ကုဖုန်းရဲ့ နှိမ့်နှိမ့်ချချနဲ့ တောင်းပန်တိုးလျှိုးနေတဲ့လေသံကို နားထောင်ပြီး ယုပေါ်ယွင် တစ်ခုခု ပြန်ပြောချင်ခဲ့တယ် ။ ဒါပေမယ့် သူကိုယ်တိုင်လည်း စကားသံတွေပျောက်ရှပြီး အသံသဲ့သဲ့လေးတောင် မထွက်နိုင်ခဲ့ဘူး ။
ဒါက သူ ဘယ်တုန်းကမှ မတွေ့ဖူးခဲ့တဲ့ ကုဖုန်းပုံစံ !
အရမ်းကို အနူးအညွတ် တောင်းပန်နေတာ ၊
နွေးထွေးမှုလေး မြူမှုန်လောက်ရဖို့ရာအတွက် အသေအလဲ တောင်းပန်နေတာ ၊
နာကျင်နေတဲ့ မျက်လုံးတွေ ၊ နှိမ့်ချထားတဲ့ လေသံတွေ နဲ့ ။
ဒါက ကုဖုန်းနဲ့မတူဘူး !
ဒါက ကုဖုန်း မဟုတ်ဘူး !
ယုပေါ်ယွင် ဖျစ်ညှစ်ပြီး စကားဆိုလိုက်ပေမယ့် သူ့အသံတွေက မတည်မငြိမ် ။
" ကုဖုန်း ခင်ဗျားက ဩဇာအာဏာအပြည့်နဲ့ စီအီးအိုတစ်ယောက် ၊ ကျွန်တော်က အရမ်း အရမ်းကို သာမာန်ဆန်တဲ့ ရိုးရိုးလူတစ်ယောက် ..ကျွန်ဝောာ်က ငါးနှစ်လုံးလုံး ခင်ဗျားနောက်လိုက်ခဲ့ပြီး ကျောခိုင်းထားတဲ့ ခင်ဗျားနောက်ကျောကိုသာ မျှော်ကြည့်နေခဲ့ရသူပါ ..ဒါပေမယ့် ကျွန်တော် ဘယ်လောက်ပဲ မျှော်လင့်ခဲ့ မျှော်လင့်ခဲ့ ခင်ဗျားရဲ့ အချစ်ကိုမရဘဲ နှလုံးသားထဲမှာ ပြည့်နှက်နေတဲ့ ဒဏ်ရာတွေပဲ ရခဲ့တယ်..အရမ်းခက်ခဲတဲ့ အတိတ်တွေကို ကြုံစေခဲ့ပြီးမှ ကျွန်တော့်ကို ဘယ်လိုတောင် ယုံကြည်စေချင်နေတာလဲ "
(နောက်ဆုံးစာကြောင်းလေးကြိုက်လွန်းလို့ )
" မင်း ကိုယ့်ကို အယုံအကြည်မဲ့သွားပြီဆိုတာ ကိုယ် သိပါတယ် ..ဒါကြောင့် ကိုယ့်အချစ်တွေကို မင်း ခံစားလို့ရအောင် အပြောထက်
လက်တွေ့ကျကျပြသနိုင်ဖို့ ကိုယ် ကြိုးစားခဲ့တာ..တကယ်ပါ ..ကိုယ် မင်းကို အမှန်တကယ် ချစ်မြတ်နိုးတာပါကွာ "
ကုဖုန်း လက်ချောင်းတွေက ယုပေါ်ယွင်မျက်နှာပေါ်မှာ ဖွဖွညင်ညင် လှုပ်ရှားနေတယ် ။ ဒီကမ္ဘာပေါ်မှာ အဖိုးထိုက်တန်ဆုံး ရတနာတစ်ခုလို ။
" ခင်ဗျား အချစ်က ကြာကြာမခံပါဘူး..ခင်ဗျား မကျေမနပ်ဖြစ်ပြီး ခံစားချက်တွေ ရောထွေးနေတာပါ..မကြာခင် ခင်ဗျား ပိုချစ်ရမယ့် ကောင်လေးတစ်ယောက် တွေ့လာမှာပါ...အဲ့ဒီအခါကျရင် ခင်ဗျား .........."
" ကိုယ် မင်းကိုပဲ ချစ်တာ "
ကုဖုန်းအသံက အရမ်းကို နက်ရှိုင်းပြီး အလွန်အမင်းကို ခိုင်မာလေးနက်တယ် ။
ယုပေါ်ယွင် ခွန်းတုံ့မပြန်လောက်အောင်ကိုပဲ ။
" ချစ်တယ် ..မင်းကိုပဲ ..မင်း တစ်ယောက်တည်းကိုပဲ "
ယုပေါ်ယွင် ကုဖုန်းကို အဝေးကြီးရောက်သွားတဲ့အထိ တွန်းထုတ်ချင်နေမိတယ် ။
" ခင်ဗျားက ယုံကြည်မှုတွေ လွန်ကဲနေတာပဲ..ခင်ဗျားကိုယ် ခင်ဗျား အရမ်းကို ယုံတယ်ပေါ့ ???"
" အခု ကိုယ့်နှလုံးသားကို ကိုယ်ကိုယ်တိုင် နားလည်သွားပြီ ..ဒါကြောင့် ကိုယ်ကတော့ ယုံတယ် "
ကုဖုန်းရဲ့ အသက်ရှူသံတွေက ယုပေါ်ယွင်ကို တင်းတင်းကြပ်ကြပ် လွှမ်းခြုံထားတယ် ။
" မင်း ယုံကြည်လာဖို့ကိုပဲ ကိုယ် မျှော်လင့်ရတော့မှာ ..အပြည့်အဝ ယုံကြည်မှုကို မပေးနိုင်ဘူးဆိုရင်တောင် အချိန်လေးတော့ ပေးပါ...အကယ်၍ နောင်တစ်ချိန်မှာ ကိုယ်က မင်းထင်ထားသလို ယုံကြည်မှုနဲ့ မထိုက်တန်တဲ့ကောင်ဆိုရင် ကိုယ့်ကို မင်းလက်နဲ့ မင်းကိုယ်တိုင် ဖျက်ဆီးပစ်လိုက်ပါ..အကယ်၍ ကိုယ်က ကတိတည်ပြီး မင်းအတွက် အမှန်တကယ် ယုံကြည်သင့်တဲ့လူဖြစ်ပြီဆိုရင် မင်းရဲ့ အချစ် နဲ့ ယုံကြည်မှုတွေကို အတိုးချပြီး ပြန်ပေးနိုင်မလား "
( ကုပေါက်ကြီးတို့ စကားတွေ တတ်နေတာ )
ယုပေါ်ယွင် မတုန့်ပြန်ဘဲ နှုတ်ဆိတ်နေတယ် ။ ပြီးတော့ ကုဖုန်းရဲ့ ချုပ်နှောင်မှုကလွတ်အောင် အားသုံးရုန်းထွက်ပြီး နာနာကျင်ကျင်ကြည့်နေတဲ့ ကုဖုန်းရဲ့ မျက်လုံးတွေအောက်မှာပဲ သူ့အခန်းရှိရာ ပြန်သွားကာ တံခါးပိတ်ပြီး လော့ခ်ချလိုက်လေတယ် ။
ကုဖုန်း ပိတ်သွားတဲ့တံခါးကိုကြည့်နေပြီး သူ့နှလုံးသားလေးကတော့ ပြင်းစွာသော နာကျင်မှုတွေနဲ့ တုန်ယင်နေခဲ့တယ် ။
ယုပေါ်ယွင်က အခန်းတံခါးတင်မဟုတ်ဘဲ သူ့ရဲ့(ယုပေါ်ယွင်) နှလုံးသားတံခါးကိုပါ သော့ခတ်ပြီး ပိတ်ချထားတာ ။
ယုပေါ်ယွင် အဲ့ဒီလိုဖြစ်အောင် ဖိအားတွေပေးခဲ့တာ ဘယ်သူမှ မဟုတ်ဘူး !
