Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပ...

By PhyoMonMonOo

893K 133K 7K

Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက... More

Prologue
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 132
Chapter 133
Chapter 134 + 135
Chapter 136
Chapter 137+138
Chapter 139
Chapter 140
Chapter 141+142
Chapter 143 + 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149 + 150
Chapter 151
Chapter 152
Chapter 153
Chapter 154 + 155
Chapter 156 + 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165+166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Sorry
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Manhua promotion
ဇာတ်ကောင်မိတ်ဆက်
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191
Chapter 192 + 193
Chapter 194
Chapter 195
Chapter 196
Chapter 197
Chapter 198
thanks
Chapter 199+200
Chapter 201+202
Chapter 203
Chapter 204
Chapter 205+206
Let's click for victory
Please answer me
Chapter 207(Uni)
Chapter 208 (Uni)
Chapter 209(Uni)
Chapter 210(Uni)
Chapter 207+208+209+210(Zawgyi)
Chapter 211
Chapter 212
Chapter 213 + 214 + 215(Uni)
Chapter 213+214+215(Zawgyi)
Chapter 216+217+218(U)
Chapter 216+217+218(Z)
Chapter 219+220(U)
Chapter 219 + 220(Z)
Please Read ❗❗
Chapter 223 to 229(U)
Chapter 223 to 229 (Z)
Chapter 230 to 234
Chapter 230 to 234 (Z)
Chapter 235 to 240 (Unicode )
Chapter 235 to 240 ( Zawgyi)
Chapter 241 + 242(U)
Chapter 241+242(Z)
Chapter 243 (Z+U)
တောင်းပန်ရဦးမယ် 😅
Chapter 244 +245 (U + Z)
Chapter 246 +247+248 (U)
Chapter 246+247+248(Z)
Chapter 249(Z+U)
Chapter 250 (Z+U)
Chapter 251
Chapter 252
Chapter 253
Chapter 254
Chapter 255
Chapter 256
chapter 257
Chapter 258
Chapter 259
Chapter 260
Chapter 261
Chapter 262+263+264(U)
Chapter 262+263+264(Z)
Chapter 265
Chapter 266
Chapter 267
Chapter 268
Chapter 269
Chapter 270
Chapter 271
attention please!!

Chapter 131

8.7K 1.5K 83
By PhyoMonMonOo

Weiboက ကိစ္စကတော့ အတော်လေး ချဥ်ဖို့ကောင်းတယ် ။

တင်လိုက်တဲ့ မာကက်တင်းအကောင့်ပိုင်ရှင်ကိုယ်တိုင်လည်း အချိန်တိုလေးအတွင်းမှာ ဒီကိစ္စက အဲ့လောက်ထိ ပေါ်ပြူလာဖြစ်သွားမယ်လို့ မျှော်လင့်ထားပုံမရဘူး ။ နောက်ကွယ်က အဖွဲ့ကတော့ ရူးလောက်အောင်ကို ပျော်နေလောက်ပြီ ။

click နှိပ်တဲ့လူတွေ..forward နဲ့ copy.. tag သမားတွေကြောင့် list ထိပ်ဆုံးထိ တက်ပြီးနေရာယူသွားခဲ့တာ ။
ပြောရမယ်ဆိုရင် သူတို့အတွက် ရသွားတဲ့ အကျိုးအမြတ်က အဖြူရောင်ငွေထုပ်ကြီးပိုက်မိသွားသလိုမျိုး ။

သားကောင်ရှာနေတဲ့ အဲ့ဒီမာကက်တင်းအကောင့်နောက်ကွယ်က အဖွဲ့ကယုပေါ်ယွင်တို့ကို ဘယ်လိုများ အနံ့ခံမိသွားတာလဲ မသိဘူး ။ သူတို့လက်ထဲ သက်သေရတာနဲ့ တန်းတင်ပစ်လိုက်ကြတာ ။ ပန်းဝတ်ရည်ကိုတွေ့သွားတဲ့ ပျားတွေလို ပျော်မဆုံး တပြုံးပြုံးတောင်ဖြစ်နေမှာ မြင်ယောင်သေး ။

သူတို့က သားကောင်ဖြစ်တဲ့ ယုပေါ်ယွင် နဲ့ ကုကျားယွဲ့လေးကို ခုတုံးလုပ်တယ် ။ ဒါကို ရေးကြီးခွင်ကျယ်နဲ့ ဇာချဲ့ကြတဲ့လူတွေကလည်း ချဲ့တယ် ။ အဲ့ဒီလို ဘုန်ကြီးရူး နဲ့ လှေလူးတွေ တွေ့သွားကြတဲ့အခါ သတင်းက မထင်မှတ်ထားစွာပဲ ဟိုးလေးတကြောကြော်ဖြစ်ပြီး လူတိုင်းက ပျော်ပျော်ကြီး
ဆွမ်းကြီးဝိုင်းလောင်းကြတော့တယ် ။

အဲ့လောက်ပေါ်ပြူလာဖြစ်နေမှတော့ ပြည်ပသတင်းဌာနတွေ ၊ သုတေသနဌာနတွေက ယုပေါ်ယွင်နားကို ယင်ကောင်တွေလို ဝိုင်းအုံလာကြတာ မဆန်းတော့ပါဘူး ။

