လုရန်းက လုရန်ဆီကို လျှောက်လာပြီး ထိုင်ချလိုက်တယ် ။ သူ့ပုံစံက အရမ်းတည်ငြိမ်နေတယ် ။
ရှောင်းဝူတန်အဖေရင်းကတော့ နောက်မိန်းမနဲ့ရတဲ့သားကို ချီလို့ ။ အဖေက ရည်ရည်မွန်မွန်နဲ့ ကလေးက အတော်လေးချစ်စရာကောင်းပြီး အဖေတူသားလေး ။
ဒါပေမယ့် ဒီလူ ဘယ်လောက် အာဏာရှင်ဆန်ပြီး ရွံစရာကောင်းလဲဆိုတာ ရှောင်းဝူတန်တစ်ယောက်တည်းပဲ သိတယ် ။
ရဲအရာရှိက ပြစ်မှုမှတ်တမ်းကို သူတို့အုပ်စုထံပေးလိုက်ပြီး
" ပြည်တွင်းဥပဒေအရတော့ ဒီပြစ်မှုအတွက် ကြီးလေးတဲ့ပြစ်ဒဏ်မျိုး ချမှတ်မထားဘူး ..အဲ့ဒါကြောင့် ကိုယ်ထိလက်ရောက်ကျူးလွန်သူနှစ်ယောက်က ခံဝန်လတ်မှတ်ထိုး.. ပြီးရင် မုန်းစကိုတိုစေ ချစ်စကိုရှည်စေဆိုသလိုပေါ့ .. ခင်ဗျားတို့အချင်းချင်းလည်း အမုန်းပွားမနေဘဲ နှစ်ဦးနှစ်ဖက် ကျေအေးလိုက်ကြပါ ..ထပ်ပြီး မင်းတို့နှစ်ယောက်ကို အကြံပေးရရင် နောက်ဆို အများသူငါ ငြိမ်းချမ်းစွာ နေထိုင်ကြတဲ့နေရာမှာ ခုလို အနှုတ်သဘောဆောင်တဲ့ အပြုအမူတွေ မလုပ်ပါနဲ့ ..ရန်လိုတာ မကောင်းဘူး .. လက်မပါကြနဲ့ ..စကားနဲ့ပဲ အေးအေးဆေးဆေး ဆွေးနွေးညှိနှိုင်းကြပါ "
ရှောင်းဝူတန် ရင်ကိုကော့ပြီး အေးစက်စွာ နှာမှုတ်လိုက်တယ် ။
"ဟွန်း "
လုရန်းက တစ်ဖက်မှာရပ်နေတဲ့ ရှောင်းဝူတန်အဖေကို တစ်ချက်ကြည့်ကာ ရဲအရာရှိကို ပြောလိုက်တယ် ။
" ကျွန်ဝောာ်တို့ နားလည်ပါပြီ ..ကျေးဇူးပါ ရဲအရာရှိမင်းခင်ဗျ "
(Fuck ! စွရဲတွေ စွကျက်သရေကို မရှိဘူး ..စစ်ခွေး ရဲခွေးအားလုံး 🤌🤌🤌..ရိုင်းသွားရင် sorry ကိုယ့်ကလေးတွေ )
ရှောင်းဝူတန်အဖေက ဆန်းဆန်းပြားပြားအပြုံးကြီးပြုံးပြီ
" ကျွန်ဝောာ် တစ်ခုလောက်ပြောပါရစေဦး အရာရှိမင်းခင်ဗျ ..လက်ရောက်မှုစတင်ကျူးလွန်သူက ညစ်စုတ်တဲ့ ဟိုမိုကောင်ပါ ..သူ့ဘေးကနှစ်ယောက်လည်း အတူတူပဲ ..သူတို့က ဒီပုပ်ထဲက ဒီပဲတွေပါ..အရာရှိအနေနဲ့ အဲ့လိုလူမျိုးတွေကို စစ်ဆေးမေးမြန်းချင်စိတ်လေး မရှိဘူးလား .. သူတို့က စေ့စပ်ထားတာလေ..အစိုးရက လိင်တူချင်းယူတာကို ပြင်းထန်တဲ့ဥပဒေတွေချမှတ်ထားပြီး ပြစ်မှုကြီးအဖြစ် သဘာဝကျကျ သတ်မှတ်ထားတာပဲ.. အဲ့ဒါကိုတောင် သူတို့က အတင့်ရဲလို့ !..ပြီးတော့ သူတို့တွေက တစ်မိသားစုလုံးကိုလည်း အရှက်ရစေတယ်လေ ..ကျွန်ဝောာ် ထင်တာ........."
" မင်းအောင်လှိုင်မို့လို့ သဘာဝကျကျ ပြင်းထန်တဲ့ ဥပဒေလား ..ခင်ဗျားအမေ,ခင်ဗျားပဲ သဘာဝကျကျလေး ဖာ့ခ်လိုက်လေ မင်းအောင်လှိုင်ရဲ့ ..ခင်ဗျားမှာ နောက်ဆုံးလက်နက်က ဒါပဲရှိတာလား "
(မင်းအောင်လှိုင် = ကိုယ်မေကိုယ် ိုး , မအေ ိုး)
လုရန်တစ်ယောက် ဒေါသတွေပေါက်ကွဲသွားပြီး ဝုန်းခနဲ ထရပ်ကာ သက်လတ်ပိုင်းအရွယ် ရေပေါ်ဆီအဖြောင့်ကောင်ကို စူးစူးရဲရဲကြည့်ပြီး ပက်ခနဲ ပြောပစ်လိုက်တယ် ။
" ကျုပ်မိသားစုက ကျုပ်ကြောင့် တစ်ခါမှ အရှက်မရခဲ့ဘူး ..ကျုပ်တို့က ဘာဖြစ်နေလို့လဲ..အိပ် စား ကာမ သုံးပါးတည်းသိပြီး အိမ်ထောင်ရေးဖောက်ပြန် ၊ သူများမယားကြာခို ၊ အိမ်တိုင်ချွတ်ပေါင်ရတဲ့ မြင်းလောင်း ၊ ဖဲရိုက်တတ်တဲ့ လောင်းကစားသမား အဖြောင့်ကောင်တွေထက် အများကြီးသာတယ် .. ကျုပ်မိသားစုကလည်း ကျုပ်ကို အဲ့လိုလူမျိုးမဖြစ်အောင် သွန်သင်ဆုံးမခဲ့ပြီးသား ..ခင်ဗျားတို့လို အဖြောင့်ကောင်တွေသာ ဦးနှောက်ထဲ မစင်တွေရောက်နေလို့ တစ်ဖက်ပိတ်နေတာ ..အဲ့လိုလူမျိုးတွေကမှ ပိုပြီးရှက်သင့်တယ်လို့ ကျုပ်ထင်မိတာပဲ ! "
" ငါ ိုးမသား ..မင်း !"