အဲ့ဒါ သူ !
တကယ့် အပြစ်သားက သူ !
တကယ့် တရားခံအစစ်က သူ !
သူ ကိုယ်တိုင်ပါပဲ !
ဘယ်သူတစ်ဦးတစ်ယောက်ကိုသော်မှ အပြစ်တင်နေလို့မရပါဘူး ။ သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပါ ။
သူက ရူးမိုက်ပြီး မောက်မာရိုင်းစိုင်းမှုမှာ ပျော်မွေ့ခဲ့တဲ့ ဘုရင်တစ်ပါး ။ ချစ်ရသူကို သူကိုယ်တိုင်ပဲ ဒဏ်ရာအနာတရဖြစ်စေပြီး သူကိုယ်တိုင်ပဲ ရက်ရက်စက်စက် ပြည်နှင်ဒဏ်ပေးလိုက်ပြီးမှ အဲ့ဒီလူရဲ့ အရာအားလုံးကို အရူးအမူးပြန်ရှာဖွေနေမိတယ် ။ ပျောက်ချင်းမလှပျောက်သွားသူကို အရူးကြီးတစ်ယောက်လို ရှာဖွေနေရင်း ခံစားရတဲ့ ဝေဒနာက သေဆုံးသွားတာထက်ကို ပိုပြီးနာကျင်ရတယ် ။
အဆုံးသတ်မှာ ပျောက်ဆုံးသွားသူလေးကို ပြန်ရှာတွေ့ခဲ့တယ် ။ ဒါပေမယ့် သူ ခက်ခက်ခဲခဲ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ၊ ဝင်ခွင့်ပေးဖို့ အသံတွေ အက်ကွဲတိမ်ဝင်သွားတဲ့အထိ ဘယ်လောက်ပဲ အော်ဟစ် အော်ဟစ် ၊ လက်နှစ်ဖက်လုံး သွေးချင်းချင်းနီရဲတဲ့အထိ ဘယ်လောက်ပဲ တံခါးခေါက်ခေါက် ထိုလူသားလေးရဲ့တံခါးက လုံးဝကို ပွင့်မလာခဲ့ပါဘူး ။
သူ့ရဲ့ အဖိုးထိုက်တန်ဆုံး ရတနာလေးကို ဖျက်ဆီးပစ်ခဲ့သူက သူပါပဲ ။ သူ့လက်တွေနဲ့ သူကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာပါ ။ သူ့ဘဝရဲ့ ပျော်ရွှင်ခြင်းလေးကို သူကိုယ်တိုင်ပဲ အဝေးကို တွန်းထုတ်ခဲ့တာပါ ။
ကုဖုန်း ခြေလှမ်းတွေက ယိုင်ထိုးရွဲ့စောင်းလို့ ။ နောင်တတရားတွေ ၊ နာကျင်မှုတွေက သူ့ရင်ထဲမှာ ဟာရီကိန်းမုန်တိုင်း ဝင်မွှေနေသလို
အပြိုပြို အလဲလဲ ။
ဝိုင်တွေထည့်ထားတဲ့ဗီဒိုရှိရာကို မပြေးရုံတမယ်ခြေလှမ်းတွေနဲ့ ယိုင်တိုင်တိုင် လှမ်းသွားခဲ့ပြီး တုန်ယင်နေတဲ့လက်တွေနဲ့ ဗီဒိုတံခါးကိုဖွင့်ကာ ဖန်ခွက်ထဲတောင် မထည့်နိုင်တော့ဘဲ ရေငတ်နေသူတစ်ယောက်လို ပုလင်းလိုက်မော့ချလိုက်လေတယ် ။
သူ့ရဲ့ လစ်မစ် ရောက်လုနီးပြီဆိုတာ သူ သိတယ် ။
သူ နောင်တရနေတာ အရမ်းကို ကြာပြီ ။ အရမ်းကို ကြာနေခဲ့ပြီ ။
သူ ယုပေါ်ယွင်ဆီက ရှင်းလင်းပြတ်သားတဲ့ တုန့်ပြန်မှုကို မရခဲ့ဘူး ။ အဲ့ဒါက သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံး သဲထဲရေသွန်ဖြစ်သွားသလိုမျိုး ၊ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေအားလုံးက နံရံကို ဆီးစေ့နဲ့ပေါက်နေသလိုမျိုး ဘာမှ ...ဘာမှ အရာမထင်တော့ဘူး ။
ရက်ရက်စက်စက်ပြောနေတဲ့ အသံတစ်ခုကို သူ့စိတ်ထဲမှာ ထပ်ခါထပ်ခါ ကြားနေရတယ် ။
ယုပေါ်ယွင်က မင်းကို လုံးဝ ခွင့်မလွှတ်ဘူး
ကုဖုန်းရဲ့ လည်ဇလုပ်က ပြင်းပြင်းထန်ထန်ကို ရွေ့လျားနေတယ် ။ သူ သောက်နေတာ ဘယ်နှစ်ပုလင်းတွေတောင်ဖြစ်နေပြီလဲ သူ မသိတော့ဘူး ။
သူ သိတာ တစ်ခုတည်း ။ သူက ကောင်းကောင်းသောက်နိုင်တဲ့လူ ။ များများသောက်ပြီး နည်းနည်းပဲ မူးတတ်သူ ။ အခု သူ မူးချင်တယ် ။ လူမှန်းသူမှန်းမသိအောင်ကို မူးပစ်ချင်နေတယ် ။
ဒါပေမယ့် မူးလို့မဖြစ်ဘူး ။ စိတ်လိုက်မာန်ပါတွေ လုပ်မိမှာ ကြောက်တယ် ။
သူ့ရဲ့လစ်မစ်ကိုကျော်ပြီး သူ့ အသိစိတ်တွေ လွတ်ထွက်သွားမှာ ကြောက်တယ် ။
သူက ယုပေါ်ယွင်ကို ရူးသွပ်နေတဲ့ ကောင် ။
အသိတစ်ချက်အလွတ်မှာ ယုပေါ်ယွင်ကို အရူးအမူးဖြစ်နေတဲ့ သူက ယုပေါ်ယွင်ရဲ့ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လွန်လွန်ကျူးကျူးနဲ့ အတင်းအကြပ် သိမ်းပိုက်မိလိမ့်မယ် ။
သူ အဲ့ဒီလို မလုပ်နိုင်ဘူး ။ အကယ်၍ သူသာ အဲ့ဒီလိုလုပ်မိသွားရင် ယုပေါ်ယွင်က သူ့ကို သေဒဏ်တန်းချပစ်မှာ ။ အယူခံဝင်ခွင့်လေးတောင် ပေးမှာမဟုတ်ဘူး ။
မဖြစ်ဘူး !