သူတို့ထင်နေတာက ရှောင်လွှဲလို့မရတော့တဲ့ ယုပေါ်ယွင်က ရှေ့ထွက်လာပြီး သူတို့မေးသမျှ သူတို့သုတေသနပြုသမျှ ခံနေမယ်လို့ ။
အဲ့ဒါဆို သူတို့အတွက် အကျိုးအမြတ်ကလည်း မှန်းဆမရတော့ဘူးလေ ။ သူတို့ရဲ့ ဘဏ်အကောင့်တွေကတော့ သပိတ်ဝင် အိတ်
ဝင်တွေ ဖြစ်ကြတော့မှာ ။

လောဘကို အတောမသတ်နိုင်တဲ့ မြောက်များလှစွာသော လူအုပ်ကြီးက ယုပေါ်ယွင်ထွက်မလာမချင်း ဆေးရုံမှာပဲ ထိုင်လျက်တမျိုး ထ,လျက်တသွယ် လဲလျောင်းလျက်တဖုံ
မညီးမညူစောင့်ဆိုင်းနေကြတယ် ။

ဒီရက်ပိုင်းလေးကတော့ ဆေးရုံရဲ့ဘဝက အတော့်ကို ခက်ခက်ခဲခဲ ။ အထူးသဖြင့် တာဝန်ကျတဲ့ လုံခြုံရေးအစောင့်တွေ ။ မီဒီယာသမားတွေရဲ့ မေးခွန်းတွေနဲ့ ကင်မရာတွေကို နေ့စဥ်နေ့တိုင်း ရင်ဆိုင်နေရတယ် ။ ဒါက အရမ်းကို စိတ်ဆင်းရဲစရာပဲ ။

ကုဖုန်းက အကြိမ်ပေါင်းများစွာ အကြမ်းနည်းသုံးဖို့ကြိုးစားပေမယ့် ယုပေါ်ယွင်တားထားတာကြောင့် မလုပ်ဖြစ်ဘူး ။

ယုပေါ်ယွင်က အဲ့ဒါနဲ့ပတ်သတ်ပြီး စဥ်းစားနေတယ် ။

ပိုင်ရှီရှန်းက ယုပေါ်ယွင်ရှေ့မှာထိုင်နေရင်းက မေးလိုက်တယ် ။
"မင်း ဘာတွေ စဥ်းစားနေတာလဲ "

"ဖိအားပေးပြီး အတင်းအကြပ်လုပ်လိုက်ရင် သူတို့မှာ ကြောက်လန့်စိတ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး "

ယုပေါ်ယွင်က ဆေးရုံဝတ်စုံကို ပြောင်းလဲထားပြီး သူ့ပုံစံက အတော်လေး ခက်ထန်နေတယ် ။

"သတ္တိတွေသိပ်ကောင်းပြီး ကျွန်တော့်ကလေးကို အသုံးချပြီး ငွေရှာချင်နေတယ်ဆိုတော့လည်း ကံဆိုးမိုးမှောင်ကျခြင်းက ဘာလဲဆိုတာ ပြပေးရမှာပေါ့ "

"မင်းက အရင်လို မဟုတ်ဘူးလေ "
ပိုင်ရှီရှန်းက စိုးရိမ်နေဆဲဖြစ်ပြီး သူ့စိတ်ထဲမှာ ပူပင်နေတုန်းပဲ ။

"မင်းက သားတစ်ယောက်အဖေဖြစ်နေပြီ...စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့..
မင်း စိတ်လိုက်မာန်ပါတွေလုပ်လိုက်ရင် မင်းရဲ့သားလေးပဲ........."

"မစိုးရိမ်ပါနဲ့ "
ယုပေါ်ယွင် ခေါင်းညိတ်တယ် ။ သူက လုံးဝကို တည်တည်ငြိမ်ငြိမ်ပဲ ။
"ကျွန်တော် တွေးထားတဲ့အတိုင်းပဲ လုပ်မှာပါ..ဘယ်လိုအကြောင်းတရားတွေပဲဖြစ်လာဖြစ်လာ ကျွန်တော့်သားလေးကိုတော့ အန္တရာယ်တွင်းထဲ တွန်းမပို့ပါဘူး..ကျွန်တော်သာ ခုန်ဆင်းလိုက်မှာပါ "

ပိုင်ရှီရှန်းက ကူကယ်ရာမဲ့စွာ အကြာကြီး ငြိမ်သက်သွားတယ် ။နောက်မှ ခေါင်းကို လေးပင်စွာ ညိတ်လိုက်တယ် ။
"ဒီလိုဆိုမှတော့ မင်းကို ယုံကြည်ပေးရုံအပြင် မရှိတော့ဘူးပေါ့ "

ထိုအချိန်မှာ လူနာခန်းတံခါးပွင့်သွားပြီး ဂျူတီကုတ်အဖြူရောင်ဝတ် လူတစ်ယောက်နဲ့ ဝတ်စုံပြည့်ဝတ်ထားတဲ့ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်တို့ ဝင်လာကြတယ် ။

ပိုင်ရှီရှန်းက မတ်တတ်ရပ်ပြီး ဂျူတီကုတ်ဝတ်ထားတဲ့လူကို ခေါ်လိုက်တယ် ။
"လက်ထောက်ဒါရိုက်တာ ဟောင် "

