Chapter 152 မှာလေ 'ဒါက ပထမဆုံးအကြိမ် မဟုတ်တော့ဘူး' ဆိုတာကို 'ဒါက ဒီနေ့အတွက် ပထမဆုံးအကြိမ်မဟုတ်တော့ဘူး' လို့ ဖြည့်ဖတ်ပေးနော်..
✌✌✌✌✌✌✌✌✌✌✌✌✌✌✌✌
"ကိုယ်က အိမ်မှာလေ "
ကုဖုန်းအသံက တည်ငြိမ်ပြီး မူမမှန်တာမျိုးလည်း ဘာဆိုဘာမှကြားမနေရဘူး ။
ယုပေါ်ယွင် အချိန်တွက်ကြည့်လိုက်တယ် ။
ဒီအချိန်ဆို တရုတ်ပြည်မှာ သန်းခေါင်ယံကျော်လောက်ပြီ ။ (ည ၁၂နာရီကျော်) ။
ဒါဆို ကုဖုန်းပြောသလို အိမ်မှာဆိုတာက တကယ်ကို ယုတ္တိရှိတယ် ။
ဒါပေမယ့် သူ့စိတ်က ရမနေဘူး ။ အချိန်တိုင်း သံသယဝင်နေတယ် ။
"ခင်ဗျား အိမ်မှာဆိုရင် ပိန်းဥလေးကိုခေါ်ပေး..သူ့အသံကြားချင်လို့ "
ယုပေါ်ယွင် ခပ်တည်တည် တောင်းဆိုလိုက်တယ် ။
ကုဖုန်း ခဏတော့ ငြိမ်သွားလေရဲ့ ။
"ပိန်းဥလေးက အိပ်ပျော်နေပြီလေ..ကိုယ် သူ့ကို အနှောင့်အယှက်မပေးချင်ဘူး "
ယုပေါ်ယွင် မျက်စောင်းချီလိုက်တယ် ။ ကုဖုန်းစကားက အမှန်လား ဆင်ခြေပေးနေတာလားဆိုတာ ပြောဖို့ခက်ခဲလိုက်ပါဘိ ။
ယုပေါ်ယွင်လည်း ခဏလေး တိတ်ဆိတ်သွားတယ် ။
"ဒါဆိုလည်း ထားလိုက်တော့..တခြားပြောစရာမရှိတော့ဘူး..ကျွန်တော် ဖုန်းချပြီ "
"ခဏနေပါဦး! "
ကုဖုန်း ပျာပျာသလဲ တားလိုက်တယ် ။
"မစ္စတာဝူကိုလေ........ကိုယ် ဖြေရှင်းပြီးပြီ..
အထက်က သူ့ရဲ့အာဏာအလွဲသုံးစားလုပ်မှုအပါအဝင် တခြားပြစ်မှုတွေကို ချက်ချင်းပဲ ရှာဖွေကြတယ်..အခု အမှုကိုလည်း အထက်က ဆိုင်ရာပိုင်ရာတွေဆီ တင်ပြခဲ့ပြီးပြီ..သူ အဆုံးသတ်ဖို့ အချိန်ရောက်ပြီ.."
ယုပေါ်ယွင်ခေါင်းညိတ်ပြီး လမ်းမပေါ်မှာ လျှောက်နေကြတဲ့လူတွေကို ကြည့်ကာ
"မစ္စတာဝူက ဘယ်မှာလဲ "
"သူ တရုတ်ပြည်ကနေ ဘယ်မှသွားမရအောင် ကိုယ် ထိန်းချုပ်ထားတယ်..တရားရုံးက အမိန့်ချပြီးတာနဲ့ မင်း ပြန်လာလို့ရပါပြီ "
ယုပေါ်ယွင် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီးချတယ် ။
"ကောင်းပါပြီ..အန္တရာယ်မီးပွားတွေလည်း မကျန်စေနဲ့ဦး..သူ့ကို လက်တုန့်ပြန်ဖို့ အခွင့်အရေးမပေးလိုက်နဲ့..တစ်ခါတည်း အပြတ်ရှင်း..မဟုတ်ရင် ဒီလူက ရန်စတွေရှည်နေမှာ..အဲ့ဒါဆို အရှည်အရှည် မငြိမ်းဖွယ်တွေ ဖြစ်လာလိမ့်မယ်.."
"ကိုယ် သိပါပြီ..မစိုးရိမ်နဲ့နော်..."
ဟိုတစ်ဖက်က ကုဖုန်းက နူးညံ့စွတ်စိုတဲ့အပြုံးလေးနဲ့ ။
"ကိုယ်က မင်းတို့သားအဖနှစ်ယောက်လုံးကို ဘေးမသီ ရန်မခအောင် ကာကွယ်စောင့်ရှောက်ပေးမှာပါ...ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ ဒီကတိကို တည်စေရပါမယ် "
"အမ်း"
ယုပေါ်ယွင် မသဲမကွဲ ဗလုံးဗထွေးဆိုလိုက်စဥ် သူ့နောက်ကျောမှ ပိုင်ရှီရှန်းရဲ့ ငိုသံဝါကြီးကို ကြားလိုက်ရလေတယ် ။ ယုပေါ်ယွင် ခပ်လွယ်လွယ်ပြောပြီး ဖုန်းချလိုက်တယ် ။
"အာ ကျွန်တော် လုပ်စရာလေးရှိသေးလို့..ဖုန်းချပြီနော်! "
"မင်း ဘယ်သူနဲ့ ဘာတွေပြောနေတာတုန်း"
ပိုင်ရှီရှန်းက ယုပေါ်ယွင်ပခုံးကိုပုတ်ပြီး အရယ်တစ်ဝက်နဲ့မေးတယ် ။
ယုပေါ်ယွင် လှည့်ကြည့်လိုက်တယ် ။
ပိုင်ရှီရှန်းလက်ထဲမှာ အခုလောလောလတ်လတ် ဝယ်ယူလာတဲ့ ရှေးဟောင်းပစ္စည်းတွေ ထည့်ထားတဲ့
အိတ်ကို ဆွဲထားတယ် ။ အိတ်ထဲက ပစ္စည်းတွေက ငွေကြေးအရလည်း အလွန်အမင်း
စျေးကြီးသလို ရှေးကျလွန်းတာကြောင့် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိလှတယ် ။
ယုပေါ်ယွင် တံတွေးမြိုချကာ
"ဒီတစ်ခါ ခင်ဗျားဝယ်တာ များလှချည်လား"
"ဟုတ်ပါ့ "
ပိုင်ရှီရှန်းက အိတ်ကို သူ့မျက်လုံးရှေ့မြှောက်ကာ ပိုပြီး စိတ်အားထက်သန်လှစွာ ဆိုလေတယ် ။
"ငါ ဂရုတစိုက်နဲ့ ရွေးထားရတာတွေ "
ဒီရှေးဟောင်းပစ္စည်းတွေအတွက် ငွေတွေဘယ်လောက်များ သုံးဖို့လိုအပ်မှာပါလိမ့်လို့
ယုပေါ်ယွင်စိတ်ထဲ တွေးနေမိတယ် ။
"ခင်ဗျားလူကြီး မန့်မန့်လုံက ခင်ဗျားကို နည်းနည်းလေးတောင် မတားဘူးလား "
"သူက ငါ့ကို တားမယ် ? "
ပိုင်ရှီရှန်း မျက်လုံးလေး ထောင့်ကပ်ပြီး
"သူက သူ့ပိုက်ဆံတွေ ငါ ဘယ်နေ့သုံးမလဲ စောင့်နေတာ..ကြည့်ပါလား..ငါ့ပိုက်ဆံအိတ်ထဲက ကဒ်တွေက သူပဲထည့်ပေးထားတာ..
ဟီး ! ခုတော့ ငါလည်း ဖြုန်းပစ်လိုက်ပြီ "
ယုပေါ်ယွင် တစ်ခစ်ခစ်ရယ်မိတယ် ။
"ခင်ဗျားကိုယ် ခင်ဗျား ဖျက်ဆီးနေတာလား "
ပိုင်ရှီရှန်းက ယုပေါ်ယွင်ကို အဖက်မလုပ်တော့ဘူး ။ သူဝယ်လာတာတွေကို ငုံ့ကြည့်ပြီး ပြောလိုက်တယ် ။
"ဒါက မန့်လုံအတွက်... ဒါက ငါ့အတွက်...ဒါက ရန်ရန်လေးအတွက် "
"ခင်ဗျားသမီးအတွက် ဒီလိုကောင်းကောင်းတွေ ဝယ်လာတယ် ? "
ယုပေါ်ယွင် ရှင်းပြလေတယ် ။
"သူက ကလေးလေးပဲရှိသေးတာလေ..အရမ်းတန်ဖိုးကြီးတဲ့ ရတနာတွေ ဝယ်လာရလား "
"အာ! ငါက အခုအတွက် ဝယ်တာမဟုတ်ပါဘူး..နောက်ကျရင် သတို့သမီးဘက်က မင်္ဂလာပစ္စည်းပေးရတဲ့အခါ ဒါတွေပေးမလို့ပါ.. "
ပိုင်ရှီရှန်းက ရိုးရိုးသားသား ဖိုးသခွားပုံလေးနဲ့
"လူကြီးတွေ ပြောပြောနေကြတာ ကြားမိလို့လေ..သမီးလေးတစ်ယောက် မွေးထားပြီး သမီးလေးကို ချမ်းသာကြွယ်ဝစေချင်ရင် သူမကို ငယ်ငယ်တည်းက သူဌေးသမီးတစ်ယောက်လို ပုံသွင်းပေးထားရမယ်တဲ့...ငါတို့ရဲ့ မင်းသမီးလေးကို ငါတို့လည်း ခုချိန်တည်းက ကောင်းကောင်းကြီး ထရိန်နင်ပေးရမယ်လေကွာ..."