တောင့်ခံရမယ် !
သူ့နှလုံးသားက ဒယ်အိုးထဲမှာ တရှဲရှဲ အကြော်ခံနေရတယ်ဆိုရင်တောင် တောင့်ခံထားရမယ် ။
( အသည်းနှလုံးကို ပန်းသီးလေးလို အအေးခန်းသေတ္တာထဲမှာ ထားစားရန် ..ဖီးလ်နေရင်းနဲ့ ရယ်ချင်လာတယ် ငကုရယ် ..နင် နင်ဟာ )
ယုပေါ်ယွင်ရဲ့ အခန်းတံခါးရှေ့မှာ ယိုင်တိယိုင်တိုင်နဲ့ သူ ထိုင်ချလိုက်တယ် ။ ပြီးတော့ တံခါးချပ်ကို မှီပြီး ဝိုင်ပုလင်းကိုမော့ကာ မှောင်မိုက်မိုက်မျက်နှာကြက်ကို ကြည့်နေခဲ့တယ် ။
" ပေါ်ယွင် , လွမ်းတယ် ..ကိုယ် မင်းကို လွမ်းတယ် ..ကိုယ် မှားသွားပါတယ် .. အဲ့ဒီတုန်းက ကိုယ် ဘာလို့ မိုက်မဲခဲ့တာလဲ ..အရမ်းကို မိုက်မိုက်မဲမဲနဲ့ ဘာကြောင့်များ ကိုယ်ကိုယ်တိုင် မင်းကို အဝေးကို တွန်းထုတ်ခဲ့မိရတာလဲ ...ကိုယ် .........."
ကုဖုန်း တံခါးဝကို မှီပြီး လေသံယဲ့ယဲ့လေးနဲ့ မပီမသစကားတွေဆိုနေခဲ့တယ် ။ သူမသိတာက အခန်းထဲဝင်သွားတဲ့ ယုပေါ်ယွင်က သူ့လိုပဲ တံခါးကိုမှီပြီး တွေတွေဝေဝေနဲ့ ထိုင်နေခဲ့တယ် ဆိုတာ ။
နှစ်ယောက်ကြားမှာ တံခါးတစ်ချပ်သာ ခြားနေခဲ့တယ် ။
( အခန်းတံခါးဆိုတာထက် နှလုံးသားတံခါးပါ )
တစ်ယောက်က အထဲဝင်ချင်လွန်းလို့ ရူးမတတ်ဖြစ်နေခဲ့တယ် ။
တစ်ယောက်က ရူးလောက်အောင် နာကျင်ခဲ့ပြီးတာကြောင့် ထပ်နာကျင်ရမှာကြောက်ပြီး
ရှိသမျှအားလေးနဲ့ တင်းတင်းစေ့ပိတ်ထားတယ် ။
" ပေါ်ယွင် , ကိုယ် ငယ်စဉ်တည်းက ခုချိန်ထိ ဘယ်သူ့ကိုမှ မချစ်တတ်ခဲ့ဘူး ..တစ်စုံတစ်ယောက်ကို ချစ်တတ်လာအောင် သင်ပြပေးမယ့်လူလည်းမရှိခဲ့ဘူး "
ကုဖုန်း ဝိုင်ပုလင်းကို မော့လိုက်ပြန်တယ် ။
" ကိုယ်မြင်ခဲ့ရသလောက် ကိုယ့်အဖေဆိုလည်း သူ့ဘဝတလျောက်လုံး လုပ်ဆောင်ခဲ့သမျှက ပိုက်ဆံ နဲ့ အာဏာအတွက်ပဲ ...အရာရာကို ပိုက်ဆံ နဲ့ အာဏာသုံးပြီး အထွတ်အထိပ်ကို ရောက်ခဲ့တယ် ..အဲ့တော့ ကိုယ်တွေးတာက .....ကိုယ် တွေးမိတာက ကိုယ့်မှာ ပိုက်ဆံ နဲ့ အာဏာသာရှိရင် အရာအားလုံး ရနိုင်မယ်လို့လေ ..အကြီးတန်းလက်ထောက်အဖြစ် မင်းကို ပထမဆုံး စတွေ့ခဲ့တုန်းက...ကိုယ်မှတ်မိနေသေးတယ် မင်းရဲ့ ပုံစံလေးကို ..ဝတ်စုံက သန့်ရှင်းသပ်ရပ်နေပြီး မင်းနဲ့ လိုက်ဖက်တယ် .. မင်းက ကြည်ကြည်စင်စင်လေး ပြုံးနေလိုက်တာ ..မင်းရဲ့ အဲ့ဒီအပြုံးလေးကလေ အရမ်းလှတာပဲ "
" မင်းက အဲ့ဒီအချိန်တည်းက ကိုယ့်နှလုံးသားထဲ ရောက်နှင့်နေခဲ့တာ ...တော်တော်မိုက်မဲတဲ့ကိုယ်က ကိုယ့်စိတ်ကိုတောင် မသိခဲ့ဘူး ပေါ်ယွင်ရဲ့ ..
ကိုယ့်တွေးတာကလေ ..ကိုယ့်မှာ ပါဝါတွေ အာဏာတွေရှိနေသရွေ့ မင်းကို ထိန်းထားနိုင်လိမ့်မယ်လို့ ..ကိုယ် တကယ် မသိခဲ့ဘူး ...တစ်စုံတစ်ယောက်ကို ချစ်နေခဲ့တာ အပြင်မှာ မဟုတ်ဘဲ နှလုံးသားထဲမှာဆိုတာ "
ကုဖုန်းတစ်ယောက် အတိတ်ကို အပြင်းအထန် တူးဆွလေလေ ယုပေါ်ယွင်ရဲ့ နူးညံ့တဲ့ စိတ်ရင်းလေးတွေက သူ့မှတ်ဉာဏ်ထဲ ပေါ်လာလေလေပဲ ။
သူ့မျက်သားတွေတောင် ရဲတက်လာတယ် ။
" အဲ့ဒီငါးနှစ်ဆိုတဲ့ အချိန်ကာလက မင်းအတွက် အအေးစက်ဆုံးနဲ့ အရှည်ကြာဆုံး ကာလတွေ ဖြစ်ခဲ့မှာပဲ ..ဟုတ်တာပေါ့ ..ငါးနှစ်လုံးလုံး နာကျင်မှုတွေကို မင်း အလူးအလဲ ခံစားခဲ့ရပြီးပြီ ..နောက်ဆုံးတော့ ...နောက်ဆုံးတော့ မင်းရဲ့နာကျင်မှုတွေကို ကိုယ် အခု ခံစားလို့ရခဲ့ပြီ "
" မင်းရဲ့အချစ်က လေတိုက်တိုင်း လွင့်နေတဲ့ တိမ်လို တန်ဖိုးမဲ့ပြီး အပေါစားအဆန်ဆုံးလို့ ကိုယ် အမြဲ တွေးထင်နေခဲ့တာ ..ဟက် ! ကိုယ်က ငတုံးမို့ ! ကိုယ်က စောက်ရူးမို့ ! မင်းကျိန်ဆဲနေကျ နလပိန်းတုံးကောင်မို့ ! ကိုယ်က ကန်းနေလို့ မင်းရဲ့အချစ်တွေကို မမြင်နိုင်ခဲ့တာ ... မင်းက ကိုယ့်ရဲ့ အောက်ဆီဂျင်လေးဆိုတာ ကိုယ် လုံးဝ မသိခဲ့ဘူး "
" အဟင်း !"
