တောင်ပေါ်မှာ လေတိုက်ခတ်နှုန်းက အရမ်းကြမ်းတယ် ။
ကုဖုန်း ကုတ်အင်္ကျီကိုချွတ်ပြီး ဆိုလိုက်တယ် ။
" တောင်ပေါ်လေက အတော်အေးတာ ..လာ ဒါလေး ဝတ်ထား "
အပြောနဲ့အတူ လက်ပါအသုံးပြုပြီး ယုပေါ်ယွင်တစ်ကိုယ်လုံးကို ကုတ်အင်္ကျီနဲ့ ထုပ်လိုက်တယ် ။
ယုပေါ်ယွင်က မျက်လုံးမှိတ်ထားပြီး လေတိုက်ခတ်သံတဝုန်းဝုန်းကို အထိမခံနိုင်တဲ့ သူ့ရဲ့နားတွေနဲ့ နားထောင်ရင်း ဆိုလေတယ် ။
" မိုးလင်းသွားပြီပဲ "
"ဟုတ်ပါတယ်ဗျာ "
ကုဖုန်း ခေါင်းညိတ်လျက် ။
" ပြန်ချင်ပြီလား "
" ကျွန်တော့်မျက်လုံးက ပြတ်ပြတ်ထင်ထင်မမြင်ရပေမယ့် ရောင်နီကိုတော့ ခံစားလို့ရတယ် "
ယုပေါ်ယွင် စကားရပ်ပြီး
" ကျွန်ဝောာ် စိတ်ကျေနပ်သွားပါပြီ .. ခင်ဗျားကို ကျေးဇူးတင်ပါတယ် "
ယုပေါ်ယွင်လက်ကိုဆုပ်ကိုင်ထားတဲ့ ကုဖုန်းလက်က ခေတ္တမျှ တောင့်ခဲသွားတယ် ။ ထို့နောက် ခါးသက်သက်ပြုံးကာ
" ကိုယ့်ကို ဘာကြောင့် ယဉ်ကျေးနေရတာလဲ "
ယုပေါ်ယွင် ပြန်မဖြေခဲ့ဘူး ။
" မင်းအတွက် ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ် "
ကုဖုန်းက အလွန်တရာစိတ်ထိခိုက်နေတဲ့မျက်လုံးတွေနဲ့ ပြောပြီး ယုပေါ်ယွင်ပါးလေးကို ဖွဖွလေးပုတ်လိုက်တယ် ။ သူ့အတွက်တန်ဖိုးဖြတ်မရတဲ့ ရတနာလေး ။ အဖိုးအနဂ္ဃထိုက်လွန်းလှတဲ့ သူ့ပေါင်ပေ့လေး ။ တစ်ကမ္ဘာလုံးမှာ သူ အလိုရှိဆုံး ကလေးလေး ။
" မင်းက ကိုယ်တို့သားလေးရဲ့ ဖခင်တစ်ယောက်ဖြစ်ရုံတင်မကဘူး ကိုယ့်ရဲ့ အသည်းအသက်လေး ၊ ကိုယ့်ချစ်သူလေးလည်းဖြစ်တယ် .. မင်း ကိုယ့်ကို လုံးလုံးလျားလျား ခွင့်မလွှတ်နိုင်သေးတာလည်း ကိုယ်သိပါတယ် ..
ဒါပေမယ့် ကိုယ် ကြိုးစားမယ် .. မလျော့သော ဇွဲနဲ့ ကြိုးစားမယ် ..မင်း ကိုယ့်ကို အရင်လို ပြန်လက်ခံတဲ့နေ့အထိ ..ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ ကိုယ် လက်မလျော့ဘူး "
ယုပေါ်ယွင် လည်ဇလုတ်လေး မြင့်တက်သွားပြီး တဟွတ်ဟွတ်နဲ့ ချောင်းတွေထဆိုးလေတော့တယ် ။
" ဒါကြောင့် .....ရှေ့လျှောက် ကိုယ့်အပေါ် အရမ်းတွေယဉ်ကျေးနေစရာမလိုဘူး "
ကုဖုန်း ဆက်ပြောတယ် ။
" မင်းဘက်က ရည်ရွယ်လို့ပဲဖြစ်ဖြစ် မရည်ရွယ်လို့ပဲဖြစ်ဖြစ် ကိုယ်နဲ့ အကွာအဝေးတစ်ခုထားပြီး စည်းတွေခြားထားတိုင်း ကိုယ့်မှာ နောင်တတွေနဲ့ ရင်နာကြေကွဲရတယ် "
ယုပေါ်ယွင်က ကုဖုန်းအပေါ် မှီချလိုက်တယ် ။
သူ့လည်ပင်းဘေးတစ်ခြမ်းက ကုဖုန်းခန္ဓာကိုယ်ရဲ့ နွေးထွေးမှုလေးကို ခံစားနေရတယ် ။
နှစ်ယောက်သားဟာ စကားတွေမဆိုဖြစ်တော့ဘဲ တိတ်ဆိတ်စွာနဲ့ ဝောာင်အောက်ပြန်ဆင်းခဲ့ကြတယ် ။ သူတို့ တောင်တစ်ဝက်လောက်ဆင်းမိချိန်မှာ လေ့ကျင့်ခန်းလုပ်ရန် ၊ ရှုခင်းကြည့်ရန် တောင်ပေါ်တက်လာသူတွေနဲ့ ဆုံမိကြတယ် ။ ထိုလူတွေက ကောင်လေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို ကျောပိုးထားတဲ့မြင်ကွင်းကို မြင်သွားကြတယ် ။ ဒါပေမယ့် ဘယ်သူကမှ သူတို့ကို မနှောင့်ယှက်ခဲ့ဘူး ။
တောင်ခြေနားရောက်ခါနီးမှာ ကုဖုန်းရဲ့ လက်ကိုင်ဖုန်းက မြည်လာခဲ့တယ် ။ သူ အရင်ဆုံး ယုပေါ်ယွင်ကို အောက်ချလိုက်ကာ လက်တစ်ဖက်နဲ့ တင်းနေအောင် သိမ်းပွေ့ထားပြီး ကျန်လက်တစ်ဖက်နဲ့ ဖုန်းထုတ်ကြည့်လိုက်တယ် ။
ခေါ်ဆိုသူက လုရန်းလား ?!
သူတို့နှစ်ယောက်က စီးပွားရေးကိစ္စနဲ့သာ ဆက်သွယ်ခဲ့ဖူးကြပေမယ့် ကိုယ်ရေးကိုယ်တာအရတော့ မဆက်သွယ်ခဲ့ဖူးဘူး ။
ပြီးတော့ မနက်အစောပိုင်း ရုတ်တရက်ဆန်စွာ ဖုန်းခေါ်လာတယ်ဆိုတော့ တစ်စုံတစ်ရာအရေးကြီးတာကြောင့်များလား ?!
