ယုပေါ်ယွင် ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲ မသိဘူး ။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားပြီး အိပ်မက်တွေတောင် မက်လို့ ။
သူ မျက်လုံးဖွင့်လိုက်ပေမယ့် သူ့ရှေ့မှာ အမှောင်ထုကြီးပဲရှိတယ် ။ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် သူ့တစ်ကိုယ်လုံးအေးစက်ပြီး ချွေးစေးတွေပြန်လာတယ် ။ ဒယီးဒယိုင်နဲ့ ထရပ်မိပြီးမှ သူ မအိပ်ခင် တံခါးတွေပိတ် ၊ ကန့်လန့်ကာတွေချပြီး မီးပိတ်ထားတာကို အမှတ်ရသွားတယ် ။
သူ့ သူ့မျက်စိတွေ မကန်းသေးဘူး မဟုတ်လား !
ဘယ်လောက်ပဲ စိတ်တင်းထားပါစေ သူ့ရင်ထဲမှာ ကြောက်လန့်စိတ်လေးတော့ ရှိနေခဲ့တယ် ။
မကြာခင်ပြန်ကောင်းသွားမှာပါ !
ဘာမှမဖြစ်လိုက်ပါနဲ့ !
ဘာဆိုဘာမှ ..........!
သူ့စိတ်ထဲကနေ တဖွဖွ ဆုတောင်းနေမိတယ် ။ ယွဲ့ယွဲ့လေး ကြီးပြင်းလာတာကို သူ မြင်ချင်သေးတယ် ။ သူ့အတွက် ဂုဏ်ယူဖွယ်ရာ သားလေးဖြစ်လာမှာကို စောင့်ကြည့်ချင်သေးတယ် ။
ဘုရားမ,လို့ ကျွန်ဝောာ့်မျက်လုံးတွေ ပျက်ဆီးမသွားပါစေနဲ့ !
တုန်ယင်နေတဲ့လက်အစုံနဲ့ မီးခလုတ်ကိုစမ်းကာ ဖွင့်လိုက်ပြီးနောက် နွေးထွေးတဲ့မီးရောင်လေးကိုမြင်မှ ယောက်ယက်ခတ်နေတဲ့ သူ့စိတ်လေး တည်ငြိမ်သွားရတယ် ။
သူ့အစာအိမ်ထဲက တဂွီဂွီ တဂွမ်ဂွမ် အသံတွေ ထွက်လာတာကြောင့် ဂျက်ကက်တစ်ထည် ယူဝတ်ပြီး နာရီကြည့်မိတော့ အချိန်က အတော်လေးကို နောက်ကျနေပြီ ။
သူ မီးဖိုချောင်ကိုသွားကာ စားစရာတစ်ခုခု စီစဉ်ပြီး စားမယ်လို့ တွေးကာ တံခါးဖွင့်ပြီး ထွက်လာခဲ့တယ် ။
အပြင်ရောက်တော့ သူကလွဲပြီး ဘယ်သူမှမရှိဘူး ။ ဒါပေမယ့် ဧည့်ခန်းထဲမှာတော့ မီးရောင်လေးရှိနေတယ် ။ ဧည့်ခန်းရဲ့ ဝါဖျော့ဖျော့ မီးရောင်လေးအောက်မှာ လူတစ်ယောက်လည်းရှိနေတယ် ။ ထိုလူက ကုဖုန်း ။ ကုဖုန်းက suit တောင် မလဲရသေးဘဲ ဧည့်ခန်းထောင့်လေးမှာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်လို့ ။
မီးရောင်ဖျော့ဖျော့လေးအောက်မှာ တစ်ယောက်တည်း ထိုင်နေတဲ့ ကုဖုန်းကိုမြင်တော့ ဘာဖြစ်နေမှန်းမသိပေမယ့် ယုပေါ်ယွင် ထိတ်ခနဲ ဖြစ်သွားတယ် ။
ဒီလူ တစ်ခုခု ဖြစ်နေတာလား ?!