ကုဖုန်း သူ့ကိုယ်သူ စိတ်ဆိုးလွန်းလို့ လှောင်ပြုံးပြုံးကာ ခပ်ယဲ့ယဲ့လေး ရယ်လိုက်လေတယ် ။
" ထိတွေ့လို့မရပေမယ့် ..မျက်စိနဲ့ မမြင်နိုင်ပေမယ့် မင်းဆိုတဲ့ အောက်ဆီဂျင်လေးကို တစ်ကြိမ်တစ်ခါ ဆုံးရှုံးသွားရင်တောင် နာကျင်ရလွန်းလို့ ကိုယ် သေဆုံးသွားမှာ "
" ကိုယ် မင်းကိုချစ်တယ် ..ဒါပေမယ့် အချိန်တွေအကြာကြီး ကြာပြီးမှ ......တကယ်ကို ကြာရှည်ခဲ့ပြီးမှ ကိုယ် ရှာတွေ့ခဲ့တာ ..မင်း ကိုယ့်ကို စိတ်ပျက်နေပြီလား ဟင် ???"
ကုဖုန်း သူ့ကိုယ်သူ အချက်ပေါင်းများစွာ ရိုက်ပစ်ချင်နေမိတယ် ။ သူ့အသံတွေက သိသိသာသာကို ငိုသံပါလာခဲ့ပြီ ။
" အိုး ! ဘယ်ဘက်ကပဲလှည့်တွေးတွေး နောက်ဆုံး အရင်းစစ်တော့ ကိုယ့် မှားခဲ့တာပါပဲ..ကိုယ့်အမှားတွေချည်းပါပဲ ! ...ဒါပေမယ့်.......ဒါပေမယ့်လည်း ပေါ်ယွင်ရယ် မင်းမှာ ဂရုစိုက်မှုလေး နည်းနည်း , နည်းနည်းလေးလောက်ပဲဖြစ်ဖြစ် ရှိနေသေးရင် ကိုယ့်ကို တုန့်ပြန်မှုလေး ပေးပါလားကွာ ..တစ်ခါတည်းပါ ..တကယ်ကို တစ်ခါတည်းပါ "
တံခါးအတွင်းဘက်က တိတ်ဆိတ်နေတယ် ။
" တစ်ခွန်းလောက်လေး ကိုယ့်ကို ပြောလိုက်ပါ ..မင်း ဖြစ်ချင်တာ ဒါမှမဟုတ် ကိုယ့်ကို ဆူပူကြိမ်းမောင်းလိုက်တာမျိုးပေါ့..တစ်ခုခုလေ နော် !"
အခန်းလေးကတော့ တိတ်ဆိတ်ငြိမ်သက်နေမြဲ ။
" မင်း ကိုယ့်ကို အာရုံမစိုက်ချင်တော့ဘူးပဲ ..ဟား ကိုယ် အလွန်အကျွံ ဖြစ်နေပုံရတယ် ..ကိုယ် ဆက်မပြောတော့ပါဘူးနော် ..မင်းကို ကိုယ် မနှောင့်ယှက်တော့ပါဘူး "
ကုဖုန်း ဝိုင်ပုလင်းကိုကိုင်ပြီး ဒယီးဒယိုင်နဲ့ ထရပ်လိုက်တယ် ။ တသွင်သွင် စီးဆင်းနေတဲ့ နောင်တမျက်ရည်တွေကို သုတ်ရင်းပေါ့ ။ ထို့နောက် ယိုင်တိယိုင်တိုင်နဲ့ သူ့အခန်းရှိရာကို လျှောက်သွားလေတယ် ။
ယုပေါ်ယွင်စိတ်ထဲမှာ သူ တကယ်ကို မရှိတော့ဘူးပဲ ။ ဘာတတ်နိုင်မှာလဲ ။ သူ ဘာလုပ်နိုင်မှာတဲ့လဲ ။ ဝမ်းနည်းကြေကွဲပြီး ကူကယ်ရာမဲ့စွာ သေဆုံးသွားသည့်တိုင်အောင် သူ့ကိုယ်သူ နှိပ်စက်နေဦးမှာ ။ သူက ဒါနဲ့ပဲ ထိုက်တန်တယ်လေ ။
ကုဖုန်း ခါးသီးစွာ ရယ်လိုက်မိတယ် ။
သို့သော်လည်း သူ့ ခြေလှမ်းတွေ တန့်ခနဲ ရပ်တန့်သွားတယ် ။
" ကလစ် !" ( တံခါးဖွင့်သံ)
ကုဖုန်း မျက်လုံးတွေ ပြူးပြီး နှလုံးသားက ကြမ်းတမ်းရိုင်းစိုင်းစွာ ခုန်ပေါက်လာတယ် ။
ကလစ်ခနဲ အခန်းတံခါးလေး ပွင့်သွားခဲ့ပြီး အဲ့ဒီအခိုက်အတန့်လေးမှာ လှုပ်ရှားသံလေးတစ်ခုကို ကြားလိုက်ရတယ် ။
( ကုဖုန်းခံစားချက်တွေ မပေါ်မှာစိုးလို့ စိတ်တိုင်းမကျလိုက် ပြန်ဖျက်လိုက်နဲ့ ဒီ chapter ကို နှစ်ရက်တိတိ ဘာသာပြန်လိုက်ရပါတယ် ..အတွေးပြောင်မြောက်လွန်းသူ ငကုကြောင့် ဖီးလ်ရင်းနဲ့လည်း အူတက်ခဲ့ရပါတယ် 😂)
*****************************************
ကုဖုန္းရဲ႕ ႏွိမ့္ႏွိမ့္ခ်ခ်နဲ႕ ေတာင္းပန္တိုးလွ်ိုးေနတဲ့ေလသံကို နားေထာင္ၿပီး ယုေပၚယြင္ တစ္ခုခု ျပန္ေျပာခ်င္ခဲ့တယ္ ။ ဒါေပမယ့္ သူကိုယ္တိုင္လည္း စကားသံေတြေပ်ာက္ရွၿပီး အသံသဲ့သဲ့ေလးေတာင္ မထြက္နိုင္ခဲ့ဘူး ။
ဒါက သူ ဘယ္တုန္းကမွ မေတြ႕ဖူးခဲ့တဲ့ ကုဖုန္းပုံစံ !
အရမ္းကို အႏူးအၫြတ္ ေတာင္းပန္ေနတာ ၊
ႏြေးေထြးမႈေလး ျမဴမႈန္ေလာက္ရဖို႔ရာအတြက္ အေသအလဲ ေတာင္းပန္ေနတာ ၊
နာက်င္ေနတဲ့ မ်က္လုံးေတြ ၊ ႏွိမ့္ခ်ထားတဲ့ ေလသံေတြ နဲ႕ ။
ဒါက ကုဖုန္းနဲ႕မတူဘူး !
ဒါက ကုဖုန္း မဟုတ္ဘူး !
