*188 မှာ လတ်မှတ်ကို လက်မှတ်လို့ ပြင်ဖတ်ပေးနော် *
___________________________________
ကုဖုန်း နက်ခ်တိုင်ကို အဆုံးထိ ဖြေလျော့ချလိုက်တယ် ။ သူ မမေ့နိုင်သေးပါဘူး အတိတ်နေ့ရက်တွေကို ။ သူ့ရင်ထဲမှာလည်း အမျိုးအမည်မသိတဲ့ တစ်စုံတစ်ရာက လာရောက်ထိတွေ့နေသလို ။
ပြီးခဲ့တဲ့ ငါးနှစ်မှာ သူ့မွေးနေ့တိုင်း ယုပေါ်ယွင်ဟာ အကောင်းဆုံးကြိုးစားပြီး ပြင်ဆင်ပေးခဲ့တယ် ။ သူ ပျော်ရွှင်ဖို့ ၊ သူ စိတ်ချမ်းသာဖို့ပဲ အဲ့ဒီလူသားလေးတွေးတယ် ။ သူ့အတွက် လက်ရာကောင်းတွေချက်ပြုတ်ပေးချင်လို့ စားဖိုမှူးသင်တန်း ၊ ကိတ်မုန့်ဖုတ်သင်တန်း အစရှိတာတွေတက်ပြီး ထူးချွန်သင်တန်းသားလက်မှတ်တောင်ရခဲ့တယ် ။
ကုဖုန်းက မွေးနေ့ဆိုတာကို တခုတ်တရမရှိလှဘူး ။ ပြောရရင် မွေးနေ့ပဲ ဘာလုပ်ရမှာလဲလို့တောင် မကျေမချမ်းတွေးတတ်ခဲ့တဲ့လူ ။
ဒါပေမယ့် ယုပေါ်ယွင်ကတော့ သူ့မွေးနေ့အတွက် အရသာရှိတာတွေ ချက်ပြုတ်ကျွေး ၊ စေတနာအပြည့်နဲ့ ကိုယ်တိုင်ဖုတ်ပေးထားတဲ့ ကိတ်မုန့်လှလှလေးတွေ စသဖြင့် အမျိုးမျိုးသော စပရိုက်တွေကို ကြိုတင်ပြင်ဆင်ပေးခဲ့တာ ။ သူ မမျှော်လင့်ထားတာမျိုးတွေတောင်ပါသေးတယ် ။
ကုဖုန်းက ထုံးစံအတိုင်း မွေးနေ့ဆိုတာကြီးကို လှောင်ပြောင်နေခဲ့သော်လည်း ....ပြောရမယ်ဆိုရင် ယုပေါ်ယွင်ပြင်ဆင်ပေးတဲ့ စပရိုက်တွေက သူ့ကို အလွန်တရာ စိတ်ရွှင်လန်းစေတယ် ။ သူ တစ်ခါတစ်ရံမှသာ သတိတရရှိတတ်တဲ့ သူ့မွေးနေ့က ယုပေါ်ယွင်ကြောင့်သာ အမှတ်ရစရာတွေ ဖြစ်လာခဲ့ရတာ ။
ဒါပေမယ့် အတိတ်က အတိတ် ၊ ပစ္စုပ္ပန်က ပစ္စုပ္ပန်ပါပဲလေ !
အတိတ်က ယုပေါ်ယွင်က သူ့ကိုပဲ အရိပ်တကြည့်ကြည့်နဲ့ အရာရာဖြည့်ဆည်းပေးခဲ့တယ် ။ အရာရာ ကောင်းပေးခဲ့တယ် ။ ယခု သူ, ကုမျိုးနွယ် ကုဖုန်းရဲ့ အလှည့်ပေါ့ ။ ယုပေါ်ယွင် နဲ့ သူက နေရာချင်း ချိန်းသွားခဲ့ပြီ ။
အခုယုပေါ်ယွင်ကလေ သူ့ကိုဆို လျစ်လျူရှုပြီးရင်း ရှုနေတော့တာ ။ ဒါပေမယ့် သူကတော့ ခွေးတစ်ကောင်လို ယုပေါ်ယွင် သွားရာနောက် တစ်ကောက်ကောက်လိုက်ပြီး အကောင်းတကာ့အကောင်းဆုံး ပြုမူဆက်ဆံနေရပြီ ။
ကုဖုန်း စားပွဲထောင့်က ပြက္ခဒိန်ကို အကြည့်ရောက်သွားတယ် ။
၂၅ ရက်နေ့ !
သူ ထိတ်လန့်နေမိတယ် ။ စာမေးပွဲရလာဒ်ထွက်လာမှာကို ရင်တမမနဲ့ စောင့်နေရတဲ့ ကျောင်းသားတစ်ယောက်လို ။
ဒီနှစ်မှာရော ......ယုပေါ်ယွင်ဆီက လက်ဆောင်ရပါဦးမလား ?!
သူ့မွေးနေ့မှာ ဘာဆိုဘာမှမလိုချင်ဘူး ။ သူ့မွေးနေ့ကို ယုပေါ်ယွင် အမှတ်ရပြီး လက်ဆောင်ပေးလာဖို့ကိုပဲ မျှော်လင့်မိတယ် ။
အကယ်၍ ယုပေါ်ယွင် သူ့မွေးနေ့ကို ဂရုမစိုက်တော့ဘူးဆိုရင်ရော .........?!
ကုဖုန်း ခါးသက်သက်ပြုံးလိုက်တယ် ။
အဲ့ဒါဆို သေချာပြီ ။ ယုပေါ်ယွင်စိတ်ထဲက သူ့နေရာက တကယ်ကို သေးသေးပိစိလေးပဲ ကျန်တော့တယ်ဆိုတာ ။ ယုပေါ်ယွင်ကို အရပြန်ယူမယ့် သူ့ခရီးပန်းတိုင်ကလည်း အမှန်တကယ်ကို ဝေးနေဦးမယ်ဆိုတာ ။
( ဤခရီး နီးသလား
ငါးနာရီ လာရ၏
မီးရထား စီးလာပါ
အလကား မစီးရ ။ အေး အေး ငကုရေ သားကြောင့် သူငယ်တန်းစာတောင် သတိရသွားပြီကွယ် )
အန်နာက ကုဖုန်းရဲ့ မသေချာမရောရာတဲ့မျက်နှာကိုကြည့်ပြီး ချောင်းဟန့်ကာ
" အဟမ်း ! ဥက္ကဌ ကု ??"