ယုပေါ်ယွင်ပြုံးပြီး သူ့လက်ထဲက ကျားယွဲ့လေးကို ငုံ့ကြည့်တယ် ။
ဒီပေါက်စနလေးက ခုအရွယ်လေးမှာတောင် ဖိမရနှိပ်မရနဲ့ ဒေါသလည်းကြီးသေး ။ အရွယ်လေးများရောက်လာရင် လူယောင်ဖန်ဆင်းထားတဲ့ နတ်ဆိုးလေးဖြစ်မှာမလွဲ ။
လူတွေကို စိုးရိမ်သောကတွေ မဖြစ်စေချင်ပါဘူး !
"ကျန်းဟောင်ရော ဝယ်သေးလား "
ယုပေါ်ယွင် ဆတ်ခနဲ ခေါင်းမော့ပြီး
"သူရော ဝယ်လို့ခြမ်းလို့ မပြီးနိုင်သေးဘူးလား..ခင်ဗျားတို့နှစ်ယောက် စုပုံဝယ်နေကြတာ..UK ကို ရှိသမျှ ပိုက်ဆံတွေယူလာပြီး ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် ရည်ရွယ်ထားတာလား "
ပိုင်ရှီရှန်း နောက်ဘက်ကို လက်ညှိုးထိုးလိုက်တယ် ။
"ဟိုမှာ ကျန်းဟောင် ထွက်လာပြီ "
ယုပေါ်ယွင် လှည့်ကြည့်တော့ ကျန်းဟောင်က မြင့်မားရှည်သွယ်တဲ့ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး သူ့ကို လက်လှမ်းပြနေတယ် ။
"အားလုံး ဝယ်လို့ပြီးသွားရင် ဟိုတယ်ပြန်ကြစို့ "
ယုပေါ်ယွင်လေး ခါးတွေတောင် နာနေပြီ ။
ကလေးတစ်ဖက်နဲ့ ရှော့ပင်ထွက်ရတာ ပိုပြီး ပင်ပန်းတယ် ။
ယုပေါ်ယွင်တို့ ဟိုတယ်ပြန်လာကာ ညစာစားပြီးချိန်မှာ ကောင်းကင်က အတော်လေး မှောင်နေပြီ ။ နေ့တာတိုတာကြောင့် ညရောက်သွားတာ အတော်လေးကို မြန်လွန်းတယ် ။
ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ
နားဝင်ပီယံရှိလှတဲ့ နှဲ(saxophone)သံလေးကိုလည်း လေအဝေ့မှာ တစ်ချက် တစ်ချက်ကြားနေရတယ် ။ ယုပေါ်ယွင်က နို့ဗူးဖျော်ပြီး ကုကျားယွဲ့လေးကို နို့တိုက်နေရင်း ညင်ညင်သာသာလေး ချော့မြှူနေတယ် ။ ကျားယွဲ့လေးက နို့ဗူးကို တပြွတ်ပြွတ်နဲ့ စို့နေတာ ။
သူ့ဗိုက်လေးက လုံးတင်းပြီး ပူဖောင်းနေတာပဲ ။ အရမ်းအရမ်း ချစ်စရာကောင်းတယ် ။
ယုပေါ်ယွင် နို့ဗူးတိုက်နေရင်း ဒီနေ့ ခံစားခဲ့ရတဲ့ ထူးထူးဆန်းဆန်းခံစားချက်ကို ပြန်တွေးနေမိတယ် ။
တစ်စုံတစ်ယောက်က ကိုယ်ယောင်ဖျောက်ပြီး သူ့နောက်လိုက်နေတာ လုံးဝသေချာတယ် ။ ဆဋ္ဌမအာရုံလို့ခေါ်ရမလားပဲ ။ ခံစားချက်က အရမ်းထူးဆန်းတယ် ။ တကယ်ကို သူက စောင့်ကြည့်ခံနေရတာ ။
ယုပေါ်ယွင် ကြာကြာတွေးလေ သံသယပိုလာလေပဲ ။ ဒါကြောင့် ဖုန်းယူလိုက်ပြီး တွေတွေဝေဝေနဲ့ပဲ ကုဖုန်းနံပါတ်ကိုနှိပ်ကာ ခေါ်လိုက်လေတယ် ။
ဖုန်းက အကြာကြီးမြည်နေပေမယ့် ကိုင်မယ့်လူမရှိဘူး ။
ယုပေါ်ယွင် စိတ်လျော့လိုက်တယ် ။ အခုက တရုတ်မှာဆို အတော်ကြီး ညဥ့်နက်နေပြီလေ ။ ကုဖုန်းလည်း အိပ်မောကျနေမှာပေါ့ ။
ဒါပေမယ့် နောက်တစ်ကြိမ်လောက် ထပ်ခေါ်ကြည့်ဦးမယ် !
ယုပေါ်ယွင်က တစ္ဆေတစ်ကောင်လိုပဲ ဖုန်းကိုကြည့်ပြီး ထပ်ခေါ်လိုက်တယ် ။
ဒီတစ်ကြိမ်တော့ ဖုန်းခေါ်သံက
အလိုအလျောက် ပြတ်တောက်သွားပြီး နောက်ဆုံးမှာ ကုဖုန်း ပြန်ဖြေလာတယ် ။
"ပေါ်ယွင် "
ကုဖုန်းလေသံက စိုးရိမ်သံလေး နည်းနည်းစွက်နေတယ် ။
"မင်း အရေးပေါ် ကိစ္စတစ်ခုခုများ........"
"ခင်ဗျား UK မှာပဲ "
ယုပေါ်ယွင် တည်ငြိမ်စွာ ခန့်မှန်းလိုက်တယ် ။
"တရုတ်မှာ ဒီအချိန် အရမ်းညဥ့်နက်နေပြီ... ခင်ဗျားနိုးနေတာ လုံးဝမဖြစ်နိုင်ဘူး "
ကုဖုန်း အကြာကြီး ငြိမ်သက်နေတယ် ။
"ကိုယ် မင်းကို တွေ့ချင်လွန်းလို့...ကိုယ်ဘယ်လိုမှ မရပ်တည်နိုင်တော့လို့..မင်းကို အမြန်ဆုံး တွေ့ချင်မြင်ချင်လွန်းလို့...ကိုယ် ကိုယ် မင်းကို တွေ့ချင်ရုံလေးပါ..ဒါကြောင့် ကိုယ်......"