သူက အသံတစ်စက်မှမထွက်စေဘဲ ခြေဖွနင်းကာ မီးဖိုချောင်ကိုသွားပြီး အသင့်စားခေါက်ဆွဲတစ်ဗူးကို ရေနွေးဖျောကာ စားပွဲမှာထိုင်ပြီး နှာခေါင်းတရှုံ့ရှုံ့နဲ့ စားလိုက်တယ် ။
သူ စားပြီးတဲ့အချိန်ထိ ကုဖုန်းက အဲ့ဒီနေရာမှာ မလှုပ်မယှက် ထိုင်နေတုန်းပဲ ။
ယုပေါ်ယွင်က ပန်းကန်လုံးကို ကောက်မော့ပြီး အပြောင်ရှင်းလိုက်တယ် ။ သူ့ လည်စေ့လေးက လှုပ်တုတ်လှုပ်တုတ်နဲ့ ။
ယုပေါ်ယွင် အိပ်ခန်းထဲပြန်ဝင်ပြီး အိပ်ရန်စဉ်းစားလိုက်သော်လည်း မလှုပ်မယှက်နဲ့ တစ်ယောက်တည်း ငူငူကြီး ထိုင်နေတဲ့ ကုဖုန်းကိုကြည့်ပြီး အဲ့ဒီခဏမှာ သူ့စိတ်လေးက နည်းနည်းလေး ရှုပ်ထွေးသွားတယ် ။
ခဏတော့ ချီတုန်ချတုန်ဖြစ်နေပြီး ကုဖုန်းထံ လှမ်းသွားကာ လက်ငါးချောင်းကိုဖြန့်ပြီး ကုဖုန်းရှေ့မှာ လှုပ်ရမ်းလိုက်တယ် ။
" ဟေး , ခင်ဗျား အဆင်ပြေရဲ့လား "
ကုဖုန်းက တုံဏှိဘာဝေပဲ ။
ယုပေါ်ယွင် ထပ်လှုပ်ရမ်းလိုက်တယ် ။
" ဟေး , စကားမပြော......... "
သူ့စကားမဆုံးခင် ကုဖုန်း ရုတ်တရက်လှုပ်ရှားလာကာ သူ့လက်ကောက်ဝတ်ကို ခပ်ကြမ်းကြမ်း ဖမ်းဆွဲလိုက်တယ် ။
" Damn ! ခင်ဗျား ဘာလုပ်တာလဲ "
ယုပေါ်ယွင် မျက်မှောင်ကြုတ်ပြီး သူ့လက်ကို ရုန်းနေပေမယ့် ကုဖုန်းက တင်းနေအောင် ဆုပ်ကိုင်ထားတယ် ။
ကုဖုန်းရဲ့ နက်မှောင်နေတဲ့မျက်လုံးတွေထဲမှာ ရှုပ်ထွေးမှုတွေ ပြည့်နေပြီး ပြောမပြနိုင်တဲ့ စိတ်ခံစားချက်တွေနဲ့ ။
ယုပေါ်ယွင် ဘာလုပ်ရမလဲ မသိဘူး ။
ကုဖုန်း , အဲ့ဒီ ကြမ်းတမ်းတဲ့လူက သူ့ကို ဆိုဖာပေါ် တွန်းလှဲပြီး သူ့ကိုယ်လုံးကြီးနဲ့ ဖိထားတယ် ။
နှစ်ယောက်သားနီးကပ်လွန်းလို့ တစ်ယောက်အသက်ရှူငွေ့နွေးနွေးက ကျန်တစ်ယောက်ကို ရိုက်ခတ်နေတယ် ။
" ဖာ့ခ် ! ခင်ဗျားဘာလုပ်တာလဲ ..ရုတ်တရက်ကြီးထပြီး တိုက်ခိုက်........"
ကုဖုန်း စကားတစ်ခွန်းမှ မဆိုဘူး ။ အဲ့ဒီအစား သူ့လက်ထဲမှာ တင်းနေအောင်ဆုပ်ကိုင်ထားတဲ့ စာရွက်တွေကို ယုပေါ်ယွင် မျက်စိရှေ့မှာ ထောင်ပြလိုက်တယ် ။
" ဒါ ဒီနေ့မှ ဆေးရုံမှာ သွားစစ်ထားတဲ့ ဆေးမှတ်တမ်း ..ဆေးစစ်ချက်က ဦးနှောက်မှာ သွေးခဲနေပြီး မျက်စိမှာ ပြဿနာဖြစ်နေတယ် ... ပြော ယုပေါ်ယွင် ဒါ မင်းရဲ့ ဆေးစစ်ချက်မှတ်တမ်းလား "
ယုပေါ်ယွင် လန့်သွားတယ် ။ ပြီးတော့ မှတ်တမ်းစာရွက်တွေကို ဆွဲလုလိုက်တယ် ။
" ခင်ဗျား ကျွန်တော့်မှတ်တမ်းကို ခိုးကြည့်တယ် "
" ဟုတ်တယ် ...ကိုယ် ခိုးကြည့်တယ် "
ကုဖုန်း ရိုးရိုးဖြောင့်ဖြောင့်ပဲပြောလိုက်တယ် ။ သူ့မျက်လုံးတွေထဲမှာ ဒေါသခိုးတွေ ဝေလို့ ။
" ဒါပေမယ့် အခု အဲ့ဒါက ပြဿနာလား ..ပြောပါဦး ပေါ်ယွင်ရဲ့ ..ဒီလောက် အရေးကြီးတဲ့အကြောင်းကို ကိုယ့်ကို ဘာလို့မပြောရတာလဲ ..ဟမ် ! မင်း ဘာတွေတွေးနေတာလဲ ..ကိုယ့်ကို ဘယ်တော့မှ မပြောတော့ဘူးလို့ စဉ်းစားနေတာလား ?! "
ယုပေါ်ယွင်က တရှုးရှုးတရှဲရှဲ ဒေါသထွက်နေတဲ့ ကုဖုန်းကို နှုတ်ခမ်းတင်းတင်းစေ့ပြီး ကြည့်နေခဲ့တယ် ။
" မင်း ကိုယ့်ကို ဘယ်လိုတွေးထားတာလဲ ..ဘယ်လိုတွေးထားလဲလို့ !"
