းက ယုပေါ်ယွင်ရဲ့ ညီးညူသံသဲ့သဲ့ကို ကြားလိုက်ရတဲ့အခါ .............။

အတိတ်က ပူပူလောင်လောင် ပုံရိပ်တွေက သူ့စိတ်ထဲ အနှေးပြကွက်လို တစ်ကွက်ချင်း ပေါ်လာတယ် ။

ရေစက်ရေပေါက်လေးတွေက ကွဲအက်နေတဲ့မြေကြီးထဲမှာ ဝင်ချည် ထွက်ချည် ။ ပေပေါင်းထောင်သောင်းမက နက်ရှိုင်းတဲ့မီးတောင်အောက်က ပွက်ပွက်ဆူတဲ့ ချော်ရည်ပူတွေ ပေါက်ကွဲထွက်လာပြီး မြေပြင်တစ်ခွင်က စိုက်ခင်းစိမ်းစိမ်းတွေကို ဖုံးလွှမ်းသွားတယ် ။ ပူပြင်းလောင်မြိုက်ပြီး အငွေ့တလူလူထွက်နေတဲ့ ကမ္ဘာမြေကြီးထဲကနေ အနီရောင်နှင်းဆီပင်ကြီးတွေ ထိုးထွက်လာပြီး ကောင်းကင်ထိတိုင် မြင့်တက်သွားတယ် ။ အံ့ဩဆန်းကြယ်လှစွာ ၊ မယုံနိုင်ဖွယ်ရာကောင်းလှစွာ ။

( မူရင်းအော်သာကပဲ အဲ့ဒီလို ရေးတာလား ၊ GG translate ကပဲ အဲ့ဒီလို ဘာသာပြန်တာလား ကိုယ် တကယ်မသိရေးချ မသိ )

ကုဖုန်းကို နှာခေါင်းသွေးတွေလျှံ ၊ အတွေးတွေမှောင်အောင် ဆွဲဆောင်ခဲ့တဲ့ ယုပေါ်ယွင်က အရက်ကြောင့် နှစ်ကြိမ်မျှ လေချဉ်တက်ပြီး ခန္ဓာကိုယ်က တွန့်သွားတယ် ။

သူ အိပ်နေတာက အိပ်ရာအစွန်းလေးမှာ ။ သူက ကိုယ်လုံးကိုအရမ်းကွေးလိုက်တာကြောင့် အောက်ကိုပြုတ်ကျတော့မလို ဖြစ်သွားတယ် ။ ဒါကိုမြင်တော့ ကုဖုန်းရဲ့ ကော်ကပ်နေတဲ့ခြေထောက်က အလိုလိုကွာပြီး အမြန်ပြေးပွေ့လိုက်တယ် ။

" ဘိုးဘေးလေးရယ် , ကျေးဇူးရှင်လေးရယ် တောင်းပန်ပါတယ် .. ‌ကောင်းကောင်းအိပ်ပါဗျာ "

ကုဖုန်းရဲ့ သိမ်းပွေ့ခြင်းကို ခံလိုက်ရတဲ့ ယုပေါ်ယွင်က အသိစိတ်မရှိဘူး ။ မူးယစ်ရီဝေနေဆဲဖြစ်တာကြောင့် ဗြုန်းခနဲပေါ်လာတဲ့ ကယ်တင်ရှင်လို့ထင်မှတ်ပြီး ကုဖုန်းကို ပြန်လည်ဖက်တွယ်ထားတယ် ။

သူ့ခေါင်းလေးက ကုဖုန်းပခုံးထက် မှီချလျက် လက်အစုံက ကြွက်သားအပြည့်နဲ့ တောင့်တင်းတဲ့ ကုဖုန်းရင်ဘတ်ကို ဖိထားမိဆဲ ။

" ပေါ်ယွင် ....."

ကုဖုန်းအသံက အက်ကွဲတုန်ရီကာ လိုချင်တပ်မက်မှုအနည်းငယ် ပါဝင်နေတယ် ။

ယုပေါ်ယွင်က အမူးလွန်ကာ သတိမရှိတဲ့ အနေအထား ။ ဒါပေမဲ့ ..........ဒီတစ်ကြိမ်က အနီးကပ်ဆုံး နဲ့ စိတ်ဆန္ဒတွေ ပူလောင်ပြင်းပျဆုံး အခြေအနေ ။ ဒီအချိန်မှာမှ ယုပေါ်ယွင်ကိုယ်တိုင် သူ့အပေါ် မှီနွဲ့လာခဲ့တာ ။ ခဏလေးတောင် မဟုတ်ဘူး ။ ဖားပျံလေးတစ်ကောင်လို သူ့ရင်ခွင်ထဲ ကပ်တွယ်နေတာ အတော်ကြာပြီ ။

ကုဖုန်း ခေါင်းငုံ့လိုက်တဲ့အခါ ယုပေါ်ယွင်ရဲ့ တလှုပ်လှုပ်ဖြစ်နေတဲ့ မျက်တောင်ရှည်လေးတွေ ၊ အနည်းငယ် ထော်တက်နေတဲ့ နှုတ်ခမ်းနီထွေးထွေးကို အတိုင်းသား မြင်နေရတယ် ။ ကုဖုန်းမျက်လုံးထဲမှာ ယုပေါ်ယွင်ရဲ့ ဒီအမူအရာလေးက ကလေးဆိုးလေး စိတ်ကောက်နေပုံနဲ့ တစ်ထပ်တည်းပဲ ။

တည်ငြိမ်အောင် မနည်းထိန်းထားရတဲ့ သူ့ရင်ခုန်သံတွေ ကမောက်ကမဖြစ်လာတယ် ။ သူ့တစ်ကိုယ်လုံး အပူတရှိန်းရှိန်းတက်ပြီး ပေါက်ကွဲထွက်လုဆဲဆဲ ။ သူ့မျက်လုံးက ယုပေါ်ယွင်ထံမှာသာ ကပ်ငြိနေပြီး နောက်ဆုံးတော့ ငုံ့ကာနမ်းပစ်လိုက်တော့တယ် ။ အနမ်းတွေက ပူလောင်ပြင်းရှစွာ ၊ အငမ်းမရစွာ ၊ မွတ်သိပ်လှစွာ ။

ပြတင်းပေါက်ကို ဖြတ်တိုက်လာတဲ့ ပင်လယ်လေ အေးမြမြက အဝတ်ပါးလေးတောင် အပြည့်အစုံရှိမနေတဲ့ ယုပေါ်ယွင်ကို စိမ့်တက်သွားစေတယ် ။ သူ့ကိုယ်က လေအေးကြောင့်  ဆတ်ခနဲတုန်ကာ သတိအနည်းငယ် ပြန်ကပ်လာတယ် ။

တစ်စုံတစ်ယောက်က သူ့နှုတ်ခမ်းနဲ့လျှာကို ပြတ်ထွက်မတတ်နမ်းနေပြီး အဲ့ဒီလူရဲ့လျှာက သူ့အာခံတွင်းထဲထိ ကျူးကျော်ရောက်ရှိနေတာ ခံစားရတာကြောင့် လက်တစ်ဖက်နဲ့ တွန်းထုတ်လိုက်တယ် ။

" ခင်ဗျား !"

ယုပေါ်ယွင်မျက်နှာက ပူနွေးနေဆဲ။

" ကျွန်တော် မူးနေတာကို စောက်အခွင့်ကောင်းရအောင် ယူတယ်ပေါ့ ?"

" မဟုတ်ဘူး ! မဟုတ်ပါဘူး ပေါ်ယွင်ရယ် .. ကိုယ် နည်းနည်း စိတ်လွတ်ရုံ ......."

ကုဖုန်းက အမြန်ရှင်းပြချင်ပေမဲ့ စကားလုံးတွေ ထွက်မလာနိုင်ခဲ့ဘူး ။

ဘာတွေများ ရှင်းပြဦးမလို့လဲ ?!

သူ တကယ်ပဲ ဒီလူသားလေးအပေါ် မရိုးသားစွာ ကြံစည်မိတယ် မဟုတ်လား ?!

" မင်း , မင်းက အိပ်ရာထဲ မသွားနိုင်ဘူးပြောလို့ !"