ယုေပၚယြင္ ဖ်စ္ညွစ္ၿပီး စကားဆိုလိုက္ေပမယ့္ သူ႕အသံေတြက မတည္မၿငိမ္ ။
" ကုဖုန္း ခင္ဗ်ားက ဩဇာအာဏာအျပည့္နဲ႕ စီအီးအိုတစ္ေယာက္ ၊ ကြၽန္ေတာ္က အရမ္း အရမ္းကို သာမာန္ဆန္တဲ့ ရိုးရိုးလူတစ္ေယာက္ ..ကျွန်ဝောာ်က ငါးႏွစ္လုံးလုံး ခင္ဗ်ားေနာက္လိုက္ခဲ့ၿပီး ေက်ာခိုင္းထားတဲ့ ခင္ဗ်ားေနာက္ေက်ာကိုသာ ေမွ်ာ္ၾကည့္ေနခဲ့ရသူပါ ..ဒါေပမယ့္ ကြၽန္ေတာ္ ဘာ္ေလာက္ပဲ ေမွ်ာ္လင့္ခဲ့ ေမွ်ာ္လင့္ခဲ့ ခင္ဗ်ားရဲ႕ အခ်စ္ကိုမရဘဲ ႏွလုံးသားထဲမွာ ျပည့္ႏွက္ေနတဲ့ ဒဏ္ရာေတြပဲ ရခဲ့တယ္..အရမ္းခက္ခဲတဲ့ အတိတ္ေတြကို ႀကဳံေစခဲ့ၿပီးမွ ကြၽန္ေတာ့္ကို ဘယ္လိုေတာင္ ယုံၾကည္ေစခ်င္ေနတာလဲ "
(ေနာက္ဆုံးစာေၾကာင္းေလးႀကိဳက္လြန္းလို႔ )
" မင္း ကိုယ့္ကို အယုံအၾကည္မဲ့သြားၿပီဆိုတာ ကိုယ္ သိပါတယ္ ..ဒါေၾကာင့္ ကိုယ့္အခ်စ္ေတြကို မင္း ခံစားလို႔ရေအာင္ အေျပာထက္
လက္ေတြ႕က်က်ျပသနိုင္ဖို႔ ကိုယ္ ႀကိဳးစားခဲ့တာ..တကယ္ပါ ..ကိုယ္ မင္းကို အမွန္တကယ္ ခ်စ္ျမတ္နိုးတာပါကြာ "
ကုဖုန္း လက္ေခ်ာင္းေတြက ယုေပၚယြင္မ်က္ႏွာေပၚမွာ ဖြဖြညင္ညင္ လႈပ္ရွားေနတယ္ ။ ဒီကမၻာေပၚမွာ အဖိုးထိုက္တန္ဆုံး ရတနာတစ္ခုလို ။
" ခင္ဗ်ား အခ်စ္က ၾကာၾကာမခံပါဘူး..ခင္ဗ်ား မေက်မနပ္ျဖစ္ၿပီး ခံစားခ်က္ေတြ ေရာေထြးေနတာပါ..မၾကာခင္ ခင္ဗ်ား ပိုခ်စ္ရမယ့္ ေကာင္ေလးတစ္ေယာက္ ေတြ႕လာမွာပါ...အဲ့ဒီအခါက်ရင္ ခင္ဗ်ား .........."
" ကိုယ္ မင္းကိုပဲ ခ်စ္တာ "
ကုဖုန္းအသံက အရမ္းကို နက္ရွိုင္းၿပီး အလြန္အမင္းကို ခိုင္မာေလးနက္တယ္ ။
ယုေပၚယြင္ ခြန္းတုံ႕မျပန္ေလာက္ေအာင္ကိုပဲ ။
" ခ်စ္တယ္ ..မင္းကိုပဲ ..မင္း တစ္ေယာက္တည္းကိုပဲ "
ယုေပၚယြင္ ကုဖုန္းကို အေဝးႀကီးေရာက္သြားတဲ့အထိ တြန္းထုတ္ခ်င္ေနမိတယ္ ။
" ခင္ဗ်ားက ယုံၾကည္မႈေတြ လြန္ကဲေနတာပဲ..ခင္ဗ်ားကိုယ္ ခင္ဗ်ား အရမ္းကို ယုံတယ္ေပါ့ ???"
" အခု ကိုယ့္ႏွလုံးသားကို ကိုယ္ကိုယ္တိုင္ နားလည္သြားၿပီ ..ဒါေၾကာင့္ ကိုယ္ကေတာ့ ယုံတယ္ "
ကုဖုန္းရဲ႕ အသက္ရႉသံေတြက ယုေပၚယြင္ကို တင္းတင္းၾကပ္ၾကပ္ လႊမ္းၿခဳံထားတယ္ ။
" မင္း ယုံၾကည္လာဖို႔ကိုပဲ ကိုယ္ ေမွ်ာ္လင့္ရေတာ့မွာ ..အျပည့္အဝ ယုံၾကည္မႈကို မေပးနိုင္ဘူးဆိုရင္ေတာင္ အခ်ိန္ေလးေတာ့ ေပးပါ...အကယ္၍ ေနာင္တစ္ခ်ိန္မွာ ကိုယ္က မင္းထင္ထားသလို ယုံၾကည္မႈနဲ႕ မထိုက္တန္တဲ့ေကာင္ဆိုရင္ ကိုယ့္ကို မင္းလက္နဲ႕ မင္းကိုယ္တိုင္ ဖ်က္ဆီးပစ္လိုက္ပါ..အကယ္၍ ကိုယ္က ကတိတည္ၿပီး မင္းအတြက္ အမွန္တကယ္ ယုံၾကည္သင့္တဲ့လူျဖစ္ၿပီဆိုရင္ မင္းရဲ႕ အခ်စ္ နဲ႕ ယုံၾကည္မႈေတြကို အတိုးခ်ၿပီး ျပန္ေပးနိုင္မလား "
( ကုေပါက္ႀကီးတို႔ စကားေတြ တတ္ေနတာ )
ယုေပၚယြင္ မတုန႔္ျပန္ဘဲ ႏႈတ္ဆိတ္ေနတယ္ ။ ၿပီးေတာ့ ကုဖုန္းရဲ႕ ခ်ဳပ္ႏွောင္မႈကလြတ္ေအာင္ အားသုံး႐ုန္းထြက္ၿပီး နာနာက်င္က်င္ၾကည့္ေနတဲ့ ကုဖုန္းရဲ႕ မ်က္လုံးေတြေအာက္မွာပဲ သူ႕အခန္းရွိရာ ျပန္သြားကာ တံခါးပိတ္ၿပီး ေလာ့ခ္ခ်လိဳက္ေလတယ္ ။
ကုဖုန္း ပိတ္သြားတဲ့တံခါးကိုၾကည့္ေနၿပီး သူ႕ႏွလုံးသားေလးကေတာ့ ျပင္းစြာေသာ နာက်င္မႈေတြနဲ႕ တုန္ယင္ေနခဲ့တယ္ ။
ယုေပၚယြင္က အခန္းတံခါးတင္မဟုတ္ဘဲ သူ႕ရဲ႕(ယုေပၚယြင္) ႏွလုံးသားတံခါးကိုပါ ေသာ့ခတ္ၿပီး ပိတ္ခ်ထားတာ ။
ယုေပၚယြင္ အဲ့ဒီလိုျဖစ္ေအာင္ ဖိအားေတြေပးခဲ့တာ ဘယ္သူမွ မဟုတ္ဘူး !