ကုဖုန်း answer ကိုနှိပ်လိုက်တာနဲ့ တစ်ဖက်ခြမ်းမှ လုရန်းရဲ့ မရဲတရဲအသံကို ကြားလိုက်ရတယ် ။
" ကုဖုန်းလား ?"
" ဟုတ်ပါတယ် "
ကုဖုန်း ခေါင်းညိတ်ကာ
" စီအီးအို လုလား "
" မဟုတ်ပါဘူး "
လုရန်း သက်ပြင်းချပြီး
" အခုက စီအီးအို လု မဟုတ်တော့ပါဘူး "
ကုအုပ်စုရဲ့ ဥက္ကဌတစ်ယောက်အနေနဲ့ လုအိမ်ဝောာ်က ကသောင်းကနင်းဖြစ်ရပ်တွေကို သဘာဝကျစွာပဲ သူ သိထားတယ် ။ ကုဖုန်း ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘဲ တိုက်ရိုက်သာ မေးလိုက်လေတယ် ။
" ကျွန်တော့်ကိုရှာတာ အရေးတကြီးကိစ္စရှိလို့လား ?
" ဟုတ်ပါတယ် ..ကျွန်တော် တောင်းဆိုချင်တာလေးရှိလို့ပါ "
လုရန်းရဲ့လေသံက ပင်ပန်းသံလေးစွက်နေတယ် ။
ကုဖုန်း နားထောင်နေစဉ် ဖုန်းတစ်ဖက်မှ ရင်းနှီးနေတဲ့ အသံဆူဆူလေးကို ကြားလိုက်ရတယ် ။ အဲ့ဒါက လုရန်ပဲ ။
" မစ္စတာကု , ကျွန်တော် တောင်းဆိုချင်တာက ....မြို့ဝောာ်ဆေးရုံကြီးမှာ အရမ်းနာမည်ကြီးတဲ့ ပါရဂူတစ်ယောက်ရှိတယ် ..သူက စု မျိုးရိုး .. စိတ်ရောဂါကုပါရဂူ..စိတ်ပညာနဲ့ပတ်သတ်ရင် အရမ်းတော်တဲ့ ဆရာဝန်ကြီး ..ခင်ဗျား သူ့ကို သိလား "
ကုဖုန်း ခဏလောက် စဉ်းစားကြည့်လိုက်တယ် ။
" ငါ မသိဘူး "
လုရန် စိတ်ကသိကအောက်ဖြစ်စွာ နှာမှုတ်လိုက်တယ် ။ ထို့နောက် အရှက်တရားဘေးချိတ်ကာ မျက်နှာပြောင်ပြောင်နဲ့ပဲ တောင်းဆိုလိုက်ရတယ် ။
" ဘာပဲဖြစ်ဖြစ်ဗျာ .. ကျွန်ဝောာ် ရှေ့မျက်နှာနောက်ထားပြီး တောင်းဆိုပါရစေ ..သူက အငြိမ်းစားယူသွားပြီ .. ..ဒါကြောင့် ခင်ဗျားကိုပဲ အပူကပ်ပါရစေ ..ကျေးဇူးပြုပြီး သူ့ကို ရှာပေးလို့ရမလား ..ကျွန်ဝောာ် အမြန်ဆုံးကုသဖို့ လိုနေတယ် !"
ယုပေါ်ယွင်လက်ချောင်းလေးတွေပေါ် အုပ်ကိုင်ထားတဲ့ ကုဖုန်းလက်ချောင်းတွေ ပိုပြီးတင်းကြပ်သွားတယ် ။ ထို့နောက် အေးစက်စက်ဝောာင်ပေါ်လေတွေတိုးမရအောင် အဲ့ဒီလူသားလေးကို သူ့ရင်ခွင်ထဲ အတင်းဆွဲသွင်းကာ သူ့ကိုယ်ထဲ မြုပ်ဝင်သွားတော့မတတ် ပွေ့ဖက်ထားလိုက်တယ် ။
" ငါ့ကို ပြောပြပါ "
လုရန်အသံက ချီတုန်ချတုန်ဖြင့် တွန့်ဆုတ်ဆုတ်ဖြစ်နေတယ် ။ ခဏအကြာမှာ တိုးသက်စွာ ဆိုလာခဲ့တယ် ။
" ပေါ်ယွင့်ကို မပြောနဲ့နော် "
ယုပေါ်ယွင်နာမည်ပါလာတော့ ကုဖုန်းတစ်ကိုယ်လုံး သတိအနေအထားဖြစ်သွားတယ် ။
ယုပေါ်ယွင်က သူ့စိတ်ခံစားမှုကို ရှင်းရှင်းလင်းလင်း သတိထားမိသွားပြီး မျက်မှောင်ကြုတ်ကာ မေးလာတယ်။
" ဘာဖြစ်လို့လဲ "
ကုဖုန်းက သူလေးနဖူးကို ငုံ့နမ်းပြီ
"ဘာမှမဟုတ်ဘူး ..မစိုးရိမ်နဲ့နော် "
ထို့နောက် ယုပေါ်ယွင်ကို တောင်နံဘေးတစ်နေရာမှ ခုံတန်းလျားလေးပေါ်ထိုင်ခိုင်းလိုက်ပြီး သူကတော့ ခြေလှမ်းအနည်းငယ် လှမ်းသွားကာ ယုပေါ်ယွင်ကို မျက်ခြေမပြတ်ကြည့်နေလျက် ဆိုလိုက်တယ် ။
" မင်း ပြောလို့ရပြီ "
" ကျွန်ဝောာ့်ပြိုင်ဘက် ရှောင်းဝူတန်လေ ..သူ , သူက ......"