" အေး !"
ကုဖုန်း အတွေးအိမ်ထဲက ရုန်းထွက်လာပြီး သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းကာ စာရွက်စာတမ်းတွေ ဟိုလှန်ဒီလှန်လုပ်ပြီး ဟန်ကိုယ့်ကာ
" ဆက်ပြောလေ "
အန်နာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးပြီးနောက် ထိုင်တွေးနေလို့မပြီးသေးပါဘူးလေလို့ ဆင်ခြင်မိပြီး ကုဖုန်းလည်း လုပ်စရာရှိတာတွေ ဆက်လုပ်နေလေတယ် ။
အလုပ်လုပ်နေရင်း တစ်စုံတစ်ရာကို ဖျတ်ခနဲ သတိရသွားတဲ့ ကုဖုန်းဟာ ထရပ်လိုက်ပြီး အခန်းထောင့်က ဗီဒိုဆီသွားကာ အံဆွဲဖွင့်ပြီး တစ်စုံတစ်ခုကို ရှာနေတယ် ။ အတော်ကြာ မွှေနှောက်ရှာဖွေပြီး နောက်ဆုံးတော့ အံဆွဲထောင့်မှာကပ်နေတဲ့ ပစ္စည်းလေးကို ရှာတွေ့သွားတယ် ။
အဲ့ဒါက ရွှံ့စေးနဲ့လုပ်ထားတဲ့ ခေါင်းကြီးရုပ်လေးတစ်စုံ ။
အရုပ်လေးတွေက ခေါင်းကြီးကြီးလေးတွေနဲ့ ချစ်စဖွယ်အတိ ။ တစ်ရုပ်က ဝတ်စုံပြည့်နဲ့ တစ်ရုပ်က အားကစားဝတ်စုံကိုဝတ်ထားပြီး နှစ်ရုပ်လုံးက ပျော်ရွှင်စွာ ရယ်မောနေကြတာ ။
အဲ့ဒီတစ်နှစ်က ကွင်းပတ်ကစားပွဲကိုကစားရန် ယုပေါ်ယွင် ခြေဗလာနဲ့ လမ်းမပေါ်လျှောက်သွားခဲ့ပြီး ပြန်လာတော့ အရောင်မသွင်းရသေးတဲ့ ဒီရွှံ့စေးရုပ်လေးတွေပါလာခဲ့တယ် ။ ယုပေါ်ယွင်က လက်မှုပညာတော်တဲ့လူဖြစ်တာကြောင့် ရွှံ့စေးရုပ်လေးတွေကို သူကိုယ်တိုင် စိတ်ရှည်လက်ရှည်နဲ့ တစ်ထပ်ပြီးတစ်ထပ် အရောင်တင်ပေးခဲ့တယ် ။
ကုဖုန်း အရုပ်လေးတွေကို လက်ထဲကိုင်ကာ ညင်ညင်သာသာလေး ပွတ်ပေးနေမိတယ် ။ နှစ်ကာလကြာသွားပြီမို့ အရုပ်လေးတွေရဲ့အပြုံးလေးတွေတောင် ဖုန်တွေတက်နေခဲ့ပြီ ။
အဲ့ဒီအရုပ်လေးတွေ သူ့ကိုပေးစဉ်က ယုပေါ်ယွင်ရဲ့အပြုံးတွေက ရတနာတစ်ပါးလို ပြိုးပြိုးပြက်ပြက် တောက်ပနေခဲ့တယ် ။ ဒါပေမယ့် သူကတော့ ဂရုမစိုက်လှစွာနဲ့ အရုပ်လေးတွေကို ကြုံရာနေရာမှာ ဖြစ်ကတတ်ဆန်း လွှင့်ပစ်ထားမိခဲ့တယ် ။ နောက်တော့ သန့်ရှင်းရေးဝန်ထမ်းရောက်လာပြီး သူ့အခန်းကိုရှင်းတော့ အရုပ်လေးတွေကို ဘာလုပ်ရမလဲမေးလာတယ် ။ လွှင့်ပဲပစ်ပစ် ဘာပဲဖြစ်ဖြစ် လုပ်ချင်ရာလုပ်လိုက်လို့ သူ အမိန့်ပေးလိုက်တယ် ။ သန့်ရှင်းရေးဝန်ထမ်းက ချစ်စရာကောင်းတဲ့အရုပ်လေးတွေကိုကြည့်ပြီး လွှင့်မပစ်ရက်တော့ဘဲ ဗီဒိုထောင့် ချောင်လေးထဲမှာ ထိုးထည့်ထားခဲ့တယ် ။
တော်သေးတာပေါ့ အရုပ်လေးတွေကို ဆုံးရှုံးလိုက်ရတော့မလို့ !