ယုပေါ်ယွင် ချီထားတဲ့ ကုကျားယွဲ့လေးကို အောက်ချလိုက်တယ် ။
"ကိုယ် လတ်မှတ်ပြောင်းလိုက်တာ "
ကုဖုန်း ခါးသက်စွာ ပြုံးလိုက်တယ် ။
"ကိုယ် ထပ်ပြီး မစောင့်နိုင်တော့ဘူး ပေါ်ယွင်
....ကိုယ့်အတွေးထဲမှာလေ မင်းတို့သားအဖက ကိုယ်နဲ့ရေမြေတွေခြားနေတဲ့ မိုင်ပေါင်းကုဋေကုဋာအဝေးက တိုင်းပြည်တစ်ခုမှာ...ပြီးတော့ ကျန်းဟောင်ကလည်း မင်းဘေးမှာဆိုတဲ့ အတွေးက ကိုယ့်ကို...ကိုယ့်ကို........ "
"ခင်ဗျား အခု ဘယ်မှာလဲ "
ယုပေါ်ယွင် အေးစက်စွာ စကားဖြတ်ပြောလိုက်တယ် ။
"ဘယ်ဟိုတယ်မှာ တည်းနေတာလဲ "
"မင်းနေတဲ့ ဟိုတယ်..မင်းအခန်းရဲ့ အပေါ်ထပ် အခန်းမှာ "
ယုပေါ်ယွင် ဖုန်းချ ၊ နို့ဗူးကို ဂွက်ခနဲ ဘေးချ ၊ ကုကျားယွဲ့လေးကိုချီပြီး အပေါ်ထပ်ကို တက်သွားတော့တယ် ။ အပေါ်ထပ်က သူ့အခန်းနဲ့တည့်တည့်အခန်းရှေ့အရောက် တံခါးခေါက်လိုက်တယ် ။
တံခါးက အလျင်အမြန်ပွင့်လာပြီး ကုဖုန်းက သူ့မျက်စိရှေ့မှာ ပေါ်လာခဲ့တယ် ။
ကုဖုန်းက ပေါ့ပေါ့ပါးပါးအဝတ်တွေ ဝတ်ဆင်ထားပေမယ့် ချောမောခန့်ညားမှုနဲ့ ဆွဲဆောင်နိုင်စွမ်းတွေက လျော့ပါးမသွားဘူး ။ သူ့ဆံပင်တွေက အနည်းငယ် ရှုပ်ပွနေပြီး ကြည့်ရတာ ဖရိုဖရဲနဲ့ ။ အရင်ကထက် ပိုပြီးပိန်သွားတယ် ။
"မင်း ရောက်လာတယ် "
ကုဖုန်းအသံက အက်ကွဲလို့ ။
ယုပေါ်ယွင်က ကုဖုန်းအခန်းထဲ ဝင်ကာ ခပ်တည်တည်နဲ့ ဆိုဖာမှာ ထိုင်လိုက်တယ် ။ ပြီးတော့ ကုဖုန်းကို မော့ကြည့်ကာ မေးလေတယ် ။
"ပြောစမ်းပါ ! ဒီနေ့တစ်နေ့လုံး ကျွန်တော့်နောက်လိုက်ပြီး.....ကျွန်တော့်ကို စောင့်ကြည့်တယ်ပေါ့...ဘုရားရေ !.... ခင်ဗျား ဘာလုပ်ချင်နေတာလဲ "
ကုဖုန်းက ယုပေါ်ယွင်နဲ့ ကုကျားယွဲ့ကို နည်းနည်းလေးတောင် အကြည့်မလွှဲဘူး ။ သူ့မျက်လုံးတွေက ယုပေါ်ယွင်ကိုယ်လေးထဲ ထွင်းဖောက်ဝင်ရောက်သွားတော့မယ့်ပုံ ။ မျက်လုံးအစုံက ရဲရဲတောက်ပြီး ပူပြင်းလောင်မြိုက်မှုတွေအပြည့် ။
"ကိုယ် မင်းကို တွေ့ချင်ရုံလေးပါ....မနာလိုသဝန်တိုနေတာ မဟုတ်ရပါဘူး "
သူ အခုလို အင်္ဂလန်ကို ယုပေါ်ယွင် မသိအောင်ရောက်လာပြီး ခိုးကြောင်ခိုးဝှက်နဲ့
ယုပေါ်ယွင်နောက် တကောက်ကောက်လိုက်နေရတဲ့အကြောင်းရင်းက ယုပေါ်ယွင်ကို တကယ်ကြီး တွေ့ချင်လို့ ။ အဲ! နောက်ထပ်အကြောင်းတစ်ခုက ယုပေါ်ယွင်နဲ့ ကျန်းဟောင်ကြား ဘာတွေပြောင်းလဲသွားပြီလဲ သိချင်မိလို့ ။ သူတို့နှစ်ယောက်ကြားမှာ ပူစပ်ပူစပ် မီးပွားလေးတွေ ပေါ်ပေါက်လာမှာ သူ သိပ်ကြောက်နေခဲ့တာလေ ။
ဒီနေ့ ယုပေါ်ယွင်နောက်လိုက်ပြီးတော့ သူ့မှာ တစ်နေ့လုံး ရှာလကာရည်တွေ ပုလင်းလိုက်ကို မော့ခဲ့ရတာ ။
ဟိုအသားဖြူကောင်တွေ ယုပေါ်ယွင်ကို ပရောပရည်လာလုပ်တာ မြင်လိုက်တုန်းကဆို ဘယ်ဝိုက်လက်သီးတွေ ပစ်သွင်းပြီး သူတို့ရဲ့ မျက်ဆံတွေ ပေါက်ထွက်သွားအောင် ထိုးပစ်ဖို့ မစောင့်နိုင်အောင် ဖြစ်ခဲ့ရတယ် ။
ယုပေါ်ယွင်နဲ့ကျန်းဟောင် ဘေးချင်းယှဥ်လျှောက်ပြီး ရေပက်မဝင်အောင် စကားတွေပြောနေတဲ့အခါများဆို သူ့ရင်ထဲ နှစ်ချို့ရှာလကာရည်တွေ မြိုချထားရသလို ချဥ်စူးနေရော ။ သွားတွေတောင် ကျိန်းတယ် ။
အမှားလုပ်ထားပြီး မျက်နှာငယ်လေးနဲ့
သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ကုဖုန်းကို ယုပေါ်ယွင် စိုက်ကြည့်နေတယ် ။ အတော်ကြီးကြာမှ
"မိစ္ဆာမဟုတ် ဘာမဟုတ်...ကျွန်တော့်နောက်ကို သူခိုးတစ်ကောင်လို လိုက်နေတယ်ပေါ့..
အဲ့ဒါက ကျွန်တော့်ကို တစ်နေ့လုံး စိတ်ဒုက္ခပေးနေတာ..ငါတော့ တစ်ယောက်ယောက်ကို ရန်စမိပြီလားဆိုပြီး တွေးနေမိတဲ့အထိ..ခင်ဗျားကတော့လေ တကယ်ပါပဲ! "
ကုဖုန်း ဘာမှမဆိုလေဘူး ။ ခဏအကြာ မတ်တတ်ထရပ်ပြီး ဘေးနားက အိတ်ကိုလှမ်းယူလိုက်တယ် ။ ပြီးတော့ ယုပေါ်ယွင်ရှေ့ ချပေးပြီး
"ဒါတွေက မင်းအတွက် "
ယုပေါ်ယွင် အိတ်ကို ကြည့်တယ် ။ သူ့မျက်စိရှေ့က အိတ်က ဖောင်းကားနေတာပဲ ။ သူ့ကို ပဟေဠိဖြစ်စေတယ် ။ လက်လှမ်းကာ ဖွင့်ကြည့်ပြီးနောက် ကြက်သေသေသွားရတယ် ။
ကျောက်မျက်ရတနာဆိုင်ရောက်တုန်းက
ဘာရယ်မဟုတ် သူ ကြည့်မိတဲ့ တန်ဖိုးကြီး နာရီတွေ ။ နောက်ဆုံးပေါ်တံဆိပ်ကိုမှ အကန့်အသတ်နဲ့ထုတ်တဲ့ ယောက်ျားကိုင် wallet
လေး ။ ဒါက အရောင်းစာရေးမလေးကို ထုတ်ပြခိုင်းပြီးမှ သူ ပြန်ချထားခဲ့တာ ။ ပြီးတော့ ရှေးဟောင်းပစ္စည်းဆိုင်က မီးခိုးရောင် ငှက်ပန်းပုရုပ်လေး ။
ဒီတစ်နေ့လုံး ဟိုနှစ်ယောက်နောက်လိုက်ခဲ့ပေမယ့် ယုပေါ်ယွင်လေး တစ်ယွမ်တောင် မသုံးခဲ့ဘူး ။ ဒါပေမယ့် တွေ့သမျှ မြင်သမျှတော့
window shopping လုပ်ခဲ့တယ်လေ ။ သူ့နောက်တကောက်ကောက်လိုက်ခဲ့တဲ့ ကုဖုန်းက သူကြည့်သမျှအားလုံး ဝယ်ချလာပါရောလား ။
"ဒါတွေ မင်းကြိုက်တယ်ထင်လို့..အဲ့ဒါကြောင့် ကိုယ် မင်းအတွက် ဝယ်လာခဲ့တာ "
ကုဖုန်းက အိတ်ကြီးကို ယုပေါ်ယွင်ရှေ့ တွန်းပို့လိုက်တယ် ။ သူ့ကိုယ်သူလည်း လှောင်ပြောင်လိုက်ဖို့ မမေ့ဘူး ။
"အရင်က ကိုယ် မင်းကို အချိန်ပေးပြီး အာရုံမထားခဲ့မိဘူး...ကောင်းတာတွေလည်း မပေးခဲ့မိဘူး... အခု ဒါတွေ မင်းကို ပေးပါရစေ "
ယုပေါ်ယွင် ရုတ်တရက် အသက်ရှူကြပ်သွားတယ် ။ ဘာမှတောင် ပြန်မပြောနိုင်ဘူး ။
ကုဖုန်းရဲ့ လုပ်ရပ်အတွက် သူ ဘာပြန်ပြောသင့်လဲ ?!
"ကိုယ် တောင်းပန်ပါတယ်...အရင်က ကိုယ် မင်းကို ဆိုးဆိုးရွားရွားတွေ ဆက်ဆံခဲ့မိတယ် "
ကုဖုန်း ခေါင်းငိုက်စိုက်ချပြီး
"ကိုယ်မှားခဲ့တယ်ဆိုတာ ကိုယ်သိပါပြီ...ကိုယ့်အမှားတွေအတွက် ဘဝတလျောက်လုံး
ကိုယ် အကောင်းဆုံး ပေးဆပ်သွားပါ့မယ် "
ယုပေါ်ယွင် ဘာမှပြန်မပြောဘဲ အသက်ပြင်းပြင်းရှူကာ မတ်တတ်ထရပ်ပြီး ပြန်ဖို့ပြင်လေတယ် ။
ကုဖုန်း စိုးရိမ်စိတ်တွေသာ လွှမ်းမိုးနေပြီး
များများစားစား မတွေးမိတော့ဘူး ။ ကမန်းကတန်းထရပ်ကာ
"မသွားပါနဲ့! "
သူက ပြောလည်းပြော ယုပေါ်ယွင်ကျောပြင်ကို သူ့ရင်ဘတ်နဲ့ကပ်ပြီး အတင်းကို ဆွဲဖက်ထားလိုက်တယ် ။
"မသွားပါနဲ့နော် "
"ကျွန်တော့်ကို လွှတ် "
ယုပေါ်ယွင် ကလေးချီထားလျက်နဲ့ အံကြိတ်ကာ ဆိုလေတယ် ။
"ကိုယ့်ကို ယုံပါ ပေါ်ယွင်ရယ်...ကိုယ် တကယ် မင်းကို လွမ်းနေတာပါ.."