ရှောင်းဝူတန်အဖေ ကံအားလျော်စွာ ပွပေါက်တိုးပြီး ချမ်းသာကြွယ်ဝလာပြီးတဲ့နောက် သူ့ကိုဆန့်ကျင်တဲ့လူ အနည်းငယ်လောက်ပဲရှိတော့တာ ။ မမျှော်လင့်ဘဲ လုရန်က သူ့ကို ပိုးခနဲပက်ခနဲပြန်ပြောတဲ့အပြင် သူ့ကိုပါ တစ်ဖက်ပိတ်မို့ ရွံစရာပိုကောင်းတယ်လို့ စောင်းမြောင်းပြောဆိုလိုက်တာကြောင့် ဒေါသအမျက်ချောင်းချောင်းထွက်သွားလေတယ် ။
" ရှေ့တိုးရဲ တိုးကြည့်လိုက် ! ..လူသိမခံရဲတဲ့ ခင်ဗျားအကြောင်းတွေ အူမချေးခါးမကျန် အကုန်အစဆွဲထုတ်လိုက်မှာနော် ..ကျွန်ဝောာ် မလုပ်ရဲဘူးထင်နေလား "
ရှောင်းဝူတန် ဝုန်းခနဲထရပ်ကာ လက်သီးဆုပ်လျက် ဆိုလေတယ် ။
ရှောင်းဝူတန်အဖေက ရဲစခန်းထဲမှာ သူ့သားကို ရိုက်လို့မဖြစ်ဘူးဆိုတာတော့ သိသေးတယ် ။ ဒေါသထွက်လွန်းလို့ တဆတ်ဆတ်တုန်နေပေမယ့် ခြေတစ်လှမ်းတောင် ဆက်မလှမ်းရဲတော့ဘူး ။
လောကကြီးက ဒီလိုပါပဲ ။ နိုင်လို့ရတဲ့လူကျ ဖိနိုင်ပြီး မနိုင်ရဲတဲ့လူကျ ဖင်တုန်အောင်ကြောက်ကြတာ ဓမ္မတာပဲလေ ။ သိပ်ကိုတရားကျဖို့ကောင်းတယ် ။
ရဲအရာရှိက သူတို့ကို ညှိနှိုင်းပေးရန် စီစဉ်ထားပြီးသား ။ သူက သက်ပြင်းချပြီး ရှောင်းဝူတန်လက်သီးကို နောက်ပြန်ဖိချကာ
"မင်းကလည်းကွာ , ပြောရခက်ပါဘိ ..လူ့အဖွဲ့အစည်းကြီးနဲ့ လိုက်လျောညီထွေဖြစ်ဖို့ဆိုရင် ကိစ္စတိုင်းကို လက်သီးနဲ့ပဲ အမြဲတမ်းဖြေရှင်းနေလို့မရဘူးလေ ..အဲ့ဒါက နှစ်ခါရှုံးစေတယ် .. ပြီးဝောာ့ ခင်ဗျားရောပဲ "
ရဲအရာရှိက သက်လတ်ပိုင်းအရွယ်လူကြီးကို အနည်းငယ်အထင်အမြင်သေးစွာနဲ့ ပြောလိုက်တယ် ။
" ခင်ဗျားလည်း အပြောလေးနည်းနည်းလျော့ .. ကိုယ့်ပါးစပ်လေးကိုယ်ထိန်း ..သောကနည်းတာပေါ့ "
"ရဲအရာရှိကြီးခင်ဗျ "
စောင့်ကြည့်နေတဲ့ လုရန်းက လုရန်ကျောလေးကို ညင်သာစွာပုတ်ကာ ခေါင်းညိတ်ပြပြီး ဆိုလိုက်တယ် ။
" ကျွန်ဝောာ်တို့ဘာသာပဲ သီးသန့်ဖြေရှင်းကြတာပေါ့ ..ဒုက္ခပေးမိပါပြီ "
ရဲအရာရှိက ခေါင်းညိတ်ကာ ပြန်နှုတ်ဆက်လိုက်တယ် ။
လုရန်းက လုရန်နဲ့ ရှောင်းဝူတန်ကိုခေါ်ကာ တံခါးဘက်ကို လျှောက်လာခဲ့တယ် ။ သက်လတ်ပိုင်းအရွယ်လူကြီးကလည်း သူ့ဇနီး ၊ တရားမဝင်သားနဲ့ ယောက်ဖကိုခေါ်ကာ သူတို့နောက်မှ ကပ်လျက်လိုက်လာခဲ့တယ် ။ သူ့ယောက်ဖက မညီမညာဖြစ်နေတဲ့ သူ့သွားတွေနဲ့ ထခုတ်တော့မတတ် အံကြိတ်ကာ ပြောလိုက်တယ် ။
" ငါ့ကို ရိုက်ပြီးမှ ထွက်ပြေးချင်တာလား .. လျော်ကြေးတော့ ပေးကိုပေးရမှာပေါ့ ..မင်းကြောင့် ငါ့သွားတွေ ကျွတ်သွားရတာလေ ..ရိုးရိုးသားသားနဲ့ ပိုက်ဆံသာအမ်းလိုက်စမ်းပါ "
ရဲစခန်းအပြင်မှာ လေပြင်းထန်နေပြီး အေးစက်နေတာပဲ ။
ရှောင်းဝူတန် နောက်လှည့်ကာ သူ့အဖေရင်းကို ခံစားချက်မရှိတဲ့လေသံနဲ့ မေးလိုက်တယ် ။
" ရှောင်းဂန်မင်း , ခင်ဗျားရဲ့ အပြုအမူတွေက ......ကျွန်ဝောာ်က ခင်ဗျားသားမဟုတ်ဘူးလား..ဘာကြောင့် ဒီလိုတွေ ဆက်ဆံတာလဲ ..ခင်ဗျားက သေတာနဲ့ပဲ ထိုက်တန်တယ် "
ရှောင်းဂန်မင်းက ရှောင်းဝူတန်ကို ချွဲသလိပ်ခတ်ပြီး လှမ်းထွေးလိုက်တယ် ။ ရှောင်းဂန်မင်းက ရုတ်တရက် ပွပေါက်တိုးပြီး ချမ်းသာလာတဲ့သူ ။ သူ့မှာ လူကြီးလူကောင်းဆန်ခြင်း ၊ ဂုဏ်သိက္ခာကြီးမြတ်ခြင်း ၊ အဆင့်အတန်းရှိခြင်း ၊ အထက်တန်းကျခြင်း ဘာဆိုဘာမှ မရှိဘူး ။ သူ့အပြုအမူတွေက အောက်တန်းကျလွန်းလှတယ် ။
ရှောင်းဝူတန်က သူ့အဖေလုပ်ရပ်ကြောင့် မင်သက်မိသွားတယ် ။ ခဏကြာမှ သူ့အိတ်ကိုဖွင့်ပြီး
" ကျွန်တော့်မှာ ပိုက်ဆံဆိုလို့ ဒါပဲရှိတာ ..ရှိသလောက် ခင်ဗျားကို ပေးလိုက်မယ် ..ခင်ဗျားပိုက်ဆံလည်း နောက်ထပ်မလိုချင်တော့ဘူး "
ရှောင်းဝူတန်ပေးတဲ့ပိုက်ဆံကို ရှောင်းဂန်မင်း လှမ်းယူပြီး အထင်သေးစွာ ဆိုလိုက်တယ် ။
" ဟက် ဒါပဲလေ "
ရှောင်းဝူတန်က အေးတိအေးစက် စက်ရုပ်လိုပဲ ခံစားချက်ဗလာနဲ့ ။
" ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး .. စွဂရုလည်းမစိုက်ဘူး .. ဒါနဲ့ စကားမစပ် ခင်ဗျား ဘယ်ချိန်သေမှာလဲ ..ခင်ဗျားသေရင် ရှောင်စန်းကို ကျွန်တော့်ဆီ အကြောင်းကြားခိုင်းဖို့ မမေ့နဲ့ဦး ..ခင်ဗျားရဲ့ အောက်မေ့ဖွယ်ရာဈာပနလေးမှာ ကျွန်တော်လည်း တံတွေးတစ်ခွက်လောက် ပို့ပေးလိုက်ချင်တယ်လေ "
ရှောင်းဂန်မင်းရဲ့ဒေါသတွေ ပြန်လည်ထိုးတက်လာပြန်ပြီ ။
သို့သော်လည်း လုရန်က ရှေ့ကိုလှမ်းလိုက်တယ် ။ ဘော်ဒီဂတ်ကြီး လုရန်းက သူ့ကြက်ပေါက်လေးရှေ့တိုးသွားတာနဲ့ သူပါ ရှေ့လိုက်တိုးပြီး လုရန် နဲ့ ရှောင်းဝူတန်ကို သူ့နောက်ပို့လိုက်တယ် ။
သူ့ကိုယ်ကလည်း ကြောက်မက်ဖွယ်ရာ အရှိန်အဝါတွေ ထွက်နေပြီး
" လူကြီးမင်းရှောင် ..ခင်ဗျားပြဿနာဆက်ရှာနေဦးမယ်ဆိုရင် ဘာတွေဖြစ်သွားမလဲ ကျွန်ဝောာ် အာမမခံနိုင်ဘူးနော် "
ရှောင်းဂန်မင်း သက်မတစ်ဝက်ချလိုက်တယ် ။ လုရန်းရဲ့ အရှိန်အဝါနဲ့ သာမာန်ထက် လွန်ကဲလွန်းလှတဲ့ အဝတ်အစားကိုကြည့်ရုံနဲ့ ဒီလူက ခေသူမဟုတ်တာ သူသိတယ် ။ ဒါကြောင့် သူ့ရဲ့ မျိုးမစစ် သား ၊ မယား နဲ့ ယောက်ဖကိုခေါ်ကာ ထွက်သွားလေတယ် ။ ပါးစပ်ကတော့ မကြားဝံ့မနာသာတွေ ဆဲဆိုသွားသေးတယ် ။
နောက်ဆုံးတော့ ဒီပြဿနာကြီးပြီးသွားပြီပဲဟု စိတ်လျော့ကာ လုရန်က ရှောင်းဝူတန်ကို လှည့်ပြီးမေးလိုက်တယ် ။
" မင်းအိမ်နဲ့ ဘာဖြစ်ခဲ့တာလဲ ..ဘာလို့ ငါ့ကို မပြောတာလဲ "
" မင်းကို ပြောရမယ် ???"