ယုပေါ်ယွင် ချောင်းဆိုးပြီး အိပ်ရာထက် လှဲချလိုက်တယ် ။

" ကျွန်တော်နဲ့ ဝေးဝေးနေ "

ကုဖုန်း ဘယ်လောက်ပဲ လိုချင်ပြင်းပျနေပါစေ ချစ်ရသူကို အကြမ်းနည်းနဲ့ မရယူရက်ပါဘူး ။ ခွန်အားသုံးပြီး အတင်းအကြပ် သိမ်းပိုက်ခြင်းရဲ့ အကျိုးဆက်က သူတို့ကို ပိုပြီးဝေးကွာသွားစေမှာ ။ ကုဖုန်းက ဦးနှောက်မရှိတဲ့ ငတုံးတစ်ယောက်မှ မဟုတ်တာ ။

ကုဖုန်း သူ့ကိုယ်သူပြန်ထိန်းချုပ်ပြီး ယုပေါ်ယွင်ကို သန့်ရှင်းရေးလုပ်ပေးတယ် ။ ပြီးတော့ အိပ်ရာပေါ်တင်ပေးပြီး ခေါင်းအုံးပေါ်ထိ အသေအချာ နေရာချပေးကာ အိပ်မောကျသည်အထိ စောင့်ကြည့်တယ် ။

သူ့အတွက်ကတော့ ယုပေါ်ယွင်ကိုယ်ကထုတ်လွှတ်တဲ့ ' ထိရဲထိကြည့် ' ဆိုတဲ့ အန္တရာယ်အငွေ့အသက်ကြောင့် ဆိုဖာပေါ်မှာသာ အတောင့်လိုက်လှဲနေရတယ် ။

" ချက် ချက် ချက် !"

နာရီသံ တစ်ချက်ချက်က စည်းချက်ကျကျ ထွက်နေဆဲ ။

ကုဖုန်းဟာ လရောင်ကြောင့် လင်းနေတဲ့ မျက်နှာကြက်ကို ငေးကြည့်နေတယ် ။ သူ့အသက်ရှူသံတွေ လေးပင်ပြီး မငြိမ်မသက်ဖြစ်နေတုန်းပဲ ။

သူ ထပ်ပြီးထိန်းမထားနိုင်တော့ဘူး !

သူက အတော်ကြာအောင် အဲ့ဒါကိုပဲ တွေးနေတယ် ။ သူ့နံဘေးက နှစ်ယောက်အိပ်မွေ့ရာထက်မှာ ယုပေါ်ယွင်က အဝတ်မကပ်ဘဲ လဲလျောင်းအိပ်စက်နေတယ် ။ သူက ဆိုဖာပေါ်မှာရှိနေတာတောင် ယုပေါ်ယွင်ရဲ့ အသက်ရှူသံကို ဝိုးတဝါးခံစားမိဆဲ ။

သူ့ရဲ့ ဖွားဖက်တော်က ပေါက်ကွဲလုမတတ် တင်းနေတုန်း ။ သူ့ရဲ့စိတ်ကူးထဲ ယုပေါ်ယွင်ရဲ့ ပုံရိပ်တွေချည်းပဲ ။ အရင်က ယုပေါ်ယွင်ရဲ့ကိုယ်ထဲ အားနဲ့မာန်နဲ့ ကျူးကျော်ဝင်ရောက်တိုင်း ရရှိတဲ့ သာယာမှု ၊ ဖော်ပြမရနိုင်တဲ့ ကျေနပ်မှုဇောအဟုန်နဲ့ ပြီးမြောက်ခဲ့တဲ့ ညများစွာ ၊ သူ့ကြောင့် ရဲရဲနီနေတဲ့ ယုပေါ်ယွင်ရဲ့ စွဲမက်ဖွယ်ရာ ခန္ဓာလေး ၊ စီးကျဆဲမျက်ရည်အသွယ်သွယ်နဲ့ သာယာမှုထဲနစ်မျောနေတဲ့ ယုပေါ်ယွင်ရဲ့ မျက်နှာချောချော ၊ နီတာရဲနှုတ်ခမ်းက ထွက်ကျလာတဲ့ ပူလောင်ပြင်းရှဖွယ်ရာ ညည်းညူသံသဲ့သဲ့ ...................။

သူ အသက်တစ်ချက်ရှူသွင်းပြီး ထရပ်ကာ အိပ်ပျော်နေတဲ့ ယုပေါ်ယွင်ကျောပြင်‌ဖွေးဖွေးကိုကြည့်ရင် တစ်ဖန်တွေဝေသွားရပြန်တယ် ။

အားရိုး ! ဘယ်လိုတောင် အိပ်မောကျနေရတာလဲ ?! ကလေးလေးတစ်ယောက်လိုပဲ !

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ သူ့ပေါင်ပေ့လေးနိုးသွားအောင် သူ ဘယ်လိုလုပ်ရက်နိုင်တော့မှာလဲ ?! ဆန္ဒတွေထကြွပြီး စိတ်‌တွေမှောင်မိုက်နေတဲ့သူက သူလေးရဲ့အနောက်ပိုင်းကို ဘယ်လိုစိတ်နဲ့ ကျူးကျော်ဝင်ရောက်ရက်တော့မှာလဲ ?!

ပြီးမြောက်ချင်ရင်လည်း ကိုယ့်ဘာသာလက်သမားလုပ်ပေရော့ပဲ !

ကုဖုန်း သက်ပြင်းချပြီး ရေချိုးခန်းထဲလျှောက်သွားကာ သူ့တစ်ကိုယ်လုံး ရေအေးအေးဖြင့်လောင်းရင်း ထကြွသောင်းကျန်းနေတဲ့‌ ရမ္မက်ဇောတွေကို ငြှိမ်းပစ်ရတယ် ။ ရေအေးအေးနဲ့ထိတွေ့နေတာတောင် သူ့စိတ်က ပူလောင်နေတုန်းပဲ ။ ကုဖုန်း အံကြိတ်ကာ စွပ်ကျယ်သားလက်ရှည်အနက်တစ်ထည်ဝတ်ပြီး တံခါးကို အသံမမြည်အောင်ပိတ်ကာ သင်္ဘောထဲက Gym သို့ ဦးတည်လိုက်လေတယ် ။

ထုံးစံအရဆိုရင် ပုံမှန်အခြေအနေမှာ သင်္ဘောရဲ့အချို့နေရာတွေကို ပိတ်ထားတတ်တယ် ။ ဒါပေမဲ့ မန့်လုံက ငှားရမ်းစာချုပ်ချုပ်ကတည်းက သင်္ဘောတစ်စင်းလုံးရဲ့ ဘာ်နေရာမဆို ၂၄နာရီ ဝင်ထွက်ပိုင်ခွင့်ပါ ထည့်သွင်းချုပ်ဆိုခဲ့တယ် ။ သူ့ရဲ့ဧည့်သည်တွေ စိတ်ကျေနပ်ပျော်ရွှင်ဖို့ရာ အစစ အရာရာ မလစ်ဟင်းစေရဘူး ။

Gym တံခါးကို ကုဖုန်း တွန်းဖွင့်လိုက်ချိန်မှာ သူ့ထက်အရင်ရောက်နှင့်နေသူကြောင့် အံ့ဩသွားတယ် ။

မန့်မန့်လုံ !

မန့်လုံက အပေါ်ပိုင်းဗလာကျင်းလို့ ။ သူ့ကိုယ်မှာ ချွေးရွှဲနေပြီး တောင့်တင်းသန်မာလှတဲ့ ကြွက်သားတွေက အမြောင်းလိုက် ။

သူက အလေးမလေ့ကျင့်ခန်းလုပ်နေတာ ။ အသက်ရှူသံပြင်းပြင်းနဲ့ မျက်နှာက နီမြန်းလျက် ။

အံ့ဩစိတ်ကြောင့် ကုဖုန်း မျက်ခုံးပင့်ရင်း လျှောက်သွားတယ် ။

" အရမ်းနောက်ကျနေပြီကို ဘာလို့ဒီရောက်နေတာလဲ "

မန့်လုံ အလေးတုံးကိုချပြီး အသက်ရှူထုတ်ကာ တဘက်အသေးလေးနဲ့ မျက်နှာနဲ့ လည်ပင်းတဝိုက်ကချွေးကို သုတ်တယ် ။

" ငါ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်နေတာလေ "

" လေ့ကျင့်ခန်းလုပ်ဖို့ရာ အချိန်က အရမ်းနောက်ကျနေပြီမဟုတ်လား "

ကုဖုန်းက သံသယဖြစ်စွာ ဆိုတယ် ။

" ဒီညက မင်းရဲ့ စေ့စပ်ပွဲည မဟုတ်လား "

မန့်လုံ နံဘေးက ရေဘူးကိုယူသောက်ပြီးနောက် ခေါင်းမော့ကာ နှာမှုတ်တယ် ။ သူ့လည်စေ့က လှုပ်ခတ်လို့ ။

မန့်လုံ သက်ပြင်းချပြီး လက်နှစ်ချောင်းထောင်ပြတယ် ။

" ဘယ်နှစ်ချောင်းလဲ "

" ဟမ် ?"