ကုဖုန်းက ယုပေါ်ယွင် လည်ပင်းမှာ မျက်နှာအပ်ထားတယ် ။ ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့လေးနဲ့ အသက်ရှူငွေ့နွေးနွေးလေးတွေက သူ့ကိုပိုပြီး အရူးအမူးလွမ်းဆွတ်စေတယ် ။
"ကိုယ့်ကို တစ်မိနစ်လောက် လိုက်လျောပေးပါ..တစ်မိနစ်ပဲ ဖက်ထားပါရစေ...တစ်မိနစ်လေးပါပဲ... နော် "
ယုပေါ်ယွင် ခြေလှမ်းတွေ လေးလံသွားတယ် ။ လမ်းလျှောက်ဖို့တောင် အားမရှိလေတော့ဘူး ။
ဒီလူက နောက်ဘက်ကနေ သူ့ခါးကို တင်းနေအောင် ဖက်ထားတယ် ။ သူ့လည်ပင်းမှာ မျက်နှာအပ်ပြီး ပူပြင်းတဲ့ အသက်ရှူငွေ့တွေက သူ့အရေပြားကို တိုက်ရိုက်ထိခတ်နေတယ် ။
သူတို့ စကားမဆိုဖြစ်ကြဘူး ။ အခန်းထဲက နာရီသံ တစ်ချက်ချက်ကလွဲပြီး အရာအားလုံး တိတ်ဆိတ်လို့ ။
အချိန်တစ်ခုအကြာ ယုပေါ်ယွင် အားယူပြီး ဆိုလိုက်လေတယ် ။
"အိုခေ! ကျွန်တော့်ကို လွှတ်တော့ "
ကုဖုန်း စိတ်မပါစွာနဲ့ သူ့ခေါင်းကို ယုပေါ်ယွင် လည်ပင်းကြားပိုကပ်လိုက်တယ် ။
ယုပေါ်ယွင် ဒီလူကို ချိုးဖဲ့လိုက်ချင်ပေမယ့်
သူ့လည်ပင်းပေါ်က အပူချိန်က သူ့နှလုံးသားတွေကို ခုန်လှုပ်စေတယ် ။
ယုပေါ်ယွင် မျက်မှောင်ကုပ်ကာ လှည့်မေးလေတယ် ။
"ဘာလို့ အရမ်းပူနေရတာလဲ..ခင်ဗျား နေမကောင်းဘူးလား "
ကုဖုန်းက မူးနောက်နောက်နဲ့ပဲ သူ့နှဖူးသူစမ်းတယ် ။
"ပင်ပန်းသွားလို့ ဖြစ်မှာပါ..အဆင်ပြေပါတယ် "
တရုတ်ပြည်မှာတုန်းက ကိစ္စတွေအများကြီးကြား နစ်မြုပ်ပြီး အလုပ်တွေ များနေခဲ့တာ ။ တစ်ရက်မှ ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး ။
နေ့စဥ်ရက်ဆက်လည်း သောက်ဖြစ်နေခဲ့ပြီး
ကိစ္စတွေ ပြီးပြီးချင်း တန်းပြီးလိုက်လာခဲ့တာ ။ လေယာဥ်လည်း အကြာကြီးစီးခဲ့ရတဲ့အပြင် ရောက်ရောက်ချင်းအနားမယူနိုင်ဘဲ ယုပေါ်ယွင်သွားရာနောက် ခိုးကြောင်ခိုးဝှက် လိုက်ချောင်းခဲ့ရသေးတယ် ။ သူ့တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေပြီး အတော်အခြေအနေဆိုးနေတယ် ။
ခုလို အားနည်းဖျော့တော့နေချိန်မှာ အဖျားကလည်း အလစ်ချောင်းပြီး ဝင်လာလောက်ပြီပေါ့ ။ အံ့သြစရာမဟုတ်ပါဘူး ။
ယုပေါ်ယွင် လက်ဆန့်ပြီး ကုဖုန်းနဖူးကို စမ်းလိုက်တယ် ။ သူ တွေးထားတာထက်တောင် ပို ပူနေတာပဲ ။
ယုပေါ်ယွင်ရဲ့ အပြုအမူလေးကြောင့် ကုဖုန်းတစ်ယောက် နှလုံးပီတိ ဂွမ်းဆိထိသွားတယ် ။
ယုပေါ်ယွင် လက်ပြန်ချပြီး ကုကျားယွဲ့ကို ချီထားလျက်နဲ့ ဘာလုပ်ရမှန်းမသိတော့စွာ ဘေးကျပ်နံကျပ်ဖြစ်လို့သွားတယ် ။
နေမကောင်းတဲ့လူကို ဒီတိုင်းကြီးထားပြီး ထွက်သွားရင်လည်း အရမ်းရက်စက်လွန်းရာကျမယ် ။ ပြီးတော့ ဖျားတာမှ တော်တော်ကို ဖျားနေတာလေ ။
ထွက်သွားရမလား မသွားရဘူးလား ?!
တွေးရင်း တွေးရင်းနဲ့ပဲ......
နောက်ဆုံးတော့ အံကြိတ်ကာ ကုတင်ရှိရာ လက်ညှိုးထိုးပြီး အေးစက်နေတဲ့ လေသံနဲ့ ပြောလိုက်တယ် ။
"ကျစ်! သွား ကုတင်ပေါ်မှာ သွားလှဲနေ...တစ်စက်မှ မလှုပ်နဲ့...ကျွန်တော် ဆေးသွားရှာလိုက်ဦးမယ်..ကျွန်တော်ပြောတာ နားလည်လား "
ကုဖုန်း ပြုံးကာ အစစ်ဆေးခံမယ့် စက်ရုပ်တစ်ရုပ်လို အိပ်ရာပေါ် တောင့်တောင့်ကြီး ပစ်လှဲချလိုက်တယ် ။
သူ့ဦးနှောက်ကြီးတစ်ခုလုံး ပွင့်ထွက်သွားမတတ်ကို မူးဝေနေတယ် ။ ချာချာလည်နေတာပဲ ။ ဒါပေမယ့် သူ့နှလုံးသားထဲက လှိုက်တက်လာတဲ့ စိတ်လှုပ်ရှားမှုတွေကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်လုလု ။
ဆုံးရှုံးသွားတဲ့အခါမှသာ တန်ဖိုးဆိုတာကို သိလာခဲ့တာ ။
အခုက အခုက သူ ဆုံးရှုံးခဲ့ရတဲ့ ယုပေါ်ယွင်ရဲ့ ဂရုစိုက်မှုလေး ။ ဘယ်တော့မှ ပြန်မရတော့ဘူးထင်တဲ့ ဂရုစိုက်မှုလေး ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ယုပေါ်ယွင်ရဲ့
ဒီဂရုစိုက်မှု မဖြစ်စလောက်လေးကတောင် သူ့ကို အကြီးအကျယ် စိတ်လှုပ်ရှားစေတယ် ။
ဒါလေး စနေပြီနော်.. ဖတ်ပေးကြဦး 😁
****************************************
Chapter 152 မွာေလ 'ဒါက ပထမဆုံးအႀကိမ္ မဟုတ္ေတာ့ဘူး' ဆိုတာကို 'ဒါက ဒီေန႕အတြက္ ပထမဆုံးအႀကိမ္မဟုတ္ေတာ့ဘူး' လို႔ ျဖည့္ဖတ္ေပးေနာ္..
"ကိုယ္က အိမ္မွာေလ "
ကုဖုန္းအသံက တည္ၿငိမ္ၿပီး မူမမွန္တာမ်ိဳးလည္း ဘာဆိုဘာမွၾကားမေနရဘူး ။
ယုေပၚယြင္ အခ်ိန္တြက္ၾကည့္လိုက္တယ္ ။
ဒီအခ်ိန္ဆို တ႐ုတ္ျပည္မွာ သန္းေခါင္ယံေက်ာ္ေလာက္ၿပီ ။ (ည ၁၂နာရီေက်ာ္) ။
ဒါဆို ကုဖုန္းေျပာသလို အိမ္မွာဆိုတာက တကယ္ကို ယုတၱိရွိတယ္ ။
ဒါေပမယ့္ သူ႕စိတ္က ရမေနဘူး ။ အခ်ိန္တိုင္း သံသယဝင္ေနတယ္ ။
"ခင္ဗ်ား အိမ္မွာဆိုရင္ ပိန္းဥေလးကိုေခၚေပး..သူ႕အသံၾကားခ်င္လို႔ "
ယုေပၚယြင္ ခပ္တည္တည္ ေတာင္းဆိုလိုက္တယ္ ။
ကုဖုန္း ခဏေတာ့ ၿငိမ္သြားေလရဲ႕ ။
"ပိန္းဥေလးက အိပ္ေပ်ာ္ေနၿပီေလ..ကိုယ္ သူ႕ကို အႏွောင့္အယွက္မေပးခ်င္ဘူး "
ယုေပၚယြင္ မ်က္ေစာင္းခ်ီလိုက္တယ္ ။ ကုဖုန္းစကားက အမွန္လား ဆင္ေျခေပးေနတာလားဆိုတာ ေျပာဖို႔ခက္ခဲလိုက္ပါဘိ ။
ယုေပၚယြင္လည္း ခဏေလး တိတ္ဆိတ္သြားတယ္ ။
"ဒါဆိုလည္း ထားလိုက္ေတာ့..တျခားေျပာစရာမရွိေတာ့ဘူး..ကြၽန္ေတာ္ ဖုန္းခ်ၿပီ "
"ခဏေနပါဦး! "
ကုဖုန္း ပ်ာပ်ာသလဲ တားလိုက္တယ္ ။
"မစၥတာဝူကိုေလ........ကိုယ္ ေျဖရွင္းၿပီးၿပီ..