လုရန် အံတင်းတင်းကြိတ်လိုက်တယ် ။
" မနေ့ညက သူ , သူ့အိမ်လေးမှာ သူ့ကိုယ်သူ သတ်သေခဲ့တယ် ..ကျွန်ဝောာ် ပေါ်ယွင်နဲ့စကားပြောပြီး သူ့ကို မေးမလို့ ဖုန်းခေါ်တာ ဖုန်းကကိုင်မယ့်လူမရှိဘူး ..အခေါက်ခေါက်အခါခါခေါ်လည်း ထူးမခြားနားဖြစ်နေတာ ..ဒါ သွေးရိုးသားရိုးမဟုတ်ဘူးလို့ ကျွန်ဝောာ် တွေးမိလိုက်တယ် "
လုရန်က ရှောင်းဝူတန်အကြောင်း ကောင်းကောင်းသိတယ် ။ ရှောင်းဝူတန်ဆိုတာ ဖုန်းကို ကိုယ်နဲ့မကွာဆောင်ထားတတ်သူ ။ ring tone ဆိုလည်း သန်းခေါင်ယံအိပ်မောကျနေသူမျိုးကိုတောင် အလန့်တကြားထပြေးရလောက်အောင်
အကျယ်လောင်ဆုံးနဲ့ အဆူညံဆုံး ring toneမှ ထားတတ်သူ ။ အဲ့ဒါမှ အရေးကြီးသတင်းတွေ လွတ်မသွားမှာလို့ ဆိုနေတတ်သူ ။
မတိုင်ခင်တစ်ညက မနက်သုံးနာခွဲကြီးမှာ သူ့ကို စချင်တာကြောင့် WeChat ကနေ လုရန် ပုံတစ်ပုံပို့ပေးလိုက်တယ် ။ မိနစ်ဝက်တောင်မကြာဘူး ရှောင်းဝူတန် အဲ့ဒီပုံကို ဝင်ကြည့်သွားတယ် ။ မမျှော်လင့်ထားစွာပဲနောက်ထပ်တစ်မိနစ်အကြာမှာ ရှောင်းဝူတန်ရဲ့ ရန်ပြန်စခြင်းကို ခံလိုက်ရတယ် ။ ထို့နောက် နှစ်ယောက်သား မအိပ်မနေနဲ့ WeChat စစ်တလင်းထက်မှာ လေလှိုင်းတိုက်ပွဲကြီးကို သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြတော့တယ် ။ တစ်ညတည်းနဲ့ တစ်ယောက်နဲ့တစ်ယောက် အဆဲပေါင်းသောင်းခြောက်ထောင်ကို ကိုးရာရှစ်ဆယ့်ခုနစ်ကြိမ်တိတိဆဲခဲ့ကြတာ ။ နိုတီတက်ပါများလို့ သူ့ဖုန်းလေးတောင် ဆန့်ငင်ဆန့်ငင်ဖြစ်သွားသေးတယ် ။
ထို့ကြောင့်လည်း လုရန် သင်္ကာမကင်းဖြစ်သွားတာ ။ အဲ့ဒီလိုလူက ဒီလောက်ဖုန်းတွေခေါ်နေတာ မကိုင်ဘူးဆိုတော့ ဒါ ဘယ်လိုမှ သွေးရိုးသားရိုးမဟုတ်တော့ဘူးလေ ။
" ကျွန်ဝောာ့်စိတ်ထဲ ထင့်နေတာနဲ့ သူ့အိမ်ကို အပြေးသွားခဲ့တယ် ..ကျွန်တော် ထင်နေသလို မဟုတ်ပါစေနဲ့လို့ ဆုတောင်းခဲ့ပေမယ့် သူ့အိမ်ရောက်ဝောာ့ bathtubထဲမှာ သွေးချင်းချင်းနီနေပြီး သူ......."
ကုဖုန်းက ယုပေါ်ယွင်အဆင်ပြေမပြေထပ်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ
" အဲ့ဒီနောက်ရော ?"
" ကျွန်ဝောာ် သူ့ကို ချက်ချင်းပဲ ဆေးရုံပို့ပြီး ဆေးရုံမှာ နာရီပေါင်းများစွာ ကုသခဲ့ရတယ် .. ဆရာဝန်တွေလည်း ခွဲစိတ်ခန်းထဲ ဝင်လိုက်ထွက်လိုက်နဲ့ အသည်းအသန် အသက်လုခဲ့ရတယ် ..ခုတော့ အန္တရာယ်ကင်းသွားပါပြီ "
လုရန်အသံက စိတ်အားတက်ကြွဖွယ်မရှိဘူး ။
" ဒါပေမယ့် ဆရာဝန်တွေပြောတာက လူနာက ဘယ်အချိန် သတိပြန်လွတ်သွားမလဲ မသိဘူးတဲ့ ..လူနာကိုယ်တိုင်က အသက်ရှင်ချင်စိတ်မရှိဖြစ်နေတာတဲ့ ... သူ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေရှိတယ်ထင်တယ်တဲ့ ..အဲ့ဒါကြောင့်လေ .......သူ့ကိုကုရအောင် စိတ်ရောဂါကုပါရဂူကြီးကို ရှာပေးလို့ရမလားလို့ ?"
ကုဖုန်း စကားမစရသေးခင်မှာပဲ ဟိုတစ်ဖက်က လုရန် ငိုကြွေးနေနှင့်ပြီ ။
" မငြင်းလိုက်ပါနဲ့ဗျာ ..ခင်ဗျားကူညီနိုင်မယ်ဆိုတာ ကျွန်ဝောာ် ယုံတယ် ..ဒါမျိုးကိစ္စတွေမှာ ခင်ဗျားက အယုံကြည်ရဆုံးလူမို့ပါ ..အဲ့ဒါထက် ကျွန်တော် ဘလိုင်းကြီး အကူအညီမတောင်းပါဘူး .. ယုပေါ်ယွင်ရဲ့ လူသိပ်မသိတဲ့ အကျင့်လေးတွေကို ပြောပြပေးပါ့မယ် "
( သူငယ်ချင်းကို ရောင်းစားတယ် ကျန်း )
ထိုစကားကြားကြားချင်းပဲ အမောင်ကုရဲ့ မျက်ခုံးတွေ ပင့်တက်သွားလေတယ် ။