ရှောင်းဝူတန်က တစ်ချက်စွေကြည့်ပြီး
" ဘာလို့ မင်းကို ပြောပြစေချင်တာလဲ ..မင်းက ငါ့ကို ဂရုမစိုက်ဘဲမေ့ထားပြီး မင်းလင်နဲ့ သာယာနေတာလေ .. မင်းလည်းလိ့စ်ပဲ !"
ထို့နောက် ထွက်သွားလေတယ် ။
လုရန် အံကြိတ်ကာ ရှောင်းဝူတန်လက်ကို ဖမ်းဆွဲပြီး ပိုက်ဆံတစ်ထပ်ကို အိတ်ထဲထည့်ပေးလိုက်တယ် ။
" ဒီနေရာက မင်းအတွက် မလုံခြုံတော့ဘူး ..ပိုက်ဆံယူသွားပြီး တခြားမှာ အလုပ်ရှာ
..မင်းအတွက် တွေးပြီး ပြောတာ ..မင်းက ............"
ရှောင်းဝူတန်က တကယ်ကို ခံစားချက်မဲ့တဲ့ စက်ရုပ် ။ လုရန်လက်ကို ဆောင့်ဖြုတ်ကာ ကျောခိုင်းလှည့်ထွက်သွားပြီး လူကြားထဲမှာ ပျောက်ကွယ်သွားတယ် ။
လုရန်က အေးစက်စက်လေပြင်းတွေကြားမှာ ငူငူကြီး ရပ်ကျန်နေခဲ့တယ် ။
" ကိုယ်တို့လည်း သွားရအောင်လေ "
လုရန်းက ညင်သာစွာ ဖက်ပွေ့လာကာ ဆိုလေတယ် ။
" မင်း စိတ်ပူနေရင် ကိုယ်တို့ သူ့ကို ကူညီနိုင်မယ့် နည်းလမ်းကို ရှာကြတာပေါ့ ..လာ ခုတော့ အိမ်ပြန်ကြရအောင်နော် "
လုရန် သက်ပြင်းချကာ လုရန်းကားထဲ ဝင်ထိုင်လိုက်တယ် ။
ရှောင်းဝူတန် သူ့အိမ်လေးကိုပြန်ရောက်တော့ ကောင်းကင်ကြီးက ပိန်းပိတ်အောင်မှောင်နေပြီ ။ ဒီညမှာ ကြယ်လေးတစ်လုံးတောင် မရှိဘူး ။
ထို့နောက် အရသာရှိတဲ့ ပင်လယ်စာခေါက်ဆွဲတစ်ပွဲပြုတ်ပြီး မွှေးပျံ့တဲ့ခေါက်ဆွဲလေးကို သုံးဆောင်လိုက်တယ် ။ စားနေရင်း ဖုန်းထုတ်ကာ ဖိုရမ်ထဲခဏဝင်ကြည့်ပြီး ဖုန်းကို ဘေးဘက်ပစ်ချလိုက်တယ် ။
သူ ငှားနေတဲ့အိမ်လေးက အရမ်းသေးတာပဲ ။ ဒါပေမယ့် သူကတော့ bathtubဝယ်ပြီး ရေချိုးခန်းကျဥ်းကျဥ်းထဲ မရရအောင် ထည့်ထားတယ် ။
Bathtubထဲ ရေနွေးစပ်ကာ အဝတ်တွေချွတ်ပြီး ဝင်စိမ်လိုက်တယ် ။ သူ့တစ်ကိုယ်လုံးကိုလည်း ဆပ်ပြာတိုက်လိုက်သေးတယ် ။
ထို့နောက် ရေနွေးထဲ သူကြိုက်တဲ့ အမွှေးဆီနဲ့ essential oil ကို ထည့်ပြီး ပင်ပန်းခဲ့သမျှ အတိုးချပြီး အပန်းဖြေလိုက်တယ် ။ ကြည့်ရတာတော့ အရာအားလုံးက သက်သောင့်သက်သာဖြစ်နေသလိုလို ။
သို့သော်လည်း သူ့မျက်ဝန်းတွေ မှေးမှိတ်ထားပေမယ့် သူ့ရင်ထဲမှာတော့ အသံပေါင်းစုံက ပဲ့တင်ထပ်နေတယ် ။
" သူက ရှောင်းဝူတန်တဲ့ အလယ်တန်း ဒုတိယနှစ်ကလေ ..သူက အခြောက်ကြီးကွ ..ရွံစရာကြီး ဟီးဟီးဟီးဟီး "
" ဒီမိန်းမမဟုတ် ယောက်ျားမဟုတ်ဘဝကနေ မင်း ဘယ်အချိန် ရုန်းထွက်မှာလဲ ..ငါကြားတာ မနေ့က မင်းရဲ့အားကစားအဖွဲ့က ကစားသမားတွေ မင်းကြောင့် မပျော်မရွှင်ဖြစ်ရတယ်ဆို ..သူတို့ပြောတာ အမှန်တရားတွေလေ ..မင်းက ဘာတွေမှန်နေလို့ သူတို့ကို ရန်ရှာရတာလဲ .. မင်း ဘယ်အချိန်ကျမှ အမြင်မှန်ရမှာလဲကွ "
" ယောက်ျားက ယောက်ျားလိုပဲ နေသင့်တယ် ..လိင်စိတ်ဖောက်ပြန်တာက အမှန်တကယ်ကို ရွံစရာကောင်းတယ် ..အမည်မသိလူတစ်ယောက်အနေနဲ့ စာတစ်စောင်ရေးပြီး ကျောင်းအုပ်ကြီးဆီပို့လိုက် ..ဒီလိုလူမျိုးနဲ့ အတူတူ တက္ကသိုလ်မတက်နိုင်ဘူး ..ငါတို့က ဘယ်လိုသည်းခံနိုင်မှာလဲ ..အဲ့လိုကောင်မျိုးတွေက သေသင့်တာ "
" စောက်ခြောက် ..မင်းက အသေလေးမွေးလာရမှာ ! "
ရှောင်းဝူတန်မျက်လုံးတွေ ပွင့်လာခဲ့တယ် ။ ရေချိုးခန်းထဲမှာတော့ ဖျော့တော့တော့မီးရောင်လေးက လဲ့လဲ့လေး လင်းလို့ ။