ကုဖုန်းအသံက နက်သည်ထက်နက်လာခဲ့တယ် ။
" ကိုယ်ဝန်ခံတယ် ...ကိုယ် အရင်က အမှားတွေ အများကြီး လုပ်ခဲ့တယ်..မင်းကို အရမ်းကြီး လျစ်လျူမရှုခဲ့သင့်ဘူး..မင်းကို နာကျင်အောင် မလုပ်သင့်ခဲ့ဘူး ..မင်းကို ဒဏ်ရာတွေ မပေးခဲ့သင့်ဘူး ...ဒါပေမယ့် ပေါ်ယွင် ကိုယ် နောင်တတွေရနေပြီလေ ..ပြီးတော့ မင်းနဲ့အတူတူ အစကနေ ပြန်စချင်တယ် ...ဒါပေမယ့် ......ဒါပေမယ့် ပေါ်ယွင်ရယ် မင်း ဘယ်လိုတောင် ရက်စက်နိုင်ရတာလဲကွာ
...မင်းရင်ထဲမှာ အစိုင်အခဲကြီးရှိနေသေးတယ်...ဒါပေမယ့် မင်း ကိုယ့်ကို တစ်ခွန်းတစ်လေလေးတောင် မပြောခဲ့ဘူး...တကယ်ကိုပဲ မင်း ! "
ယုပေါ်ယွင် မျက်နှာလွှဲလိုက်တယ် ။ အတော်လေးကြာမှ
" ကျွန်တော် ဘယ်သူ့ကိုမှ ပြောမှာမဟုတ်ဘူး "
" မင်း ကိုယ့်ကို တမင်တကာ ညှင်းဆဲပြီး သတ်ပစ်ဖို့ကြိုးစားနေတာလားကွာ "
ကုဖုန်းက ယုပေါ်ယွင်မေးရိုးကို ညှစ်ကာ
" ဟုတ်လားလို့ ?!"
" ခင်ဗျား အတွေးလွန်နေပြီ "
" ကိုယ် အခု မင်းကို ချစ်နေတာ မင်းသိလျက်နဲ့ ...ကိုယ့်အမှားတွေအတွက် မင်းအပေါ်မှာ အရမ်းကို စိတ်မကောင်းဖြစ်နေတာပါကွာ "
ကုဖုန်းက ယုပေါ်ယွင် မေးစေ့ကို ချုပ်ထားပြီး ယုပေါ်ယွင်နှုတ်ခမ်းလေးပေါ် ဖွဖွလေး ငုံ့နမ်းလိုက်တယ် ။
" မင်းမှာ ဒဏ်ရာတွေရတဲ့အခါ မင်းဒဏ်ရာတွေကိုကြည့်ပြီး ကိုယ့်လောက်,ဘယ်သူမှ နာကျင်ခံစားရမှာ မဟုတ်ဘူး ..ကိုယ့်ထက်ပိုပြီး စိုးရိမ်သောကဖိဆီးမယ့်လူလည်းမရှိဘူး ...မင်းက ရက်စက်လွန်းလိုက်တာ ပေါ်ယွင်ရယ် ...ဘာလို့ ကိုယ့်ကို တစ်ခွန်းမှတောင် မဟခဲ့ရတာလဲကွာ ..ကိုယ့်ကို နည်းနည်းလေးတောင် မကြင်နာနိုင်တော့ဘူးလား ..မင်းရဲ့ ခွင့်လွှတ်မှုကို ကိုယ် တကယ်မရနိုင်တော့ဘူးလား ..ကိုယ့်ကို နောင်တရခွင့်လေးတောင် မပေးတော့ဘူးလား ..မင်းကို ဂရုစိုက်ခွင့်ဖို့ အခွင့်အရေးလေးတစ်ခုတောင် မပေးတော့ဘူးလား "
နာကျင်မှုတွေ သိသိသာသာ စွန်းထင်နေတဲ့ ကုဖုန်းမျက်လုံးတွေကိုကြည့်ပြီး ယုပေါ်ယွင် တောင့်ခဲသွားလေတယ် ။
ကုဖုန်းရဲ့ စိတ်ခံစားချက်အလုံးစုံကို ပထမဆုံး မြင်တွေ့ဖူးခြင်းပဲ ။
သူ အမြဲတမ်း သိခဲ့ရတဲ့ ကုဖုန်းဆိုတာ မောက်မာထောင်လွှားပြီး နိုင်ထက်စီးနင်း ၊ ပိုင်စိုးပိုင်နင်းနဲ့ ဘာကိုမှ ဂရုမစိုက်တတ်ဘူး ။ သူ သိထားတဲ့ ကုဖုန်းဟာ တခြားသူအတွက် စိတ်မကောင်းဖြစ်မယ့်သူမျိုးလည်း မဟုတ်သလို သူများအတွက် နာကျင်ပေးမယ့်သူလည်း မဟုတ်ဘူး ။
ကုဖုန်းက အရမ်းနိုင်ထက်စီးနင်းနိုင်ပြီး အလွန်တစ်ကိုယ်ကောင်းဆန်လွန်းသူ ။ သူများအတွက် ကုဖုန်းလိုလူက ဒီလိုတွေ ခံစားနေရတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး ။
ဟင့်အင်း !
မဖြစ်နိုင်ဘူး !
ယုပေါ်ယွင် စိတ်ထဲမှာ အခါခါ အော်ဟစ်နေခဲ့တယ် ။
ဒါပေမယ့် ...........