" တကယ်လား "
" တကယ်ပါ ..တကယ်ပါဗျာ .. အဲ့ဒီအပြင် ခင်ဗျားရဲ့ ကြင်နာမှုတွေကိုလည်း ပေါ်ယွင့်ရှေ့မှာ သေသေချာချာလေး ပြောပြပေးဦးမှာ ..ဒါဆို သူ့စိတ်က ခင်ဗျားအပေါ် ပျော့ပျောင်းလာလိမ့်မယ် "
" ပါရဂူကြီးရဲ့ ကိုယ်ရေးအချက်အလက်တွေ ငါ့ဆီ ပို့လိုက် ..မြန်နိုင်သမျှ အမြန်ဆုံး ရှာပေးမယ် "
" ဟုတ် ဟုတ် "
တစ်ဖက်က လုရန် အတော်လေး ပျော်သွားပြီး စကားအနည်းငယ်ပြောကာ ဖုန်းချသွားတယ် ။
ကုဖုန်း သူ့ကျောထက်မှာ ယုပေါ်ယွင်ကို ပိုးလိုက်ပြန်တယ် ။
ယုပေါ်ယွင်က မေးလေတယ် ။
" ဘာတွေဖြစ်နေတာလဲ "
ကုဖုန်း ခဏလောက် စဉ်းစားလိုက်ပေမယ့် ယုပေါ်ယွင်ကို ဖုန်းကွယ်မထားဖို့ ဆုံးဖြတ်လိုက်တယ် ။ အမှန်တရားတိုင်းဟာ တစ်နေ့မဟုတ် တစ်နေ့တော့ ပေါ်လာမှာပဲ ။ သူ မပြောဘဲ ဖုန်းကွယ်ထားရင် ပေါ်ယွင့်စိတ်ထဲ အဲ့ဒါကြီးက တနုံ့နုံ့ဖြစ်စေမှာ ။ အကယ်၍ အမှန်ကိုသိသွားတဲ့တစ်နေ့ သူတို့နှစ်ယောက်ကြားက အဖုအထစ်တွေ အဆင်မပြေမှုတွေ ပိုတိုးလာနိုင်တယ် ။ နောက်ထပ် အက်ကြောင်းရာတွေ မဖြစ်ချင်ဝောာ့ဘူး ။
ပေါ်ယွင်လေးနဲ့ ပြန်ပြီးနီးစပ်ဖို့တောင် ဒီလောက်ခက်ခဲနေတာ ။ ပေါ်ယွင့်စိတ်ထဲ သံသယမြူတစ်မှုန်တောင် မဝင်စေချင်ဘူး ။
ဒါကြောင့် လုရန်ပြောတာတွေကို အတိုချုံးပြီး ပြောပြလိုက်တယ် ။
ရှောင်းဝူတန်ရဲ့ သတ်သေမှုကိုကြားတော့ ယုပေါ်ယွင် တုန်လှုပ်သွားတယ် ။ ဒါပေမယ့် ကံကောင်းလှစွာပဲ ခဏတာစိတ်လွတ်သွားပြီး ပြန်ထိန်းလိုက်နိုင်သွားတယ် ။
" ဒါဆို အဲ့ဒီပါရဂူကြီးကို ကူပြီးရှာပေးလိုက်ပါဗျာ နော် "
ယုပေါ်ယွင် အသံလေးက ပျော့ပျောင်းတိုးသက်နေဆဲ ။ အိပ်ချင်မူးတူးဖြစ်နေသေးတာကြောင့်လည်းပါတယ် ။
ထိုအသံလေးက သိသိသာသာကို ကုဖုန်းနားထဲ ပျားရည်တွေ လောင်းချခံလိုက်ရသလို ချမ်းမြေ့လို့သွားတယ် ။
ကုဖုန်း ရယ်လိုက်ကာ
" ကောင်းပါပြီဗျာ .. ခင်ဗျားလေး အမိန့်တော်အတိုင်းပါပဲ .. ကျွန်တော် အသက်စွန့်ပြီး ထမ်းရွက်ပါ့မယ် "
( အမိန့်တော် ထမ်းရွက်တယ်ဆိုတာတော့ သိကြတယ် ဟုတ် )
" ကျွန်တော်က အမိန့်ပေးတာ မဟုတ်ရပါဘူးနော် ..ကျွန်တော့်ဘာသာ ကျွန်တော် ......."
ယုပေါ်ယွင်လေး စကားတောင် ဆုံးအောင်မပြောနိုင်တော့ဘူး ။ ဟောက်သံပိစိလေးတွေထွက်ပြီး အိပ်ပျော်လို့သွားပြန်တယ် ။
ကုဖုန်း ခေါင်းလှည့်ကြည့်လိုက်တယ် ။ ယုပေါ်ယွင်ရဲ့ဆံပင်ပျော့ပျော့လေးတွေက သူ့လည်ပင်းကို ကုတ်ခြစ်နေသလို ခံစားရလေတယ် ။
ဒီမနက်ခင်းလေးမှာ ယုပေါ်ယွင်နဲ့ အတူတူ တောင်တက်ခွင့်ရခဲ့တယ် ။ နေထွက်ချိန်ကို အတူတူ ကြည့်ခွင့်ရခဲ့တယ် ။ ပေါ်ပေါ်ထင်ထင် နမ်းနိုင်တဲ့ အခွင့်ထူးကြီးတစ်ခုပါ အဆစ်ရလိုက်သေးတယ် ။
သူ့ကိုပြောတဲ့ ယုပေါ်ယွင်လေသံလေးတွေကအစ ပိုပြီး ပိုပြီး နူးညံ့ပျော့ပျောင်းလာတယ် ။
ကုဖုန်း ငါးခူပြုံးကြီး ပြုံးလိုက်တယ် ။
ဒီမနက်ခင်းလေးက အရမ်း အရမ်းကို အဖိုးတန်လွန်းတာပဲ ။
( ဒီရက်ပိုင်းတွေက တရုတ်နှစ်ကူးနီးပြီမို့ အလုပ်တွေ အတော်များတယ် ..ကိုယ့်သူဌေးက တရုတ်စစ်စစ်ဆိုတော့လေ ..ဒါကြောင့် ၂ လပိုင်း လလယ်လောက်ထိ update ကျဲပါမယ်နော် )
***************************************
ေတာင္ေပၚမွာ ေလတိုက္ခတ္ႏႈန္းက အရမ္းၾကမ္းတယ္ ။
ကုဖုန္း ကုတ္အကၤ်ီကိုခြၽတ္ၿပီး ဆိုလိုက္တယ္ ။
" ေတာင္ေပၚေလက အေတာ္ေအးတာ ..လာ ဒါေလး ဝတ္ထား "