ကုဖုန်း ခေါင်းခြောက်သွားတယ် ။

" စေ့စပ်ပွဲအောင်မြင်အောင် ကျင်းပနိုင်ရေး , ငြီးငွေ့ဖွယ်ရာ တာဝန်ဝတ္တရားတွေ အပြတ်ဖြတ်ရေး , သင်္ဘောငှားဖို့အရေး , ဟိုအရေး ဒီအရေးတွေကို ငါ့မှာ လုံးပန်းနေရတာ .. ရှန်းရှန်းကိုတောင် မထိနိုင်ဘူး .. ငါတွေးထားတာက ငါ့ရဲ့စေ့စပ်ပွဲညကျမှပဲ အတိုးချပြီး တစ်ညလုံး အမုန်းဆွဲပစ်မယ်လို့ပေါ့ .. "

မန့်လုံရဲ့ အမူအရာက အတော်လေး သနားစရာကောင်းနေတယ် ။

" မင်း စဉ်းစားကြည့်ကွာ ..ငါ့မှာ နှစ်ခါလေးပဲ လုပ်ရသေးတယ် .. အဲ့ဒါကို ရှန်းရှန်းက မခံနိုင်တော့ပါဘူးဆိုပြီး ငါ့ကို ကန်ထုတ်လိုက်တယ်ကွာ .. ငါ့မှာ ခဲလေသမျှ သဲရေကျ "

" မဆိုးပါဘူးကွာ .. မင်းကမှ ဇနီးလေးကို ပတ်ချွဲနှပ်ချွဲလုပ်ပြီး ကပ်တိုးလေး နှစ်ကြိမ်ပြီးခဲ့ပါသေးတယ် "

ကုဖုန်းနှာမှုတ်ရင်း မရှုဆိတ်နိုင်စွာ ဆိုတယ် ။

သူကတော့ အသက်ရှုကြပ်ပြီး သေသွားရင်တောင် ယုပေါ်ယွင်ကိုထိနိုင်မယ် မထင်ဘူး ။ အဲ့ဒါက သူ့ကို အရမ်းအရမ်း ‌ရင်နာစေတာပဲ ။

" ဟေး ! မင်း ငါ့ခံစားချက်ကို နားမလည်ပါဘူး "

မန့်လုံက မကြည်မသာဆိုတယ် ။

" ငါက အရမ်းဆန္ဒပြင်းတယ် .. တစ်ခါ နှစ်ခါနဲ့လည်း မတင်းတိမ်ဘူး .. ငါ့ရဲ့ဆန္ဒနောက်ကို ရှန်းရှန်းမလိုက်နိုင်တာလည်း ငါ သိတယ် .. အဲ့တော့ ဖြေရှင်းနည်းကို အမြန်လေး စဉ်းစားရတာပေါ့ .. ရေရှည်ဆို မဖြစ်ဘူးလေ .. တစ်ဘဝစာလုံးလက်တွဲသွားမယ့် ဇနီးနဲ့ လိုက်လျောညီထွေဖြစ်မယ့်အရေး ဦးစားပေး စဉ်းစားရမယ် .. နောက်တော့ ဒီနည်းကို ငါတွေ့တယ်ကွာ .. သူ မခံနိုင်တော့တဲ့အဆုံးမှာ ညလယ်ခေါင်ကြီးလည်းထပြီး လေ့ကျင့်ခန်းပြင်းပြင်းလုပ် .. တင်းနေတဲ့ငါ့ကောင်ကို လျှော့ချပစ် ......"

ကုဖုန်းခေါင်းညိတ်တယ် ။

" မှန်လိုက်လေ ! "

" နေပါဦး , မင်း !"

မန့်လုံ ဆတ်ခနဲကြည့်ပြီး မေးတယ် ။ ပြီးတော့ မချိုမချဉ်အပြုံးနဲ့

" မင်းလည်း ညလယ်ခေါင်ကြီး Gym ရောက်လာတယ်ဆိုတော့ ..ဧကန္တ မင်းလည်း ငါ့လို တစ်ကိုယ်တည်းဖြေလျော့မလို့လား "

ကုဖုန်း ကျစ်ခနဲ စုပ်သပ်ကာ

" ငါက ဘာလုပ်နိုင်မှာလဲ .. အခန်းထဲမှာတုန်းကတော့ တကယ်ကို တောင်ခံမထားနိုင်တာ .. သူ့ကိုတောင် အတင်းအကြပ် သိမ်းပိုက်မိတော့မလို့ .. ဒါပေမဲ့ ငါ မလုပ်ရဲဘူး .. မလုပ်ရက်တာဆို ပိုမှန်မှာပေါ့ကွာ .. ကျူးလွန်ဖို့က လွယ်တယ် .. သူ ထပ်မုန်းသွားရင် ပြန်နီးစပ်ဖို့က မလွယ်တော့ဘူး .. အဲ့ချိန်မှ ငိုယိုပြီး ဒူးထောက်တောင်းပန်လည်း နောက်ကျသွားပြီလေ .. ငါ့မှာ ငါ့ကိုယ်ငါပဲ အတင်းထိန်းချုပ်ထားရတာပေါ့ "

" တခြားကောင်ချောလေးတွေ , အလှလေးတွေ ပေါကပေါနဲ့ .. ထပ်မရှာချင်ဘူးလား .. မင်း အနေအထားနဲ့ဆို ........"

" မနောက်စမ်းနဲ့ !"

ကုဖုန်း ခြောက်ကပ်ကပ်ပြုံးတယ် ။

" ခုချိန်မှာ တခြားလူတွေနဲ့ စိတ်ဖြေဖို့ ယောင်လို့‌တောင် မတွေးဘူး .. ငါ့နဖူးမှာ သစ္စာတရားဆိုတဲ့ စကားလုံးကြီး ရေးထားတာ မြင်လား "

မန့်လုံ လှဲချလိုက်ပြီး ခန့်ညားချောမောကာ ဆွဲဆောင်မှုရှိတဲ့ ကုဖုန်းကို တစ်ချက်ကြည့်တယ် ။

အကယ်၍ ကုဖုန်းက သူနဲ့အိပ်ဖို့ရာ တစ်စုံတစ်ယောက်ကို ရှာချင်စိတ်ရှိနေတယ်ဆိုရင် မန့်လုံက ကုဖုန်းဘက်မှာ လုံးဝရပ်တည်မှာ မဟုတ်ဘူး ။

ဒါပေမဲ့ အခု ကုဖုန်းက သူ့ကိုယ်သူ ထိန်းချုပ်နိုင်တယ် ။ ပြင်းပြလောင်မြိုက်နေတဲ့ စိတ်ဆန္ဒတွေကို တခြားလူနဲ့အိပ်ပြီး ဖြေရှင်းဖို့ထက် လေ့ကျင့်ခန်းလုပ်ဖို့သာတွေးပြီး ညလယ်သန်းခေါင်ယံကြီးမှာ Gym ကို ပေါက်ချလာတယ် ။

ဒီတစ်ကြိမ်တော့ ဒီလူဟာ အမှန်တကယ် အချစ်မှာ ကျရှုံးသွားခဲ့ပြီပဲ ။

သူဟာ ယုပေါ်ယွင်ကို နောက်မဆုတ်တမ်း ချစ်နေမိပြီဆိုတာ ထင်သာမြင်သာတယ် ။

မန့်လုံ သက်ပြင်းချပြီး ကုဖုန်းပခုံးကို အသာပုတ်တယ် ။

" သူ့ရဲ့အချစ်ကို မြန်နိုင်သမျှ အမြန်ဆုံး ပြန်ရဖို့ ကြိုးစား ! မင်းတို့နှစ်ယောက်ကို ငါ‌ကြည့်ရသလောက်‌ဆိုရင် ...နေ့ရက်ကောင်းလေးတွေ မကြာခင် ရောက်လာတော့မှာပါ .. ငါ ပြောတာ ယုံ "

" အဲ့ဒါဆိုရင် မင်းရဲ့ ကောင်းချီးမင်္ဂလာတွေ ငါ့ကိုချေးပေးနိုင်မလား "

ကုဖုန်းက မန့်လုံနဲ့အတူ အကြိမ်အနည်းငယ် ရယ်မောလိုက်တယ် ။ နှစ်ယောက်ကြားမှာ စကားတွေမလို .. အလိုလိုနားလည်မှုနဲ့ မန့်လုံက အလေးဆက်မနေသလို ကုဖုန်းက နေ့စဉ်လုပ်နေကျ လေ့ကျင့်ခန်းကို စတင်လုပ်လေတော့တယ် ။

***************************************

Chapter 227

" အစ်မရယ် , ကျွန်တော် အဆင်ပြေပါတယ်ဗျာ .. သင်္ဘောပေါ်မှာ ရက်နည်းနည်းလောက် ပျော်ရုံပါပဲဆို "

လိခေး အပြင်မှာရပ်နေပြီး လက်တစ်ဖက်မှာ အမူးပြေဟင်းရည်တစ်ခွက်ကိုင်ကာ တခြားတစ်ဖက်နဲ့ ဖုန်းကိုင်ကာ စကားပြောနေတယ် ။

" ကျွန်တော့်ဘော်ဒါတွေအကြောင်း ကျွန်တော် သိပါတယ် .. အစ်မ ပြောမယ့်စကားတွေလည်း ကျွန်တော်သိတယ် .. ဆေးမချနဲ့ , လောင်းကစားမလုပ်နဲ့ , ဖာမချနဲ့ , နုပျိုစေခြင်း အချက်ငါးချက်နဲ့ညီအောင်နေ , ခေတ်ကိုအမှီလိုက် , မင်းရဲ့နှလုံးသားကို အဝေးမှာထား .........."