ထိုလူက အနည်းငယ် မောက်မာစွာ ပိုင်ရှီရှန်းနဲ့မျက်နှာချင်းဆိုင်လိုက်ပေမယ့် ဝတ်စုံပြည့်ဝတ်လူဘက်လှည့်လိုက်ချိန်မှာတော့ သူ့မျက်နှာက ပကတိအတိုင်းဖြစ်လို့သွားတယ် ။

"ထိုင်ပါ ဒေါက်တာ ဖန်း "

ယုပေါ်ယွင်နဲ့ ပိုင်ရှီရှန်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး သူတို့ခေါင်းထဲမှာလည်း အချက်ပေးခေါင်းလောင်းသံတွေမြည်သွားကြတယ် ။

ဆေးရုံမှာ အစောင့်အကြပ်တွေ အများကြီး ။
ယုပေါ်ယွင်ရှိတဲ့ အထပ်မှာတင်မကဘဲ ယုပေါ်ယွင် အခန်းပတ်ပတ်လည်မှာပါ ဘော်ဒီဂတ်တွေ အထပ်ထပ် စောင့်ကြပ်နေတာ ။ ယုပေါ်ယွင် ဆွေမျိုး ၊ သူငယ်ချင်းအချို့နဲ့ ရွေးချယ်တာဝန်ပေးထားတဲ့ ဆရာဝန်အနည်းငယ်မှအပ ဘယ်သူမှကို အနားကပ်ခွင့်မရှိဘူးလေ ။

သူတို့ကြားမှာ ဒီ လက်ထောက်ဒါရိုက်တာ ဟောင်လည်း အပါအဝင်ပဲ ။

မတ်တတ်ရပ်နေဆဲဖြစ်တဲ့ ဒေါက်တာဖန်းလို့ခေါ်တွင်သူကို မျက်နှာချိုသွေးနေတာက လက်ထောက်ဒါရိုက်တာ ဟောင် ။ သူက ကျယ်ကျယ်လောင်လောင်ရယ်လိုက်ပြီး ယုပေါ်ယွင် နဲ့ ပိုင်ရှီရှန်းကို ထိုလူနဲ့ မိတ်ဆက်ပေးလေတယ် ။
"မင်းတို့နှစ်ယောက်နဲ့ မိတ်ဆက်ပေးရဦးမယ်..ဒါက ဇီဝဗေဒဌာနရဲ့ နောက်တက်မယ့် ဒါရိုက်တာ တစ်ဖြစ်လည်း ဒေါက်တာ ဖန်းကျန်လင်းပါ "

ဖန်းကျန်လင်းက ခေါင်းညိတ်ပြတယ် ။
"ဒေါက်တာ ဖန်းပါ "
သူပုံစံက အနည်းငယ် ဘဝင်လေဟပ်နေဟန် ။

"ဒေါက်တာဖန်းကို ဒီအခန်းထဲ ခေါ်လာတာ ခင်ဗျားလား လက်ထောက်ဒါရိုက်တာ ဟောင် "
ပိုင်ရှီရှန်းမျက်နှာက အနည်းငယ် ပျက်ယွင်းနေတယ် ။

"မင်း နားမလည်ပါဘူး "
လက်ထောက်ဒါရိုက်တာ ဟောင်ရဲ့မျက်နှာက အပြုံးတွေပျောက်ကွယ်သွားပြီး သူ့ရဲ့လက်အောက်ငယ်သား တပည့်တစ်ယောက်ကို သင်ခန်းစားပို့ချတော့မယ့်ပုံမျိုးနဲ့ လေးနက်တည်ကြည်လို့သွားတယ် ။
"ဒေါက်တာ ဖန်းက ဇီဝဗေဒနယ်ပယ်မှာတော့ နာမည်ကျော်ကြားလူသိများတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ..သူ့ရဲ့အလုပ်အကိုင်ကို နိုင်ငံတကာ ဂျာနယ်တွေကတောင် တခမ်းတနားဖော်ပြခံရတာ..ဇီဝဗေဒ သုတေသနဌာနရဲ့ အာဏာကုန်လွှဲအပ်ခြင်း ခံထားရတဲ့သူပဲ.."
လက်ထောက်ဒါရိုက်တာ ဟောင်ရဲ့ မျက်လုံးထဲမှာ မနာလိုအားကျခြင်း နဲ့ နှစ်ထောင်းအားရခြင်းတွေ အပြည့် ။

ဖန်းကျန်လင်းက ဟန်ဆောင်ပန်ဆောင် ချောင်းဟန့်လိုက်ပြီး ကြင်နာသနားမှုအပြည့်ရှိဟန်နဲ့ ဆိုလေတယ် ။
"ဒီကိုရောက်လာရတဲ့ အဓိက ရည်ရွယ်ချက်က ဒီမှာ ကိုယ်ဝန်ဆောင်နိုင်ပြီး ကလေးမွေးဖွားနိုင်တဲ့ အမျိုးသားတစ်ယောက်ရှိတယ် ကြားမိလို့ပါ...ကျွန်တော်က မကြာသေးခင်ကမှ ခန္ဓဗေဒ ၊ ဇီဝဗေဒ မျိုးပွားမှုတွေနဲ့ပတ်သတ်တဲ့ ပရောဂျက်တစ်ခု စလုပ်နေတာလေ.. ကျွန်တော့်ရဲ့ ပရောဂျက်အတွက် မေးချင်တာလေးတွေရှိလို့... ကျွန်တော့်ကို ကူညီပြီး ရှင်းပြပေးမယ်ထင်မိလို့! "