အေျပာနဲ႕အတူ လက္ပါအသုံးျပဳၿပီး ယုေပၚယြင္တစ္ကိုယ္လုံးကို ကုတ္အကၤ်ီနဲ႕ ထုပ္လိုက္တယ္ ။
ယုေပၚယြင္က မ်က္လုံးမွိတ္ထားၿပီး ေလတိုက္ခတ္သံတဝုန္းဝုန္းကို အထိမခံနိုင္တဲ့ သူ႕ရဲ႕နားေတြနဲ႕ နားေထာင္ရင္း ဆိုေလတယ္ ။
" မိုးလင္းသြားၿပီပဲ "
"ဟုတ္ပါတယ္ဗ်ာ "
ကုဖုန္း ေခါင္းညိတ္လ်က္ ။
" ျပန္ခ်င္ၿပီလား "
" ကြၽန္ေတာ့္မ်က္လုံးက ျပတ္ျပတ္ထင္ထင္မျမင္ရေပမယ့္ ေရာင္နီကိုေတာ့ ခံစားလို႔ရတယ္ "
ယုေပၚယြင္ စကားရပ္ၿပီး
" ကျွန်ဝောာ် စိတ္ေက်နပ္သြားပါၿပီ .. ခင္ဗ်ားကို ေက်းဇူးတင္ပါတယ္ "
ယုေပၚယြင္လက္ကိုဆုပ္ကိုင္ထားတဲ့ ကုဖုန္းလက္က ေခတၱမွ် ေတာင့္ခဲသြားတယ္ ။ ထို႔ေနာက္ ခါးသက္သက္ၿပဳံးကာ
" ကိုယ့္ကို ဘာေၾကာင့္ ယဥ္ေက်းေနရတာလဲ "
ယုေပၚယြင္ ျပန္မေျဖခဲ့ဘူး ။
" မင္းအတြက္ ဘာမဆို လုပ္ေပးဖို႔ ဆႏၵရွိပါတယ္ "
ကုဖုန္းက အလြန္တရာစိတ္ထိခိုက္ေနတဲ့မ်က္လုံးေတြနဲ႕ ေျပာၿပီး ယုေပၚယြင္ပါးေလးကို ဖြဖြေလးပုတ္လိုက္တယ္ ။ သူ႕အတြက္တန္ဖိုးျဖတ္မရတဲ့ ရတနာေလး ။ အဖိုးအနဂၣထိုက္လြန္းလွတဲ့ သူ႕ေပါင္ေပ့ေလး ။ တစ္ကမၻာလုံးမွာ သူ အလိုရွိဆုံး ကေလးေလး ။
" မင္းက ကိုယ္တို႔သားေလးရဲ႕ ဖခင္တစ္ေယာက္ျဖစ္႐ုံတင္မကဘူး ကိုယ့္ရဲ႕ အသည္းအသက္ေလး ၊ ကိုယ့္ခ်စ္သူေလးလည္းျဖစ္တယ္ .. မင္း ကိုယ့္ကို လုံးလုံးလ်ားလ်ား ခြင့္မလႊတ္နိုင္ေသးတာလည္း ကိုယ္သိပါတယ္ ..
ဒါေပမယ့္ ကိုယ္ ႀကိဳးစားမယ္ .. မေလ်ာ့ေသာ ဇြဲနဲ႕ ႀကိဳးစားမယ္ ..မင္း ကိုယ့္ကို အရင္လို ျပန္လက္ခံတဲ့ေန႕အထိ ..ဘယ္ေလာက္ပဲ ခက္ခဲပင္ပန္းပါေစ ကိုယ္ လက္မေလ်ာ့ဘူး "
ယုေပၚယြင္ လည္ဇလုတ္ေလး ျမင့္တက္သြားၿပီး တဟြတ္ဟြတ္နဲ႕ ေခ်ာင္းေတြထဆိုးေလေတာ့တယ္ ။
" ဒါေၾကာင့္ .....ေရွ႕ေလွ်ာက္ ကိုယ့္အေပၚ အရမ္းေတြယဥ္ေက်းေနစရာမလိုဘူး "
ကုဖုန္း ဆက္ေျပာတယ္ ။
" မင္းဘက္က ရည္႐ြယ္လို႔ပဲျဖစ္ျဖစ္ မရည္႐ြယ္လို႔ပဲျဖစ္ျဖစ္ ကိုယ္နဲ႕ အကြာအေဝးတစ္ခုထားၿပီး စည္းေတြျခားထားတိုင္း ကိုယ့္မွာ ေနာင္တေတြနဲ႕ ရင္နာေၾကကြဲရတယ္ "
ယုေပၚယြင္က ကုဖုန္းအေပၚ မွီခ်လိဳက္တယ္ ။
သူ႕လည္ပင္းေဘးတစ္ျခမ္းက ကုဖုန္းခႏၶာကိုယ္ရဲ႕ ႏြေးေထြးမႈေလးကို ခံစားေနရတယ္ ။
ႏွစ္ေယာက္သားဟာ စကားေတြမဆိုျဖစ္ေတာ့ဘဲ တိတ္ဆိတ္စြာနဲ႕ ဝောာင်အောက်ပြန်ဆင်းခဲ့ကြတယ် ။ သူတို႔ ေတာင္တစ္ဝက္ေလာက္ဆင္းမိခ်ိန္မွာ ေလ့က်င့္ခန္းလုပ္ရန္ ၊ ရႈခင္းၾကည့္ရန္ ေတာင္ေပၚတက္လာသူေတြနဲ႕ ဆုံမိၾကတယ္ ။ ထိုလူေတြက ေကာင္ေလးတစ္ေယာက္က ေကာင္ေလးတစ္ေယာက္ကို ေက်ာပိုးထားတဲ့ျမင္ကြင္းကို ျမင္သြားၾကတယ္ ။ ဒါေပမယ့္ ဘယ္သူကမွ သူတို႔ကို မႏွောင့္ယွက္ခဲ့ဘူး ။
ေတာင္ေျခနားေရာက္ခါနီးမွာ ကုဖုန္းရဲ႕ လက္ကိုင္ဖုန္းက ျမည္လာခဲ့တယ္ ။ သူ အရင္ဆုံး ယုေပၚယြင္ကို ေအာက္ခ်လိဳက္ကာ လက္တစ္ဖက္နဲ႕ တင္းေနေအာင္ သိမ္းေပြ႕ထားၿပီး က်န္လက္တစ္ဖက္နဲ႕ ဖုန္းထုတ္ၾကည့္လိုက္တယ္ ။
ေခၚဆိုသူက လုရန္းလား ?!
သူတို႔ႏွစ္ေယာက္က စီးပြားေရးကိစၥနဲ႕သာ ဆက္သြယ္ခဲ့ဖူးၾကေပမယ့္ ကိုယ္ေရးကိုယ္တာအရေတာ့ မဆက္သြယ္ခဲ့ဖူးဘူး ။
ၿပီးေတာ့ မနက္အေစာပိုင္း ႐ုတ္တရက္ဆန္စြာ ဖုန္းေခၚလာတယ္ဆိုေတာ့ တစ္စုံတစ္ရာအေရးႀကီးတာေၾကာင့္မ်ားလား ?!
ကုဖုန္း answer ကိုႏွိပ္လိုက္တာနဲ႕ တစ္ဖက္ျခမ္းမွ လုရန္းရဲ႕ မရဲတရဲအသံကို ၾကားလိုက္ရတယ္ ။
" ကုဖုန္းလား ?"