အခု ကုဖုန်းက မုဆိုးတစ်ယောက်ရဲ့ ကျော့ကွင်းမှာမိနေတဲ့ ဝံပုလွေတစ်ကောင်လို သိသိသာသာကို နာကျင်ခံစားနေရတာ အမှန်တကယ်ပဲ ။ သူ့နာကျင်မှုတွေက အရမ်းကို စစ်မှန်လွန်းတယ် ။
" ကိုယ် တောင်းပန်ပါတယ် "
ကုဖုန်းက ယုပေါ်ယွင်ကိုကြည့်ကာ တောင်းပန်လိုက်တယ် ။ သူ ဒီလူသားလေးကို အကြာကြီး စိတ်မဆိုးနိုင်ပါဘူး ။ သူ သက်ပြင်းရှိုက်ကာ လေသံက နူးညံ့ပျော့ပျောင်းလာတယ် ။
" ကိုယ်က အပြစ်ဒဏ်ခံသင့်ပါတယ် ..မင်းကို သေလုအောင်ချစ်နေတာကို ဒီထက်ပိုပြီး စောစောလေးသိခဲ့ရရင် ကောင်းမှာ...ကိုယ်လေ ကိုယ့်ပိုက်ဆံတွေကိုသုံးပြီး မင်းနဲ့ စတွေ့ခါစအချိန်ကို ပြန်သွားချင်မိတယ် ...အဲ့ဒီကျရင် ကိုယ် မင်းကိုချစ်မှာ ..မင်းကို အများကြီး ချစ်ပေးမှာ .. နာကျင်မှုတွေ မင်း မခံစားရအောင် ကိုယ် မရရအောင် တားဆီးပေးမှာ....ဒါပေမယ့် ကိုယ်ဘယ်လိုပဲကြိုးစားကြိုးစား အချိန်တွေကို နောက်ပြန်ရစ်လို့မရတော့ဘူး ..ကိုယ် , ကိုယ် , နောင်တရပျောက်ဆေးလိုချင်တယ် ... ကမ္ဘာပေါ်က ဘယ်နေရာကနေ ကိုယ် ရှာဝယ်ရမလဲ ..ကိုယ် တကယ်လိုချင်တာ..အမှန်တကယ်ကို လိုချင်တာ..ကိုယ် အရမ်းနောင်တရနေတာပါ ပေါ်ယွင်ရဲ့ ...မင်း ကိုယ့်ကို စည်းတွေခြားတိုင်း ၊ မင်း ကိုယ့်ကို တွန်းထုတ်တိုင်း ကိုယ့်နှလုံးသားကို ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရသလို နာကျင်ရပါတယ်ကွာ "
ယုပေါ်ယွင် လက်သီးဆုပ်လိုက်ပြီး တုန်ရင်နေတဲ့ အသံနဲ့
" ကျွန်တော်တို့နှစ်ယောက်လုံး ဒီလိုတွေ နာကျင်ရအောင် ခင်ဗျားပဲ လုပ်ခဲ့တာပါ "
" ကိုယ် တောင်းပန်ပါတယ်ကွာ ..ကိုယ့်ကြောင့်နဲ့ မင်းကို ဘာနာကျင်မှုမှ မခံစားစေချင်တော့ပါဘူး "
ကုဖုန်းက ယုပေါ်ယွင် နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်ပြန်တယ် ။ ယုပေါ်ယွင်ရဲ့ အသက်ရှူငွေ့နွေးနွေးလေးကို ခံစားရင်း
" ကိုယ့်တစ်ဘဝလုံး မင်းရဲ့ပျော်ရွှင်မှုတွေကိုသာ ဆောင်ကြဉ်းပေးသွားနိုင်ဖို့ မျှော်လင့်မိတယ် ..ကိုယ်က များပြားလှတဲ့အပြစ်တွေလုပ်ထားခဲ့သူပါ ..မင်း ကိုယ့်ကို ကြိုက်သလို ဒဏ်ခတ်ပစ်လို့ရပါတယ် ...ကြိုက်သလို အပြစ်တင်လို့ရပါတယ် ..ဒါပေမယ့် ပေါ်ယွင်ရယ် ......မင်းနှလုံးသားထဲမှာ ကိုယ့်အတွက် နေရာလေးနည်းနည်းလောက်ရှိနေသေးရင် ..ကိုယ့်ကို အရမ်းကြီး မုန်းတီးမနေဘူးဆိုရင် ....မင်းမှာဖြစ်နေတာတွေ ကိုယ့်ကို နည်းနည်းလောက် ထုတ်ဖော်ပြောပေးလို့ရမလား "
( ယူတို့ ကုဖုန်းကြီး ရင်တွေဖွင့်နေပြီ ..by the way မနက်ဖြန် အောက်ကအသစ်လေးတင်မလို့ ဖတ်ပေးကြဦးနော် ..link က ကိုယ့်ပရိုဖိုင်ထဲက translated by me ဆိုတဲ့ Reading list ထဲမှာ ရှိပါတယ် )
**************************************
ယုေပၚယြင္ ဘယ္ေလာက္ၾကာၾကာ အိပ္ေပ်ာ္သြားလဲ မသိဘူး ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို အိပ္ေပ်ာ္သြားၿပီး အိပ္မက္ေတြေတာင္ မက္လို႔ ။
သူ မ်က္လုံးဖြင့္လိုက္ေပမယ့္ သူ႕ေရွ႕မွာ အေမွာင္ထုႀကီးပဲရွိတယ္ ။ ေၾကာက္႐ြံ႕ထိတ္လန႔္မႈေၾကာင့္ သူ႕တစ္ကိုယ္လုံးေအးစက္ၿပီး ေခြၽးေစးေတြျပန္လာတယ္ ။ ဒယီးဒယိုင္နဲ႕ ထရပ္မိၿပီးမွ သူ မအိပ္ခင္ တံခါးေတြပိတ္ ၊ ကန႔္လန႔္ကာေတြခ်ၿပီး မီးပိတ္ထားတာကို အမွတ္ရသြားတယ္ ။
သူ႕ သူ႕မ်က္စိေတြ မကန္းေသးဘူး မဟုတ္လား !