ယုပေါ်ယွင် ခပ်တည်တည်စိုက်ကြည့်နေပေမယ့် သူ့မျက်လုံးထဲက အေးစက်မှုတွေက အပြင်ထိတောင်ထိုး​ဖောက်ထွက်လာတော့မတတ်ပဲ ။

ဖန်းကျန်လင်းက အပြင်လူတွေရဲ့အမြင်ကို ထည့်တွက်ခြင်းတောင်မရှိတော့ဘူး ။ သူ့ရဲ့ ပရောဂျက်အကြောင်းသာ သူ့ခေါင်းထဲရှိလေတယ် ။

သူ့ရဲ့ ပရောဂျက်ကို ဘယ်သူကများ ပူးပေါင်းပါဝင်ချင်နေလို့လဲ ?!

ဖန်းကျန်လင်းက မတန်မရာကို တောင်းဆိုနေတုန်းပဲ ။
"မင်းရဲ့ကလေးကို ငါ့ဆီအရင်ဆုံးပေးမယ်လို့ မျှော်လင့်ပါတယ်..ငါ ကောင်းကောင်းအသုံးချမှာပါ..ကလေးအတွက် ဘာအန္တရာယ်မှမရှိတာမို့ မင်း စိတ်ချလက်ချနေလို့ရပါတယ်..မင်းရဲ့ အကျိုးခံစားခွင့်ကိုလည်း ငါတို့ ထည့်သွင်းစဥ်းစားပေးမှာပါ..
ပရောဂျက် အောင်မြင်နေသရွေ့တော့ ငွေဆိုတာ ပူစရာမလိုပါဘူး..ဒါက ကြီးကျယ်မြင့်မြတ်တဲ့အောင်မြင်မှုတစ်ခုပဲ.. နိုင်ငံတော်က
မင်းကို ပုဂ္ဂိုလ်ရေးအရ ချီးမြှောက်မှုတွေ ပေးအပ်လာမှကွ..ကောင်လေး မင်းတော့ ကံကောင်းမှုတွေ ပွေ့ပိုက်မိတာပဲ "

လက်ထောက်ဒါရိုက်တာဟောင်တစ်ယောက်
ဒေါက်တာဖန်းရဲ့စကားတွေနားထောင်ပြီး နှလုံးသားထဲမှာတောင် မီးတွေတောက်လောင်ပြီး ပူတက်လာတယ် ။

သူ့မှာ ကုဖုန်းရဲ့ပါဝါကို ကြောက်လွန်းလို့သာ ငြိမ်နေရတာ ။ ခုတော့ ဒေါက်တာဖန်းရဲ့ သွေးဆောင်တဲ့ ရှင်းပြချက်တွေကိုကြားပြီး
သတ္တိတွေ ရှိလာခဲ့ပြီ ။ ဒေါက်တာဖန်းက နိုင်ငံရေးမှာရော သုတေသနဌာနပေါင်းစုံမှာပါ ကျင်လည်ကျက်စားနေတာ နှစ်ပေါင်းမနည်းတော့ဘူး ။ ဒီလူရဲ့နောက်မှာ အဲ့ဒီအသိုင်းအဝိုင်းကြီးတစ်ခုလုံး ရှိနေတယ် ။
ထို့အပြင် ပရောဂျက် စတင်ထားတဲ့ ရင်းနှီးမတည်ငွေ နဲ့ ရန်ပုံငွေတွေက မနည်းမနော ။
ဒါကိုကြည့်ရုံနဲ့ ဒီလူရဲ့နောက်မှာ ကျောထောက်နောက်ခံကြီးကြီးတစ်ခုရှိနေတယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် သိသာထင်ရှားတယ် ။

ပြီးတော့ သူ 'ဟောင်ကူအန်း' ။ သူသာ ယုပေါ်ယွင်ရဲ့ကလေးကို သုတေသနပြုဖို့ စွမ်းဆောင်ပေးနိုင်ရင် ဒီပရောဂျက်ကြီးရှိနေသမျှ
သူ့ အကြွေးဝယ်ကဒ်လေးတွေ လွှင့်ပစ်လိုက်လို့ရပြီလေ ။ အဲ့ဒီအစား သူ့ရဲ့ဘဏ်အကောင့်မှာ သုညတွေ မြောက်များလှစွာတိုးလာတာကို ပီတိတဝေဝေနဲ့ ထိုင်ကြည့်နေရုံပဲကို ။

အဲ့ဒီနည်းလမ်းနဲ့ သူ နာမည်ကျော်ကြား လူသိများသွားခဲ့ရင် ဒါရိုက်တာအသိုင်းအဝိုင်းမှာ ဘယ်သူကများ သူ့ရဲ့ ရေပန်းစားမှုကို တောင့်ခံနိုင်တော့မှာလဲ ။