" ဟုတ္ပါတယ္ "
ကုဖုန္း ေခါင္းညိတ္ကာ
" စီအီးအို လုလား "
" မဟုတ္ပါဘူး "
လုရန္း သက္ျပင္းခ်ၿပီး
" အခုက စီအီးအို လု မဟုတ္ေတာ့ပါဘူး "
ကုအုပ္စုရဲ႕ ဥကၠဌတစ္ေယာက္အေနနဲ႕ လုအိမ်ဝောာ်က ကေသာင္းကနင္းျဖစ္ရပ္ေတြကို သဘာဝက်စြာပဲ သူ သိထားတယ္ ။ ကုဖုန္း ရွည္ရွည္ေဝးေဝးေတြ ေျပာမေနေတာ့ဘဲ တိုက္ရိုက္သာ ေမးလိုက္ေလတယ္ ။
" ကြၽန္ေတာ့္ကိုရွာတာ အေရးတႀကီးကိစၥရွိလို႔လား ?
" ဟုတ္ပါတယ္ ..ကြၽန္ေတာ္ ေတာင္းဆိုခ်င္တာေလးရွိလို႔ပါ "
လုရန္းရဲ႕ေလသံက ပင္ပန္းသံေလးစြက္ေနတယ္ ။
ကုဖုန္း နားေထာင္ေနစဥ္ ဖုန္းတစ္ဖက္မွ ရင္းႏွီးေနတဲ့ အသံဆူဆူေလးကို ၾကားလိုက္ရတယ္ ။ အဲ့ဒါက လုရန္ပဲ ။
" မစၥတာကု , ကြၽန္ေတာ္ ေတာင္းဆိုခ်င္တာက ....မြို့ဝောာ်ဆေးရုံကြီးမှာ အရမ္းနာမည္ႀကီးတဲ့ ပါရဂူတစ္ေယာက္ရွိတယ္ ..သူက စု မ်ိဳးရိုး .. စိတ္ေရာဂါကုပါရဂူ..စိတ္ပညာနဲ႕ပတ္သတ္ရင္ အရမ္းေတာ္တဲ့ ဆရာဝန္ႀကီး ..ခင္ဗ်ား သူ႕ကို သိလား "
ကုဖုန္း ခဏေလာက္ စဥ္းစားၾကည့္လိုက္တယ္ ။
" ငါ မသိဘူး "
လုရန္ စိတ္ကသိကေအာက္ျဖစ္စြာ ႏွာမႈတ္လိုက္တယ္ ။ ထို႔ေနာက္ အရွက္တရားေဘးခ်ိတ္ကာ မ်က္ႏွာေျပာင္ေျပာင္နဲ႕ပဲ ေတာင္းဆိုလိုက္ရတယ္ ။
" ဘာပဲျဖစ္ျဖစ္ဗ်ာ .. ကျွန်ဝောာ် ေရွ႕မ်က္ႏွာေနာက္ထားၿပီး ေတာင္းဆိုပါရေစ ..သူက အၿငိမ္းစားယူသြားၿပီ .. ..ဒါေၾကာင့္ ခင္ဗ်ားကိုပဲ အပူကပ္ပါရေစ ..ေက်းဇူးျပဳၿပီး သူ႕ကို ရွာေပးလို႔ရမလား ..ကျွန်ဝောာ် အျမန္ဆုံးကုသဖို႔ လိုေနတယ္ !"
ယုေပၚယြင္လက္ေခ်ာင္းေလးေတြေပၚ အုပ္ကိုင္ထားတဲ့ ကုဖုန္းလက္ေခ်ာင္းေတြ ပိုၿပီးတင္းၾကပ္သြားတယ္ ။ ထို႔ေနာက္ အေးစက်စက်ဝောာင်ပေါ်လေတွေတိုးမရအောင် အဲ့ဒီလူသားေလးကို သူ႕ရင္ခြင္ထဲ အတင္းဆြဲသြင္းကာ သူ႕ကိုယ္ထဲ ျမဳပ္ဝင္သြားေတာ့မတတ္ ေပြ႕ဖက္ထားလိုက္တယ္ ။
" ငါ့ကို ေျပာျပပါ "
လုရန္အသံက ခ်ီတုန္ခ်တဳန္ျဖင့္ တြန႔္ဆုတ္ဆုတ္ျဖစ္ေနတယ္ ။ ခဏအၾကာမွာ တိုးသက္စြာ ဆိုလာခဲ့တယ္ ။
" ေပၚယြင့္ကို မေျပာနဲ႕ေနာ္ "
ယုေပၚယြင္နာမည္ပါလာေတာ့ ကုဖုန္းတစ္ကိုယ္လုံး သတိအေနအထားျဖစ္သြားတယ္ ။
ယုေပၚယြင္က သူ႕စိတ္ခံစားမႈကို ရွင္းရွင္းလင္းလင္း သတိထားမိသြားၿပီး မ်က္ေမွာင္ၾကဳတ္ကာ ေမးလာတယ္။
" ဘာျဖစ္လို႔လဲ "
ကုဖုန္းက သူေလးနဖူးကို ငုံ႕နမ္းၿပီ
"ဘာမွမဟုတ္ဘူး ..မစိုးရိမ္နဲ႕ေနာ္ "
ထို႔ေနာက္ ယုေပၚယြင္ကို ေတာင္နံေဘးတစ္ေနရာမွ ခုံတန္းလ်ားေလးေပၚထိုင္ခိုင္းလိုက္ၿပီး သူကေတာ့ ေျခလွမ္းအနည္းငယ္ လွမ္းသြားကာ ယုေပၚယြင္ကို မ်က္ေျခမျပတ္ၾကည့္ေနလ်က္ ဆိုလိုက္တယ္ ။
" မင္း ေျပာလို႔ရၿပီ "
" ကျွန်ဝောာ့်ပြိုင်ဘက် ေရွာင္းဝူတန္ေလ ..သူ , သူက ......"