ကလေးဘဝတည်းက မရေမတွက်နိုင်တဲ့မျက်လုံးပေါင်းများစွာရဲ့ဒဏ်တွေ ၊ သူ့ရဲ့လိင်စိတ်ခံယူမှုနဲ့ သူ့ပုံစံကြောင့် နှပ်စက်ခံ အနိုင်ကျင့်ခံခြင်းတွေကို ခါးစည်းခံခဲ့ရတယ် ။
သူ ဒီလိုမွေးဖွားလာခဲ့ရတာက သူ့အပြစ်မှမဟုတ်တာ ။ သူလည်း ဒီလိုဘဝကြီးနဲ့ မွေးဖွားမလာချင်ခဲ့ပါဘူး ။ သူလိုငါလို သာမာန်ယောက်ျားတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ် ။
ဘာကြောင့်များ လူတိုင်းက သူ့ကို ဒီလိုဆက်ဆံရတာလဲ ။ သူက ခွင့်မလွှတ်နိုင်တဲ့ပြစ်မှုတွေ ကျူးလွန်နေတဲ့သူလည်းမဟုတ်ပါဘဲနဲ့ ။ သူ ဘာမှမမှားတာ အသိသာကြီးပါ ။ သူက ယောက်ျားတွေအားလုံးလိုပဲ ငိုသံနဲ့မွေးဖွားလာပြီး ယောက်ျားတစ်ယောက်လို မကြီးပြင်းခဲ့ရုံလေး ။
(ငိုသံ = အူဝဲ အူဝဲ )
ရှောင်းဝူတန် သူနဲ့မနီးမဝေးလေးမှာ ချွတ်ခဲ့တဲ့အဝတ်တွေကို မော့ကြည့်လိုက်တယ် ။ အင်္ကျီအိတ်ကပ်ထဲမှာ .......ဖြတ်လမ်းနည်းနဲ့ ခုန်ဝင်လာတဲ့ ပိုက်ဆံတစ်ထပ်ရှိနေတယ် ။
ရုတ်တရက်ကြီး သူ ပြုံးလိုက်တယ် ။ပြုံးနေရင်း မျက်ရည်တွေက တလိမ့်ချင်း စီးဆင်းကျလာကြတယ် ။
" တောင်းပန်ပါတယ် ရန်ရန်လေး ...ငါ ဒီနေ့ မင်းကို အော်ဟစ်ကြိမ်းမောင်းမိတယ် ..တောင်းပန်ပါတယ် ..တောင်းပန်ပါတယ် ..ငါ မင်းကို မုန်းလို့မဟုတ်ရပါဘူး ..ဆောရီးပါ ...ဆောရီးပါ ..ဆောရီးပါကွာ "
သူ့ လည်စေ့လေးက တက်လိုက်ကျလိုက် ။
" မင်းတို့နှစ်ယောက် အတူတူနေနေကြပြီပဲ ..ငါ့မှာ နောင်တတွေမရှိပါဘူး .. ငါ့အစား မင်းတို့နှစ်ယောက်က တစ်ဦးအတွက်တစ်ဦး ကျေကျေနပ်နပ် ရပ်တည်ပေးပြီး ပိုပြီး ပျော်ပျော်ရွှင်ရွှင်နေပေးရမယ်နော် "
လူတိုင်းရဲ့ ကမ္ဘာကြီးက အရောင်အသွေးစုံစွာ လှပနေပေမယ့် သူရဲ့ကမ္ဘာ .....ဆယ်စုနှစ်နှစ်စုကျော်ရှင်သန်နေတဲ့ သူ့ရဲ့တစ်ခုတည်းသော ကမ္ဘာလေးကတော့ အစဉ်အမြဲ မှောင်မိုက်နေဆဲပါပဲ ။
ကမ္ဘာကြီး နဲ့ ပုံမှန်ပါဆိုတဲ့လူတွေက သူ့ကို မထိခလုတ် ထိခလုတ် လှောင်ပြောင်ဟားတိုက်ခဲ့ကြပြီး ပိုဆိုးတာက နှိပ်စက်ညှင်းပန်းအနိုင်ကျင့်ကြခဲ့တာ ။ ဘယ်သူကမှ သူနဲ့မပေါင်းချင်ကြဘူး ။ အဲ့ဒါကြောင့်ပဲ သူကိုယ်တိုင်လည်း သူတို့တွေနဲ့မပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ် ။ သူက တကယ်ကို သင်းကွဲတစ်ကောင် ။
ဘုရားသခင်နဲ့ မိုးနတ်မင်းကြီးထံပါးမှာ အသနားခံ ဆုတောင်းပါတယ် !
နောင်ဘဝဆိုတာများရှိခဲ့ရင် သူ့ကို ဒီလိုထူးဆန်းတဲ့လူအဖြစ် ဖန်ဆင်းမပေးပါနဲ့တော့ !
အရမ်းအရမ်းကို နာကျင်ခါးသက်ရလွန်းလို့ပါ !
ရှောင်းဝူတန် ဘေးနားက မုတ်ဆိတ်ရိတ်ဓားကို ကောက်ကိုင်လိုက်တယ် ။ ပါးလှပ်ထက်ရှတဲ့ဓားသွားက မီးရောက်အောက်မှာ အေးစက်စွာ တောက်ပနေပြီး ရေအရှိန်နဲ့ သူ့မျက်ဝန်းထောင့်မှာ လက်ခနဲ လက်ခနဲ အလင်းပြန်နေခဲ့တယ် ။
ရေချိုးခန်းထဲမှာ တစ်စုံတစ်ရာကို လှီးဖြတ်သံသဲ့သဲ့လေးသာ ရှိနေတယ် ။
ထို့နောက် ...ထို့နောက်မှာတော့ ရေချိုးကန်ထဲက ရေနွေးပူတွေဟာ တစ်စထက်တစ်စ နီရဲလာပြီး သွေးညှီနံ့တွေနဲ့ ဖုံးလွှမ်းသွားလေတော့တယ် ။
++++++++++++++++++++++++++++++++++++
လုရန္းက လုရန္ဆီကို ေလွ်ာက္လာၿပီး ထိုင္ခ်လိဳက္တယ္ ။ သူ႕ပုံစံက အရမ္းတည္ၿငိမ္ေနတယ္ ။
ေရွာင္းဝူတန္အေဖရင္းကေတာ့ ေနာက္မိန္းမနဲ႕ရတဲ့သားကို ခ်ီလို႔ ။ အေဖက ရည္ရည္မြန္မြန္နဲ႕ ကေလးက အေတာ္ေလးခ်စ္စရာေကာင္းၿပီး အေဖတူသားေလး ။