အဲ့ဒါ သူ !
တကယ့္ အျပစ္သားက သူ !
တကယ့္ တရားခံအစစ္က သူ !
သူ ကိုယ္တိုင္ပါပဲ !
ဘယ္သူတစ္ဦးတစ္ေယာက္ကိုေသာ္မွ အျပစ္တင္ေနလို႔မရပါဘူး ။ သူ႕ကိုယ္သူပဲ အျပစ္တင္ရမွာပါ ။
သူက ႐ူးမိုက္ၿပီး ေမာက္မာရိုင္းစိုင္းမႈမွာ ေပ်ာ္ေမြ႕ခဲ့တဲ့ ဘုရင္တစ္ပါး ။ ခ်စ္ရသူကို သူကိုယ္တိုင္ပဲ ဒဏ္ရာအနာတရျဖစ္ေစၿပီး သူကိုယ္တိုင္ပဲ ရက္ရက္စက္စက္ ျပည္ႏွင္ဒဏ္ေပးလိုက္ၿပီးမွ အဲ့ဒီလူရဲ႕ အရာအားလုံးကို အ႐ူးအမူးျပန္ရွာေဖြေနမိတယ္ ။ ေပ်ာက္ခ်င္းမလွေပ်ာက္သြားသူကို အ႐ူးႀကီးတစ္ေယာက္လို ရွာေဖြေနရင္း ခံစားရတဲ့ ေဝဒနာက ေသဆုံးသြားတာထက္ကို ပိုၿပီးနာက်င္ရတယ္ ။
အဆုံးသတ္မွာ ေပ်ာက္ဆုံးသြားသူေလးကို ျပန္ရွာေတြ႕ခဲ့တယ္ ။ ဒါေပမယ့္ သူ ခက္ခက္ခဲခဲ ဘယ္ေလာက္ပဲ ႀကိဳးစား ႀကိဳးစား ၊ ဝင္ခြင့္ေပးဖို႔ အသံေတြ အက္ကြဲတိမ္ဝင္သြားတဲ့အထိ ဘယ္ေလာက္ပဲ ေအာ္ဟစ္ ေအာ္ဟစ္ ၊ လက္ႏွစ္ဖက္လုံး ေသြးခ်င္းခ်င္းနီရဲတဲ့အထိ ဘယ္ေလာက္ပဲ တံခါးေခါက္ေခါက္ ထိုလူသားေလးရဲ႕တံခါးက လုံးဝကို ပြင့္မလာခဲ့ပါဘူး ။
သူ႕ရဲ႕ အဖိုးထိုက္တန္ဆုံး ရတနာေလးကို ဖ်က္ဆီးပစ္ခဲ့သူက သူပါပဲ ။ သူ႕လက္ေတြနဲ႕ သူကိုယ္တိုင္ ဖ်က္ဆီးပစ္လိုက္တာပါ ။ သူ႕ဘဝရဲ႕ ေပ်ာ္႐ႊင္ျခင္းေလးကို သူကိုယ္တိုင္ပဲ အေဝးကို တြန္းထုတ္ခဲ့တာပါ ။
ကုဖုန္း ေျခလွမ္းေတြက ယိုင္ထိုး႐ြဲ႕ေစာင္းလို႔ ။ ေနာင္တတရားေတြ ၊ နာက်င္မႈေတြက သူ႕ရင္ထဲမွာ ဟာရီကိန္းမုန္တိုင္း ဝင္ေမႊေနသလို
အၿပိဳၿပိဳ အလဲလဲ ။
ဝိုင္ေတြထည့္ထားတဲ့ဗီဒိုရွိရာကို မေျပး႐ုံတမယ္ေျခလွမ္းေတြနဲ႕ ယိုင္တိုင္တိုင္ လွမ္းသြားခဲ့ၿပီး တုန္ယင္ေနတဲ့လက္ေတြနဲ႕ ဗီဒိုတံခါးကိုဖြင့္ကာ ဖန္ခြက္ထဲေတာင္ မထည့္နိုင္ေတာ့ဘဲ ေရငတ္ေနသူတစ္ေယာက္လို ပုလင္းလိုက္ေမာ့ခ်လိဳက္ေလတယ္ ။
သူ႕ရဲ႕ လစ္မစ္ ေရာက္လုနီးၿပီဆိုတာ သူ သိတယ္ ။
သူ ေနာင္တရေနတာ အရမ္းကို ၾကာၿပီ ။ အရမ္းကို ၾကာေနခဲ့ၿပီ ။
သူ ယုေပၚယြင္ဆီက ရွင္းလင္းျပတ္သားတဲ့ တုန႔္ျပန္မႈကို မရခဲ့ဘူး ။ အဲ့ဒါက သူ႕ရဲ႕ ႀကိဳးစားအားထုတ္မႈေတြအားလုံး သဲထဲေရသြန္ျဖစ္သြားသလိုမ်ိဳး ၊ သူ႕ရဲ႕ ႀကိဳးစားအားထုတ္မႈေတြအားလုံးက နံရံကို ဆီးေစ့နဲ႕ေပါက္ေနသလိုမ်ိဳး ဘာမွ ...ဘာမွ အရာမထင္ေတာ့ဘူး ။
ရက္ရက္စက္စက္ေျပာေနတဲ့ အသံတစ္ခုကို သူ႕စိတ္ထဲမွာ ထပ္ခါထပ္ခါ ၾကားေနရတယ္ ။
ယုေပၚယြင္က မင္းကို လုံးဝ ခြင့္မလႊတ္ဘူး
ကုဖုန္းရဲ႕ လည္ဇလုပ္က ျပင္းျပင္းထန္ထန္ကို ေ႐ြ႕လ်ားေနတယ္ ။ သူ ေသာက္ေနတာ ဘယ္ႏွစ္ပုလင္းေတြေတာင္ျဖစ္ေနၿပီလဲ သူ မသိေတာ့ဘူး ။
သူ သိတာ တစ္ခုတည္း ။ သူက ေကာင္းေကာင္းေသာက္နိုင္တဲ့လူ ။ မ်ားမ်ားေသာက္ၿပီး နည္းနည္းပဲ မူးတတ္သူ ။ အခု သူ မူးခ်င္တယ္ ။ လူမွန္းသူမွန္းမသိေအာင္ကို မူးပစ္ခ်င္ေနတယ္ ။
ဒါေပမယ့္ မူးလို႔မျဖစ္ဘူး ။ စိတ္လိုက္မာန္ပါေတြ လုပ္မိမွာ ေၾကာက္တယ္ ။
သူ႕ရဲ႕လစ္မစ္ကိုေက်ာ္ၿပီး သူ႕ အသိစိတ္ေတြ လြတ္ထြက္သြားမွာ ေၾကာက္တယ္ ။
သူက ယုေပၚယြင္ကို ႐ူးသြပ္ေနတဲ့ ေကာင္ ။
အသိတစ္ခ်က္အလြတ္မွာ ယုေပၚယြင္ကို အ႐ူးအမူးျဖစ္ေနတဲ့ သူက ယုေပၚယြင္ရဲ႕ ခႏၶာကိုယ္ကို ျပင္းျပင္းထန္ထန္ လြန္လြန္က်ဴးက်ဴးနဲ႕ အတင္းအၾကပ္ သိမ္းပိုက္မိလိမ့္မယ္ ။
သူ အဲ့ဒီလို မလုပ္နိုင္ဘူး ။ အကယ္၍ သူသာ အဲ့ဒီလိုလုပ္မိသြားရင္ ယုေပၚယြင္က သူ႕ကို ေသဒဏ္တန္းခ်ပစ္မွာ ။ အယူခံဝင္ခြင့္ေလးေတာင္ ေပးမွာမဟုတ္ဘူး ။
မျဖစ္ဘူး !