လုရန္ အံတင္းတင္းႀကိတ္လိုက္တယ္ ။
" မေန႕ညက သူ , သူ႕အိမ္ေလးမွာ သူ႕ကိုယ္သူ သတ္ေသခဲ့တယ္ ..ကျွန်ဝောာ် ေပၚယြင္နဲ႕စကားေျပာၿပီး သူ႕ကို ေမးမလို႔ ဖုန္းေခၚတာ ဖုန္းကကိုင္မယ့္လူမရွိဘူး ..အေခါက္ေခါက္အခါခါေခၚလည္း ထူးမျခားနားျဖစ္ေနတာ ..ဒါ ေသြးရိုးသားရိုးမဟုတ္ဘူးလို႔ ကျွန်ဝောာ် ေတြးမိလိုက္တယ္ "
လုရန္က ေရွာင္းဝူတန္အေၾကာင္း ေကာင္းေကာင္းသိတယ္ ။ ေရွာင္းဝူတန္ဆိုတာ ဖုန္းကို ကိုယ္နဲ႕မကြာေဆာင္ထားတတ္သူ ။ ring tone ဆိုလည္း သန္းေခါင္ယံအိပ္ေမာက်ေနသူမ်ိဳးကိုေတာင္ အလန႔္တၾကားထေျပးရေလာက္ေအာင္
အက်ယ္ေလာင္ဆုံးနဲ႕ အဆူညံဆုံး ring toneမွ ထားတတ္သူ ။ အဲ့ဒါမွ အေရးႀကီးသတင္းေတြ လြတ္မသြားမွာလို႔ ဆိုေနတတ္သူ ။
မတိုင္ခင္တစ္ညက မနက္သုံးနာခြဲႀကီးမွာ သူ႕ကို စခ်င္တာေၾကာင့္ WeChat ကေန လုရန္ ပုံတစ္ပုံပို႔ေပးလိုက္တယ္ ။ မိနစ္ဝက္ေတာင္မၾကာဘူး ေရွာင္းဝူတန္ အဲ့ဒီပုံကို ဝင္ၾကည့္သြားတယ္ ။ မေမွ်ာ္လင့္ထားစြာပဲေနာက္ထပ္တစ္မိနစ္အၾကာမွာ ေရွာင္းဝူတန္ရဲ႕ ရန္ျပန္စျခင္းကို ခံလိုက္ရတယ္ ။ ထို႔ေနာက္ ႏွစ္ေယာက္သား မအိပ္မေနနဲ႕ WeChat စစ္တလင္းထက္မွာ ေလလွိုင္းတိုက္ပြဲႀကီးကို သူနိုင္ကိုယ္နိုင္ အၿပိဳင္က်ဲၾကေတာ့တယ္ ။ တစ္ညတည္းနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ အဆဲေပါင္းေသာင္းေျခာက္ေထာင္ကို ကိုးရာရွစ္ဆယ့္ခုနစ္ႀကိမ္တိတိဆဲခဲ့ၾကတာ ။ နိုတီတက္ပါမ်ားလို႔ သူ႕ဖုန္းေလးေတာင္ ဆန႔္ငင္ဆန႔္ငင္ျဖစ္သြားေသးတယ္ ။
ထို႔ေၾကာင့္လည္း လုရန္ သကၤာမကင္းျဖစ္သြားတာ ။ အဲ့ဒီလိုလူက ဒီေလာက္ဖုန္းေတြေခၚေနတာ မကိုင္ဘူးဆိုေတာ့ ဒါ ဘယ္လိုမွ ေသြးရိုးသားရိုးမဟုတ္ေတာ့ဘူးေလ ။
" ကျွန်ဝောာ့်စိတ်ထဲ ထင့္ေနတာနဲ႕ သူ႕အိမ္ကို အေျပးသြားခဲ့တယ္ ..ကြၽန္ေတာ္ ထင္ေနသလို မဟုတ္ပါေစနဲ႕လို႔ ဆုေတာင္းခဲ့ေပမယ့္ သူ့အိမ်ရောက်ဝောာ့ bathtubထဲမွာ ေသြးခ်င္းခ်င္းနီေနၿပီး သူ......."
ကုဖုန္းက ယုေပၚယြင္အဆင္ေျပမေျပထပ္ၾကည့္လိုက္ၿပီး ေခါင္းညိတ္ကာ
" အဲ့ဒီေနာက္ေရာ ?"
" ကျွန်ဝောာ် သူ႕ကို ခ်က္ခ်င္းပဲ ေဆး႐ုံပို႔ၿပီး ေဆး႐ုံမွာ နာရီေပါင္းမ်ားစြာ ကုသခဲ့ရတယ္ .. ဆရာဝန္ေတြလည္း ခြဲစိတ္ခန္းထဲ ဝင္လိုက္ထြက္လိုက္နဲ႕ အသည္းအသန္ အသက္လုခဲ့ရတယ္ ..ခုေတာ့ အႏၱရာယ္ကင္းသြားပါၿပီ "
လုရန္အသံက စိတ္အားတက္ႂကြဖြယ္မရွိဘူး ။
" ဒါေပမယ့္ ဆရာဝန္ေတြေျပာတာက လူနာက ဘယ္အခ်ိန္ သတိျပန္လြတ္သြားမလဲ မသိဘူးတဲ့ ..လူနာကိုယ္တိုင္က အသက္ရွင္ခ်င္စိတ္မရွိျဖစ္ေနတာတဲ့ ... သူ႕မွာ စိတ္ပိုင္းဆိုင္ရာ ျပႆနာေလးေတြရွိတယ္ထင္တယ္တဲ့ ..အဲ့ဒါေၾကာင့္ေလ .......သူ႕ကိုကုရေအာင္ စိတ္ေရာဂါကုပါရဂူႀကီးကို ရွာေပးလို႔ရမလားလို႔ ?"