ကုဖုန်းဟာ လွှင့်ပစ်လုဆဲဆဲဖြစ်ခဲ့တဲ့အရုပ်လေးတွေကိုပိုက်ပြီး ဝမ်းနည်းကြေကွဲခြင်းကိုသာ မချိမဆံ့ခံစားနေရတယ် ။
သူက ဘာကိုမှ အရမ်း စွဲလန်းမြတ်နိုးမိတာမျိုးမရှိခဲ့ဖူးဘူး ။ ယုပေါ်ယွင်က ဒီလိုလက်ဆောင်လေးတွေ အများကြီးပေးခဲ့ပေမယ့် အဆုံးသတ်ကျတော့ သူ့မှာ အနည်းငယ်ပဲ ကျန်ရစ်တော့တယ် ။ ဘာကြောင့်လဲဆိုတော့ ယုပေါ်ယွင်ပေးသမျှ အမှိုက်သရိုက်လိုသဘောထားပြီး သူကိုယ်တိုင် လွှင့်ပစ်ခဲ့တာကိုး ။
ဒါပေမယ့် အခု ဒီဖုန်တက်နေတဲ့အရုပ်လေးတစ်စုံက တန်ဖိုးနည်းတယ်ဆိုရင်တောင်
ယုပေါ်ယွင်လက်နဲ့ဆေးခြယ်ပြီး ယုပေါ်ယွင်ကိုယ်တိုင်ပေးခဲ့တာကြောင့် သူ့အတွက်တော့ အလွန့်အလွန် တန်ဖိုးအနဂ္ဃထိုက်တန်တဲ့ ရှားပါးရတနာတစ်ပါးလို သာမာန်ထက်ထူးကဲစွာ မြတ်နိုးနေမိတော့တယ် ။
ကုဖုန်းလက်နဲ့ ရွှံ့ရုပ်လေးတွေကိုပွတ်နေမိတုန်း တစ်စုံတစ်ရာကျိုးပဲ့သွားသံကိုကြားလိုက်ရပြီး အားကစားဝတ်စုံဝတ် ခေါင်းကြီးရုပ်လေးရဲ့ခြေထောက်တစ်ဖက်က ကျိုးသွားလေတယ် ။
အရုပ်လေးတွေက ရွှံ့တစ်မျိုးတည်းနဲ့လုပ်ထားတာကြောင့်ရော ၊ နှစ်ကာလကြာမြင့်နေပြီဖြစ်တာကြောင့်ရော အတော်ပင်ခြောက်သွေ့ပြီး အထိမခံဖြစ်ကာ ကျိုးပဲ့သွားခဲ့တာ ။
သူ မြင်လိုက်ရတာက ကျိုးနေတဲ့ အရုပ်ခြေထောက်လေးတစ်ဖက်ဆိုပေမယ့် သူ့နှလုံးသားတည့်တည့် ဓားထိုးခံလိုက်ရသလို စူးခနဲ အောင့်မျက်နာကျင်သွားတယ် ။
ကုဖုန်း ရုတ်ချည်းပဲ ရုံးခန်းသုံးဖုန်းကိုကောက်ကိုင်ကာ အန်နာ့ကို Super Glue ယူခိုင်းလိုက်တယ် ။
မကြာခင် အန်နာက Super Glue လေးကိုင်ပြီး ရောက်ချလာတယ် ။ သူမမျက်လုံးတွေထဲမှာ ထက်သန်လှတဲ့ စူးစမ်းမှုတွေနဲ့ ။
ကုဖုန်း သေချာဂရုတစိုက်နဲ့ အရုပ်ခြေထောက်လေးကို ကော်နဲ့ကပ်နေခဲ့တယ် ။
ယခုတော့ဖြင့် ယုပေါ်ယွင်ပေးတဲ့လက်ဆောင်လေးတွေကို မဟာ့မဟာကြီးမားလွန်းသော တွယ်တာမှုတွေနဲ့ တွယ်တာတတ်ခဲ့ပြီ ။ သေးသေးပိစိလောက်လေး ပျက်ဆီးသွားရင်ကို နေမထိထိုင်မသာနဲ့ ပူဆွေးဝမ်းနည်းစိတ်တွေရဲ့ ဖိစီးနှိပ်စက်မှုမှာ အလူးအလဲပဲ ။
အန်နာက မရယ်ဘဲ မနေနိုင်တော့ဘူး။ ကြည့်လေ ကုဖုန်းက လက်ကလည်းတုန်နေသေး ။ လုပ်ပုံကိုင်ပုံကလည်း တစက်လေးမှ အချိုးမကျ ။ အရုပ်ခြေထောက်ကိုဆက်နေတာလား ချိုးနေတာလား မသဲကွဲဘူး ။
" ဥက္ကဌ ကု , ကျွန်မ လုပ်ပေးပါရစေနော် ..ကျွန်မကိုပေးပါ ..ကျွန်မက မူလတန်းတည်းက ဉာဏ်ကောင်းလွန်းတဲ့ နတ်သမီးလေးဘွဲ့ကို ရထားတာပါနော် "
ကုဖုန်းက လက်မှုပညာမှာတော့ ပါရမီ ပါခဲ့ဟန်မတူဘူး ။ တွန့်ဆုတ်ဆုတ်နဲ့ပဲ အန်နာ့ထံ လွှဲပြောင်းပေးလိုက်ကာ
" မကျိုးစေနဲ့နော် "
" စိတ်မပူပါနဲ့ "
အန်နာက အပြုံးလေးနဲ့ ကြည့်လာပြီး
" ဒါ ပေါ်ယွင်ရဲ့ လက်ဆောင်လေးပဲ "
" မင်း ဘယ်လိုသိတာလဲ "
" မေးချင်တာများ ရှိသေးလား "
အန်နာက ပြုံးစစနဲ့ ။ ယုပေါ်ယွင်ကို သူမ ကောင်းကောင်းကြီးသိတာပေါ့ ။ အန်နာ ရင်ကိုကော့ကာ ယုံကြည်မှုအပြည့်နဲ့ ဆိုလိုက်တယ် ။
" ယုပေါ်ယွင်က ဥက္ကဌဆီ လက်ဆောင်တွေ အများကြီး ပေးခဲ့တယ် ..ပေးသမျှကလည်း အစုံလိုက်လေးတွေ ..ဘယ်တော့မှ တစ်ခုတည်း ဘက်ပဲ့နေတာမျိုးတွေ မပေးဘူးလေ ..လက်စွပ် ၊ နာရီ ၊ နက်ခ်တိုင် ကလစ်ပ် ၊ အရုပ် ၊ လက်ကြယ်သီး အစရှိသဖြင့် သူပေးရင် အစုံလိုက်လေး "
ကုဖုန်း တဟွတ်ဟွတ်နဲ့ ချောင်းတွေထဆိုးလေတော့တယ် ။
" ငါ , ငါ အဲ့ဒါတွေကို ရှာနေတာ ..ဒါပေမယ့် မရှိတော့ဘူး "
" ဥက္ကဌပဲ အမှိုက်ရှုပ်တယ် လွှင့်ပစ်လိုက်ဆိုလို့ ကျွန်မ လွှင့်ပစ်ခဲ့ရတာ မနည်းဘူး .."