ဒါေပမယ့္ ဒီလူ ဘယ္ေလာက္ အာဏာရွင္ဆန္ၿပီး ႐ြံစရာေကာင္းလဲဆိုတာ ေရွာင္းဝူတန္တစ္ေယာက္တည္းပဲ သိတယ္ ။
ရဲအရာရွိက ျပစ္မႈမွတ္တမ္းကို သူတို႔အုပ္စုထံေပးလိုက္ၿပီး
" ျပည္တြင္းဥပေဒအရေတာ့ ဒီျပစ္မႈအတြက္ ႀကီးေလးတဲ့ျပစ္ဒဏ္မ်ိဳး ခ်မွတ္မထားဘူး ..အဲ့ဒါေၾကာင့္ ကိုယ္ထိလက္ေရာက္က်ဴးလြန္သူႏွစ္ေယာက္က ခံဝန္လတ္မွတ္ထိုး.. ၿပီးရင္ မုန္းစကိုတိုေစ ခ်စ္စကိုရွည္ေစဆိုသလိုေပါ့ .. ခင္ဗ်ားတို႔အခ်င္းခ်င္းလည္း အမုန္းပြားမေနဘဲ ႏွစ္ဦးႏွစ္ဖက္ ေက်ေအးလိုက္ၾကပါ ..ထပ္ၿပီး မင္းတို႔ႏွစ္ေယာက္ကို အႀကံေပးရရင္ ေနာက္ဆို အမ်ားသူငါ ၿငိမ္းခ်မ္းစြာ ေနထိုင္ၾကတဲ့ေနရာမွာ ခုလို အႏႈတ္သေဘာေဆာင္တဲ့ အျပဳအမူေတြ မလုပ္ပါနဲ႕ ..ရန္လိုတာ မေကာင္းဘူး .. လက္မပါၾကနဲ႕ ..စကားနဲ႕ပဲ ေအးေအးေဆးေဆး ေဆြးႏြေးညွိႏွိုင္းၾကပါ "
ေရွာင္းဝူတန္ ရင္ကိုေကာ့ၿပီး ေအးစက္စြာ ႏွာမႈတ္လိုက္တယ္ ။
"ဟြန္း "
လုရန္းက တစ္ဖက္မွာရပ္ေနတဲ့ ေရွာင္းဝူတန္အေဖကို တစ္ခ်က္ၾကည့္ကာ ရဲအရာရွိကို ေျပာလိုက္တယ္ ။
" ကျွန်ဝောာ်တို့ နားလည္ပါၿပီ ..ေက်းဇူးပါ ရဲအရာရွိမင္းခင္ဗ် "
(Fuck ! စြရဲေတြ စြက်က္သေရကို မရွိဘူး ..စစ္ေခြး ရဲေခြးအားလုံး ..ရိုင္းသြားရင္ sorry ကိုယ့္ကေလးေတြ )
ေရွာင္းဝူတန္အေဖက ဆန္းဆန္းျပားျပားအၿပဳံးႀကီးၿပဳံးၿပီ
" ကျွန်ဝောာ် တစ္ခုေလာက္ေျပာပါရေစဦး အရာရွိမင္းခင္ဗ် ..လက္ေရာက္မႈစတင္က်ဴးလြန္သူက ညစ္စုတ္တဲ့ ဟိုမိုေကာင္ပါ ..သူ႕ေဘးကႏွစ္ေယာက္လည္း အတူတူပဲ ..သူတို႔က ဒီပုပ္ထဲက ဒီပဲေတြပါ..အရာရွိအေနနဲ႕ အဲ့လိုလူမ်ိဳးေတြကို စစ္ေဆးေမးျမန္းခ်င္စိတ္ေလး မရွိဘူးလား .. သူတို႔က ေစ့စပ္ထားတာေလ..အစိုးရက လိင္တူခ်င္းယူတာကို ျပင္းထန္တဲ့ဥပေဒေတြခ်မွတ္ထားၿပီး ျပစ္မႈႀကီးအျဖစ္ သဘာဝက်က် သတ္မွတ္ထားတာပဲ.. အဲ့ဒါကိုေတာင္ သူတို႔က အတင့္ရဲလို႔ !..ၿပီးေတာ့ သူတို႔ေတြက တစ္မိသားစုလုံးကိုလည္း အရွက္ရေစတယ္ေလ ..ကျွန်ဝောာ် ထင္တာ........."
" မင္းေအာင္လွိုင္မို႔လို႔ သဘာဝက်က် ျပင္းထန္တဲ့ ဥပေဒလား ..ခင္ဗ်ားအေမ,ခင္ဗ်ားပဲ သဘာဝက်က်ေလး ဖာ့ခ္လိုက္ေလ မင္းေအာင္လွိုင္ရဲ႕ ..ခင္ဗ်ားမွာ ေနာက္ဆုံးလက္နက္က ဒါပဲရွိတာလား "
(မင္းေအာင္လွိုင္ = ကိုယ္ေမကိုယ္ ိုး , မေအ ိုး)
လုရန္တစ္ေယာက္ ေဒါသေတြေပါက္ကြဲသြားၿပီး ဝုန္းခနဲ ထရပ္ကာ သက္လတ္ပိုင္းအ႐ြယ္ ေရေပၚဆီအေျဖာင့္ေကာင္ကို စူးစူးရဲရဲၾကည့္ၿပီး ပက္ခနဲ ေျပာပစ္လိုက္တယ္ ။
" က်ဳပ္မိသားစုက က်ဳပ္ေၾကာင့္ တစ္ခါမွ အရွက္မရခဲ့ဘူး ..က်ဳပ္တို႔က ဘာျဖစ္ေနလို႔လဲ..အိပ္ စား ကာမ သုံးပါးတည္းသိၿပီး အိမ္ေထာင္ေရးေဖာက္ျပန္ ၊ သူမ်ားမယားၾကာခို ၊ အိမ္တိုင္ခြၽတ္ေပါင္ရတဲ့ ျမင္းေလာင္း ၊ ဖဲရိုက္တတ္တဲ့ ေလာင္းကစားသမား အေျဖာင့္ေကာင္ေတြထက္ အမ်ားႀကီးသာတယ္ .. က်ဳပ္မိသားစုကလည္း က်ဳပ္ကို အဲ့လိုလူမ်ိဳးမျဖစ္ေအာင္ သြန္သင္ဆုံးမခဲ့ၿပီးသား ..ခင္ဗ်ားတို႔လို အေျဖာင့္ေကာင္ေတြသာ ဦးႏွောက္ထဲ မစင္ေတြေရာက္ေနလို႔ တစ္ဖက္ပိတ္ေနတာ ..အဲ့လိုလူမ်ိဳးေတြကမွ ပိုၿပီးရွက္သင့္တယ္လို႔ က်ဳပ္ထင္မိတာပဲ ! "
" ငါ ိုးမသား ..မင္း !"