" ငါ့မောင်မဟုတ်ဘူးလို့ ဘယ်သူပြောလဲ "
ဖုန်းထဲမှ လိခေးအစ်မအသံက အနည်းငယ် ချီးကျူးမှုလေး စွက်နေတယ် ။

" မင်း လူတွေကို စိတ်ပူရအောင် မလုပ်နဲ့နော် .. ဆိုင်းမဆင့် ဗုံမပါ ဗြုန်းစားကြီးကောက်ထသွားပြီး သင်္ဘောပေါ် ရောက်နေပြန်ပြီ..ပင်လယ် သမုဒ္ဒရာဆိုတာမျိုးက မာယာများတယ် .. မျက်စိတဆုံး ရေပြင်ချည်းပဲ .. တကယ်လို့ မင်းတစ်ခုခုဖြစ်သွားရင် အိမ်မှာလို ထျန်းထျန်းကိုလည်း တ,လို့မရဘူး .. တိတိကိုလည်း တ,လို့မရဘူးနော် .. မင်းဖြစ်ရင် မင်းခံရမှာ .. နားလည်ရဲ့လား "

" ဟုတ် , ဟုတ် , ဟုတ် , ဟုတ် , ဟုတ် "

လိခေး ပုတ်သင်ညိုလို ခေါင်းတဆတ်ဆတ်ညိတ်တယ် ။

" နားလည်ပါပြီ .. နောက်ရက်တွေကျရင် ကျွန်တော် နေကောင်းကြောင်း ကျန်းမာကြောင်း အသက်ရှင်လျက်ရှိကြောင်း နှစ်နာရီခြားတစ်ခါ ဖုန်းဆက်အကြောင်းကြားပါ့မယ်..ဟုတ်ပြီလား "

လိခေးအစ်မက 'အင်း' လိုက်တယ် ။

" အဲ့ဒါက ပြီးလု......"

လိခေး စကားဆက်ပြောရန်ကြံရွယ်စဉ် အထဲမှ အော်သံကို ကြားလိုက်ရတယ် ။

" ပေါ်ယွင်အချစ်ရေ !!!!!"

လိခေး မျက်ဖြူသာလန်ပစ်လိုက်တယ် ။ ဒီအရက်သမားက ရူးကြောင်မူးကြောင်နဲ့ အော်ချင်ရာတွေ စွတ်အော်နေပြန်ပြီ ။

လိခေး ခြေလှမ်းအမြန်လှမ်းကာ တံခါးဆွဲဖွင့်ဝင်ပြီး သောင်းကျန်းနေတဲ့ကျန်းဟောင် ငြိမ်သွားစေဖို့ အမူပြေဟင်းရည်ပေးဖို့သာ စိတ်စောနေတယ် ။ အခန်းထဲရောက်တာနဲ့ ဖုန်းကို ခပ်လှမ်းလှမ်းဆီ လွှင့်ပစ်ပြီး လျစ်လျူရှူကာ ကျန်းဟောင်ဆီ အပြေးသွားပြီး ကျန်းဟောင်လက်မောင်းကို ဖမ်းချုပ်လိုက်တယ် ။

"တော်တော့ ! ဘာတွေလျှောက်ခေါ်နေတာလဲ .. အဲ့ဒီတစ်ယောက်ကိုခေါ်နေတာ မနေ့က ညလယ်ခေါင်တည်းက "

ကျန်းဟောင်က နောက်ဆုံးတစ်ခေါက်တုန်းကလောက် မူးရူးမနေဘူး ။ ဒါကြောင့် သူ့မှာ ခွန်အားအပြည့်ပဲ ။ ဒါပေမဲ့ အရက်ရဲ့နောက်ဆက်တွဲအကျိုးကြောင့် အသိစိတ်ရေရေရာရာမရှိဘဲ အိပ်မက်လိုလို တကယ်လိုလို ဝေဝေဝါးဝါးဖြစ်နေတုန်း ။ သူက မဆင်မခြင် အော်ပစ်လိုက်တယ် ။

" မင်း ဘာလို့ သူနဲ့ ဆက်နေ,နေသေးတာလဲ "

" ဘာရယ် ?!"
လိခေး ကြောင်သွားတယ် ။

" အဲ့ ခွေးမြှီးကောက်ကျည်တောက်စွပ်က မင်းရှိလျက်နဲ့ ခြံခုန်တယ်လေ .. အဲ့ဒါတောင် သူက အရမ်းကောင်းနေ ...အေ့ ! အေ့ ! ......."

ကျန်းဟောင် လေချဉ်နှစ်ခါမျှတက်တယ်

" မင်းရဲ့ ခွင့်လွှတ်မှုနဲ့ ထိုက်တန်လို့ ......."

လိခေး သက်ပြင်းချတယ် ။

" မင်း တခြားလူရဲ့အရေးကိစ္စတွေ လိုက်ပူမနေစမ်းပါနဲ့ .. ကွကိုလည်း ပြန်ကြည့်ပြီး ဂရုစိုက်စမ်းပါဦ "

ထို့နောက် လိခေးက အမူးပြေဟင်းရည်ကို ကျန်းဟောင်ဆီ လှမ်းပေးလိုက်တယ် ။

မမျှော်လင့်ထားစွာပဲ ။ ကျန်းဟောင်းက အမူးပြေဟင်းရည်ကို ဆွဲယူကာ လွှင့်ပစ်လိုက်လေတယ် ။

" ဖာ့ခ် ! မင်း ဘာလုပ်တာလဲ .. ငါ့မှာ မင်းအတွက် အပြေးအလွှားသွားယူပေးလာတာလေ "

ကျန်းဟောင် သူ့ရှေ့က အော်ငေါက်ဆူပူနေသူကို တစ်ချက်ကြည့်တယ် ။ ဒီ သေးသေးကွေးကွေးနဲ့ ကြင်နာတတ်ပြီး မာနကြီးတဲ့လူကို သူ အရမ်းအရမ်း ရင်းနှီးနေသလိုပဲ ။

ကျန်းဟောင်က အမူးမပြေသေးစွာနဲ့ မျက်တောင်နှစ်ချက်ခတ်ပြီး သူ့ရှေ့ကလူကို သိမ်းဖက်ပစ်လိုက်တယ် ။

" ငါ မင်းကို အရမ်းသဘောကျတယ် "
ကျန်းဟောင်က ဝေဝါးရှုပ်ထွေးစွာပြောတယ် ။
" တကယ်သဘောကျတာ .. တကယ်ပါ "

ကျန်းဟောင်ရဲ့ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားမှုကြောင့် လိခေးခမျာ စက္ကန့်ပိုင်းလောက် အသက်ရှူကြပ်သွားတယ် ။

" ဟေး သတိကပ်စမ်း ! ငါက ငါ့အမေ ဝမ်းထဲက ကျွတ်ပြီးတည်းက လူတကာရဲ့ ချီးမွမ်းအားကျခြင်းတွေ ခံခဲ့ရတာကွ .. အသားအရည်ကောင်းလို့ ၊ စိတ်သဘောထားပြည့်ဝလို့ စသဖြင့်ပဲ .. ငါ ကလေးဘဝတည်းက ကောင်မလေးတွေဝိုင်းဝိုင်းလည် ...."

သူ့စကားမဆုံးသေးခင် သူ့နှုတ်ခမ်းပိစိက ချိပ်ပိတ်ခံလိုက်ရတယ် ။

ဒုတိယမြောက် !