အထက္က သူ႕ရဲ႕အာဏာအလြဲသုံးစားလုပ္မႈအပါအဝင္ တျခားျပစ္မႈေတြကို ခ်က္ခ်င္းပဲ ရွာေဖြၾကတယ္..အခု အမႈကိုလည္း အထက္က ဆိုင္ရာပိုင္ရာေတြဆီ တင္ျပခဲ့ၿပီးၿပီ..သူ အဆုံးသတ္ဖို႔ အခ်ိန္ေရာက္ၿပီ.."
ယုေပၚယြင္ေခါင္းညိတ္ၿပီး လမ္းမေပၚမွာ ေလွ်ာက္ေနၾကတဲ့လူေတြကို ၾကည့္ကာ
"မစၥတာဝူက ဘယ္မွာလဲ "
"သူ တ႐ုတ္ျပည္ကေန ဘယ္မွသြားမရေအာင္ ကိုယ္ ထိန္းခ်ဳပ္ထားတယ္..တရား႐ုံးက အမိန့္ခ်ၿပီးတာနဲ႕ မင္း ျပန္လာလို႔ရပါၿပီ "
ယုေပၚယြင္ စိတ္သက္သာရာရစြာ သက္ျပင္းရွည္ႀကီးခ်တယ္ ။
"ေကာင္းပါၿပီ..အႏၱရာယ္မီးပြားေတြလည္း မက်န္ေစနဲ႕ဦး..သူ႕ကို လက္တုန့္ျပန္ဖို႔ အခြင့္အေရးမေပးလိုက္နဲ႕..တစ္ခါတည္း အျပတ္ရွင္း..မဟုတ္ရင္ ဒီလူက ရန္စေတြရွည္ေနမွာ..အဲ့ဒါဆို အရွည္အရွည္ မၿငိမ္းဖြယ္ေတြ ျဖစ္လာလိမ့္မယ္.."
"ကိုယ္ သိပါၿပီ..မစိုးရိမ္နဲ႕ေနာ္..."
ဟိုတစ္ဖက္က ကုဖုန္းက ႏူးညံ့စြတ္စိုတဲ့အၿပဳံးေလးနဲ႕ ။
"ကိုယ္က မင္းတို႔သားအဖႏွစ္ေယာက္လုံးကို ေဘးမသီ ရန္မခေအာင္ ကာကြယ္ေစာင့္ေရွာက္ေပးမွာပါ...ဘယ္ေလာက္ပဲ ခက္ခဲပင္ပန္းပါေစ ဒီကတိကို တည္ေစရပါမယ္ "
"အမ္း"
ယုေပၚယြင္ မသဲမကြဲ ဗလုံးဗေထြးဆိုလိုက္စဥ္ သူ႕ေနာက္ေက်ာမွ ပိုင္ရွီရွန္းရဲ႕ ငိုသံဝါႀကီးကို ၾကားလိုက္ရေလတယ္ ။ ယုေပၚယြင္ ခပ္လြယ္လြယ္ေျပာၿပီး ဖုန္းခ်လိဳက္တယ္ ။
"အာ ကြၽန္ေတာ္ လုပ္စရာေလးရွိေသးလို႔..ဖုန္းခ်ၿပီေနာ္! "
"မင္း ဘယ္သူနဲ႕ ဘာေတြေျပာေနတာတုန္း"
ပိုင္ရွီရွန္းက ယုေပၚယြင္ပခုံးကိုပုတ္ၿပီး အရယ္တစ္ဝက္နဲ႕ေမးတယ္ ။
ယုေပၚယြင္ လွည့္ၾကည့္လိုက္တယ္ ။
ပိုင္ရွီရွန္းလက္ထဲမွာ အခုေလာေလာလတ္လတ္ ဝယ္ယူလာတဲ့ ေရွးေဟာင္းပစၥည္းေတြ ထည့္ထားတဲ့
အိတ္ကို ဆြဲထားတယ္ ။ အိတ္ထဲက ပစၥည္းေတြက ေငြေၾကးအရလည္း အလြန္အမင္း
ေစ်းႀကီးသလို ေရွးက်လြန္းတာေၾကာင့္ အဖိုးမျဖတ္နိုင္ေအာင္ တန္ဖိုးရွိလွတယ္ ။
ယုေပၚယြင္ တံေတြးၿမိဳခ်ကာ
"ဒီတစ္ခါ ခင္ဗ်ားဝယ္တာ မ်ားလွခ်ည္လား"
"ဟုတ္ပါ့ "
ပိုင္ရွီရွန္းက အိတ္ကို သူ႕မ်က္လုံးေရွ႕ျမႇောက္ကာ ပိုၿပီး စိတ္အားထက္သန္လွစြာ ဆိုေလတယ္ ။
"ငါ ဂ႐ုတစိုက္နဲ႕ ေ႐ြးထားရတာေတြ "
ဒီေရွးေဟာင္းပစၥည္းေတြအတြက္ ေငြေတြဘယ္ေလာက္မ်ား သုံးဖို႔လိုအပ္မွာပါလိမ့္လို႔
ယုေပၚယြင္စိတ္ထဲ ေတြးေနမိတယ္ ။
"ခင္ဗ်ားလူႀကီး မန့္မန့္လုံက ခင္ဗ်ားကို နည္းနည္းေလးေတာင္ မတားဘူးလား "
"သူက ငါ့ကို တားမယ္ ? "
ပိုင္ရွီရွန္း မ်က္လုံးေလး ေထာင့္ကပ္ၿပီး
"သူက သူ႕ပိုက္ဆံေတြ ငါ ဘယ္ေန႕သုံးမလဲ ေစာင့္ေနတာ..ၾကည့္ပါလား..ငါ့ပိုက္ဆံအိတ္ထဲက ကဒ္ေတြက သူပဲထည့္ေပးထားတာ..
ဟီး ! ခုေတာ့ ငါလည္း ျဖဳန္းပစ္လိုက္ၿပီ "
ယုေပၚယြင္ တစ္ခစ္ခစ္ရယ္မိတယ္ ။
"ခင္ဗ်ားကိုယ္ ခင္ဗ်ား ဖ်က္ဆီးေနတာလား "
ပိုင္ရွီရွန္းက ယုေပၚယြင္ကို အဖက္မလုပ္ေတာ့ဘူး ။ သူဝယ္လာတာေတြကို ငုံ႕ၾကည့္ၿပီး ေျပာလိုက္တယ္ ။
"ဒါက မန့္လုံအတြက္... ဒါက ငါ့အတြက္...ဒါက ရန္ရန္ေလးအတြက္ "
"ခင္ဗ်ားသမီးအတြက္ ဒီလိုေကာင္းေကာင္းေတြ ဝယ္လာတယ္ ? "
ယုေပၚယြင္ ရွင္းျပေလတယ္ ။
"သူက ကေလးေလးပဲရွိေသးတာေလ..အရမ္းတန္ဖိုးႀကီးတဲ့ ရတနာေတြ ဝယ္လာရလား "
"အာ! ငါက အခုအတြက္ ဝယ္တာမဟုတ္ပါဘူး..ေနာက္က်ရင္ သတို႔သမီးဘက္က မဂၤလာပစၥည္းေပးရတဲ့အခါ ဒါေတြေပးမလို႔ပါ.. "
ပိုင္ရွီရွန္းက ရိုးရိုးသားသား ဖိုးသခြားပုံေလးနဲ႕
"လူႀကီးေတြ ေျပာေျပာေနၾကတာ ၾကားမိလို႔ေလ..သမီးေလးတစ္ေယာက္ ေမြးထားၿပီး သမီးေလးကို ခ်မ္းသာႂကြယ္ဝေစခ်င္ရင္ သူမကို ငယ္ငယ္တည္းက သူေဌးသမီးတစ္ေယာက္လို ပုံသြင္းေပးထားရမယ္တဲ့...ငါတို႔ရဲ႕ မင္းသမီးေလးကို ငါတို႔လည္း ခုခ်ိန္တည္းက ေကာင္းေကာင္းႀကီး ထရိန္နင္ေပးရမယ္ေလကြာ..."
ယုေပၚယြင္ၿပဳံးၿပီး သူ႕လက္ထဲက က်ားယြဲ႕ေလးကို ငုံ႕ၾကည့္တယ္ ။
ဒီေပါက္စနေလးက ခုအ႐ြယ္ေလးမွာေတာင္ ဖိမရႏွိပ္မရနဲ႕ ေဒါသလည္းႀကီးေသး ။ အ႐ြယ္ေလးမ်ားေရာက္လာရင္ လူေယာင္ဖန္ဆင္းထားတဲ့ နတ္ဆိုးေလးျဖစ္မွာမလြဲ ။
လူေတြကို စိုးရိမ္ေသာကေတြ မျဖစ္ေစခ်င္ပါဘူး !