စိတ်ကူးနဲ့တင်ရူးနေပြီဖြစ်တဲ့ ဟောင်ကူအန်း ။ အေးဆေးတည်ငြိမ်နေတဲ့ ယုပေါ်ယွင်နောက်ကျောကို စိတ်အားထက်သန်စွာ ကြည့်လိုက်တယ် ။ သူ့မျက်လုံးတွေက သြဇာအာဏာယစ်မူးပြီး လောဘရောင်တွေ တဝင်းဝင်းနဲ့ ။

***************************************

Weiboက ကိစၥကေတာ့ အေတာ္ေလး ခ်ဥ္ဖို႔ေကာင္းတယ္ ။

တင္လိုက္တဲ့ မာကက္တင္းအေကာင့္ပိုင္ရွင္ကိုယ္တိုင္လည္း အခ်ိန္တိုေလးအတြင္းမွာ ဒီကိစၥက အဲ့ေလာက္ထိ ေပၚျပဴလာျဖစ္သြားမယ္လို႔ ေမွ်ာ္လင့္ထားပုံမရဘူး ။ ေနာက္ကြယ္က အဖြဲ႕ကေတာ့ ႐ူးေလာက္ေအာင္ကို ေပ်ာ္ေနေလာက္ၿပီ ။

click ႏွိပ္တဲ့လူေတြ..forward နဲ႕ copy.. tag သမားေတြေၾကာင့္ list ထိပ္ဆုံးထိ တက္ၿပီးေနရာယူသြားခဲ့တာ ။
ေျပာရမယ္ဆိုရင္ သူတို႔အတြက္ ရသြားတဲ့ အက်ိဳးအျမတ္က အျဖဴေရာင္ေငြထုပ္ႀကီးပိုက္မိသြားသလိုမ်ိဳး ။

သားေကာင္ရွာေနတဲ့ အဲ့ဒီမာကက္တင္းအေကာင့္ေနာက္ကြယ္က အဖြဲ႕ကယုေပၚယြင္တို႔ကို ဘယ္လိုမ်ား အနံ႕ခံမိသြားတာလဲ မသိဘူး ။ သူတို႔လက္ထဲ သက္ေသရတာနဲ႕ တန္းတင္ပစ္လိုက္ၾကတာ ။ ပန္းဝတ္ရည္ကိုေတြ႕သြားတဲ့ ပ်ားေတြလို ေပ်ာ္မဆုံး တၿပဳံးၿပဳံးေတာင္ျဖစ္ေနမွာ ျမင္ေယာင္ေသး ။

သူတို႔က သားေကာင္ျဖစ္တဲ့ ယုေပၚယြင္ နဲ႕ ကုက်ားယြဲ႕ေလးကို ခုတုံးလုပ္တယ္ ။ ဒါကို ေရးႀကီးခြင္က်ယ္နဲ႕ ဇာခ်ဲ့ၾကတဲ့လူေတြကလည္း ခ်ဲ့တယ္ ။ အဲ့ဒီလို ဘုန္ႀကီး႐ူး နဲ႕ ေလွလူးေတြ ေတြ႕သြားၾကတဲ့အခါ သတင္းက မထင္မွတ္ထားစြာပဲ ဟိုးေလးတေၾကာေၾကာ္ျဖစ္ၿပီး လူတိုင္းက ေပ်ာ္ေပ်ာ္ႀကီး
ဆြမ္းႀကီးဝိုင္းေလာင္းၾကေတာ့တယ္ ။

အဲ့ေလာက္ေပၚျပဴလာျဖစ္ေနမွေတာ့ ျပည္ပသတင္းဌာနေတြ ၊ သုေတသနဌာနေတြက ယုေပၚယြင္နားကို ယင္ေကာင္ေတြလို ဝိုင္းအုံလာၾကတာ မဆန္းေတာ့ပါဘူး ။

သူတို႔ထင္ေနတာက ေရွာင္လႊဲလို႔မရေတာ့တဲ့ ယုေပၚယြင္က ေရွ႕ထြက္လာၿပီး သူတို႔ေမးသမွ် သူတို႔သုေတသနျပဳသမွ် ခံေနမယ္လို႔ ။
အဲ့ဒါဆို သူတို႔အတြက္ အက်ိဳးအျမတ္ကလည္း မွန္းဆမရေတာ့ဘူးေလ ။ သူတို႔ရဲ႕ ဘဏ္အေကာင့္ေတြကေတာ့ သပိတ္ဝင္ အိတ္
ဝင္ေတြ ျဖစ္ၾကေတာ့မွာ ။

ေလာဘကို အေတာမသတ္နိုင္တဲ့ ေျမာက္မ်ားလွစြာေသာ လူအုပ္ႀကီးက ယုေပၚယြင္ထြက္မလာမခ်င္း ေဆး႐ုံမွာပဲ ထိုင္လ်က္တမ်ိဳး ထ,လ်က္တသြယ္ လဲေလ်ာင္းလ်က္တဖုံ
မညီးမၫူေစာင့္ဆိုင္းေနၾကတယ္ ။

ဒီရက္ပိုင္းေလးကေတာ့ ေဆး႐ုံရဲ႕ဘဝက အေတာ့္ကို ခက္ခက္ခဲခဲ ။ အထူးသျဖင့္ တာဝန္က်တဲ့ လုံၿခဳံေရးအေစာင့္ေတြ ။ မီဒီယာသမားေတြရဲ႕ ေမးခြန္းေတြနဲ႕ ကင္မရာေတြကို ေန႕စဥ္ေန႕တိုင္း ရင္ဆိုင္ေနရတယ္ ။ ဒါက အရမ္းကို စိတ္ဆင္းရဲစရာပဲ ။