လခွမ်းတဲ့မှ ! ဒါ ဒုတိယအကြိမ်မြောက် !

ဒီ အရှက်မဲ့တဲ့ အရိုင်းအစိုင်းသတ္တဝါဆီမှာ တကယ်ကြီးကို အနမ်းခံနေရတာ !

" ကျန်းဟောင် , ‌မင်း ခွေးတိရစ္ဆာန်ကောင် ! , လူရိုင်းကောင် ! , ဝက်နလပိန်တုံးကောင် !, မင်း ........."

လိခေး အပြင်းအထန်ရုန်းတယ် ။ ဒါပေမဲ့ ကျန်းဟောင်က တပ်ထဲမှာ အားကစားထူးချွန်ဆု ရခဲ့သူ ။ သူ့ရဲ့အားက သာမန်မဟုတ်ဘူး ။ မူးပြီးအသိစိတ်လွတ်နေချိန်မို့ ပိုဆိုး ။

လိခေး သူ့ကိုယ်သူ ယုန်ဖြူလေးတစ်ကောင်လို ခံစားရပြီး အစွယ်ဖွေးဖွေးသားစားကျားရဲကြီးလက်ထဲက မလွတ်မြောက်နိုင်တော့ဘူးလို့ တွေးနေတယ် ။

နှစ်ယောက်သား ရုန်းသူကရုန်း ၊ အတင်းဖက်သူကဖက်နဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး နောက်ဆုံးမှာ အိပ်ရာပေါ် ထပ်လျက်ကျသွားပါလေရော ။

လိခေး တစ်ခုခုမှားနေပြီလို့ တွေးမိပုံရတယ် ။သူခေါင်းလှည့်ကြည့်ချိန်မှာ ကျန်းဟောင်အကြည့်နဲ့ တည့်တည့်တိုးတယ် ။ အမူးသမားကျန်းဟောင်ရဲ့ မျက်လုံးတွေက နီရဲပြီး ကျားသစ်တစ်ကောင်က သူ့သားကောင်ကို စူးစူးရဲရဲ ကြည့်နေသလိုမျိုး ။ အကြည့်တွေက ရိုင်းစိုင်းကြမ်းကြုတ်ပြီး လုံးဝရပ်တန့်မယ့်ပုံ မပေါ်ဘူး ။

အဲ့ဒီညက ပင်လယ်ပြင်မှာ လေလှိုင်းထန်တယ် ။ လေတိုက်ခတ်သံ တဝှီးဝှီး ၊ လှိုင်းပုတ်သံ တဝုန်းဝုန်းက ပင်လယ်ကြီးရဲ့ နေရာအနှံ့မှာ ။

( အိမ်း မြန်မာပေါကားတွေထဲက ဇာတ်ကွက်အတိုင်းပြောရရင် ပန်းအိုးလေး ကျကွဲသွားပါပြီရှန် 😂)

ယုပေါ်ယွင် အိပ်မောကျနေရာမှနိုးလာတော့ ခေါင်းကိုက်ခြင်းကိုသာ ခံစားရတယ် ။ သူက ပေါက်ထွက်မတတ်ကိုက်နေတဲ့ခေါင်းကိုနှိပ်ပြီး မီးအလင်းရောင်စူးစူးကို မျက်လုံးမှေးစင်းကာ ကြည့်တယ် ။

အဲ့ဒီအချိန်မှာ လက်မောင်းတစ်ဖက်က သူ့ကို သိမ်းပွေ့ပြီး သံလိုက်လိုဆွဲဆောင်မှုရှိတဲ့အသံက သူ့နားထဲ တိုးဝင်လာတယ်။

" နိုးရင် ထတော့ , ဒီမှာ ရေနွေးနွေးလေး သောက်လိုက် "

ယုပေါ်ယွင် မီးရောင်နဲ့အသားကျသွားပြီမို့ သူ့ရှေ့မှာရပ်နေတဲ့ ကုဖုန်းကို မြင်သွားတယ် ။

သူ ခပ်ပြင်းပြင်းအသက်ရှူထုတ်ပြီး
" ကျွန်တော့်ဘာသာ ယူသောက်မယ် "

ထို့နောက် ရေခွက်ကိုယူပြီး တစ်ခါတည်းမော့သောက်လိုက်တယ် ။ ရေက အပူချိန်အနေတော်လေးမို့ ဝမ်းဗိုက်ထဲစီးဝင်ရောက်ချိန်မှာ အရမ်းပဲ နေလို့ကောင်းသွားတယ် ။

" မနေ့ညက ကျွန်တော် ထပ်ပြီးမူးသွားပြန်တာလား "

ယုပေါ်ယွင် ခေါင်းခါပြီး မနေ့ညက အကြောင်းတွေကို ပြန်စဉ်းစားတယ် ။

" ကျွန်တော် ဘာမှမမှတ်မိတော့ဘူး .. နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲ "

(ဟုတ်ကဲ့ .. ဘာမှဆက်မဖြစ်ပါဘူး .. reader လေးတို့ မချင့်မရဲဖြစ်သွားတယ် မဟုတ်လား .. မညာနက်နော် )

*************************************

Chapter 228

" မနေ့ညက မင်းမူးပြီးတော့ နည်းနည်းလေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့တယ် "

ကုဖုန်း သူ့ကျောကို တစ်ဖြောင့်တည်းဖြစ်အောင် ဆန့်လိုက်တယ် ။

" ကိုယ့်ရှေ့မှာ အဝတ်တွေချွတ်ပစ်တာ တစ်ကိုယ်လုံး ဗလာကျင်းတော့မလိုပဲ ..မင်း သိလား "

ယုပေါ်ယွင်မျက်နှာ ရဲခနဲပဲ ။ ပေါက်ထွက်တော့မယ် ခရမ်းချဉ်သီးလေးလို ။ ပြီးတာနဲ့ ရှက်ရမ်းရမ်းပြီး အော်လေတော့တယ် ။

" ကျွန်တော်က , အဲ့ဒါမျိုးတွေ လုပ်တယ်ပေါ့ .. ခင်ဗျား မဟုတ်တာတွေ မပြောချင်စမ်းနဲ့ "

" ကိုယ်က မင်းကို ဘာလို့ညာရမှာလဲ "

ကုဖုန်းပြုံးလျက် သူ့လည်ပင်းကို လက်ညှိုးထိုးပြတယ် ။

" ဒါ မင်းလေးကိုယ်တိုင် လုပ်ထားတာလေ .. ကိုယ့် လည်ပင်းကို နမ်းသွားတာလေ ..ကြည့်ပါဦး ကလေးလေး , ဒါ မင်းလေးပေးတဲ့ hickey !"

ယုပေါ်ယွင်က ကုဖုန်းလည်တိုင်က အနီရောင်အကွက်ကြီးကိုကြည့်တယ် ။

တကယ်ပဲ hickey !

ဒါဆို သူ ညတုန်းက အတော်လေး သတိလက်လွတ်နဲ့ကို မူးသွားခဲ့တာလား  ?!

ဟိုလူ့လည်ပင်းက အနီကွက်ကြီးက စိတ်ရူးပေါက်နေတဲ့ခွေးဆိုးတစ်ကောင် ကိုက်ထားတဲ့အတိုင်းပဲ ။

ဆိုတော့ကာ .......ညတုန်းက သူ မူးမူးရူးရူးနဲ့ ဒီလို မ‌ထော်မနန်းတွေ လုပ်ခဲ့မိတာတဲ့လား ?!

ယုပေါ်ယွင် တံတွေးမြိုချလိုက်တာကြောင့် ‌လည်စေ့လေး နိမ့်ဆင်းသွားတယ် ။ ထို့နောက် မတ်တတ်ထရပ်ပြီး

" ဘာဖြစ်လဲ အဲ့တော့ .. အမူးလွန်ရင် လူတိုင်းအမှားလုပ်တတ်တာပဲ .. ဘာလဲ ?? ခင်ဗျားက ကျွန်တော့်ကို ကစားချင်တာလား ?!"