"က်န္းေဟာင္ေရာ ဝယ္ေသးလား "
ယုေပၚယြင္ ဆတ္ခနဲ ေခါင္းေမာ့ၿပီး
"သူေရာ ဝယ္လို႔ျခမ္းလို႔ မၿပီးနိုင္ေသးဘူးလား..ခင္ဗ်ားတို႔ႏွစ္ေယာက္ စုပုံဝယ္ေနၾကတာ..UK ကို ရွိသမွ် ပိုက္ဆံေတြယူလာၿပီး ဆင္းရဲႏြမ္းပါးမႈပေပ်ာက္ေရးအတြက္ ရည္႐ြယ္ထားတာလား "
ပိုင္ရွီရွန္း ေနာက္ဘက္ကို လက္ညွိုးထိုးလိုက္တယ္ ။
"ဟိုမွာ က်န္းေဟာင္ ထြက္လာၿပီ "
ယုေပၚယြင္ လွည့္ၾကည့္ေတာ့ က်န္းေဟာင္က ျမင့္မားရွည္သြယ္တဲ့ခႏၶာကိုယ္ကို မတ္မတ္ရပ္ၿပီး သူ႕ကို လက္လွမ္းျပေနတယ္ ။
"အားလုံး ဝယ္လို႔ၿပီးသြားရင္ ဟိုတယ္ျပန္ၾကစို႔ "
ယုေပၚယြင္ေလး ခါးေတြေတာင္ နာေနၿပီ ။
ကေလးတစ္ဖက္နဲ႕ ေရွာ့ပင္ထြက္ရတာ ပိုၿပီး ပင္ပန္းတယ္ ။
ယုေပၚယြင္တို႔ ဟိုတယ္ျပန္လာကာ ညစာစားၿပီးခ်ိန္မွာ ေကာင္းကင္က အေတာ္ေလး ေမွာင္ေနၿပီ ။ ေန႕တာတိုတာေၾကာင့္ ညေရာက္သြားတာ အေတာ္ေလးကို ျမန္လြန္းတယ္ ။
ဖြင့္ထားတဲ့ ျပတင္းေပါက္ကေန
နားဝင္ပီယံရွိလွတဲ့ ႏွဲ(saxophone)သံေလးကိုလည္း ေလအေဝ့မွာ တစ္ခ်က္ တစ္ခ်က္ၾကားေနရတယ္ ။ ယုေပၚယြင္က နို႔ဗူးေဖ်ာ္ၿပီး ကုက်ားယြဲ႕ေလးကို နို႔တိုက္ေနရင္း ညင္ညင္သာသာေလး ေခ်ာ့ျမႇူေနတယ္ ။ က်ားယြဲ႕ေလးက နို႔ဗူးကို တႁပြတ္ႁပြတ္နဲ႕ စို႔ေနတာ ။
သူ႕ဗိုက္ေလးက လုံးတင္းၿပီး ပူေဖာင္းေနတာပဲ ။ အရမ္းအရမ္း ခ်စ္စရာေကာင္းတယ္ ။
ယုေပၚယြင္ နို႔ဗူးတိုက္ေနရင္း ဒီေန႕ ခံစားခဲ့ရတဲ့ ထူးထူးဆန္းဆန္းခံစားခ်က္ကို ျပန္ေတြးေနမိတယ္ ။
တစ္စုံတစ္ေယာက္က ကိုယ္ေယာင္ေဖ်ာက္ၿပီး သူ႕ေနာက္လိုက္ေနတာ လုံးဝေသခ်ာတယ္ ။ ဆ႒မအာ႐ုံလို႔ေခၚရမလားပဲ ။ ခံစားခ်က္က အရမ္းထူးဆန္းတယ္ ။ တကယ္ကို သူက ေစာင့္ၾကည့္ခံေနရတာ ။
ယုေပၚယြင္ ၾကာၾကာေတြးေလ သံသယပိုလာေလပဲ ။ ဒါေၾကာင့္ ဖုန္းယူလိုက္ၿပီး ေတြေတြေဝေဝနဲ႕ပဲ ကုဖုန္းနံပါတ္ကိုႏွိပ္ကာ ေခၚလိုက္ေလတယ္ ။
ဖုန္းက အၾကာႀကီးျမည္ေနေပမယ့္ ကိုင္မယ့္လူမရွိဘူး ။
ယုေပၚယြင္ စိတ္ေလ်ာ့လိုက္တယ္ ။ အခုက တ႐ုတ္မွာဆို အေတာ္ႀကီး ညဥ့္နက္ေနၿပီေလ ။ ကုဖုန္းလည္း အိပ္ေမာက်ေနမွာေပါ့ ။
ဒါေပမယ့္ ေနာက္တစ္ႀကိမ္ေလာက္ ထပ္ေခၚၾကည့္ဦးမယ္ !
ယုေပၚယြင္က တစ္ေဆတစ္ေကာင္လိုပဲ ဖုန္းကိုၾကည့္ၿပီး ထပ္ေခၚလိုက္တယ္ ။
ဒီတစ္ႀကိမ္ေတာ့ ဖုန္းေခၚသံက
အလိုအေလ်ာက္ ျပတ္ေတာက္သြားၿပီး ေနာက္ဆုံးမွာ ကုဖုန္း ျပန္ေျဖလာတယ္ ။
"ေပၚယြင္ "
ကုဖုန္းေလသံက စိုးရိမ္သံေလး နည္းနည္းစြက္ေနတယ္ ။
"မင္း အေရးေပၚ ကိစၥတစ္ခုခုမ်ား........"
"ခင္ဗ်ား UK မွာပဲ "
ယုေပၚယြင္ တည္ၿငိမ္စြာ ခန့္မွန္းလိုက္တယ္ ။
"တ႐ုတ္မွာ ဒီအခ်ိန္ အရမ္းညဥ့္နက္ေနၿပီ... ခင္ဗ်ားနိုးေနတာ လုံးဝမျဖစ္နိုင္ဘူး "
ကုဖုန္း အၾကာႀကီး ၿငိမ္သက္ေနတယ္ ။
"ကိုယ္ မင္းကို ေတြ႕ခ်င္လြန္းလို႔...ကိုယ္ဘယ္လိုမွ မရပ္တည္နိုင္ေတာ့လို႔..မင္းကို အျမန္ဆုံး ေတြ႕ခ်င္ျမင္ခ်င္လြန္းလို႔...ကိုယ္ ကိုယ္ မင္းကို ေတြ႕ခ်င္႐ုံေလးပါ..ဒါေၾကာင့္ ကိုယ္......"