ကုဖုန္းက အႀကိမ္ေပါင္းမ်ားစြာ အၾကမ္းနည္းသုံးဖို႔ႀကိဳးစားေပမယ့္ ယုေပၚယြင္တားထားတာေၾကာင့္ မလုပ္ျဖစ္ဘူး ။

ယုေပၚယြင္က အဲ့ဒါနဲ႕ပတ္သတ္ၿပီး စဥ္းစားေနတယ္ ။

ပိုင္ရွီရွန္းက ယုေပၚယြင္ေရွ႕မွာထိုင္ေနရင္းက ေမးလိုက္တယ္ ။
"မင္း ဘာေတြ စဥ္းစားေနတာလဲ "

"ဖိအားေပးၿပီး အတင္းအၾကပ္လုပ္လိုက္ရင္ သူတို႔မွာ ေၾကာက္လန့္စိတ္ဆိုတာ ရွိေတာ့မွာမဟုတ္ဘူး "

ယုေပၚယြင္က ေဆး႐ုံဝတ္စုံကို ေျပာင္းလဲထားၿပီး သူ႕ပုံစံက အေတာ္ေလး ခက္ထန္ေနတယ္ ။

"သတၱိေတြသိပ္ေကာင္းၿပီး ကြၽန္ေတာ့္ကေလးကို အသုံးခ်ၿပီး ေငြရွာခ်င္ေနတယ္ဆိုေတာ့လည္း ကံဆိုးမိုးေမွာင္က်ျခင္းက ဘာလဲဆိုတာ ျပေပးရမွာေပါ့ "

"မင္းက အရင္လို မဟုတ္ဘူးေလ "
ပိုင္ရွီရွန္းက စိုးရိမ္ေနဆဲျဖစ္ၿပီး သူ႕စိတ္ထဲမွာ ပူပင္ေနတုန္းပဲ ။

"မင္းက သားတစ္ေယာက္အေဖျဖစ္ေနၿပီ...စိတ္လိုက္မာန္ပါေတြ မလုပ္ပါနဲ႕..
မင္း စိတ္လိုက္မာန္ပါေတြလုပ္လိုက္ရင္ မင္းရဲ႕သားေလးပဲ........."

"မစိုးရိမ္ပါနဲ႕ "
ယုေပၚယြင္ ေခါင္းညိတ္တယ္ ။ သူက လုံးဝကို တည္တည္ၿငိမ္ၿငိမ္ပဲ ။
"ကြၽန္ေတာ္ ေတြးထားတဲ့အတိုင္းပဲ လုပ္မွာပါ..ဘယ္လိုအေၾကာင္းတရားေတြပဲျဖစ္လာျဖစ္လာ ကြၽန္ေတာ့္သားေလးကိုေတာ့ အႏၱရာယ္တြင္းထဲ တြန္းမပို႔ပါဘူး..ကြၽန္ေတာ္သာ ခုန္ဆင္းလိုက္မွာပါ "

ပိုင္ရွီရွန္းက ကူကယ္ရာမဲ့စြာ အၾကာႀကီး ၿငိမ္သက္သြားတယ္ ။ေနာက္မွ ေခါင္းကို ေလးပင္စြာ ညိတ္လိုက္တယ္ ။
"ဒီလိုဆိုမွေတာ့ မင္းကို ယုံၾကည္ေပး႐ုံအျပင္ မရွိေတာ့ဘူးေပါ့ "

ထိုအခ်ိန္မွာ လူနာခန္းတံခါးပြင့္သြားၿပီး ဂ်ဴတီကုတ္အျဖဴေရာင္ဝတ္ လူတစ္ေယာက္နဲ႕ ဝတ္စုံျပည့္ဝတ္ထားတဲ့ သက္လတ္ပိုင္းအ႐ြယ္လူတစ္ေယာက္တို႔ ဝင္လာၾကတယ္ ။

ပိုင္ရွီရွန္းက မတ္တတ္ရပ္ၿပီး ဂ်ဴတီကုတ္ဝတ္ထားတဲ့လူကို ေခၚလိုက္တယ္ ။
"လက္ေထာက္ဒါရိုက္တာ ေဟာင္ "

ထိုလူက အနည္းငယ္ ေမာက္မာစြာ ပိုင္ရွီရွန္းနဲ႕မ်က္ႏွာခ်င္းဆိုင္လိုက္ေပမယ့္ ဝတ္စုံျပည့္ဝတ္လူဘက္လွည့္လိုက္ခ်ိန္မွာေတာ့ သူ႕မ်က္ႏွာက ပကတိအတိုင္းျဖစ္လို႔သြားတယ္ ။

"ထိုင္ပါ ေဒါက္တာ ဖန္း "

ယုေပၚယြင္နဲ႕ ပိုင္ရွီရွန္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ၿပီး သူတို႔ေခါင္းထဲမွာလည္း အခ်က္ေပးေခါင္းေလာင္းသံေတြျမည္သြားၾကတယ္ ။