ကုဖုန္း စကားမစရေသးခင္မွာပဲ ဟိုတစ္ဖက္က လုရန္ ငိုေႂကြးေနႏွင့္ၿပီ ။
" မျငင္းလိုက္ပါနဲ႕ဗ်ာ ..ခင္ဗ်ားကူညီနိုင္မယ္ဆိုတာ ကျွန်ဝောာ် ယုံတယ္ ..ဒါမ်ိဳးကိစၥေတြမွာ ခင္ဗ်ားက အယုံၾကည္ရဆုံးလူမို႔ပါ ..အဲ့ဒါထက္ ကြၽန္ေတာ္ ဘလိုင္းႀကီး အကူအညီမေတာင္းပါဘူး .. ယုေပၚယြင္ရဲ႕ လူသိပ္မသိတဲ့ အက်င့္ေလးေတြကို ေျပာျပေပးပါ့မယ္ "
( သူငယ္ခ်င္းကို ေရာင္းစားတယ္ က်န္း )
ထိုစကားၾကားၾကားခ်င္းပဲ အေမာင္ကုရဲ႕ မ်က္ခုံးေတြ ပင့္တက္သြားေလတယ္ ။
" တကယ္လား "
" တကယ္ပါ ..တကယ္ပါဗ်ာ .. အဲ့ဒီအျပင္ ခင္ဗ်ားရဲ႕ ၾကင္နာမႈေတြကိုလည္း ေပၚယြင့္ေရွ႕မွာ ေသေသခ်ာခ်ာေလး ေျပာျပေပးဦးမွာ ..ဒါဆို သူ႕စိတ္က ခင္ဗ်ားအေပၚ ေပ်ာ့ေပ်ာင္းလာလိမ့္မယ္ "
" ပါရဂူႀကီးရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ ငါ့ဆီ ပို႔လိုက္ ..ျမန္နိုင္သမွ် အျမန္ဆုံး ရွာေပးမယ္ "
" ဟုတ္ ဟုတ္ "
တစ္ဖက္က လုရန္ အေတာ္ေလး ေပ်ာ္သြားၿပီး စကားအနည္းငယ္ေျပာကာ ဖုန္းခ်သြားတယ္ ။
ကုဖုန္း သူ႕ေက်ာထက္မွာ ယုေပၚယြင္ကို ပိုးလိုက္ျပန္တယ္ ။
ယုေပၚယြင္က ေမးေလတယ္ ။
" ဘာေတြျဖစ္ေနတာလဲ "
ကုဖုန္း ခဏေလာက္ စဥ္းစားလိုက္ေပမယ့္ ယုေပၚယြင္ကို ဖုန္းကြယ္မထားဖို႔ ဆုံးျဖတ္လိုက္တယ္ ။ အမွန္တရားတိုင္းဟာ တစ္ေန႕မဟုတ္ တစ္ေန႕ေတာ့ ေပၚလာမွာပဲ ။ သူ မေျပာဘဲ ဖုန္းကြယ္ထားရင္ ေပၚယြင့္စိတ္ထဲ အဲ့ဒါႀကီးက တႏုံ႕ႏုံ႕ျဖစ္ေစမွာ ။ အကယ္၍ အမွန္ကိုသိသြားတဲ့တစ္ေန႕ သူတို႔ႏွစ္ေယာက္ၾကားက အဖုအထစ္ေတြ အဆင္မေျပမႈေတြ ပိုတိုးလာနိုင္တယ္ ။ ေနာက္ထပ္ အက္ေၾကာင္းရာေတြ မဖြစ်ချင်ဝောာ့ဘူး ။
ေပၚယြင္ေလးနဲ႕ ျပန္ၿပီးနီးစပ္ဖို႔ေတာင္ ဒီေလာက္ခက္ခဲေနတာ ။ ေပၚယြင့္စိတ္ထဲ သံသယျမဴတစ္မႈန္ေတာင္ မဝင္ေစခ်င္ဘူး ။
ဒါေၾကာင့္ လုရန္ေျပာတာေတြကို အတိုခ်ဳံးၿပီး ေျပာျပလိုက္တယ္ ။
ေရွာင္းဝူတန္ရဲ႕ သတ္ေသမႈကိုၾကားေတာ့ ယုေပၚယြင္ တုန္လႈပ္သြားတယ္ ။ ဒါေပမယ့္ ကံေကာင္းလွစြာပဲ ခဏတာစိတ္လြတ္သြားၿပီး ျပန္ထိန္းလိုက္နိုင္သြားတယ္ ။
" ဒါဆို အဲ့ဒီပါရဂူႀကီးကို ကူၿပီးရွာေပးလိုက္ပါဗ်ာ ေနာ္ "
ယုေပၚယြင္ အသံေလးက ေပ်ာ့ေပ်ာင္းတိုးသက္ေနဆဲ ။ အိပ္ခ်င္မူးတူးျဖစ္ေနေသးတာေၾကာင့္လည္းပါတယ္ ။
ထိုအသံေလးက သိသိသာသာကို ကုဖုန္းနားထဲ ပ်ားရည္ေတြ ေလာင္းခ်ခံလိုက္ရသလို ခ်မ္းေျမ့လို႔သြားတယ္ ။
ကုဖုန္း ရယ္လိုက္ကာ
" ေကာင္းပါၿပီဗ်ာ .. ခင္ဗ်ားေလး အမိန႔္ေတာ္အတိုင္းပါပဲ .. ကြၽန္ေတာ္ အသက္စြန႔္ၿပီး ထမ္း႐ြက္ပါ့မယ္ "
( အမိန႔္ေတာ္ ထမ္း႐ြက္တယ္ဆိုတာေတာ့ သိၾကတယ္ ဟုတ္ )
" ကြၽန္ေတာ္က အမိန႔္ေပးတာ မဟုတ္ရပါဘူးေနာ္ ..ကြၽန္ေတာ့္ဘာသာ ကြၽန္ေတာ္ ......."
ယုေပၚယြင္ေလး စကားေတာင္ ဆုံးေအာင္မေျပာနိုင္ေတာ့ဘူး ။ ေဟာက္သံပိစိေလးေတြထြက္ၿပီး အိပ္ေပ်ာ္လို႔သြားျပန္တယ္ ။
ကုဖုန္း ေခါင္းလွည့္ၾကည့္လိုက္တယ္ ။ ယုေပၚယြင္ရဲ႕ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြက သူ႕လည္ပင္းကို ကုတ္ျခစ္ေနသလို ခံစားရေလတယ္ ။
ဒီမနက္ခင္းေလးမွာ ယုေပၚယြင္နဲ႕ အတူတူ ေတာင္တက္ခြင့္ရခဲ့တယ္ ။ ေနထြက္ခ်ိန္ကို အတူတူ ၾကည့္ခြင့္ရခဲ့တယ္ ။ ေပၚေပၚထင္ထင္ နမ္းနိုင္တဲ့ အခြင့္ထူးႀကီးတစ္ခုပါ အဆစ္ရလိုက္ေသးတယ္ ။
သူ႕ကိုေျပာတဲ့ ယုေပၚယြင္ေလသံေလးေတြကအစ ပိုၿပီး ပိုၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းလာတယ္ ။
ကုဖုန္း ငါးခူၿပဳံးႀကီး ၿပဳံးလိုက္တယ္ ။
ဒီမနက္ခင္းေလးက အရမ္း အရမ္းကို အဖိုးတန္လြန္းတာပဲ ။
( ဒီရက္ပိုင္းေတြက တ႐ုတ္ႏွစ္ကူးနီးၿပီမို႔ အလုပ္ေတြ အေတာ္မ်ားတယ္ ..ကိုယ့္သူေဌးက တ႐ုတ္စစ္စစ္ဆိုေတာ့ေလ ..ဒါေၾကာင့္ ၂ လပိုင္း လလယ္ေလာက္ထိ update က်ဲပါမယ္ေနာ္ )