အန်နာ ပခုံးလေးတွန့်ပြီး အကူအညီမဲ့စွာ ဆိုတယ် ။
" ဒါပေမယ့် ကံကောင်းတာက ပုတီးစေ့လေးတွေကိုတော့ ကျွန်မ ကောက်ထားခဲ့တယ် "
" မင်း ကောက်ထားတယ် ??"
ကုဖုန်း တအံ့တဩ မေးလိုက်တယ် ။
" ဒါပေါ့ ..အဲ့ဒါတွေက ဈေးမပေါဘူးလေ ..အဲ့ဒါကြောင့် သန့်ရှင်းရေးဝန်ထမ်းလေးကို ကောက်ခိုင်းထားတာ ..သေတ္တာတစ်ဝက်လောက်ရှိတယ် "
အန်နာက ညစ်ကျယ်ကျယ်ပြုံးလျက်
" ပြီးတော့ ကျွန်မတို့ရဲ့ ပေါ်ယွင်လေးက တစ်ဦးတည်းသော အဖိုးတန်လူသားလေးပဲလေ ..တစ်နေ့နေ့မှာ ဥက္ကဌ နောင်တရလာမယ်ဆိုတာ ကျွန်မ ခန့်မှန်းထားပြီးသား "
ကုဖုန်း စိတ်လှုပ်ရှားစွာ ထရပ်လိုက်တယ် ။
" ငါ့ကို ပြန်ပေးပါ "
အန်နာ အံ့အားသင့်သွားသလိုမျိုးနဲ့
" ဒါပေမယ့် ကျွန်မ အလကားရထားတာ မဟုတ်ဘူး ..သန့်ရှင်းရေးဝန်ထမ်းလေးဆီက ပြန်ဝယ်ထားရတာ "
အန်နာက တမင်သက်သက် စကားကို ဖိဆိုလိုက်တယ် ။
" ငွေနဲ့ ပေးဝယ်ထားရတာ "
သူမ ဆိုလိုတာကို ကုဖုန်း သိတယ် ။ ဒါပေမယ့် ပိုက်ဆံက ဘာအရေးလဲ ။
" ကောင်းပြီ ..ဘယ်လောက်ကျလဲ စာရင်းတင်လိုက် ..လိုအပ်တာက တစ်ခုတည်း ..အဲ့ဒါတွေကို ငါ့လက်ထဲ အကောင်းပကတိအတိုင်း ပြန်ပေးနိုင်ရမယ် "
ကုဖုန်း အသက်မရှူစတမ်းပြောလိုက်တယ် ။
ပိုက်ဆံလား ?!
ကုန်ချင်သလောက်ကုန်စမ်းပါစေ !
ယုပေါ်ယွင်ရဲ့ နှလုံးသားကိုသာ ပြန်ရမယ်ဆိုရင် သူ့မှာရှိတဲ့စည်းစိမ်တွေ အပြုတ်ခံနိုင်ပါတယ် !
အန်နာ ငါးခူပြုံးကြီးပြုံးပြီး ပျော်ပျော်ကြီးသဘောတူလိုက်လေတယ် ။
" အိုခေ "
သူမ ဥက္ကဌရုံးခန်းထဲက ထွက်ထွက်ချင်းပဲ ယုပေါ်ယွင်ကို တိတ်တိတ်လေး ဖုန်းခေါ်လိုက်တယ် ။
သူမက ယုပေါ်ယွင်ကို ပြောချင်ခဲ့တာ ။ ကုဖုန်းကို ဂျင်းထည့်ကာ မတန်တဆဈေးတင်ပြီး ပုတီးစေ့တစ်စေ့ကို ယွမ်ငါးထောင်နဲ့ ပြန်ရောင်းလိုက်တဲ့အကြောင်းကို ။
ပြီးတော့ သူမမှာ ပုတီးစေ့တွေက အများကြီး ။
အန်နာက ကုဖုန်းကို ပညာပေးချင်တာလည်းပါတယ် ။ စွန့်ပစ်တုန်းကစွန့်ပစ်ပြီး ခုမှ အသေအလဲ ပြန်လိုချင်နေတဲ့ ဘော့စ်ကုကို သွေးလေးနည်းနည်းတော့ ပေးထွက်ဦးမှပေါ့.. ဟုတ်တယ်ဟုတ် ။
အန်နာဟာ တစ်ဖက်က ယုပေါ်ယွင် ဖုန်းကိုင်လိုက်တယ်ဆိုရင်ပဲ ယုပေါ်ယွင်ကို ဟယ်လိုခွင့်လေးတောင်မပေးဘဲ ရေပက်မဝင်အောင် ပြောလေတော့တယ် ။
" ပေါ်ယွင်လေး , ဘာလဲ ခန့်မှန်းကြည့်စမ်း .. ဒီနေ့ မင့် မတ်မတ်က မင်းရဲ့ဒေါသတရားတွေကို ပေါက်ကွဲခွင့်ရအောင် လုပ်ပေးလိုက်တယ် ..မင်းရဲ့ တရားမျှတမှုတွက် လူမဆန်တဲ့လူရဲ့ ပိုက်ဆံအိတ်ကို မင်းကိုပေးမယ် "
⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐
*188 မွာ လတ္မွတ္ကို လက္မွတ္လို႔ ျပင္ဖတ္ေပးေနာ္ *
___________________________________
ကုဖုန္း နက္ခ္တိုင္ကို အဆုံးထိ ေျဖေလ်ာ့ခ်လိဳက္တယ္ ။ သူ မေမ့နိုင္ေသးပါဘူး အတိတ္ေန႕ရက္ေတြကို ။ သူ႕ရင္ထဲမွာလည္း အမ်ိဳးအမည္မသိတဲ့ တစ္စုံတစ္ရာက လာေရာက္ထိေတြ႕ေနသလို ။