ေဆး႐ုံမွာ အေစာင့္အၾကပ္ေတြ အမ်ားႀကီး ။
ယုေပၚယြင္ရွိတဲ့ အထပ္မွာတင္မကဘဲ ယုေပၚယြင္ အခန္းပတ္ပတ္လည္မွာပါ ေဘာ္ဒီဂတ္ေတြ အထပ္ထပ္ ေစာင့္ၾကပ္ေနတာ ။ ယုေပၚယြင္ ေဆြမ်ိဳး ၊ သူငယ္ခ်င္းအခ်ိဳ႕နဲ႕ ေ႐ြးခ်ယ္တာဝန္ေပးထားတဲ့ ဆရာဝန္အနည္းငယ္မွအပ ဘယ္သူမွကို အနားကပ္ခြင့္မရွိဘူးေလ ။

သူတို႔ၾကားမွာ ဒီ လက္ေထာက္ဒါရိုက္တာ ေဟာင္လည္း အပါအဝင္ပဲ ။

မတ္တတ္ရပ္ေနဆဲျဖစ္တဲ့ ေဒါက္တာဖန္းလို႔ေခၚတြင္သူကို မ်က္ႏွာခ်ိဳေသြးေနတာက လက္ေထာက္ဒါရိုက္တာ ေဟာင္ ။ သူက က်ယ္က်ယ္ေလာင္ေလာင္ရယ္လိုက္ၿပီး ယုေပၚယြင္ နဲ႕ ပိုင္ရွီရွန္းကို ထိုလူနဲ႕ မိတ္ဆက္ေပးေလတယ္ ။
"မင္းတို႔ႏွစ္ေယာက္နဲ႕ မိတ္ဆက္ေပးရဦးမယ္..ဒါက ဇီဝေဗဒဌာနရဲ႕ ေနာက္တက္မယ့္ ဒါရိုက္တာ တစ္ျဖစ္လည္း ေဒါက္တာ ဖန္းက်န္လင္းပါ "

ဖန္းက်န္လင္းက ေခါင္းညိတ္ျပတယ္ ။
"ေဒါက္တာ ဖန္းပါ "
သူပုံစံက အနည္းငယ္ ဘဝင္ေလဟပ္ေနဟန္ ။

"ေဒါက္တာဖန္းကို ဒီအခန္းထဲ ေခၚလာတာ ခင္ဗ်ားလား လက္ေထာက္ဒါရိုက္တာ ေဟာင္ "
ပိုင္ရွီရွန္းမ်က္ႏွာက အနည္းငယ္ ပ်က္ယြင္းေနတယ္ ။

"မင္း နားမလည္ပါဘူး "
လက္ေထာက္ဒါရိုက္တာ ေဟာင္ရဲ႕မ်က္ႏွာက အၿပဳံးေတြေပ်ာက္ကြယ္သြားၿပီး သူ႕ရဲ႕လက္ေအာက္ငယ္သား တပည့္တစ္ေယာက္ကို သင္ခန္းစားပို႔ခ်ေတာ့မယ့္ပုံမ်ိဳးနဲ႕ ေလးနက္တည္ၾကည္လို႔သြားတယ္ ။
"ေဒါက္တာ ဖန္းက ဇီဝေဗဒနယ္ပယ္မွာေတာ့ နာမည္ေက်ာ္ၾကားလူသိမ်ားတဲ့ ကြၽမ္းက်င္ပညာရွင္တစ္ေယာက္ပဲ..သူ႕ရဲ႕အလုပ္အကိုင္ကို နိုင္ငံတကာ ဂ်ာနယ္ေတြကေတာင္ တခမ္းတနားေဖာ္ျပခံရတာ..ဇီဝေဗဒ သုေတသနဌာနရဲ႕ အာဏာကုန္လႊဲအပ္ျခင္း ခံထားရတဲ့သူပဲ.."
လက္ေထာက္ဒါရိုက္တာ ေဟာင္ရဲ႕ မ်က္လုံးထဲမွာ မနာလိုအားက်ျခင္း နဲ႕ ႏွစ္ေထာင္းအားရျခင္းေတြ အျပည့္ ။

ဖန္းက်န္လင္းက ဟန္ေဆာင္ပန္ေဆာင္ ေခ်ာင္းဟန့္လိုက္ၿပီး ၾကင္နာသနားမႈအျပည့္ရွိဟန္နဲ႕ ဆိုေလတယ္ ။
"ဒီကိုေရာက္လာရတဲ့ အဓိက ရည္႐ြယ္ခ်က္က ဒီမွာ ကိုယ္ဝန္ေဆာင္နိုင္ၿပီး ကေလးေမြးဖြားနိုင္တဲ့ အမ်ိဳးသားတစ္ေယာက္ရွိတယ္ ၾကားမိလို႔ပါ...ကြၽန္ေတာ္က မၾကာေသးခင္ကမွ ခႏၶေဗဒ ၊ ဇီဝေဗဒ မ်ိဳးပြားမႈေတြနဲ႕ပတ္သတ္တဲ့ ပေရာဂ်က္တစ္ခု စလုပ္ေနတာေလ.. ကြၽန္ေတာ့္ရဲ႕ ပေရာဂ်က္အတြက္ ေမးခ်င္တာေလးေတြရွိလို႔... ကြၽန္ေတာ့္ကို ကူညီၿပီး ရွင္းျပေပးမယ္ထင္မိလို႔! "