ကုဖုန်း ချက်ချင်းပဲ ခုခံပြောတယ် ။

" မဟုတ်ရပါဘူး ကလေးရာ .. စိတ်လိုလက်ရနဲ့ မင်းလေး ကိုယ့်ကိုနမ်းလာတာနဲ့တင် ကိုယ် အရမ်းပျော်နေပါပြီကွာ "

ယုပေါ်ယွင် ဟွန်းခနဲ နှာမှုတ်ပြီး ပုခက်ထဲက ကုကျားယွဲ့လေးဘက် လှည့်လိုက်တယ် ။

ပုခက်ထဲက ‌ပိစိပေါက်စနလေးက နှာခေါင်းသေးသေးလေး သဲ့သဲ့လှုပ်ရင်း အိပ်မောကျနေတာ အရမ်းအရမ်းကို ချစ်စရာကောင်းလွန်းတယ် ။ ဆွဲဖက်ဖျစ်ညှစ်ပစ်ချင်စရာ ။

ဒီချစ်စရာလေးက သူကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးထားတာ ။ တနည်းအားဖြင့် သူနဲ့ ကုဖုန်းရဲ့ သွေး ။ ပြီးတော့ ကုဖုန်းနဲ့သူ တစ်နေ့ထက်တစ်နေ့ ပိုပြီးအနေနီးလာတယ် ။

ဖြတ်သန်းခဲ့ပြီးတဲ့ အတိတ်နေ့ရက်တွေမှာ ကုဖုန်းရဲ့ ပြန်ချဉ်းကပ်မှုကို သူ ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့တယ် ။ ဒါပေမဲ့ ကုဖုန်းက လက်မလျော့ဘဲ အနုနည်းနဲ့ ညင်ညင်သာသာလေး တစ်လှမ်းချင်းတိုးကပ်လာနေတာကြောင့် သူ့ရဲ့စိတ်တွေ ပျော့ပျောင်းလာတာလည်း သူ့ကိုယ်သူ သိတယ် ။

အခုဆိုရင် ဒီလူ့ကလေးကိုလည်း မွေးပေးထားပြီးပြီ ။ အဲ့ဒီအပြင် အတူတူနေဖို့ အကြောင်းတွေဖန်လာပြန်တော့ မဖြစ်မနေ အတူတူနေရပြန်တယ် ။ ပြီးတော့ ........ပြီးတော့ သူ့စိတ်နဲ့သူ ပြင်းပြင်းရှရှ သည်းသည်းမည်းမည်း နမ်းမိ ............။

ဒါက လက်တွေ့ကျကျ သုံးသပ်ချက်တစ်ခုပါပဲ ။

သူ မူလတွေးထားတာက ကုဖုန်းကို ပစ်ပစ်ခါခါပြော အဝေးဆုံးမှာနေပြီး ကျောခိုင်းထားနိုင်လိမ့်မယ်လို့ ။ ဒါပေမဲ့ ဝမ်းနည်းစွာ သူ ရှာတွေ့လိုက်တာက .... ကုဖုန်းထံသာ ဦးတည်ပြီး ကုဖုန်း , ကုဖုန်းနဲ့မြည်နေတဲ့ သူ့နှလုံးသားထဲက အသံတွေကိုပဲ ။

ဒီတိုင်းသာ ဆက်သွားနေရင် တင်းခံထားသမျှ ပြိုပျက်ပြီး ကုဖုန်းဆိုတဲ့နွံအိုင်ထဲ သူ့ကိုယ်သူ ပြန်လည်နစ်မြုပ်ပစ်မယ့်အချိန်က သိပ်မလိုလောက်တော့ဘူး ။

သူ တွေးရင်း ဝမ်းနည်းလာတယ် ။ ကုဖုန်းက သူ့ကို နာကျင်စေခဲ့တာ ၊ ဒဏ်ရာတွေအများကြီး ပေးခဲ့တာ လပေါင်း ရက်ပေါင်းများစွာ မက ။

အခုချိန်မှာ ကုဖုန်း နောင်တရနေပြီဆိုပေမဲ့ ဘယ်လောက်များကြာသေးလို့လဲ ။ တစ်နှစ်တောင် မရှိသေးဘူး ။ အဲ့ဒါကို သူက ဒီလိုတောင် ခွင့်လွှတ်နိုင်သွားပြီတဲ့လား ?!။

သူက သိပ်ကိုပျော့ညံ့လွန်းတယ် ထင်ပါရဲ့ !

ရင်နာရလေခြင်း !

ယုပေါ်ယွင်ရဲ့အတွေးကို ကျားယွဲ့လေးငိုသံက ဖြတ်တောက်ပစ်လိုက်တယ် ။ ယုပေါ်ယွင်လက်လှမ်းပြီး ကုပေါက်စကို ပုခက်ထဲကထုတ်ကာ ချော့မြှူရင်း တစ်ဆက်တည်း ဓားတစ်စင်းလို ထက်ရှလှတဲ့ မျက်လုံးအစုံနဲ့ ကုဖုန်းကို လှည့်ကြည့်တယ် ။ သူ့ အကြည့်က ကုဖုန်းကို ထွင်းဖောက်သွားတော့မယ့်အတိုင်းပဲ ။ ဒါပေမဲ့ မခုတ်တတ်တဲ့ကြောင်လို အပြစ်ကင်းလှပါတဲ့ ကုဖုန်းမျက်လုံးတွေနဲ့တည့်တည့်တိုးချိန်မှာ သူ့စိတ်‌တွေ ထိန်းမရတော့ဘူး ။

ယုပေါ်ယွင်ဟာ ခြေထောက်မြှောက်ပြီး ကုဖုန်းကို အားပါပါလေး ကန်ပစ်လိုက်ပါသတဲ့ ။

ဒီလူနဲ့ စာရင်းရှင်းဖို့ လိုပြီ !

ကုဖုန်းက အသက်ရှူသွင်း ရှူထုတ်နည်းနဲ့ နာကျင်မှုကို တောင့်ခံထားတယ် ။ ဘာပဲဖြစ်ဖြစ် သူ့ ကြွက်သားတွေက သန်မာပြီးသားလေ ။ ချစ်ရသူ ကြိုက်သလောက် ကန်ပါစေ ။

ယုပေါ်ယွင် စိတ်ရှိလက်ရှိကန်ပြီးနောက်မှာ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားတယ် ။ သူ့သား ကုပေါက်စကို လန်းဆန်းတက်ကြွစွာ ဖက်ပွေ့ပြီး မေးကိုဟန်ပါပါပင့်ကာ ရေရွတ်လိုက်တယ် ။

" ဒါမှ ကုမျိုးနွယ် ဘုရင်ကွ "

ထို့နောက် ကလေးချီလျက် ထွက်သွားတယ် ။ ကုဖုန်းဆီ ‌နဂါးမျက်စောင်းတစ်ချက် ပစ်လွှတ်ခဲ့ဖို့လည်း မမေ့ဘူး ။

အခန်းထဲကတစ်‌ယောက်မှာတော့ ချစ်သူကျွေးတဲ့ မနက်စာကို အီဆိမ့်နေအောင် စားလိုက်ရရှာတယ် ။

ကုဖုန်းက ယု‌ပေါ်ယွင်ရဲ့ နောက်ကျောဖြောင့်ဖြောင့်ကို အနောက်ကကြည့်ရင်း ကျန်နေခဲ့တယ် ။

အကန်ခံထားရလို့နာတာက ဟပ်ချလောင်း ! ဥုံဖွ !လို့ မန်းလိုက်သလိုပဲ ချက်ချင်းလက်ငင်းကို သက်သာသွားတယ် ။ ခြေထောက်လေးတော့ နည်းနည်းနာနေသေးတာပေါ့ ။ ဘာကြောင့် အကန်ခံရပြီး ဘာကြောင့်ဆူပူကြိမ်းမောင်းခံရမှန်းမသိပေမဲ့ သူ့အသည်းလေးလက်ချက်ဆိုတော့လည်း သူ့ရင်ထဲမှာ ပျားရည်အိုးကြီး သောက်ရသလိုကို ချိုမြိန်နေတော့တာ ။

ဒီလုပ်ရပ်ကြောင့် သူ သိလိုက်တာ ရှိတယ် ။ ယုပေါ်ယွင် သူ့ကို မုန်းမနေဘူး ။

ဒါက ရှင်းလင်းပြတ်သားလှစွာပဲ ချစ်သူတွေကြားမှာ လုပ်လေ့လုပ်ထရှိတဲ့ ကလူကျီစယ်မှုတစ်ခု !