ၿပီးခဲ့တဲ့ ငါးႏွစ္မွာ သူ႕ေမြးေန႕တိုင္း ယုေပၚယြင္ဟာ အေကာင္းဆုံးႀကိဳးစားၿပီး ျပင္ဆင္ေပးခဲ့တယ္ ။ သူ ေပ်ာ္႐ႊင္ဖို႔ ၊ သူ စိတ္ခ်မ္းသာဖို႔ပဲ အဲ့ဒီလူသားေလးေတြးတယ္ ။ သူ႕အတြက္ လက္ရာေကာင္းေတြခ်က္ျပဳတ္ေပးခ်င္လို႔ စားဖိုမႉးသင္တန္း ၊ ကိတ္မုန႔္ဖုတ္သင္တန္း အစရွိတာေတြတက္ၿပီး ထူးခြၽန္သင္တန္းသားလက္မွတ္ေတာင္ရခဲ့တယ္ ။
ကုဖုန္းက ေမြးေန႕ဆိုတာကို တခုတ္တရမရွိလွဘူး ။ ေျပာရရင္ ေမြးေန႕ပဲ ဘာလုပ္ရမွာလဲလို႔ေတာင္ မေက်မခ်မ္းေတြးတတ္ခဲ့တဲ့လူ ။
ဒါေပမယ့္ ယုေပၚယြင္ကေတာ့ သူ႕ေမြးေန႕အတြက္ အရသာရွိတာေတြ ခ်က္ျပဳတ္ေကြၽး ၊ ေစတနာအျပည့္နဲ႕ ကိုယ္တိုင္ဖုတ္ေပးထားတဲ့ ကိတ္မုန႔္လွလွေလးေတြ စသျဖင့္ အမ်ိဳးမ်ိဳးေသာ စပရိုက္ေတြကို ႀကိဳတင္ျပင္ဆင္ေပးခဲ့တာ ။ သူ မေမွ်ာ္လင့္ထားတာမ်ိဳးေတြေတာင္ပါေသးတယ္ ။
ကုဖုန္းက ထုံးစံအတိုင္း ေမြးေန႕ဆိုတာႀကီးကို ေလွာင္ေျပာင္ေနခဲ့ေသာ္လည္း ....ေျပာရမယ္ဆိုရင္ ယုေပၚယြင္ျပင္ဆင္ေပးတဲ့ စပရိုက္ေတြက သူ႕ကို အလြန္တရာ စိတ္႐ႊင္လန္းေစတယ္ ။ သူ တစ္ခါတစ္ရံမွသာ သတိတရရွိတတ္တဲ့ သူ႕ေမြးေန႕က ယုေပၚယြင္ေၾကာင့္သာ အမွတ္ရစရာေတြ ျဖစ္လာခဲ့ရတာ ။
ဒါေပမယ့္ အတိတ္က အတိတ္ ၊ ပစၥဳပၸန္က ပစၥဳပၸန္ပါပဲေလ !
အတိတ္က ယုေပၚယြင္က သူ႕ကိုပဲ အရိပ္တၾကည့္ၾကည့္နဲ႕ အရာရာျဖည့္ဆည္းေပးခဲ့တယ္ ။ အရာရာ ေကာင္းေပးခဲ့တယ္ ။ ယခု သူ, ကုမ်ိဳးႏြယ္ ကုဖုန္းရဲ႕ အလွည့္ေပါ့ ။ ယုေပၚယြင္ နဲ႕ သူက ေနရာခ်င္း ခ်ိန္းသြားခဲ့ၿပီ ။
အခုယုေပၚယြင္ကေလ သူ႕ကိုဆို လ်စ္လ်ဴရႈၿပီးရင္း ရႈေနေတာ့တာ ။ ဒါေပမယ့္ သူကေတာ့ ေခြးတစ္ေကာင္လို ယုေပၚယြင္ သြားရာေနာက္ တစ္ေကာက္ေကာက္လိုက္ၿပီး အေကာင္းတကာ့အေကာင္းဆုံး ျပဳမူဆက္ဆံေနရၿပီ ။
ကုဖုန္း စားပြဲေထာင့္က ျပကၡဒိန္ကို အၾကည့္ေရာက္သြားတယ္ ။
၂၅ ရက္ေန႕ !
သူ ထိတ္လန႔္ေနမိတယ္ ။ စာေမးပြဲရလာဒ္ထြက္လာမွာကို ရင္တမမနဲ႕ ေစာင့္ေနရတဲ့ ေက်ာင္းသားတစ္ေယာက္လို ။
ဒီႏွစ္မွာေရာ ......ယုေပၚယြင္ဆီက လက္ေဆာင္ရပါဦးမလား ?!
သူ႕ေမြးေန႕မွာ ဘာဆိုဘာမွမလိုခ်င္ဘူး ။ သူ႕ေမြးေန႕ကို ယုေပၚယြင္ အမွတ္ရၿပီး လက္ေဆာင္ေပးလာဖို႔ကိုပဲ ေမွ်ာ္လင့္မိတယ္ ။
အကယ္၍ ယုေပၚယြင္ သူ႕ေမြးေန႕ကို ဂ႐ုမစိုက္ေတာ့ဘူးဆိုရင္ေရာ .........?!
ကုဖုန္း ခါးသက္သက္ၿပဳံးလိုက္တယ္ ။
အဲ့ဒါဆို ေသခ်ာၿပီ ။ ယုေပၚယြင္စိတ္ထဲက သူ႕ေနရာက တကယ္ကို ေသးေသးပိစိေလးပဲ က်န္ေတာ့တယ္ဆိုတာ ။ ယုေပၚယြင္ကို အရျပန္ယူမယ့္ သူ႕ခရီးပန္းတိုင္ကလည္း အမွန္တကယ္ကို ေဝးေနဦးမယ္ဆိုတာ ။
( ဤခရီး နီးသလား
ငါးနာရီ လာရ၏
မီးရထား စီးလာပါ
အလကား မစီးရ ။ ေအး ေအး ငကုေရ သားေၾကာင့္ သူငယ္တန္းစာေတာင္ သတိရသြားၿပီကြယ္ )
အန္နာက ကုဖုန္းရဲ႕ မေသခ်ာမေရာရာတဲ့မ်က္ႏွာကိုၾကည့္ၿပီး ေခ်ာင္းဟန႔္ကာ
" အဟမ္း ! ဥကၠဌ ကု ??"
" ေအး !"