ဘယ္ေလာက္ပဲ စိတ္တင္းထားပါေစ သူ႕ရင္ထဲမွာ ေၾကာက္လန႔္စိတ္ေလးေတာ့ ရွိေနခဲ့တယ္ ။
မၾကာခင္ျပန္ေကာင္းသြားမွာပါ !
ဘာမွမျဖစ္လိုက္ပါနဲ႕ !
ဘာဆိုဘာမွ ..........!
သူ႕စိတ္ထဲကေန တဖြဖြ ဆုေတာင္းေနမိတယ္ ။ ယြဲ႕ယြဲ႕ေလး ႀကီးျပင္းလာတာကို သူ ျမင္ခ်င္ေသးတယ္ ။ သူ႕အတြက္ ဂုဏ္ယူဖြယ္ရာ သားေလးျဖစ္လာမွာကို ေစာင့္ၾကည့္ခ်င္ေသးတယ္ ။
ဘုရားမ,လို႔ ကျွန်ဝောာ့်မျက်လုံးတွေ ပ်က္ဆီးမသြားပါေစနဲ႕ !
တုန္ယင္ေနတဲ့လက္အစုံနဲ႕ မီးခလုတ္ကိုစမ္းကာ ဖြင့္လိုက္ၿပီးေနာက္ ႏြေးေထြးတဲ့မီးေရာင္ေလးကိုျမင္မွ ေယာက္ယက္ခတ္ေနတဲ့ သူ႕စိတ္ေလး တည္ၿငိမ္သြားရတယ္ ။
သူ႕အစာအိမ္ထဲက တဂြီဂြီ တဂြမ္ဂြမ္ အသံေတြ ထြက္လာတာေၾကာင့္ ဂ်က္ကက္တစ္ထည္ ယူဝတ္ၿပီး နာရီၾကည့္မိေတာ့ အခ်ိန္က အေတာ္ေလးကို ေနာက္က်ေနၿပီ ။
သူ မီးဖိုေခ်ာင္ကိုသြားကာ စားစရာတစ္ခုခု စီစဥ္ၿပီး စားမယ္လို႔ ေတြးကာ တံခါးဖြင့္ၿပီး ထြက္လာခဲ့တယ္ ။
အျပင္ေရာက္ေတာ့ သူကလြဲၿပီး ဘယ္သူမွမရွိဘူး ။ ဒါေပမယ့္ ဧည့္ခန္းထဲမွာေတာ့ မီးေရာင္ေလးရွိေနတယ္ ။ ဧည့္ခန္းရဲ႕ ဝါေဖ်ာ့ေဖ်ာ့ မီးေရာင္ေလးေအာက္မွာ လူတစ္ေယာက္လည္းရွိေနတယ္ ။ ထိုလူက ကုဖုန္း ။ ကုဖုန္းက suit ေတာင္ မလဲရေသးဘဲ ဧည့္ခန္းေထာင့္ေလးမွာ တိတ္ဆိတ္ၿငိမ္သက္စြာ ထိုင္လို႔ ။
မီးေရာင္ေဖ်ာ့ေဖ်ာ့ေလးေအာက္မွာ တစ္ေယာက္တည္း ထိုင္ေနတဲ့ ကုဖုန္းကိုျမင္ေတာ့ ဘာျဖစ္ေနမွန္းမသိေပမယ့္ ယုေပၚယြင္ ထိတ္ခနဲ ျဖစ္သြားတယ္ ။
ဒီလူ တစ္ခုခု ျဖစ္ေနတာလား ?!
သူက အသံတစ္စက္မွမထြက္ေစဘဲ ေျခဖြနင္းကာ မီးဖိုေခ်ာင္ကိုသြားၿပီး အသင့္စားေခါက္ဆြဲတစ္ဗူးကို ေရႏြေးေဖ်ာကာ စားပြဲမွာထိုင္ၿပီး ႏွာေခါင္းတရႈံ႕ရႈံ႕နဲ႕ စားလိုက္တယ္ ။
သူ စားၿပီးတဲ့အခ်ိန္ထိ ကုဖုန္းက အဲ့ဒီေနရာမွာ မလႈပ္မယွက္ ထိုင္ေနတုန္းပဲ ။
ယုေပၚယြင္က ပန္းကန္လုံးကို ေကာက္ေမာ့ၿပီး အေျပာင္ရွင္းလိုက္တယ္ ။ သူ႕ လည္ေစ့ေလးက လႈပ္တုတ္လႈပ္တုတ္နဲ႕ ။
ယုေပၚယြင္ အိပ္ခန္းထဲျပန္ဝင္ၿပီး အိပ္ရန္စဥ္းစားလိုက္ေသာ္လည္း မလႈပ္မယွက္နဲ႕ တစ္ေယာက္တည္း ငူငူႀကီး ထိုင္ေနတဲ့ ကုဖုန္းကိုၾကည့္ၿပီး အဲ့ဒီခဏမွာ သူ႕စိတ္ေလးက နည္းနည္းေလး ရႈပ္ေထြးသြားတယ္ ။