ကုဖုန်း နေရာမှာရပ်ရင်း ပီတိဖြာနေတယ် ။ သူ့ရင်တစ်ခုလုံးလည်း နွေးမြလို့ ။ သူ့လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ရင်း ရှေ့လာမယ့်ရက်တွေမှာ ဒီထက်ပို ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ် ။ ပင်လယ်ပြင်ခရီးပြီးဆုံးတဲ့တစ်နေ့ နောက်‌ထပ်နောက်ထပ်သော ဝန်ခံမှုတွေနဲ့ အရင်လိုအခြေအနေမျိုး မြန်နိုင်သမျှ အမြန်ဆုံးပြန်ရောက်အောင် ကြိုးစားမယ် ။

သူ အပျော်လွန်ပြီး သတိလက်လွတ် ရယ်မိပြီးမှ သူ့ကိုယ်သူ အရူးတစ်ယောက်လိုပဲလို့ တွေးမိတယ် ။ အချစ်က တကယ်ပဲ လူကိုရူးသွပ်စေသလား ?! ။ ကုဖုန်း အကူအညီမဲ့စွာ ခေါင်းခါရမ်းရင်း ဘေးနားက  သားတော်မောင်ရဲ့အရုပ်ကိုယူပြီး ယုပေါ်ယွင်အနောက် လိုက်သွားတယ် ။

သင်္ဘောပေါ်က လူတိုင်းလူတိုင်း ကလေးကအစ ခွေးအဆုံး ဖလန်းဖလန်းထနေပေမဲ့ ကျန်းဟောင်နဲ့လိခေးအခန်းက ကြောက်စရာကောင်းအောင် တိတ်ဆိတ်နေဆဲ ။

အထဲက နှစ်ယောက်လုံး မနိုးကြသေးဘူး ။သူတို့အိပ်ရာလေးက ဗြောင်းဆန်လို့ ။ ကိုယ်ပေါ်ရှိနေသင့်တဲ့အဝတ်တွေက အိပ်ရာဘေးမှာ ဟိုတစ်ထည် ဒီတစ်ထည် ပြန့်ကျဲလျက် ။ အခန်းတစ်ခုလုံး ယောက်ျားဟော်မုန်းနံ့တွေ ၊ ပြီးမြောက်ခြင်းရနံ့တွေ တလှိုင်လှိုင်နဲ့ ။ ခုချိန် တစ်ယောက်ယောက်ဝင်လာရင် ဘာတွေဖြစ်ထားလဲ အတွေးရကြပ်လောက်စရာ ။

ပြတင်းပေါက်ကိုဖောက်ဝင်လာတဲ့ နေရောင်စူးစူးက လိခေးကို လှုပ်နိုးလိုက်တယ် ။ နိုးနိုးချင်း လည်ချောင်း‌ခြောက်ပြီးနာနေတာကြောင့် ခုတင်ခေါင်းရင်းက ရေဘူးကို လှမ်းယူတယ် ။ လိခေး လှုပ်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် နာကျင်သွားတယ် ။

အထူးသဖြင့် ........ တစ်နေရာက ။

သူ့မှတ်ဉာဏ်တွေ ဖြည်းဖြည်းချင်း ပြန်ရလာပြီး ညတုန်းက အ‌ဖြစ်အပျက်ကို ရုတ်ခနဲ တွေးမိကာ  အထိတ်တလန့်နဲ့ အိပ်ရာပေါ်က ပြုတ်ကျလုမတတ် ဖြစ်သွားတယ် ။

ခြေထောက်နှစ်ချောင်းကြားက နာကျင်မှုကို အံကြိတ်ခံပြီး လိခေး ထလိုက်တယ် ။ ပြီးတော့ ဆိုဖာအသေးလေးရှိရာ အားတင်းလျှောက်ပြီး သူ့ဖုန်းကိုရှာတယ် ။ ဖုန်းကိုတွေ့တော့ ဖုန်းကပိတ်နေကာ မျက်နှာပြင်က အနက်ရောင်ဖြစ်လျက် ။

လိခေး မျက်မှောင်ကြုပ်ကာ အားသွင်းကြိုးတပ်ပြီး ခဏအကြာ ဖုန်းပြန်ပွင့်လာတယ် ။ ပွင့်ပွင့်ချင်းပေါ်လာတာ နီရဲနေတဲ့ မစ်စ်ကောလ်ပေါင်းများစွာ ။

အားလုံးက သူ့အစ်မဆီက ။

လိခေး မျက်လုံးပြူးကာ မစ်စ်ကောလ်ပေါင်းများစွာကိုကြည့်ရင်း ဆိုးရွားလှတဲ့ခံစားချက်တစ်ရပ်က သူ့ရင်ထဲ လှိုက်တက်လာတယ် ။

************************************

Chapter 229

လိခေး တံတွေးမြိုချပြီး ရင်ထဲကခံစားချက်ဆိုးကြီးကို အတင်းဖိနှိပ်ထားရတယ် ။

ထို့နောက် ဖုန်းကိုစိုက်ကြည့်ပြီး အံကြိတ်ကာ သူ့အစ်မနံပါတ်ကို နှိပ်တယ် ။

ဖုန်းက ချက်ချင်းတန်းဝင်တယ် ။

လိခေးဟာ ဖုန်းတစ်ဖက်မှ တိုးတိတ်သော အသက်ရှူသံသဲ့သဲ့ကိုသာကြားရတယ် ။ ချက်ချင်းပဲ ကျောပြင်တလျောက်စိမ့်တက်အောင် တုန်လှုပ်လာကာ အထစ်ထစ် အငေါ့ငေ့ါနဲ့ ‌ဆိုတယ် ။

" ဂွတ်ဒ်မောနင်းပါ အစ်မ "

သူ့အစ်မက စကားမဆိုဘူး ။

" ဘာကိစ္စရှိလို့လဲ အစ်မ "

လိခေး မျက်ခုံးတွန့်ပြီး

" ဒီမနက် ကျွန်တော်နိုးတော့ အစ်မခေါ်ထားတာတွေ အများကြီးတွေ့ရော ကျွန်တော် သေမတတ် လန့်သွားတာ .. "

တစ်ဖက်မှ လိခေးအစ်မက 'အင်း'လို့ဆိုတယ် ။

လိခေး တစ်ခုခုပြောရန်ကြံချိန်မှာ သူ့အစ်မက သူ့ခေါင်းကို ဆယ်ပေါင်တူနဲ့ ထုလိုက်တယ် ။

" မနေ့ညက မင်း ‌ယောက်ျားတစ်ယောက် ဖာ့ခ်တာခံလိုက်ရတယ်ဆို ??"

လိခေး ပြူးပြူးပျာပျာနဲ့ ဟိုဒီကြည့်တယ် ။ သူ့အစ်မ သူ့ကိုတစ်နေရာကများ ကြည့်နေသလားလို့ ။

သူက အကောင်းမြင်စိတ်ရှိပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်လေးတစ်ယောက် ။ ရယ်မောခြင်းကို ခုံမင်ပြီး သူငယ်ချင်းတွေကိုလည်း အရမ်းချစ်တတ်သူ ။ သူ့လိုလူမှာ ကံခေခြင်းတွေ ရှိမလာနိုင်ဘူးလို့ သူ ထာဝရယုံကြည်ထားခဲ့တာ ။ ဒါပေမဲ့ မ‌ထင်မှတ်ဘဲ မိုးနတ်မင်းက သူ့ခေါင်းတည့်တည့်ကို မိုးကြိုးလက်နက်နဲ့ ပစ်ခွင်းလိုက်တယ် ။

" ဘာမှ မပြောတော့ပါလား ?? ဘာလဲ ငါပြောတာ မှန်နေလို့လား ??"

သူ့အစ်မရဲ့လေသံက အလွန်ပဲ နက်နဲရှုပ်ထွေးတယ် ။ လိခေးရင်ထဲ ဘယ်လိုဖြစ်မှန်းမသိဖြစ်ကာ မိနစ်ပိုင်းလောက်ကြာတဲ့ထိ ပြန်မဖြေနိုင်ခဲ့ဘူး ။

" ဟုတ်လား , မဟုတ်ဘူးလားပဲ ဖြေ ! "

" အစ်........"

လိခေး သူ့တင်ပါးလေးကို ကိုင်လိုက်တယ် ။

မီးစနဲ့ထိုးခံရသလို စူးရှအောင့်မျက်တဲ့နာကျင်မှုကြောင့် ဒီကိစ္စကို လျစ်လျူရှုမထားနိုင်ဘူး ဖြစ်နေတယ် ။

လိခေးက အရက်နာကျပြီးအိပ်ပျော်နေတဲ့ ကျန်းဟောင်ကို လှည့်ကြည့်တယ် ။

ကျန်းဟောင်က ဗလာကျင်းလျက် ။ ကျစ်လစ်ပြီး တောင့်တင်းကာ အားအင်တွေအပြည့်နဲ့ ။ ခြေထောက်တစ်ဖက်က စောင်အောက်ကနေ ထိုးထွက်နေပြီး ကြွက်သားတောင့်တောင့်ရင်ဘတ်က စောင်လွတ်နေတယ် ။ အဲ့ဒီရင်ဘတ်ဖြူဖြူပေါ်မှာ လက်သည်းကုတ်ရာတွေရှိပြီး ပြောမထွက်တဲ့ စစ်ပွဲတစ်ပွဲရဲ့ အကြွင်းအကျန်‌တွေမှန်း သိသာလှတယ် ။

မနေ့ညက တကယ်ပဲ သူ နဲ့ ကျန်းဟောင် ...........?!