ယုေပၚယြင္ ခ်ီထားတဲ့ ကုက်ားယြဲ႕ေလးကို ေအာက္ခ်လိဳက္တယ္ ။
"ကိုယ္ လတ္မွတ္ေျပာင္းလိုက္တာ "
ကုဖုန္း ခါးသက္စြာ ၿပဳံးလိုက္တယ္ ။
"ကိုယ္ ထပ္ၿပီး မေစာင့္နိုင္ေတာ့ဘူး ေပၚယြင္
....ကိုယ့္အေတြးထဲမွာေလ မင္းတို႔သားအဖက ကိုယ္နဲ႕ေရေျမေတြျခားေနတဲ့ မိုင္ေပါင္းကုေဋကုဋာအေဝးက တိုင္းျပည္တစ္ခုမွာ...ၿပီးေတာ့ က်န္းေဟာင္ကလည္း မင္းေဘးမွာဆိုတဲ့ အေတြးက ကိုယ့္ကို...ကိုယ့္ကို........ "
"ခင္ဗ်ား အခု ဘယ္မွာလဲ "
ယုေပၚယြင္ ေအးစက္စြာ စကားျဖတ္ေျပာလိုက္တယ္ ။
"ဘယ္ဟိုတယ္မွာ တည္းေနတာလဲ "
"မင္းေနတဲ့ ဟိုတယ္..မင္းအခန္းရဲ႕ အေပၚထပ္ အခန္းမွာ "
ယုေပၚယြင္ ဖုန္းခ် ၊ နို႔ဗူးကို ဂြက္ခနဲ ေဘးခ် ၊ ကုက်ားယြဲ႕ေလးကိုခ်ီၿပီး အေပၚထပ္ကို တက္သြားေတာ့တယ္ ။ အေပၚထပ္က သူ႕အခန္းနဲ႕တည့္တည့္အခန္းေရွ႕အေရာက္ တံခါးေခါက္လိုက္တယ္ ။
တံခါးက အလ်င္အျမန္ပြင့္လာၿပီး ကုဖုန္းက သူ႕မ်က္စိေရွ႕မွာ ေပၚလာခဲ့တယ္ ။
ကုဖုန္းက ေပါ့ေပါ့ပါးပါးအဝတ္ေတြ ဝတ္ဆင္ထားေပမယ့္ ေခ်ာေမာခန့္ညားမႈနဲ႕ ဆြဲေဆာင္နိုင္စြမ္းေတြက ေလ်ာ့ပါးမသြားဘူး ။ သူ႕ဆံပင္ေတြက အနည္းငယ္ ရႈပ္ပြေနၿပီး ၾကည့္ရတာ ဖရိုဖရဲနဲ႕ ။ အရင္ကထက္ ပိုၿပီးပိန္သြားတယ္ ။
"မင္း ေရာက္လာတယ္ "
ကုဖုန္းအသံက အက္ကြဲလို႔ ။
ယုေပၚယြင္က ကုဖုန္းအခန္းထဲ ဝင္ကာ ခပ္တည္တည္နဲ႕ ဆိုဖာမွာ ထိုင္လိုက္တယ္ ။ ၿပီးေတာ့ ကုဖုန္းကို ေမာ့ၾကည့္ကာ ေမးေလတယ္ ။
"ေျပာစမ္းပါ ! ဒီေန႕တစ္ေန႕လုံး ကြၽန္ေတာ့္ေနာက္လိုက္ၿပီး.....ကြၽန္ေတာ့္ကို ေစာင့္ၾကည့္တယ္ေပါ့...ဘုရားေရ !.... ခင္ဗ်ား ဘာလုပ္ခ်င္ေနတာလဲ "
ကုဖုန္းက ယုေပၚယြင္နဲ႕ ကုက်ားယြဲ႕ကို နည္းနည္းေလးေတာင္ အၾကည့္မလႊဲဘူး ။ သူ႕မ်က္လုံးေတြက ယုေပၚယြင္ကိုယ္ေလးထဲ ထြင္းေဖာက္ဝင္ေရာက္သြားေတာ့မယ့္ပုံ ။ မ်က္လုံးအစုံက ရဲရဲေတာက္ၿပီး ပူျပင္းေလာင္ၿမိဳက္မႈေတြအျပည့္ ။
"ကိုယ္ မင္းကို ေတြ႕ခ်င္႐ုံေလးပါ....မနာလိုသဝန္တိုေနတာ မဟုတ္ရပါဘူး "
သူ အခုလို အဂၤလန္ကို ယုေပၚယြင္ မသိေအာင္ေရာက္လာၿပီး ခိုးေၾကာင္ခိုးဝွက္နဲ႕
ယုေပၚယြင္ေနာက္ တေကာက္ေကာက္လိုက္ေနရတဲ့အေၾကာင္းရင္းက ယုေပၚယြင္ကို တကယ္ႀကီး ေတြ႕ခ်င္လို႔ ။ အဲ! ေနာက္ထပ္အေၾကာင္းတစ္ခုက ယုေပၚယြင္နဲ႕ က်န္းေဟာင္ၾကား ဘာေတြေျပာင္းလဲသြားၿပီလဲ သိခ်င္မိလို႔ ။ သူတို႔ႏွစ္ေယာက္ၾကားမွာ ပူစပ္ပူစပ္ မီးပြားေလးေတြ ေပၚေပါက္လာမွာ သူ သိပ္ေၾကာက္ေနခဲ့တာေလ ။
ဒီေန႕ ယုေပၚယြင္ေနာက္လိုက္ၿပီးေတာ့ သူ႕မွာ တစ္ေန႕လုံး ရွာလကာရည္ေတြ ပုလင္းလိုက္ကို ေမာ့ခဲ့ရတာ ။
ဟိုအသားျဖဴေကာင္ေတြ ယုေပၚယြင္ကို ပေရာပရည္လာလုပ္တာ ျမင္လိုက္တုန္းကဆို ဘယ္ဝိုက္လက္သီးေတြ ပစ္သြင္းၿပီး သူတို႔ရဲ႕ မ်က္ဆံေတြ ေပါက္ထြက္သြားေအာင္ ထိုးပစ္ဖို႔ မေစာင့္နိုင္ေအာင္ ျဖစ္ခဲ့ရတယ္ ။
ယုေပၚယြင္နဲ႕က်န္းေဟာင္ ေဘးခ်င္းယွဥ္ေလွ်ာက္ၿပီး ေရပက္မဝင္ေအာင္ စကားေတြေျပာေနတဲ့အခါမ်ားဆို သူ႕ရင္ထဲ ႏွစ္ခ်ိဳ႕ရွာလကာရည္ေတြ ၿမိဳခ်ထားရသလို ခ်ဥ္စူးေနေရာ ။ သြားေတြေတာင္ က်ိန္းတယ္ ။
အမွားလုပ္ထားၿပီး မ်က္ႏွာငယ္ေလးနဲ႕
သူ႕မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့ ကုဖုန္းကို ယုေပၚယြင္ စိုက္ၾကည့္ေနတယ္ ။ အေတာ္ႀကီးၾကာမွ
"မိစ္ဆာမဟုတ္ ဘာမဟုတ္...ကြၽန္ေတာ့္ေနာက္ကို သူခိုးတစ္ေကာင္လို လိုက္ေနတယ္ေပါ့..
အဲ့ဒါက ကြၽန္ေတာ့္ကို တစ္ေန႕လုံး စိတ္ဒုကၡေပးေနတာ..ငါေတာ့ တစ္ေယာက္ေယာက္ကို ရန္စမိၿပီလားဆိုၿပီး ေတြးေနမိတဲ့အထိ..ခင္ဗ်ားကေတာ့ေလ တကယ္ပါပဲ! "
ကုဖုန္း ဘာမွမဆိုေလဘူး ။ ခဏအၾကာ မတ္တတ္ထရပ္ၿပီး ေဘးနားက အိတ္ကိုလွမ္းယူလိုက္တယ္ ။ ၿပီးေတာ့ ယုေပၚယြင္ေရွ႕ ခ်ေပးၿပီး
"ဒါေတြက မင္းအတြက္ "
ယုေပၚယြင္ အိတ္ကို ၾကည့္တယ္ ။ သူ႕မ်က္စိေရွ႕က အိတ္က ေဖာင္းကားေနတာပဲ ။ သူ႕ကို ပေဟဠိျဖစ္ေစတယ္ ။ လက္လွမ္းကာ ဖြင့္ၾကည့္ၿပီးေနာက္ ၾကက္ေသေသသြားရတယ္ ။
ေက်ာက္မ်က္ရတနာဆိုင္ေရာက္တုန္းက
ဘာရယ္မဟုတ္ သူ ၾကည့္မိတဲ့ တန္ဖိုးႀကီး နာရီေတြ ။ ေနာက္ဆုံးေပၚတံဆိပ္ကိုမွ အကန့္အသတ္နဲ႕ထုတ္တဲ့ ေယာက္်ားကိုင္ wallet
ေလး ။ ဒါက အေရာင္းစာေရးမေလးကို ထုတ္ျပခိုင္းၿပီးမွ သူ ျပန္ခ်ထားခဲ့တာ ။ ၿပီးေတာ့ ေရွးေဟာင္းပစၥည္းဆိုင္က မီးခိုးေရာင္ ငွက္ပန္းပု႐ုပ္ေလး ။
ဒီတစ္ေန႕လုံး ဟိုႏွစ္ေယာက္ေနာက္လိုက္ခဲ့ေပမယ့္ ယုေပၚယြင္ေလး တစ္ယြမ္ေတာင္ မသုံးခဲ့ဘူး ။ ဒါေပမယ့္ ေတြ႕သမွ် ျမင္သမွ်ေတာ့
window shopping လုပ္ခဲ့တယ္ေလ ။ သူ႕ေနာက္တေကာက္ေကာက္လိုက္ခဲ့တဲ့ ကုဖုန္းက သူၾကည့္သမွ်အားလုံး ဝယ္ခ်လာပါေရာလား ။
"ဒါေတြ မင္းႀကိဳက္တယ္ထင္လို႔..အဲ့ဒါေၾကာင့္ ကိုယ္ မင္းအတြက္ ဝယ္လာခဲ့တာ "
ကုဖုန္းက အိတ္ႀကီးကို ယုေပၚယြင္ေရွ႕ တြန္းပို႔လိုက္တယ္ ။ သူ႕ကိုယ္သူလည္း ေလွာင္ေျပာင္လိုက္ဖို႔ မေမ့ဘူး ။
"အရင္က ကိုယ္ မင္းကို အခ်ိန္ေပးၿပီး အာ႐ုံမထားခဲ့မိဘူး...ေကာင္းတာေတြလည္း မေပးခဲ့မိဘူး... အခု ဒါေတြ မင္းကို ေပးပါရေစ "
ယုေပၚယြင္ ႐ုတ္တရက္ အသက္ရႉၾကပ္သြားတယ္ ။ ဘာမွေတာင္ ျပန္မေျပာနိုင္ဘူး ။
ကုဖုန္းရဲ႕ လုပ္ရပ္အတြက္ သူ ဘာျပန္ေျပာသင့္လဲ ?!