ကုဖုန္း အေတြးအိမ္ထဲက ႐ုန္းထြက္လာၿပီး သူ႕ကိုယ္သူ တည္ၿငိမ္ေအာင္ထိန္းကာ စာ႐ြက္စာတမ္းေတြ ဟိုလွန္ဒီလွန္လုပ္ၿပီး ဟန္ကိုယ့္ကာ
" ဆက္ေျပာေလ "
အန္နာနဲ႕ ေရွ႕လုပ္ငန္းစဥ္ေတြ ေဆြးႏြေးၿပီးေနာက္ ထိုင္ေတြးေနလို႔မၿပီးေသးပါဘူးေလလို႔ ဆင္ျခင္မိၿပီး ကုဖုန္းလည္း လုပ္စရာရွိတာေတြ ဆက္လုပ္ေနေလတယ္ ။
အလုပ္လုပ္ေနရင္း တစ္စုံတစ္ရာကို ဖ်တ္ခနဲ သတိရသြားတဲ့ ကုဖုန္းဟာ ထရပ္လိုက္ၿပီး အခန္းေထာင့္က ဗီဒိုဆီသြားကာ အံဆြဲဖြင့္ၿပီး တစ္စုံတစ္ခုကို ရွာေနတယ္ ။ အေတာ္ၾကာ ေမႊႏွောက္ရွာေဖြၿပီး ေနာက္ဆုံးေတာ့ အံဆြဲေထာင့္မွာကပ္ေနတဲ့ ပစၥည္းေလးကို ရွာေတြ႕သြားတယ္ ။
အဲ့ဒါက ႐ႊံ႕ေစးနဲ႕လုပ္ထားတဲ့ ေခါင္းႀကီး႐ုပ္ေလးတစ္စုံ ။
အ႐ုပ္ေလးေတြက ေခါင္းႀကီးႀကီးေလးေတြနဲ႕ ခ်စ္စဖြယ္အတိ ။ တစ္႐ုပ္က ဝတ္စုံျပည့္နဲ႕ တစ္႐ုပ္က အားကစားဝတ္စုံကိုဝတ္ထားၿပီး ႏွစ္႐ုပ္လုံးက ေပ်ာ္႐ႊင္စြာ ရယ္ေမာေနၾကတာ ။
အဲ့ဒီတစ္ႏွစ္က ကြင္းပတ္ကစားပြဲကိုကစားရန္ ယုေပၚယြင္ ေျခဗလာနဲ႕ လမ္းမေပၚေလွ်ာက္သြားခဲ့ၿပီး ျပန္လာေတာ့ အေရာင္မသြင္းရေသးတဲ့ ဒီ႐ႊံ႕ေစး႐ုပ္ေလးေတြပါလာခဲ့တယ္ ။ ယုေပၚယြင္က လက္မႈပညာေတာ္တဲ့လူျဖစ္တာေၾကာင့္ ႐ႊံ႕ေစး႐ုပ္ေလးေတြကို သူကိုယ္တိုင္ စိတ္ရွည္လက္ရွည္နဲ႕ တစ္ထပ္ၿပီးတစ္ထပ္ အေရာင္တင္ေပးခဲ့တယ္ ။
ကုဖုန္း အ႐ုပ္ေလးေတြကို လက္ထဲကိုင္ကာ ညင္ညင္သာသာေလး ပြတ္ေပးေနမိတယ္ ။ ႏွစ္ကာလၾကာသြားၿပီမို႔ အ႐ုပ္ေလးေတြရဲ႕အၿပဳံးေလးေတြေတာင္ ဖုန္ေတြတက္ေနခဲ့ၿပီ ။
အဲ့ဒီအ႐ုပ္ေလးေတြ သူ႕ကိုေပးစဥ္က ယုေပၚယြင္ရဲ႕အၿပဳံးေတြက ရတနာတစ္ပါးလို ၿပိဳးၿပိဳးျပက္ျပက္ ေတာက္ပေနခဲ့တယ္ ။ ဒါေပမယ့္ သူကေတာ့ ဂ႐ုမစိုက္လွစြာနဲ႕ အ႐ုပ္ေလးေတြကို ႀကဳံရာေနရာမွာ ျဖစ္ကတတ္ဆန္း လႊင့္ပစ္ထားမိခဲ့တယ္ ။ ေနာက္ေတာ့ သန႔္ရွင္းေရးဝန္ထမ္းေရာက္လာၿပီး သူ႕အခန္းကိုရွင္းေတာ့ အ႐ုပ္ေလးေတြကို ဘာလုပ္ရမလဲေမးလာတယ္ ။ လႊင့္ပဲပစ္ပစ္ ဘာပဲျဖစ္ျဖစ္ လုပ္ခ်င္ရာလုပ္လိုက္လို႔ သူ အမိန့္ေပးလိုက္တယ္ ။ သန႔္ရွင္းေရးဝန္ထမ္းက ခ်စ္စရာေကာင္းတဲ့အ႐ုပ္ေလးေတြကိုၾကည့္ၿပီး လႊင့္မပစ္ရက္ေတာ့ဘဲ ဗီဒိုေထာင့္ ေခ်ာင္ေလးထဲမွာ ထိုးထည့္ထားခဲ့တယ္ ။
ေတာ္ေသးတာေပါ့ အ႐ုပ္ေလးေတြကို ဆုံးရႈံးလိုက္ရေတာ့မလို႔ !