ခဏေတာ့ ခ်ီတုန္ခ်တဳန္ျဖစ္ေနၿပီး ကုဖုန္းထံ လွမ္းသြားကာ လက္ငါးေခ်ာင္းကိုျဖန႔္ၿပီး ကုဖုန္းေရွ႕မွာ လႈပ္ရမ္းလိုက္တယ္ ။
" ေဟး , ခင္ဗ်ား အဆင္ေျပရဲ႕လား "
ကုဖုန္းက တုံဏွိဘာေဝပဲ ။
ယုေပၚယြင္ ထပ္လႈပ္ရမ္းလိုက္တယ္ ။
" ေဟး , စကားမေျပာ......... "
သူ႕စကားမဆုံးခင္ ကုဖုန္း ႐ုတ္တရက္လႈပ္ရွားလာကာ သူ႕လက္ေကာက္ဝတ္ကို ခပ္ၾကမ္းၾကမ္း ဖမ္းဆြဲလိုက္တယ္ ။
" Damn ! ခင္ဗ်ား ဘာလုပ္တာလဲ "
ယုေပၚယြင္ မ်က္ေမွာင္ၾကဳတ္ၿပီး သူ႕လက္ကို ႐ုန္းေနေပမယ့္ ကုဖုန္းက တင္းေနေအာင္ ဆုပ္ကိုင္ထားတယ္ ။
ကုဖုန္းရဲ႕ နက္ေမွာင္ေနတဲ့မ်က္လုံးေတြထဲမွာ ရႈပ္ေထြးမႈေတြ ျပည့္ေနၿပီး ေျပာမျပနိုင္တဲ့ စိတ္ခံစားခ်က္ေတြနဲ႕ ။
ယုေပၚယြင္ ဘာလုပ္ရမလဲ မသိဘူး ။
ကုဖုန္း , အဲ့ဒီ ၾကမ္းတမ္းတဲ့လူက သူ႕ကို ဆိုဖာေပၚ တြန္းလွဲၿပီး သူ႕ကိုယ္လုံးႀကီးနဲ႕ ဖိထားတယ္ ။
ႏွစ္ေယာက္သားနီးကပ္လြန္းလို႔ တစ္ေယာက္အသက္ရႉေငြ႕ႏြေးႏြေးက က်န္တစ္ေယာက္ကို ရိုက္ခတ္ေနတယ္ ။
" ဖာ့ခ္ ! ခင္ဗ်ားဘာလုပ္တာလဲ ..႐ုတ္တရက္ႀကီးထၿပီး တိုက္ခိုက္........"
ကုဖုန္း စကားတစ္ခြန္းမွ မဆိုဘူး ။ အဲ့ဒီအစား သူ႕လက္ထဲမွာ တင္းေနေအာင္ဆုပ္ကိုင္ထားတဲ့ စာ႐ြက္ေတြကို ယုေပၚယြင္ မ်က္စိေရွ႕မွာ ေထာင္ျပလိုက္တယ္ ။
" ဒါ ဒီေန႕မွ ေဆး႐ုံမွာ သြားစစ္ထားတဲ့ ေဆးမွတ္တမ္း ..ေဆးစစ္ခ်က္က ဦးႏွောက္မွာ ေသြးခဲေနၿပီး မ်က္စိမွာ ျပႆနာျဖစ္ေနတယ္ ... ေျပာ ယုေပၚယြင္ ဒါ မင္းရဲ႕ ေဆးစစ္ခ်က္မွတ္တမ္းလား "
ယုေပၚယြင္ လန႔္သြားတယ္ ။ ၿပီးေတာ့ မွတ္တမ္းစာ႐ြက္ေတြကို ဆြဲလုလိုက္တယ္ ။
" ခင္ဗ်ား ကြၽန္ေတာ့္မွတ္တမ္းကို ခိုးၾကည့္တယ္ "
" ဟုတ္တယ္ ...ကိုယ္ ခိုးၾကည့္တယ္ "
ကုဖုန္း ရိုးရိုးေျဖာင့္ေျဖာင့္ပဲေျပာလိုက္တယ္ ။ သူ႕မ်က္လုံးေတြထဲမွာ ေဒါသခိုးေတြ ေဝလို႔ ။
" ဒါေပမယ့္ အခု အဲ့ဒါက ျပႆနာလား ..ေျပာပါဦး ေပၚယြင္ရဲ႕ ..ဒီေလာက္ အေရးႀကီးတဲ့အေၾကာင္းကို ကိုယ့္ကို ဘာလို႔မေျပာရတာလဲ ..ဟမ္ ! မင္း ဘာေတြေတြးေနတာလဲ ..ကိုယ့္ကို ဘယ္ေတာ့မွ မေျပာေတာ့ဘူးလို႔ စဥ္းစားေနတာလား ?! "
ယုေပၚယြင္က တရႈးရႈးတရွဲရွဲ ေဒါသထြက္ေနတဲ့ ကုဖုန္းကို ႏႈတ္ခမ္းတင္းတင္းေစ့ၿပီး ၾကည့္ေနခဲ့တယ္ ။
" မင္း ကိုယ့္ကို ဘယ္လိုေတြးထားတာလဲ ..ဘယ္လိုေတြးထားလဲလို႔ !"