"ကိုယ္ ေတာင္းပန္ပါတယ္...အရင္က ကိုယ္ မင္းကို ဆိုးဆိုး႐ြား႐ြားေတြ ဆက္ဆံခဲ့မိတယ္ "
ကုဖုန္း ေခါင္းငိုက္စိုက္ခ်ၿပီး
"ကိုယ္မွားခဲ့တယ္ဆိုတာ ကိုယ္သိပါၿပီ...ကိုယ့္အမွားေတြအတြက္ ဘဝတေလ်ာက္လုံး
ကိုယ္ အေကာင္းဆုံး ေပးဆပ္သြားပါ့မယ္ "
ယုေပၚယြင္ ဘာမွျပန္မေျပာဘဲ အသက္ျပင္းျပင္းရႉကာ မတ္တတ္ထရပ္ၿပီး ျပန္ဖို႔ျပင္ေလတယ္ ။
ကုဖုန္း စိုးရိမ္စိတ္ေတြသာ လႊမ္းမိုးေနၿပီး
မ်ားမ်ားစားစား မေတြးမိေတာ့ဘူး ။ ကမန္းကတန္းထရပ္ကာ
"မသြားပါနဲ႕! "
သူက ေျပာလည္းေျပာ ယုေပၚယြင္ေက်ာျပင္ကို သူ႕ရင္ဘတ္နဲ႕ကပ္ၿပီး အတင္းကို ဆြဲဖက္ထားလိုက္တယ္ ။
"မသြားပါနဲ႕ေနာ္ "
"ကြၽန္ေတာ့္ကို လႊတ္ "
ယုေပၚယြင္ ကေလးခ်ီထားလ်က္နဲ႕ အံႀကိတ္ကာ ဆိုေလတယ္ ။
"ကိုယ့္ကို ယုံပါ ေပၚယြင္ရယ္...ကိုယ္ တကယ္ မင္းကို လြမ္းေနတာပါ.."
ကုဖုန္းက ယုေပၚယြင္ လည္ပင္းမွာ မ်က္ႏွာအပ္ထားတယ္ ။ ရင္းႏွီးေနတဲ့ ကိုယ္သင္းနံ႕ေလးနဲ႕ အသက္ရႉေငြ႕ႏြေးႏြေးေလးေတြက သူ႕ကိုပိုၿပီး အ႐ူးအမူးလြမ္းဆြတ္ေစတယ္ ။
"ကိုယ့္ကို တစ္မိနစ္ေလာက္ လိုက္ေလ်ာေပးပါ..တစ္မိနစ္ပဲ ဖက္ထားပါရေစ...တစ္မိနစ္ေလးပါပဲ... ေနာ္ "
ယုေပၚယြင္ ေျခလွမ္းေတြ ေလးလံသြားတယ္ ။ လမ္းေလွ်ာက္ဖို႔ေတာင္ အားမရွိေလေတာ့ဘူး ။
ဒီလူက ေနာက္ဘက္ကေန သူ႕ခါးကို တင္းေနေအာင္ ဖက္ထားတယ္ ။ သူ႕လည္ပင္းမွာ မ်က္ႏွာအပ္ၿပီး ပူျပင္းတဲ့ အသက္ရႉေငြ႕ေတြက သူ႕အေရျပားကို တိုက္ရိုက္ထိခတ္ေနတယ္ ။
သူတို႔ စကားမဆိုျဖစ္ၾကဘူး ။ အခန္းထဲက နာရီသံ တစ္ခ်က္ခ်က္ကလြဲၿပီး အရာအားလုံး တိတ္ဆိတ္လို႔ ။
အခ်ိန္တစ္ခုအၾကာ ယုေပၚယြင္ အားယူၿပီး ဆိုလိုက္ေလတယ္ ။
"အိုေခ! ကြၽန္ေတာ့္ကို လႊတ္ေတာ့ "
ကုဖုန္း စိတ္မပါစြာနဲ႕ သူ႕ေခါင္းကို ယုေပၚယြင္ လည္ပင္းၾကားပိုကပ္လိုက္တယ္ ။
ယုေပၚယြင္ ဒီလူကို ခ်ိဳးဖဲ့လိုက္ခ်င္ေပမယ့္
သူ႕လည္ပင္းေပၚက အပူခ်ိန္က သူ႕ႏွလုံးသားေတြကို ခုန္လႈပ္ေစတယ္ ။
ယုေပၚယြင္ မ်က္ေမွာင္ကုပ္ကာ လွည့္ေမးေလတယ္ ။
"ဘာလို႔ အရမ္းပူေနရတာလဲ..ခင္ဗ်ား ေနမေကာင္းဘူးလား "
ကုဖုန္းက မူးေနာက္ေနာက္နဲ႕ပဲ သူ႕ႏွဖူးသူစမ္းတယ္ ။
"ပင္ပန္းသြားလို႔ ျဖစ္မွာပါ..အဆင္ေျပပါတယ္ "
တ႐ုတ္ျပည္မွာတုန္းက ကိစၥေတြအမ်ားႀကီးၾကား နစ္ျမဳပ္ၿပီး အလုပ္ေတြ မ်ားေနခဲ့တာ ။ တစ္ရက္မွ ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ဘူး ။
ေန႕စဥ္ရက္ဆက္လည္း ေသာက္ျဖစ္ေနခဲ့ၿပီး
ကိစၥေတြ ၿပီးၿပီးခ်င္း တန္းၿပီးလိုက္လာခဲ့တာ ။ ေလယာဥ္လည္း အၾကာႀကီးစီးခဲ့ရတဲ့အျပင္ ေရာက္ေရာက္ခ်င္းအနားမယူနိုင္ဘဲ ယုေပၚယြင္သြားရာေနာက္ ခိုးေၾကာင္ခိုးဝွက္ လိုက္ေခ်ာင္းခဲ့ရေသးတယ္ ။ သူ႕တစ္ကိုယ္လုံး ကိုင္ရိုက္ထားသလို နာက်င္ေနၿပီး အေတာ္အေျခအေနဆိုးေနတယ္ ။
ခုလို အားနည္းေဖ်ာ့ေတာ့ေနခ်ိန္မွာ အဖ်ားကလည္း အလစ္ေခ်ာင္းၿပီး ဝင္လာေလာက္ၿပီေပါ့ ။ အံ့ၾသစရာမဟုတ္ပါဘူး ။
ယုေပၚယြင္ လက္ဆန့္ၿပီး ကုဖုန္းနဖူးကို စမ္းလိုက္တယ္ ။ သူ ေတြးထားတာထက္ေတာင္ ပို ပူေနတာပဲ ။
ယုေပၚယြင္ရဲ႕ အျပဳအမူေလးေၾကာင့္ ကုဖုန္းတစ္ေယာက္ ႏွလုံးပီတိ ဂြမ္းဆိထိသြားတယ္ ။
ယုေပၚယြင္ လက္ျပန္ခ်ၿပီး ကုက်ားယြဲ႕ကို ခ်ီထားလ်က္နဲ႕ ဘာလုပ္ရမွန္းမသိေတာ့စြာ ေဘးက်ပ္နံက်ပ္ျဖစ္လို႔သြားတယ္ ။
ေနမေကာင္းတဲ့လူကို ဒီတိုင္းႀကီးထားၿပီး ထြက္သြားရင္လည္း အရမ္းရက္စက္လြန္းရာက်မယ္ ။ ၿပီးေတာ့ ဖ်ားတာမွ ေတာ္ေတာ္ကို ဖ်ားေနတာေလ ။
ထြက္သြားရမလား မသြားရဘူးလား ?!
ေတြးရင္း ေတြးရင္းနဲ႕ပဲ......
ေနာက္ဆုံးေတာ့ အံႀကိတ္ကာ ကုတင္ရွိရာ လက္ညွိုးထိုးၿပီး ေအးစက္ေနတဲ့ ေလသံနဲ႕ ေျပာလိုက္တယ္ ။
"က်စ္! သြား ကုတင္ေပၚမွာ သြားလွဲေန...တစ္စက္မွ မလႈပ္နဲ႕...ကြၽန္ေတာ္ ေဆးသြားရွာလိုက္ဦးမယ္..ကြၽန္ေတာ္ေျပာတာ နားလည္လား "
ကုဖုန္း ၿပဳံးကာ အစစ္ေဆးခံမယ့္ စက္႐ုပ္တစ္႐ုပ္လို အိပ္ရာေပၚ ေတာင့္ေတာင့္ႀကီး ပစ္လွဲခ်လိဳက္တယ္ ။
သူ႕ဦးႏွောက္ႀကီးတစ္ခုလုံး ပြင့္ထြက္သြားမတတ္ကို မူးေဝေနတယ္ ။ ခ်ာခ်ာလည္ေနတာပဲ ။ ဒါေပမယ့္ သူ႕ႏွလုံးသားထဲက လွိုက္တက္လာတဲ့ စိတ္လႈပ္ရွားမႈေတြေၾကာင့္ သူ႕တစ္ကိုယ္လုံး တုန္ယင္လုလု ။
ဆုံးရႈံးသြားတဲ့အခါမွသာ တန္ဖိုးဆိုတာကို သိလာခဲ့တာ ။
အခုက အခုက သူ ဆုံးရႈံးခဲ့ရတဲ့ ယုေပၚယြင္ရဲ႕ ဂ႐ုစိုက္မႈေလး ။ ဘယ္ေတာ့မွ ျပန္မရေတာ့ဘူးထင္တဲ့ ဂ႐ုစိုက္မႈေလး ။ ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ယုေပၚယြင္ရဲ႕
ဒီဂ႐ုစိုက္မႈ မျဖစ္စေလာက္ေလးကေတာင္ သူ႕ကို အႀကီးအက်ယ္ စိတ္လႈပ္ရွားေစတယ္ ။
ဒါေလး စေနၿပီေနာ္.. ဖတ္ေပးၾကဦး 😁