ကုဖုန္းဟာ လႊင့္ပစ္လုဆဲဆဲျဖစ္ခဲ့တဲ့အ႐ုပ္ေလးေတြကိုပိုက္ၿပီး ဝမ္းနည္းေၾကကြဲျခင္းကိုသာ မခ်ိမဆံ့ခံစားေနရတယ္ ။
သူက ဘာကိုမွ အရမ္း စြဲလန္းျမတ္နိုးမိတာမ်ိဳးမရွိခဲ့ဖူးဘူး ။ ယုေပၚယြင္က ဒီလိုလက္ေဆာင္ေလးေတြ အမ်ားႀကီးေပးခဲ့ေပမယ့္ အဆုံးသတ္က်ေတာ့ သူ႕မွာ အနည္းငယ္ပဲ က်န္ရစ္ေတာ့တယ္ ။ ဘာေၾကာင့္လဲဆိုေတာ့ ယုေပၚယြင္ေပးသမွ် အမွိုက္သရိုက္လိုသေဘာထားၿပီး သူကိုယ္တိုင္ လႊင့္ပစ္ခဲ့တာကိုး ။
ဒါေပမယ့္ အခု ဒီဖုန္တက္ေနတဲ့အ႐ုပ္ေလးတစ္စုံက တန္ဖိုးနည္းတယ္ဆိုရင္ေတာင္
ယုေပၚယြင္လက္နဲ႕ေဆးျခယ္ၿပီး ယုေပၚယြင္ကိုယ္တိုင္ေပးခဲ့တာေၾကာင့္ သူ႕အတြက္ေတာ့ အလြန႔္အလြန္ တန္ဖိုးအနဂၣထိုက္တန္တဲ့ ရွားပါးရတနာတစ္ပါးလို သာမာန္ထက္ထူးကဲစြာ ျမတ္နိုးေနမိေတာ့တယ္ ။
ကုဖုန္းလက္နဲ႕ ႐ႊံ႕႐ုပ္ေလးေတြကိုပြတ္ေနမိတုန္း တစ္စုံတစ္ရာက်ိဳးပဲ့သြားသံကိုၾကားလိုက္ရၿပီး အားကစားဝတ္စုံဝတ္ ေခါင္းႀကီး႐ုပ္ေလးရဲ႕ေျခေထာက္တစ္ဖက္က က်ိဳးသြားေလတယ္ ။
အ႐ုပ္ေလးေတြက ႐ႊံ႕တစ္မ်ိဳးတည္းနဲ႕လုပ္ထားတာေၾကာင့္ေရာ ၊ ႏွစ္ကာလၾကာျမင့္ေနၿပီျဖစ္တာေၾကာင့္ေရာ အေတာ္ပင္ေျခာက္ေသြ႕ၿပီး အထိမခံျဖစ္ကာ က်ိဳးပဲ့သြားခဲ့တာ ။
သူ ျမင္လိုက္ရတာက က်ိဳးေနတဲ့ အ႐ုပ္ေျခေထာက္ေလးတစ္ဖက္ဆိုေပမယ့္ သူ႕ႏွလုံးသားတည့္တည့္ ဓားထိုးခံလိုက္ရသလို စူးခနဲ ေအာင့္မ်က္နာက်င္သြားတယ္ ။
ကုဖုန္း ႐ုတ္ခ်ည္းပဲ ႐ုံးခန္းသုံးဖုန္းကိုေကာက္ကိုင္ကာ အန္နာ့ကို Super Glue ယူခိုင္းလိုက္တယ္ ။
မၾကာခင္ အန္နာက Super Glue ေလးကိုင္ၿပီး ေရာက္ခ်လာတယ္ ။ သူမမ်က္လုံးေတြထဲမွာ ထက္သန္လွတဲ့ စူးစမ္းမႈေတြနဲ႕ ။
ကုဖုန္း ေသခ်ာဂ႐ုတစိုက္နဲ႕ အ႐ုပ္ေျခေထာက္ေလးကို ေကာ္နဲ႕ကပ္ေနခဲ့တယ္ ။
ယခုေတာ့ျဖင့္ ယုေပၚယြင္ေပးတဲ့လက္ေဆာင္ေလးေတြကို မဟာ့မဟာႀကီးမားလြန္းေသာ တြယ္တာမႈေတြနဲ႕ တြယ္တာတတ္ခဲ့ၿပီ ။ ေသးေသးပိစိေလာက္ေလး ပ်က္ဆီးသြားရင္ကို ေနမထိထိုင္မသာနဲ႕ ပူေဆြးဝမ္းနည္းစိတ္ေတြရဲ႕ ဖိစီးႏွိပ္စက္မႈမွာ အလူးအလဲပဲ ။
အန္နာက မရယ္ဘဲ မေနနိုင္ေတာ့ဘူး။ ၾကည့္ေလ ကုဖုန္းက လက္ကလည္းတုန္ေနေသး ။ လုပ္ပုံကိုင္ပုံကလည္း တစက္ေလးမွ အခ်ိဳးမက် ။ အ႐ုပ္ေျခေထာက္ကိုဆက္ေနတာလား ခ်ိဳးေနတာလား မသဲကြဲဘူး ။
" ဥကၠဌ ကု , ကြၽန္မ လုပ္ေပးပါရေစေနာ္ ..ကြၽန္မကိုေပးပါ ..ကြၽန္မက မူလတန္းတည္းက ဉာဏ္ေကာင္းလြန္းတဲ့ နတ္သမီးေလးဘြဲ႕ကို ရထားတာပါေနာ္ "
ကုဖုန္းက လက္မႈပညာမွာေတာ့ ပါရမီ ပါခဲ့ဟန္မတူဘူး ။ တြန႔္ဆုတ္ဆုတ္နဲ႕ပဲ အန္နာ့ထံ လႊဲေျပာင္းေပးလိုက္ကာ
" မက်ိဳးေစနဲ႕ေနာ္ "
" စိတ္မပူပါနဲ႕ "
အန္နာက အၿပဳံးေလးနဲ႕ ၾကည့္လာၿပီး
" ဒါ ေပၚယြင္ရဲ႕ လက္ေဆာင္ေလးပဲ "
" မင္း ဘယ္လိုသိတာလဲ "
" ေမးခ်င္တာမ်ား ရွိေသးလား "
အန္နာက ၿပဳံးစစနဲ႕ ။ ယုေပၚယြင္ကို သူမ ေကာင္းေကာင္းႀကီးသိတာေပါ့ ။ အန္နာ ရင္ကိုေကာ့ကာ ယုံၾကည္မႈအျပည့္နဲ႕ ဆိုလိုက္တယ္ ။
" ယုေပၚယြင္က ဥကၠဌဆီ လက္ေဆာင္ေတြ အမ်ားႀကီး ေပးခဲ့တယ္ ..ေပးသမွ်ကလည္း အစုံလိုက္ေလးေတြ ..ဘယ္ေတာ့မွ တစ္ခုတည္း ဘက္ပဲ့ေနတာမ်ိဳးေတြ မေပးဘူးေလ ..လက္စြပ္ ၊ နာရီ ၊ နက္ခ္တိုင္ ကလစ္ပ္ ၊ အ႐ုပ္ ၊ လက္ၾကယ္သီး အစရွိသျဖင့္ သူေပးရင္ အစုံလိုက္ေလး "
ကုဖုန္း တဟြတ္ဟြတ္နဲ႕ ေခ်ာင္းေတြထဆိုးေလေတာ့တယ္ ။
" ငါ , ငါ အဲ့ဒါေတြကို ရွာေနတာ ..ဒါေပမယ့္ မရွိေတာ့ဘူး "
" ဥကၠဌပဲ အမွိုက္ရႈပ္တယ္ လႊင့္ပစ္လိုက္ဆိုလို႔ ကြၽန္မ လႊင့္ပစ္ခဲ့ရတာ မနည္းဘူး .."