ေတာင့္ခံရမယ္ !
သူ႕ႏွလုံးသားက ဒယ္အိုးထဲမွာ တရွဲရွဲ အေၾကာ္ခံေနရတယ္ဆိုရင္ေတာင္ ေတာင့္ခံထားရမယ္ ။
( အသည္းႏွလုံးကို ပန္းသီးေလးလို အေအးခန္းေသတၱာထဲမွာ ထားစားရန္ ..ဖီးလ္ေနရင္းနဲ႕ ရယ္ခ်င္လာတယ္ ငကုရယ္ ..နင္ နင္ဟာ )
ယုေပၚယြင္ရဲ႕ အခန္းတံခါးေရွ႕မွာ ယိုင္တိယိုင္တိုင္နဲ႕ သူ ထိုင္ခ်လိဳက္တယ္ ။ ၿပီးေတာ့ တံခါးခ်ပ္ကို မွီၿပီး ဝိုင္ပုလင္းကိုေမာ့ကာ ေမွာင္မိုက္မိုက္မ်က္ႏွာၾကက္ကို ၾကည့္ေနခဲ့တယ္ ။
" ေပၚယြင္ , လြမ္းတယ္ ..ကိုယ္ မင္းကို လြမ္းတယ္ ..ကိုယ္ မွားသြားပါတယ္ .. အဲ့ဒီတုန္းက ကိုယ္ ဘာလို႔ မိုက္မဲခဲ့တာလဲ ..အရမ္းကို မိုက္မိုက္မဲမဲနဲ႕ ဘာေၾကာင့္မ်ား ကိုယ္ကိုယ္တိုင္ မင္းကို အေဝးကို တြန္းထုတ္ခဲ့မိရတာလဲ ...ကိုယ္ .........."
ကုဖုန္း တံခါးဝကို မွီၿပီး ေလသံယဲ့ယဲ့ေလးနဲ႕ မပီမသစကားေတြဆိုေနခဲ့တယ္ ။ သူမသိတာက အခန္းထဲဝင္သြားတဲ့ ယုေပၚယြင္က သူ႕လိုပဲ တံခါးကိုမွီၿပီး ေတြေတြေဝေဝနဲ႕ ထိုင္ေနခဲ့တယ္ ဆိုတာ ။
ႏွစ္ေယာက္ၾကားမွာ တံခါးတစ္ခ်ပ္သာ ျခားေနခဲ့တယ္ ။
( အခန္းတံခါးဆိုတာထက္ ႏွလုံးသားတံခါးပါ )
တစ္ေယာက္က အထဲဝင္ခ်င္လြန္းလို႔ ႐ူးမတတ္ျဖစ္ေနခဲ့တယ္ ။
တစ္ေယာက္က ႐ူးေလာက္ေအာင္ နာက်င္ခဲ့ၿပီးတာေၾကာင့္ ထပ္နာက်င္ရမွာေၾကာက္ၿပီး
ရွိသမွ်အားေလးနဲ႕ တင္းတင္းေစ့ပိတ္ထားတယ္ ။
" ေပၚယြင္ , ကိုယ္ ငယ္စဥ္တည္းက ခုခ်ိန္ထိ ဘယ္သူ႕ကိုမွ မခ်စ္တတ္ခဲ့ဘူး ..တစ္စုံတစ္ေယာက္ကို ခ်စ္တတ္လာေအာင္ သင္ျပေပးမယ့္လူလည္းမရွိခဲ့ဘူး "
ကုဖုန္း ဝိုင္ပုလင္းကို ေမာ့လိုက္ျပန္တယ္ ။
" ကိုယ္ျမင္ခဲ့ရသေလာက္ ကိုယ့္အေဖဆိုလည္း သူ႕ဘဝတေလ်ာက္လုံး လုပ္ေဆာင္ခဲ့သမွ်က ပိုက္ဆံ နဲ႕ အာဏာအတြက္ပဲ ...အရာရာကို ပိုက္ဆံ နဲ႕ အာဏာသုံးၿပီး အထြတ္အထိပ္ကို ေရာက္ခဲ့တယ္ ..အဲ့ေတာ့ ကိုယ္ေတြးတာက .....ကိုယ္ ေတြးမိတာက ကိုယ့္မွာ ပိုက္ဆံ နဲ႕ အာဏာသာရွိရင္ အရာအားလုံး ရနိုင္မယ္လို႔ေလ ..အႀကီးတန္းလက္ေထာက္အျဖစ္ မင္းကို ပထမဆုံး စေတြ႕ခဲ့တုန္းက...ကိုယ္မွတ္မိေနေသးတယ္ မင္းရဲ႕ ပုံစံေလးကို ..ဝတ္စုံက သန႔္ရွင္းသပ္ရပ္ေနၿပီး မင္းနဲ႕ လိုက္ဖက္တယ္ .. မင္းက ၾကည္ၾကည္စင္စင္ေလး ၿပဳံးေနလိုက္တာ ..မင္းရဲ႕ အဲ့ဒီအၿပဳံးေလးကေလ အရမ္းလွတာပဲ "
" မင္းက အဲ့ဒီအခ်ိန္တည္းက ကိုယ့္ႏွလုံးသားထဲ ေရာက္ႏွင့္ေနခဲ့တာ ...ေတာ္ေတာ္မိုက္မဲတဲ့ကိုယ္က ကိုယ့္စိတ္ကိုေတာင္ မသိခဲ့ဘူး ေပၚယြင္ရဲ႕ ..
ကိုယ့္ေတြးတာကေလ ..ကိုယ့္မွာ ပါဝါေတြ အာဏာေတြရွိေနသေ႐ြ႕ မင္းကို ထိန္းထားနိုင္လိမ့္မယ္လို႔ ..ကိုယ္ တကယ္ မသိခဲ့ဘူး ...တစ္စုံတစ္ေယာက္ကို ခ်စ္ေနခဲ့တာ အျပင္မွာ မဟုတ္ဘဲ ႏွလုံးသားထဲမွာဆိုတာ "
ကုဖုန္းတစ္ေယာက္ အတိတ္ကို အျပင္းအထန္ တူးဆြေလေလ ယုေပၚယြင္ရဲ႕ ႏူးညံ့တဲ့ စိတ္ရင္းေလးေတြက သူ႕မွတ္ဉာဏ္ထဲ ေပၚလာေလေလပဲ ။
သူ႕မ်က္သားေတြေတာင္ ရဲတက္လာတယ္ ။
" အဲ့ဒီငါးႏွစ္ဆိုတဲ့ အခ်ိန္ကာလက မင္းအတြက္ အေအးစက္ဆုံးနဲ႕ အရွည္ၾကာဆုံး ကာလေတြ ျဖစ္ခဲ့မွာပဲ ..ဟုတ္တာေပါ့ ..ငါးႏွစ္လုံးလုံး နာက်င္မႈေတြကို မင္း အလူးအလဲ ခံစားခဲ့ရၿပီးၿပီ ..ေနာက္ဆုံးေတာ့ ...ေနာက္ဆုံးေတာ့ မင္းရဲ႕နာက်င္မႈေတြကို ကိုယ္ အခု ခံစားလို႔ရခဲ့ၿပီ "
" မင္းရဲ႕အခ်စ္က ေလတိုက္တိုင္း လြင့္ေနတဲ့ တိမ္လို တန္ဖိုးမဲ့ၿပီး အေပါစားအဆန္ဆုံးလို႔ ကိုယ္ အၿမဲ ေတြးထင္ေနခဲ့တာ ..ဟက္ ! ကိုယ္က ငတုံးမို႔ ! ကိုယ္က ေစာက္႐ူးမို႔ ! မင္းက်ိန္ဆဲေနက် နလပိန္းတုံးေကာင္မို႔ ! ကိုယ္က ကန္းေနလို႔ မင္းရဲ႕အခ်စ္ေတြကို မျမင္နိုင္ခဲ့တာ ... မင္းက ကိုယ့္ရဲ႕ ေအာက္ဆီဂ်င္ေလးဆိုတာ ကိုယ္ လုံးဝ မသိခဲ့ဘူး "
" အဟင္း !"