ေရွာင္းဝူတန္အေဖ ကံအားေလ်ာ္စြာ ပြေပါက္တိုးၿပီး ခ်မ္းသာႂကြယ္ဝလာၿပီးတဲ့ေနာက္ သူ႕ကိုဆန့္က်င္တဲ့လူ အနည္းငယ္ေလာက္ပဲရွိေတာ့တာ ။ မေမွ်ာ္လင့္ဘဲ လုရန္က သူ႕ကို ပိုးခနဲပက္ခနဲျပန္ေျပာတဲ့အျပင္ သူ႕ကိုပါ တစ္ဖက္ပိတ္မို႔ ႐ြံစရာပိုေကာင္းတယ္လို႔ ေစာင္းေျမာင္းေျပာဆိုလိုက္တာေၾကာင့္ ေဒါသအမ်က္ေခ်ာင္းေခ်ာင္းထြက္သြားေလတယ္ ။
" ေရွ႕တိုးရဲ တိုးၾကည့္လိုက္ ! ..လူသိမခံရဲတဲ့ ခင္ဗ်ားအေၾကာင္းေတြ အူမေခ်းခါးမက်န္ အကုန္အစဆြဲထုတ္လိုက္မွာေနာ္ ..ကျွန်ဝောာ် မလုပ္ရဲဘူးထင္ေနလား "
ေရွာင္းဝူတန္ ဝုန္းခနဲထရပ္ကာ လက္သီးဆုပ္လ်က္ ဆိုေလတယ္ ။
ေရွာင္းဝူတန္အေဖက ရဲစခန္းထဲမွာ သူ႕သားကို ရိုက္လို႔မျဖစ္ဘူးဆိုတာေတာ့ သိေသးတယ္ ။ ေဒါသထြက္လြန္းလို႔ တဆတ္ဆတ္တုန္ေနေပမယ့္ ေျခတစ္လွမ္းေတာင္ ဆက္မလွမ္းရဲေတာ့ဘူး ။
ေလာကႀကီးက ဒီလိုပါပဲ ။ နိုင္လို႔ရတဲ့လူက် ဖိနိုင္ၿပီး မနိုင္ရဲတဲ့လူက် ဖင္တုန္ေအာင္ေၾကာက္ၾကတာ ဓမၼတာပဲေလ ။ သိပ္ကိုတရားက်ဖိဳ႕ေကာင္းတယ္ ။
ရဲအရာရွိက သူတို႔ကို ညွိႏွိုင္းေပးရန္ စီစဥ္ထားၿပီးသား ။ သူက သက္ျပင္းခ်ၿပီး ေရွာင္းဝူတန္လက္သီးကို ေနာက္ျပန္ဖိခ်ကာ
"မင္းကလည္းကြာ , ေျပာရခက္ပါဘိ ..လူ႕အဖြဲ႕အစည္းႀကီးနဲ႕ လိုက္ေလ်ာညီေထြျဖစ္ဖို႔ဆိုရင္ ကိစၥတိုင္းကို လက္သီးနဲ႕ပဲ အၿမဲတမ္းေျဖရွင္းေနလို႔မရဘူးေလ ..အဲ့ဒါက ႏွစ္ခါရႈံးေစတယ္ .. ပြီးဝောာ့ ခင္ဗ်ားေရာပဲ "
ရဲအရာရွိက သက္လတ္ပိုင္းအ႐ြယ္လူႀကီးကို အနည္းငယ္အထင္အျမင္ေသးစြာနဲ႕ ေျပာလိုက္တယ္ ။
" ခင္ဗ်ားလည္း အေျပာေလးနည္းနည္းေလ်ာ့ .. ကိုယ့္ပါးစပ္ေလးကိုယ္ထိန္း ..ေသာကနည္းတာေပါ့ "
"ရဲအရာရွိႀကီးခင္ဗ် "
ေစာင့္ၾကည့္ေနတဲ့ လုရန္းက လုရန္ေက်ာေလးကို ညင္သာစြာပုတ္ကာ ေခါင္းညိတ္ျပၿပီး ဆိုလိုက္တယ္ ။
" ကျွန်ဝောာ်တို့ဘာသာပဲ သီးသန႔္ေျဖရွင္းၾကတာေပါ့ ..ဒုကၡေပးမိပါၿပီ "
ရဲအရာရွိက ေခါင္းညိတ္ကာ ျပန္ႏႈတ္ဆက္လိုက္တယ္ ။
လုရန္းက လုရန္နဲ႕ ေရွာင္းဝူတန္ကိုေခၚကာ တံခါးဘက္ကို ေလွ်ာက္လာခဲ့တယ္ ။ သက္လတ္ပိုင္းအ႐ြယ္လူႀကီးကလည္း သူ႕ဇနီး ၊ တရားမဝင္သားနဲ႕ ေယာက္ဖကိုေခၚကာ သူတို႔ေနာက္မွ ကပ္လ်က္လိုက္လာခဲ့တယ္ ။ သူ႕ေယာက္ဖက မညီမညာျဖစ္ေနတဲ့ သူ႕သြားေတြနဲ႕ ထခုတ္ေတာ့မတတ္ အံႀကိတ္ကာ ေျပာလိုက္တယ္ ။
" ငါ့ကို ရိုက္ၿပီးမွ ထြက္ေျပးခ်င္တာလား .. ေလ်ာ္ေၾကးေတာ့ ေပးကိုေပးရမွာေပါ့ ..မင္းေၾကာင့္ ငါ့သြားေတြ ကြၽတ္သြားရတာေလ ..ရိုးရိုးသားသားနဲ႕ ပိုက္ဆံသာအမ္းလိုက္စမ္းပါ "
ရဲစခန္းအျပင္မွာ ေလျပင္းထန္ေနၿပီး ေအးစက္ေနတာပဲ ။
ေရွာင္းဝူတန္ ေနာက္လွည့္ကာ သူ႕အေဖရင္းကို ခံစားခ်က္မရွိတဲ့ေလသံနဲ႕ ေမးလိုက္တယ္ ။
" ေရွာင္းဂန္မင္း , ခင္ဗ်ားရဲ႕ အျပဳအမူေတြက ......ကျွန်ဝောာ်က ခင္ဗ်ားသားမဟုတ္ဘူးလား..ဘာေၾကာင့္ ဒီလိုေတြ ဆက္ဆံတာလဲ ..ခင္ဗ်ားက ေသတာနဲ႕ပဲ ထိုက္တန္တယ္ "
ေရွာင္းဂန္မင္းက ေရွာင္းဝူတန္ကို ခြၽဲသလိပ္ခတ္ၿပီး လွမ္းေထြးလိုက္တယ္ ။ ေရွာင္းဂန္မင္းက ႐ုတ္တရက္ ပြေပါက္တိုးၿပီး ခ်မ္းသာလာတဲ့သူ ။ သူ႕မွာ လူႀကီးလူေကာင္းဆန္ျခင္း ၊ ဂုဏ္သိကၡာႀကီးျမတ္ျခင္း ၊ အဆင့္အတန္းရွိျခင္း ၊ အထက္တန္းက်ျခင္း ဘာဆိုဘာမွ မရွိဘူး ။ သူ႕အျပဳအမူေတြက ေအာက္တန္းက်လြန္းလွတယ္ ။
ေရွာင္းဝူတန္က သူ႕အေဖလုပ္ရပ္ေၾကာင့္ မင္သက္မိသြားတယ္ ။ ခဏၾကာမွ သူ႕အိတ္ကိုဖြင့္ၿပီး
" ကြၽန္ေတာ့္မွာ ပိုက္ဆံဆိုလို႔ ဒါပဲရွိတာ ..ရွိသေလာက္ ခင္ဗ်ားကို ေပးလိုက္မယ္ ..ခင္ဗ်ားပိုက္ဆံလည္း ေနာက္ထပ္မလိုခ်င္ေတာ့ဘူး "
ေရွာင္းဝူတန္ေပးတဲ့ပိုက္ဆံကို ေရွာင္းဂန္မင္း လွမ္းယူၿပီး အထင္ေသးစြာ ဆိုလိုက္တယ္ ။
" ဟက္ ဒါပဲေလ "
ေရွာင္းဝူတန္က ေအးတိေအးစက္ စက္႐ုပ္လိုပဲ ခံစားခ်က္ဗလာနဲ႕ ။
" ကြၽန္ေတာ့္မွာ ပိုက္ဆံမရွိဘူး .. စြဂ႐ုလည္းမစိုက္ဘူး .. ဒါနဲ႕ စကားမစပ္ ခင္ဗ်ား ဘယ္ခ်ိန္ေသမွာလဲ ..ခင္ဗ်ားေသရင္ ေရွာင္စန္းကို ကြၽန္ေတာ့္ဆီ အေၾကာင္းၾကားခိုင္းဖို႔ မေမ့နဲ႕ဦး ..ခင္ဗ်ားရဲ႕ ေအာက္ေမ့ဖြယ္ရာဈာပနေလးမွာ ကြၽန္ေတာ္လည္း တံေတြးတစ္ခြက္ေလာက္ ပို႔ေပးလိုက္ခ်င္တယ္ေလ "
ေရွာင္းဂန္မင္းရဲ႕ေဒါသေတြ ျပန္လည္ထိုးတက္လာျပန္ၿပီ ။
သို႔ေသာ္လည္း လုရန္က ေရွ႕ကိုလွမ္းလိုက္တယ္ ။ ေဘာ္ဒီဂတ္ႀကီး လုရန္းက သူ႕ၾကက္ေပါက္ေလးေရွ႕တိုးသြားတာနဲ႕ သူပါ ေရွ႕လိုက္တိုးၿပီး လုရန္ နဲ႕ ေရွာင္းဝူတန္ကို သူ႕ေနာက္ပို႔လိုက္တယ္ ။
သူ႕ကိုယ္ကလည္း ေၾကာက္မက္ဖြယ္ရာ အရွိန္အဝါေတြ ထြက္ေနၿပီး
" လူႀကီးမင္းေရွာင္ ..ခင္ဗ်ားျပႆနာဆက္ရွာေနဦးမယ္ဆိုရင္ ဘာေတြျဖစ္သြားမလဲ ကျွန်ဝောာ် အာမမခံနိုင္ဘူးေနာ္ "
ေရွာင္းဂန္မင္း သက္မတစ္ဝက္ခ်လိဳက္တယ္ ။ လုရန္းရဲ႕ အရွိန္အဝါနဲ႕ သာမာန္ထက္ လြန္ကဲလြန္းလွတဲ့ အဝတ္အစားကိုၾကည့္႐ုံနဲ႕ ဒီလူက ေခသူမဟုတ္တာ သူသိတယ္ ။ ဒါေၾကာင့္ သူ႕ရဲ႕ မ်ိဳးမစစ္ သား ၊ မယား နဲ႕ ေယာက္ဖကိုေခၚကာ ထြက္သြားေလတယ္ ။ ပါးစပ္ကေတာ့ မၾကားဝံ့မနာသာေတြ ဆဲဆိုသြားေသးတယ္ ။
ေနာက္ဆုံးေတာ့ ဒီျပႆနာႀကီးၿပီးသြားၿပီပဲဟု စိတ္ေလ်ာ့ကာ လုရန္က ေရွာင္းဝူတန္ကို လွည့္ၿပီးေမးလိုက္တယ္ ။
" မင္းအိမ္နဲ႕ ဘာျဖစ္ခဲ့တာလဲ ..ဘာလို႔ ငါ့ကို မေျပာတာလဲ "
" မင္းကို ေျပာရမယ္ ???"