အန္နာ ပခုံးေလးတြန႔္ၿပီး အကူအညီမဲ့စြာ ဆိုတယ္ ။
" ဒါေပမယ့္ ကံေကာင္းတာက ပုတီးေစ့ေလးေတြကိုေတာ့ ကြၽန္မ ေကာက္ထားခဲ့တယ္ "
" မင္း ေကာက္ထားတယ္ ??"
ကုဖုန္း တအံ့တဩ ေမးလိုက္တယ္ ။
" ဒါေပါ့ ..အဲ့ဒါေတြက ေဈးမေပါဘူးေလ ..အဲ့ဒါေၾကာင့္ သန႔္ရွင္းေရးဝန္ထမ္းေလးကို ေကာက္ခိုင္းထားတာ ..ေသတၱာတစ္ဝက္ေလာက္ရွိတယ္ "
အန္နာက ညစ္က်ယ္က်ယ္ၿပဳံးလ်က္
" ၿပီးေတာ့ ကြၽန္မတို႔ရဲ႕ ေပၚယြင္ေလးက တစ္ဦးတည္းေသာ အဖိုးတန္လူသားေလးပဲေလ ..တစ္ေန႕ေန႕မွာ ဥကၠဌ ေနာင္တရလာမယ္ဆိုတာ ကြၽန္မ ခန႔္မွန္းထားၿပီးသား "
ကုဖုန္း စိတ္လႈပ္ရွားစြာ ထရပ္လိုက္တယ္ ။
" ငါ့ကို ျပန္ေပးပါ "
အန္နာ အံ့အားသင့္သြားသလိုမ်ိဳးနဲ႕
" ဒါေပမယ့္ ကြၽန္မ အလကားရထားတာ မဟုတ္ဘူး ..သန႔္ရွင္းေရးဝန္ထမ္းေလးဆီက ျပန္ဝယ္ထားရတာ "
အန္နာက တမင္သက္သက္ စကားကို ဖိဆိုလိုက္တယ္ ။
" ေငြနဲ႕ ေပးဝယ္ထားရတာ "
သူမ ဆိုလိုတာကို ကုဖုန္း သိတယ္ ။ ဒါေပမယ့္ ပိုက္ဆံက ဘာအေရးလဲ ။
" ေကာင္းၿပီ ..ဘယ္ေလာက္က်လဲ စာရင္းတင္လိုက္ ..လိုအပ္တာက တစ္ခုတည္း ..အဲ့ဒါေတြကို ငါ့လက္ထဲ အေကာင္းပကတိအတိုင္း ျပန္ေပးနိုင္ရမယ္ "
ကုဖုန္း အသက္မရႉစတမ္းေျပာလိုက္တယ္ ။
ပိုက္ဆံလား ?!
ကုန္ခ်င္သေလာက္ကုန္စမ္းပါေစ !
ယုေပၚယြင္ရဲ႕ ႏွလုံးသားကိုသာ ျပန္ရမယ္ဆိုရင္ သူ႕မွာရွိတဲ့စည္းစိမ္ေတြ အျပဳတ္ခံနိုင္ပါတယ္ !
အန္နာ ငါးခူၿပဳံးႀကီးၿပဳံးၿပီး ေပ်ာ္ေပ်ာ္ႀကီးသေဘာတူလိုက္ေလတယ္ ။
" အိုေခ "
သူမ ဥကၠဌ႐ုံးခန္းထဲက ထြက္ထြက္ခ်င္းပဲ ယုေပၚယြင္ကို တိတ္တိတ္ေလး ဖုန္းေခၚလိုက္တယ္ ။
သူမက ယုေပၚယြင္ကို ေျပာခ်င္ခဲ့တာ ။ ကုဖုန္းကို ဂ်င္းထည့္ကာ မတန္တဆေဈးတင္ၿပီး ပုတီးေစ့တစ္ေစ့ကို ယြမ္ငါးေထာင္နဲ႕ ျပန္ေရာင္းလိုက္တဲ့အေၾကာင္းကို ။
ၿပီးေတာ့ သူမမွာ ပုတီးေစ့ေတြက အမ်ားႀကီး ။
အန္နာက ကုဖုန္းကို ပညာေပးခ်င္တာလည္းပါတယ္ ။ စြန႔္ပစ္တုန္းကစြန႔္ပစ္ၿပီး ခုမွ အေသအလဲ ျပန္လိုခ်င္ေနတဲ့ ေဘာ့စ္ကုကို ေသြးေလးနည္းနည္းေတာ့ ေပးထြက္ဦးမွေပါ့.. ဟုတ္တယ္ဟုတ္ ။
အန္နာဟာ တစ္ဖက္က ယုေပၚယြင္ ဖုန္းကိုင္လိုက္တယ္ဆိုရင္ပဲ ယုေပၚယြင္ကို ဟယ္လိုခြင့္ေလးေတာင္မေပးဘဲ ေရပက္မဝင္ေအာင္ ေျပာေလေတာ့တယ္ ။
" ေပၚယြင္ေလး , ဘာလဲ ခန႔္မွန္းၾကည့္စမ္း .. ဒီေန႕ မင့္ မတ္မတ္က မင္းရဲ႕ေဒါသတရားေတြကို ေပါက္ကြဲခြင့္ရေအာင္ လုပ္ေပးလိုက္တယ္ ..မင္းရဲ႕ တရားမွ်တမႈတြက္ လူမဆန္တဲ့လူရဲ႕ ပိုက္ဆံအိတ္ကို မင္းကိုေပးမယ္ "