ကုဖုန္းအသံက နက္သည္ထက္နက္လာခဲ့တယ္ ။
" ကိုယ္ဝန္ခံတယ္ ...ကိုယ္ အရင္က အမွားေတြ အမ်ားႀကီး လုပ္ခဲ့တယ္..မင္းကို အရမ္းႀကီး လ်စ္လ်ဴမရႈခဲ့သင့္ဘူး..မင္းကို နာက်င္ေအာင္ မလုပ္သင့္ခဲ့ဘူး ..မင္းကို ဒဏ္ရာေတြ မေပးခဲ့သင့္ဘူး ...ဒါေပမယ့္ ေပၚယြင္ ကိုယ္ ေနာင္တေတြရေနၿပီေလ ..ၿပီးေတာ့ မင္းနဲ႕အတူတူ အစကေန ျပန္စခ်င္တယ္ ...ဒါေပမယ့္ ......ဒါေပမယ့္ ေပၚယြင္ရယ္ မင္း ဘယ္လိုေတာင္ ရက္စက္နိုင္ရတာလဲကြာ
...မင္းရင္ထဲမွာ အစိုင္အခဲႀကီးရွိေနေသးတယ္...ဒါေပမယ့္ မင္း ကိုယ့္ကို တစ္ခြန္းတစ္ေလေလးေတာင္ မေျပာခဲ့ဘူး...တကယ္ကိုပဲ မင္း ! "
ယုေပၚယြင္ မ်က္ႏွာလႊဲလိုက္တယ္ ။ အေတာ္ေလးၾကာမွ
" ကြၽန္ေတာ္ ဘယ္သူ႕ကိုမွ ေျပာမွာမဟုတ္ဘူး "
" မင္း ကိုယ့္ကို တမင္တကာ ညွင္းဆဲၿပီး သတ္ပစ္ဖို႔ႀကိဳးစားေနတာလားကြာ "
ကုဖုန္းက ယုေပၚယြင္ေမးရိုးကို ညွစ္ကာ
" ဟုတ္လားလို႔ ?!"
" ခင္ဗ်ား အေတြးလြန္ေနၿပီ "
" ကိုယ္ အခု မင္းကို ခ်စ္ေနတာ မင္းသိလ်က္နဲ႕ ...ကိုယ့္အမွားေတြအတြက္ မင္းအေပၚမွာ အရမ္းကို စိတ္မေကာင္းျဖစ္ေနတာပါကြာ "
ကုဖုန္းက ယုေပၚယြင္ ေမးေစ့ကို ခ်ဳပ္ထားၿပီး ယုေပၚယြင္ႏႈတ္ခမ္းေလးေပၚ ဖြဖြေလး ငုံ႕နမ္းလိုက္တယ္ ။
" မင္းမွာ ဒဏ္ရာေတြရတဲ့အခါ မင္းဒဏ္ရာေတြကိုၾကည့္ၿပီး ကိုယ့္ေလာက္,ဘယ္သူမွ နာက်င္ခံစားရမွာ မဟုတ္ဘူး ..ကိုယ့္ထက္ပိုၿပီး စိုးရိမ္ေသာကဖိဆီးမယ့္လူလည္းမရွိဘူး ...မင္းက ရက္စက္လြန္းလိုက္တာ ေပၚယြင္ရယ္ ...ဘာလို႔ ကိုယ့္ကို တစ္ခြန္းမွေတာင္ မဟခဲ့ရတာလဲကြာ ..ကိုယ့္ကို နည္းနည္းေလးေတာင္ မၾကင္နာနိုင္ေတာ့ဘူးလား ..မင္းရဲ႕ ခြင့္လႊတ္မႈကို ကိုယ္ တကယ္မရနိုင္ေတာ့ဘူးလား ..ကိုယ့္ကို ေနာင္တရခြင့္ေလးေတာင္ မေပးေတာ့ဘူးလား ..မင္းကို ဂ႐ုစိုက္ခြင့္ဖို႔ အခြင့္အေရးေလးတစ္ခုေတာင္ မေပးေတာ့ဘူးလား "
နာက်င္မႈေတြ သိသိသာသာ စြန္းထင္ေနတဲ့ ကုဖုန္းမ်က္လုံးေတြကိုၾကည့္ၿပီး ယုေပၚယြင္ ေတာင့္ခဲသြားေလတယ္ ။
ကုဖုန္းရဲ႕ စိတ္ခံစားခ်က္အလုံးစုံကို ပထမဆုံး ျမင္ေတြ႕ဖူးျခင္းပဲ ။
သူ အၿမဲတမ္း သိခဲ့ရတဲ့ ကုဖုန္းဆိုတာ ေမာက္မာေထာင္လႊားၿပီး နိုင္ထက္စီးနင္း ၊ ပိုင္စိုးပိုင္နင္းနဲ႕ ဘာကိုမွ ဂ႐ုမစိုက္တတ္ဘူး ။ သူ သိထားတဲ့ ကုဖုန္းဟာ တျခားသူအတြက္ စိတ္မေကာင္းျဖစ္မယ့္သူမ်ိဳးလည္း မဟုတ္သလို သူမ်ားအတြက္ နာက်င္ေပးမယ့္သူလည္း မဟုတ္ဘူး ။
ကုဖုန္းက အရမ္းနိုင္ထက္စီးနင္းနိုင္ၿပီး အလြန္တစ္ကိုယ္ေကာင္းဆန္လြန္းသူ ။ သူမ်ားအတြက္ ကုဖုန္းလိုလူက ဒီလိုေတြ ခံစားေနရတယ္ဆိုတာ ဘယ္လိုနည္းနဲ႕မွ မျဖစ္နိုင္ဘူး ။
ဟင့္အင္း !
မျဖစ္နိုင္ဘူး !
ယုေပၚယြင္ စိတ္ထဲမွာ အခါခါ ေအာ္ဟစ္ေနခဲ့တယ္ ။
ဒါေပမယ့္ ...........