ေရွာင္းဝူတန္က တစ္ခ်က္ေစြၾကည့္ၿပီး
" ဘာလို႔ မင္းကို ေျပာျပေစခ်င္တာလဲ ..မင္းက ငါ့ကို ဂ႐ုမစိုက္ဘဲေမ့ထားၿပီး မင္းလင္နဲ႕ သာယာေနတာေလ .. မင္းလည္းလိ့စ္ပဲ !"
ထို႔ေနာက္ ထြက္သြားေလတယ္ ။
လုရန္ အံႀကိတ္ကာ ေရွာင္းဝူတန္လက္ကို ဖမ္းဆြဲၿပီး ပိုက္ဆံတစ္ထပ္ကို အိတ္ထဲထည့္ေပးလိုက္တယ္ ။
" ဒီေနရာက မင္းအတြက္ မလုံၿခဳံေတာ့ဘူး ..ပိုက္ဆံယူသြားၿပီး တျခားမွာ အလုပ္ရွာ
..မင္းအတြက္ ေတြးၿပီး ေျပာတာ ..မင္းက ............"
ေရွာင္းဝူတန္က တကယ္ကို ခံစားခ်က္မဲ့တဲ့ စက္႐ုပ္ ။ လုရန္လက္ကို ေဆာင့္ျဖဳတ္ကာ ေက်ာခိုင္းလွည့္ထြက္သြားၿပီး လူၾကားထဲမွာ ေပ်ာက္ကြယ္သြားတယ္ ။
လုရန္က ေအးစက္စက္ေလျပင္းေတြၾကားမွာ ငူငူႀကီး ရပ္က်န္ေနခဲ့တယ္ ။
" ကိုယ္တို႔လည္း သြားရေအာင္ေလ "
လုရန္းက ညင္သာစြာ ဖက္ေပြ႕လာကာ ဆိုေလတယ္ ။
" မင္း စိတ္ပူေနရင္ ကိုယ္တို႔ သူ႕ကို ကူညီနိုင္မယ့္ နည္းလမ္းကို ရွာၾကတာေပါ့ ..လာ ခုေတာ့ အိမ္ျပန္ၾကရေအာင္ေနာ္ "
လုရန္ သက္ျပင္းခ်ကာ လုရန္းကားထဲ ဝင္ထိုင္လိုက္တယ္ ။
ေရွာင္းဝူတန္ သူ႕အိမ္ေလးကိုျပန္ေရာက္ေတာ့ ေကာင္းကင္ႀကီးက ပိန္းပိတ္ေအာင္ေမွာင္ေနၿပီ ။ ဒီညမွာ ၾကယ္ေလးတစ္လုံးေတာင္ မရွိဘူး ။
ထို႔ေနာက္ အရသာရွိတဲ့ ပင္လယ္စာေခါက္ဆြဲတစ္ပြဲျပဳတ္ၿပီး ေမႊးပ်ံ့တဲ့ေခါက္ဆြဲေလးကို သုံးေဆာင္လိုက္တယ္ ။ စားေနရင္း ဖုန္းထုတ္ကာ ဖိုရမ္ထဲခဏဝင္ၾကည့္ၿပီး ဖုန္းကို ေဘးဘက္ပစ္ခ်လိဳက္တယ္ ။
သူ ငွားေနတဲ့အိမ္ေလးက အရမ္းေသးတာပဲ ။ ဒါေပမယ့္ သူကေတာ့ bathtubဝယ္ၿပီး ေရခ်ိဳးခန္းက်ဥ္းက်ဥ္းထဲ မရရေအာင္ ထည့္ထားတယ္ ။
Bathtubထဲ ေရႏြေးစပ္ကာ အဝတ္ေတြခြၽတ္ၿပီး ဝင္စိမ္လိုက္တယ္ ။ သူ႕တစ္ကိုယ္လုံးကိုလည္း ဆပ္ျပာတိုက္လိုက္ေသးတယ္ ။
ထို႔ေနာက္ ေရႏြေးထဲ သူႀကိဳက္တဲ့ အေမႊးဆီနဲ႕ essential oil ကို ထည့္ၿပီး ပင္ပန္းခဲ့သမွ် အတိုးခ်ၿပီး အပန္းေျဖလိုက္တယ္ ။ ၾကည့္ရတာေတာ့ အရာအားလုံးက သက္ေသာင့္သက္သာျဖစ္ေနသလိုလို ။
သို႔ေသာ္လည္း သူ႕မ်က္ဝန္းေတြ ေမွးမွိတ္ထားေပမယ့္ သူ႕ရင္ထဲမွာေတာ့ အသံေပါင္းစုံက ပဲ့တင္ထပ္ေနတယ္ ။
" သူက ေရွာင္းဝူတန္တဲ့ အလယ္တန္း ဒုတိယႏွစ္ကေလ ..သူက အေျခာက္ႀကီးကြ ..႐ြံစရာႀကီး ဟီးဟီးဟီးဟီး "
" ဒီမိန္းမမဟုတ္ ေယာက္်ားမဟုတ္ဘဝကေန မင္း ဘယ္အခ်ိန္ ႐ုန္းထြက္မွာလဲ ..ငါၾကားတာ မေန႕က မင္းရဲ႕အားကစားအဖြဲ႕က ကစားသမားေတြ မင္းေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ရတယ္ဆို ..သူတို႔ေျပာတာ အမွန္တရားေတြေလ ..မင္းက ဘာေတြမွန္ေနလို႔ သူတို႔ကို ရန္ရွာရတာလဲ .. မင္း ဘယ္အခ်ိန္က်မွ အျမင္မွန္ရမွာလဲကြ "
" ေယာက္်ားက ေယာက္်ားလိုပဲ ေနသင့္တယ္ ..လိင္စိတ္ေဖာက္ျပန္တာက အမွန္တကယ္ကို ႐ြံစရာေကာင္းတယ္ ..အမည္မသိလူတစ္ေယာက္အေနနဲ႕ စာတစ္ေစာင္ေရးၿပီး ေက်ာင္းအုပ္ႀကီးဆီပို႔လိုက္ ..ဒီလိုလူမ်ိဳးနဲ႕ အတူတူ တကၠသိုလ္မတက္နိုင္ဘူး ..ငါတို႔က ဘယ္လိုသည္းခံနိုင္မွာလဲ ..အဲ့လိုေကာင္မ်ိဳးေတြက ေသသင့္တာ "
" ေစာက္ေျခာက္ ..မင္းက အေသေလးေမြးလာရမွာ ! "