ကုဖုန္း သူ႕ကိုယ္သူ စိတ္ဆိုးလြန္းလို႔ ေလွာင္ၿပဳံးၿပဳံးကာ ခပ္ယဲ့ယဲ့ေလး ရယ္လိုက္ေလတယ္ ။
" ထိေတြ႕လို႔မရေပမယ့္ ..မ်က္စိနဲ႕ မျမင္နိုင္ေပမယ့္ မင္းဆိုတဲ့ ေအာက္ဆီဂ်င္ေလးကို တစ္ႀကိမ္တစ္ခါ ဆုံးရႈံးသြားရင္ေတာင္ နာက်င္ရလြန္းလို႔ ကိုယ္ ေသဆုံးသြားမွာ "
" ကိုယ္ မင္းကိုခ်စ္တယ္ ..ဒါေပမယ့္ အခ်ိန္ေတြအၾကာႀကီး ၾကာၿပီးမွ ......တကယ္ကို ၾကာရွည္ခဲ့ၿပီးမွ ကိုယ္ ရွာေတြ႕ခဲ့တာ ..မင္း ကိုယ့္ကို စိတ္ပ်က္ေနၿပီလား ဟင္ ???"
ကုဖုန္း သူ႕ကိုယ္သူ အခ်က္ေပါင္းမ်ားစြာ ရိုက္ပစ္ခ်င္ေနမိတယ္ ။ သူ႕အသံေတြက သိသိသာသာကို ငိုသံပါလာခဲ့ၿပီ ။
" အိုး ! ဘယ္ဘက္ကပဲလွည့္ေတြးေတြး ေနာက္ဆုံး အရင္းစစ္ေတာ့ ကိုယ့္ မွားခဲ့တာပါပဲ..ကိုယ့္အမွားေတြခ်ည္းပါပဲ ! ...ဒါေပမယ့္.......ဒါေပမယ့္လည္း ေပၚယြင္ရယ္ မင္းမွာ ဂ႐ုစိုက္မႈေလး နည္းနည္း , နည္းနည္းေလးေလာက္ပဲျဖစ္ျဖစ္ ရွိေနေသးရင္ ကိုယ့္ကို တုန႔္ျပန္မႈေလး ေပးပါလားကြာ ..တစ္ခါတည္းပါ ..တကယ္ကို တစ္ခါတည္းပါ "
တံခါးအတြင္းဘက္က တိတ္ဆိတ္ေနတယ္ ။
" တစ္ခြန္းေလာက္ေလး ကိုယ့္ကို ေျပာလိုက္ပါ ..မင္း ျဖစ္ခ်င္တာ ဒါမွမဟုတ္ ကိုယ့္ကို ဆူပူႀကိမ္းေမာင္းလိုက္တာမ်ိဳးေပါ့..တစ္ခုခုေလ ေနာ္ !"
အခန္းေလးကေတာ့ တိတ္ဆိတ္ၿငိမ္သက္ေနၿမဲ ။
" မင္း ကိုယ့္ကို အာ႐ုံမစိုက္ခ်င္ေတာ့ဘူးပဲ ..ဟား ကိုယ္ အလြန္အကြၽံ ျဖစ္ေနပုံရတယ္ ..ကိုယ္ ဆက္မေျပာေတာ့ပါဘူးေနာ္ ..မင္းကို ကိုယ္ မႏွောင့္ယွက္ေတာ့ပါဘူး "
ကုဖုန္း ဝိုင္ပုလင္းကိုကိုင္ၿပီး ဒယီးဒယိုင္နဲ႕ ထရပ္လိုက္တယ္ ။ တသြင္သြင္ စီးဆင္းေနတဲ့ ေနာင္တမ်က္ရည္ေတြကို သုတ္ရင္းေပါ့ ။ ထို႔ေနာက္ ယိုင္တိယိုင္တိုင္နဲ႕ သူ႕အခန္းရွိရာကို ေလွ်ာက္သြားေလတယ္ ။
ယုေပၚယြင္စိတ္ထဲမွာ သူ တကယ္ကို မရွိေတာ့ဘူးပဲ ။ ဘာတတ္နိုင္မွာလဲ ။ သူ ဘာလုပ္နိုင္မွာတဲ့လဲ ။ ဝမ္းနည္းေၾကကြဲၿပီး ကူကယ္ရာမဲ့စြာ ေသဆုံးသြားသည့္တိုင္ေအာင္ သူ႕ကိုယ္သူ ႏွိပ္စက္ေနဦးမွာ ။ သူက ဒါနဲ႕ပဲ ထိုက္တန္တယ္ေလ ။
ကုဖုန္း ခါးသီးစြာ ရယ္လိုက္မိတယ္ ။
သို႔ေသာ္လည္း သူ႕ ေျခလွမ္းေတြ တန႔္ခနဲ ရပ္တန႔္သြားတယ္ ။
" ကလစ္ !" ( တံခါးဖြင့္သံ)
ကုဖုန္း မ်က္လုံးေတြ ျပဴးၿပီး ႏွလုံးသားက ၾကမ္းတမ္းရိုင္းစိုင္းစြာ ခုန္ေပါက္လာတယ္ ။
ကလစ္ခနဲ အခန္းတံခါးေလး ပြင့္သြားခဲ့ၿပီး အဲ့ဒီအခိုက္အတန႔္ေလးမွာ လႈပ္ရွားသံေလးတစ္ခုကို ၾကားလိုက္ရတယ္ ။
( ကုဖုန္းခံစားခ်က္ေတြ မေပၚမွာစိုးလို႔ စိတ္တိုင္းမက်လိဳက္ ျပန္ဖ်က္လိုက္နဲ႕ ဒီ chapter ကို ႏွစ္ရက္တိတိ ဘာသာျပန္လိုက္ရပါတယ္ ..အေတြးေျပာင္ေျမာက္လြန္းသူ ငကုေၾကာင့္ ဖီးလ္ရင္းနဲ႕လည္း အူတက္ခဲ့ရပါတယ္ 😂)