ဟင့်အင်း !!!

ကျန်းဟောင်က သူ့ရဲ့ သေအတူရှင်မကွာ ကဲဖော်ကဲဖက် သူငယ်ချင်းကောင်း ။

အဲ့ဒီသူငယ်ချင်းကောင်းက အိပ်ရာပေါ်မှာ သူ့ကို ဘယ်လိုတောင် အန္တရာယ်ပြုရက်နိုင်တာလဲ ?!

အဲ့ဒီသူငယ်ချင်းကောင်းက သူ့ရဲ့ပစ္စည်းကြီးနဲ့ သူ့ရဲ့အနောက်ပေါက်လေးကို ဘယ်လိုတောင် ဖျက်ဆီးပစ်ရက်တာလဲ ?!

လိခေးတစ်ကိုယ်လုံးတုန်ရင်ကာ သူ့ဘဝလေးတော့ သွားပါပြီလို့တွေးမိနေရော ။

တစ်ဖက်မှ သူ့အစ်မအသံ ထွက်လာပြန်တယ် ။

" ငတုံး ငအကောင်ရဲ့ ဟန်ဆောင်မနေစမ်းနဲ့ ! နင် ကလေးဘဝတည်းက လုံးဝညာမပြောတတ်တာ ငါသိတယ်နော် .. ဆင်ခြေဆင်လက်တွေပေးမယ် မစဉ်းစားနဲ့ !..နောက်တစ်ခါ အဲ့လိုတွေမဖြစ်ခင် သတိတရနဲ့ ဖုန်းပိတ်ထားဟဲ့ လဒရဲ့ !  "

သူ့အစ်မစကားကြားကြားချင်း လိခေး သတိရသွားတယ်။ မနေ့ညတုန်းက ရူးကြောင်မူးကြောင် အော်ချင်ရာအော်နေတဲ့ ကျန်းဟောင်ကို တားမြစ်ချင်ဇောနဲ့ ဖုန်းမပိတ်မိဘဲ ဖုန်းကို ဆိုဖာပေါ် ဒီတိုင်းပဲ ပစ်တင်လိုက်မိတာ ။

ဒါဆိုရင် .........။

သူ့ရဲ့အစ်မရင်းဟာ သူမရဲ့ တအူထုံဆင်း မောင်ငယ်လေး အိပ်ရာပေါ်မှာ မရှုမလှသိမ်းပိုက်ခံလိုက်ရတဲ့ဖြစ်စဉ်တစ်ခုလုံးကို အစကနေ အဆုံးထိ ကြားသိ..........။

လိခေးခမျာ အသံတွေတုန်နေပြီးဖြစ်တာတောင် မေးသင့်တာကိုတော့ မေးလိုက်တယ် ။

" အစ်မရယ် .. ကျွန်တော့်ကို ကစားမနေပါနဲ့ ! မနေ့ညက အစ်မ ဘာတွေကြားလိုက်လဲ ပြောပါဦး "

" တခြားဘာကြားရဦးမှာလဲ "

ဖုန်းတစ်ဖက်မှ သူ့အစ်မအသံက ပေါ့ပါးစွာ ထွက်လာတယ် ။

" လူးလိမ့်နေကြတဲ့အသံတွေရယ် , မင်းရဲ့ စကားနည်းနည်းရယ်ပေါ့ .. ဘာတဲ့ ?! Daddy , Daddy မလုပ်ပါနဲ့ .. ခွင့်လွှတ်ပေးပါ , please ! တောင်းပန်ပါတယ် , Daddy အရမ်းနာတယ် , ပြန်ထုတ်ပေး , အရမ်းမလုပ်ပါနဲ့ , တောင်းပန်ပါတယ် ; ပြောစမ်း အဲ့ဒီ Daddyက ဘယ်သူလဲ ??"

( လိခေးက ကျန်းဟောင်ကို အဖေလို့ခေါ်တတ်တာ သိတယ်ဟုတ် .. ဒါပေမဲ့ ဒီ scene မှာကျတော့ အဖေဆိုတာထက် Daddy က ပိုကောင်းမလားတွေးပြီး Daddy လို့ ရေးလိုက်တယ်နော် 🌚 )

လိခေး သူ့အစ်မစကားနားထောင်ပြီး ကြေကွဲနောင်တ တရရနဲ့ သူ့ကိုယ်သူ ဂုတ်ကဆွဲပြီး ငါးမန်းစာအဖြစ် ပင်လယ်ထဲ လွှင့်ပစ်ချင်စိတ်ပေါက်သွားတယ် ။

ငတုံး ! ငတုံး !

သူက ဒီလိုမျိုး ကျန်းဟောင်ရဲ့ သိမ်းပိုက်မှုခံခဲ့ရပြီး ဘာမှမပြောနိုင်ခဲ့တဲ့အပြင် အစ်မရင်းဖြစ်သူဆီကိုပါ hotline ကတစ်ဆင့် အခမဲ့ တိုက်ရိုက်ထုတ်လွှင့်ပေးလိုက်သေးတယ် ။

သူ့ကိုယ်သူ တကယ်ပဲ အ‌သေရိုက်သတ်ပစ်လိုက်ချင်တယ် ။

အဲ့ဒီအချိန်တုန်းက သူ့ဦးနှောက်မှာ တွေးခေါ်နိုင်စွမ်းတွေ ပျောက်ဆုံးလုနီးပါးဖြစ်နေခဲ့တာ ။ လိခေးစဉ်းစားလေ သေချင်စော်နံလေပဲ ။ သူ့ အတွေးထဲ အနက်ရောင်ဘန်နာပေါ်မှာ အဖြူရောင်စာလုံးအကြီးကြီးတွေနဲ့ ရေးထားတာ မြင်‌ယောင်လာတယ် ။

မင်းတော့သွားပြီ !!!!

" မင်းကို ငါမေးနေတယ်လေ !"

လိခေးအစ်မအသံက အဖြတ်အတောက်မှန်စွာ တစ်လုံးချင်းထွက်လာတယ် ။

" ငါက မင်းရဲ့အစ်မပါ ငါ့မောင် ! မင်း မညှာမတာနဲ့ အတင်းတွေ အနိုင်ကျင့်ခံခဲ့ရပြီးပြီနော်.. ပြောစမ်း ! အဲ့ဒီ မျိုးမစစ် လူယုတ်မာကောင်က ငါသိတဲ့တစ်ယောက် မဟုတ်လား ???"

" အစ်မ ဘာတွေးနေတာလဲ ကျွန်တော်မှ မသိတာ "

လိခေး ဖုန်းချကာ ဆက်သွယ်မှု ဖြတ်တောက်လိုက်တယ် ။

လိခေး အိပ်ရာထက်က ကျန်းဟောင်ကို လှည့်ကြည့်တယ် ။ ထို့နောက် အံကြိတ်ပြီး တရှိန်ထိုးပြေးသွားတယ် ။ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေတဲ့ကိုယ်နဲ့ သူ့ဘဝမှာ ရှိရှိသမျှသော သတ္တိတွေကိုစုပြီး ကျန်းဟောင်မျက်နှာကို လက်သီးတစ်လုံးကျွေးလိုက်တယ် ။

" ကျန်းဟောင် ! မင်းမေငါရိုး ! ငါ ပြောတာကြားလား ဟေ့ကောင် ! မင်းမေငါရိုးပဲ ! "

( အောင်မြတ်လေး ! တိုတိုလေးတွေဆိုပြီး ကွကိုအထင်ကြီးမိတာ .. အပိုင်း ၆၀ တဲ့ ! .. ခုတော့ တစ်နေ့ တစ်ပိုင်းတောင် မနည်းရေးရတယ် .. အားချိန်သိပ်မရှိတာလည်း ပါတာပေါ့ .. တတ်နိုင်သလောက်တော့ ပြီးသလောက် ရသလောက် တင်ပေးမယ်နော် .. မန့်တွေ rpမပြန်ဖြစ်ရင် စိတ်မခုပါနဲ့ ဘေးဘေတို့.. အရင်လို မအားတော့လို့ပါ )

Continue Reading

You'll Also Like

2.8M 395K 129
ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး သွေးနားထင်ရောက်ကာ အေးစက်စက်နေတတ်တဲ့ ကောင်လေးရယ် သွက်သွက်လက်လက် ထက်ထက်ြမက်မြက်နဲ့ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိတ...
199K 22.9K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
3M 234K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
218K 19.8K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...