ေရွာင္းဝူတန္မ်က္လုံးေတြ ပြင့္လာခဲ့တယ္ ။ ေရခ်ိဳးခန္းထဲမွာေတာ့ ေဖ်ာ့ေတာ့ေတာ့မီးေရာင္ေလးက လဲ့လဲ့ေလး လင္းလို႔ ။
ကေလးဘဝတည္းက မေရမတြက္နိုင္တဲ့မ်က္လုံးေပါင္းမ်ားစြာရဲ႕ဒဏ္ေတြ ၊ သူ႕ရဲ႕လိင္စိတ္ခံယူမႈနဲ႕ သူ႕ပုံစံေၾကာင့္ ႏွပ္စက္ခံ အနိုင္က်င့္ခံျခင္းေတြကို ခါးစည္းခံခဲ့ရတယ္ ။
သူ ဒီလိုေမြးဖြားလာခဲ့ရတာက သူ႕အျပစ္မွမဟုတ္တာ ။ သူလည္း ဒီလိုဘဝႀကီးနဲ႕ ေမြးဖြားမလာခ်င္ခဲ့ပါဘူး ။ သူလိုငါလို သာမာန္ေယာက္်ားတစ္ေယာက္ပဲ ျဖစ္ခ်င္ခဲ့တယ္ ။
ဘာေၾကာင့္မ်ား လူတိုင္းက သူ႕ကို ဒီလိုဆက္ဆံရတာလဲ ။ သူက ခြင့္မလႊတ္နိုင္တဲ့ျပစ္မႈေတြ က်ဴးလြန္ေနတဲ့သူလည္းမဟုတ္ပါဘဲနဲ႕ ။ သူ ဘာမွမမွားတာ အသိသာႀကီးပါ ။ သူက ေယာက္်ားေတြအားလုံးလိုပဲ ငိုသံနဲ႕ေမြးဖြားလာၿပီး ေယာက္်ားတစ္ေယာက္လို မႀကီးျပင္းခဲ့႐ုံေလး ။
(ငိုသံ = အူဝဲ အူဝဲ )
ေရွာင္းဝူတန္ သူနဲ႕မနီးမေဝးေလးမွာ ခြၽတ္ခဲ့တဲ့အဝတ္ေတြကို ေမာ့ၾကည့္လိုက္တယ္ ။ အကၤ်ီအိတ္ကပ္ထဲမွာ .......ျဖတ္လမ္းနည္းနဲ႕ ခုန္ဝင္လာတဲ့ ပိုက္ဆံတစ္ထပ္ရွိေနတယ္ ။
႐ုတ္တရက္ႀကီး သူ ၿပဳံးလိုက္တယ္ ။ၿပဳံးေနရင္း မ်က္ရည္ေတြက တလိမ့္ခ်င္း စီးဆင္းက်လာၾကတယ္ ။
" ေတာင္းပန္ပါတယ္ ရန္ရန္ေလး ...ငါ ဒီေန႕ မင္းကို ေအာ္ဟစ္ႀကိမ္းေမာင္းမိတယ္ ..ေတာင္းပန္ပါတယ္ ..ေတာင္းပန္ပါတယ္ ..ငါ မင္းကို မုန္းလို႔မဟုတ္ရပါဘူး ..ေဆာရီးပါ ...ေဆာရီးပါ ..ေဆာရီးပါကြာ "
သူ႕ လည္ေစ့ေလးက တက္လိုက္က်လိဳက္ ။
" မင္းတို႔ႏွစ္ေယာက္ အတူတူေနေနၾကၿပီပဲ ..ငါ့မွာ ေနာင္တေတြမရွိပါဘူး .. ငါ့အစား မင္းတို႔ႏွစ္ေယာက္က တစ္ဦးအတြက္တစ္ဦး ေက်ေက်နပ္နပ္ ရပ္တည္ေပးၿပီး ပိုၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနေပးရမယ္ေနာ္ "
လူတိုင္းရဲ႕ ကမၻာႀကီးက အေရာင္အေသြးစုံစြာ လွပေနေပမယ့္ သူရဲ႕ကမၻာ .....ဆယ္စုႏွစ္ႏွစ္စုေက်ာ္ရွင္သန္ေနတဲ့ သူ႕ရဲ႕တစ္ခုတည္းေသာ ကမၻာေလးကေတာ့ အစဥ္အၿမဲ ေမွာင္မိုက္ေနဆဲပါပဲ ။
ကမၻာႀကီး နဲ႕ ပုံမွန္ပါဆိုတဲ့လူေတြက သူ႕ကို မထိခလုတ္ ထိခလုတ္ ေလွာင္ေျပာင္ဟားတိုက္ခဲ့ၾကၿပီး ပိုဆိုးတာက ႏွိပ္စက္ညွင္းပန္းအနိုင္က်င့္ၾကခဲ့တာ ။ ဘယ္သူကမွ သူနဲ႕မေပါင္းခ်င္ၾကဘူး ။ အဲ့ဒါေၾကာင့္ပဲ သူကိုယ္တိုင္လည္း သူတို႔ေတြနဲ႕မေပါင္းဖို႔ ဆုံးျဖတ္ခဲ့တယ္ ။ သူက တကယ္ကို သင္းကြဲတစ္ေကာင္ ။
ဘုရားသခင္နဲ႕ မိုးနတ္မင္းႀကီးထံပါးမွာ အသနားခံ ဆုေတာင္းပါတယ္ !
ေနာင္ဘဝဆိုတာမ်ားရွိခဲ့ရင္ သူ႕ကို ဒီလိုထူးဆန္းတဲ့လူအျဖစ္ ဖန္ဆင္းမေပးပါနဲ႕ေတာ့ !
အရမ္းအရမ္းကို နာက်င္ခါးသက္ရလြန္းလို႔ပါ !
ေရွာင္းဝူတန္ ေဘးနားက မုတ္ဆိတ္ရိတ္ဓားကို ေကာက္ကိုင္လိုက္တယ္ ။ ပါးလွပ္ထက္ရွတဲ့ဓားသြားက မီးေရာက္ေအာက္မွာ ေအးစက္စြာ ေတာက္ပေနၿပီး ေရအရွိန္နဲ႕ သူ႕မ်က္ဝန္းေထာင့္မွာ လက္ခနဲ လက္ခနဲ အလင္းျပန္ေနခဲ့တယ္ ။
ေရခ်ိဳးခန္းထဲမွာ တစ္စုံတစ္ရာကို လွီးျဖတ္သံသဲ့သဲ့ေလးသာ ရွိေနတယ္ ။
ထို႔ေနာက္ ...ထို႔ေနာက္မွာေတာ့ ေရခ်ိဳးကန္ထဲက ေရႏြေးပူေတြဟာ တစ္စထက္တစ္စ နီရဲလာၿပီး ေသြးညွီနံ႕ေတြနဲ႕ ဖုံးလႊမ္းသြားေလေတာ့တယ္ ။
++++++++++++++++++++++++++++++++++++