အခု ကုဖုန္းက မုဆိုးတစ္ေယာက္ရဲ႕ ေက်ာ့ကြင္းမွာမိေနတဲ့ ဝံပုေလြတစ္ေကာင္လို သိသိသာသာကို နာက်င္ခံစားေနရတာ အမွန္တကယ္ပဲ ။ သူ႕နာက်င္မႈေတြက အရမ္းကို စစ္မွန္လြန္းတယ္ ။
" ကိုယ္ ေတာင္းပန္ပါတယ္ "
ကုဖုန္းက ယုေပၚယြင္ကိုၾကည့္ကာ ေတာင္းပန္လိုက္တယ္ ။ သူ ဒီလူသားေလးကို အၾကာႀကီး စိတ္မဆိုးနိုင္ပါဘူး ။ သူ သက္ျပင္းရွိုက္ကာ ေလသံက ႏူးညံ့ေပ်ာ့ေပ်ာင္းလာတယ္ ။
" ကိုယ္က အျပစ္ဒဏ္ခံသင့္ပါတယ္ ..မင္းကို ေသလုေအာင္ခ်စ္ေနတာကို ဒီထက္ပိုၿပီး ေစာေစာေလးသိခဲ့ရရင္ ေကာင္းမွာ...ကိုယ္ေလ ကိုယ့္ပိုက္ဆံေတြကိုသုံးၿပီး မင္းနဲ႕ စေတြ႕ခါစအခ်ိန္ကို ျပန္သြားခ်င္မိတယ္ ...အဲ့ဒီက်ရင္ ကိုယ္ မင္းကိုခ်စ္မွာ ..မင္းကို အမ်ားႀကီး ခ်စ္ေပးမွာ .. နာက်င္မႈေတြ မင္း မခံစားရေအာင္ ကိုယ္ မရရေအာင္ တားဆီးေပးမွာ....ဒါေပမယ့္ ကိုယ္ဘယ္လိုပဲႀကိဳးစားႀကိဳးစား အခ်ိန္ေတြကို ေနာက္ျပန္ရစ္လို႔မရေတာ့ဘူး ..ကိုယ္ , ကိုယ္ , ေနာင္တရေပ်ာက္ေဆးလိုခ်င္တယ္ ... ကမၻာေပၚက ဘယ္ေနရာကေန ကိုယ္ ရွာဝယ္ရမလဲ ..ကိုယ္ တကယ္လိုခ်င္တာ..အမွန္တကယ္ကို လိုခ်င္တာ..ကိုယ္ အရမ္းေနာင္တရေနတာပါ ေပၚယြင္ရဲ႕ ...မင္း ကိုယ့္ကို စည္းေတြျခားတိုင္း ၊ မင္း ကိုယ့္ကို တြန္းထုတ္တိုင္း ကိုယ့္ႏွလုံးသားကို ဓားနဲ႕ အခ်က္ေပါင္းမ်ားစြာ အထိုးခံရသလို နာက်င္ရပါတယ္ကြာ "
ယုေပၚယြင္ လက္သီးဆုပ္လိုက္ၿပီး တုန္ရင္ေနတဲ့ အသံနဲ႕
" ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး ဒီလိုေတြ နာက်င္ရေအာင္ ခင္ဗ်ားပဲ လုပ္ခဲ့တာပါ "
" ကိုယ္ ေတာင္းပန္ပါတယ္ကြာ ..ကိုယ့္ေၾကာင့္နဲ႕ မင္းကို ဘာနာက်င္မႈမွ မခံစားေစခ်င္ေတာ့ပါဘူး "
ကုဖုန္းက ယုေပၚယြင္ ႏႈတ္ခမ္းေလးကို ငုံ႕နမ္းလိုက္ျပန္တယ္ ။ ယုေပၚယြင္ရဲ႕ အသက္ရႉေငြ႕ႏြေးႏြေးေလးကို ခံစားရင္း
" ကိုယ့္တစ္ဘဝလုံး မင္းရဲ႕ေပ်ာ္႐ႊင္မႈေတြကိုသာ ေဆာင္ၾကဥ္းေပးသြားနိုင္ဖို႔ ေမွ်ာ္လင့္မိတယ္ ..ကိုယ္က မ်ားျပားလွတဲ့အျပစ္ေတြလုပ္ထားခဲ့သူပါ ..မင္း ကိုယ့္ကို ႀကိဳက္သလို ဒဏ္ခတ္ပစ္လို႔ရပါတယ္ ...ႀကိဳက္သလို အျပစ္တင္လို႔ရပါတယ္ ..ဒါေပမယ့္ ေပၚယြင္ရယ္ ......မင္းႏွလုံးသားထဲမွာ ကိုယ့္အတြက္ ေနရာေလးနည္းနည္းေလာက္ရွိေနေသးရင္ ..ကိုယ့္ကို အရမ္းႀကီး မုန္းတီးမေနဘူးဆိုရင္ ....မင္းမွာျဖစ္ေနတာေတြ ကိုယ့္ကို နည္းနည္းေလာက္ ထုတ္ေဖာ္ေျပာေပးလို႔ရမလား "
( ယူတို႔ ကုဖုန္းႀကီး ရင္ေတြဖြင့္ေနၿပီ ..by the way မနက္ျဖန္ ေအာက္ကအသစ္ေလးတင္မလို႔ ဖတ္ေပးၾကဦးေနာ္ ..link က ကိုယ့္ပရိုဖိုင္ထဲက translated by me ဆိုတဲ့ Reading list ထဲမွာ ရွိပါတယ္ )