ယုေပၚယြင္ ခပ္တည္တည္စိုက္ၾကည့္ေနေပမယ့္ သူ႕မ်က္လုံးထဲက ေအးစက္မႈေတြက အျပင္ထိေတာင္ထိုးေဖာက္ထြက္လာေတာ့မတတ္ပဲ ။

ဖန္းက်န္လင္းက အျပင္လူေတြရဲ႕အျမင္ကို ထည့္တြက္ျခင္းေတာင္မရွိေတာ့ဘူး ။ သူ႕ရဲ႕ ပေရာဂ်က္အေၾကာင္းသာ သူ႕ေခါင္းထဲရွိေလတယ္ ။

သူ႕ရဲ႕ ပေရာဂ်က္ကို ဘယ္သူကမ်ား ပူးေပါင္းပါဝင္ခ်င္ေနလို႔လဲ ?!

ဖန္းက်န္လင္းက မတန္မရာကို ေတာင္းဆိုေနတုန္းပဲ ။
"မင္းရဲ႕ကေလးကို ငါ့ဆီအရင္ဆုံးေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္..ငါ ေကာင္းေကာင္းအသုံးခ်မွာပါ..ကေလးအတြက္ ဘာအႏၱရာယ္မွမရွိတာမို႔ မင္း စိတ္ခ်လက္ခ်ေနလို႔ရပါတယ္..မင္းရဲ႕ အက်ိဳးခံစားခြင့္ကိုလည္း ငါတို႔ ထည့္သြင္းစဥ္းစားေပးမွာပါ..
ပေရာဂ်က္ ေအာင္ျမင္ေနသေ႐ြ႕ေတာ့ ေငြဆိုတာ ပူစရာမလိုပါဘူး..ဒါက ႀကီးက်ယ္ျမင့္ျမတ္တဲ့ေအာင္ျမင္မႈတစ္ခုပဲ.. နိုင္ငံေတာ္က
မင္းကို ပုဂၢိုလ္ေရးအရ ခ်ီးျမႇောက္မႈေတြ ေပးအပ္လာမွကြ..ေကာင္ေလး မင္းေတာ့ ကံေကာင္းမႈေတြ ေပြ႕ပိုက္မိတာပဲ "

လက္ေထာက္ဒါရိုက္တာေဟာင္တစ္ေယာက္
ေဒါက္တာဖန္းရဲ႕စကားေတြနားေထာင္ၿပီး ႏွလုံးသားထဲမွာေတာင္ မီးေတြေတာက္ေလာင္ၿပီး ပူတက္လာတယ္ ။

သူ႕မွာ ကုဖုန္းရဲ႕ပါဝါကို ေၾကာက္လြန္းလို႔သာ ၿငိမ္ေနရတာ ။ ခုေတာ့ ေဒါက္တာဖန္းရဲ႕ ေသြးေဆာင္တဲ့ ရွင္းျပခ်က္ေတြကိုၾကားၿပီး
သတၱိေတြ ရွိလာခဲ့ၿပီ ။ ေဒါက္တာဖန္းက နိုင္ငံေရးမွာေရာ သုေတသနဌာနေပါင္းစုံမွာပါ က်င္လည္က်က္စားေနတာ ႏွစ္ေပါင္းမနည္းေတာ့ဘူး ။ ဒီလူရဲ႕ေနာက္မွာ အဲ့ဒီအသိုင္းအဝိုင္းႀကီးတစ္ခုလုံး ရွိေနတယ္ ။
ထို႔အျပင္ ပေရာဂ်က္ စတင္ထားတဲ့ ရင္းႏွီးမတည္ေငြ နဲ႕ ရန္ပုံေငြေတြက မနည္းမေနာ ။
ဒါကိုၾကည့္႐ုံနဲ႕ ဒီလူရဲ႕ေနာက္မွာ ေက်ာေထာက္ေနာက္ခံႀကီးႀကီးတစ္ခုရွိေနတယ္ဆိုတာ ေတြးၾကည့္႐ုံနဲ႕တင္ သိသာထင္ရွားတယ္ ။

ၿပီးေတာ့ သူ 'ေဟာင္ကူအန္း' ။ သူသာ ယုေပၚယြင္ရဲ႕ကေလးကို သုေတသနျပဳဖို႔ စြမ္းေဆာင္ေပးနိုင္ရင္ ဒီပေရာဂ်က္ႀကီးရွိေနသမွ်
သူ႕ အေႂကြးဝယ္ကဒ္ေလးေတြ လႊင့္ပစ္လိုက္လို႔ရၿပီေလ ။ အဲ့ဒီအစား သူ႕ရဲ႕ဘဏ္အေကာင့္မွာ သုညေတြ ေျမာက္မ်ားလွစြာတိုးလာတာကို ပီတိတေဝေဝနဲ႕ ထိုင္ၾကည့္ေန႐ုံပဲကို ။

အဲ့ဒီနည္းလမ္းနဲ႕ သူ နာမည္ေက်ာ္ၾကား လူသိမ်ားသြားခဲ့ရင္ ဒါရိုက္တာအသိုင္းအဝိုင္းမွာ ဘယ္သူကမ်ား သူ႕ရဲ႕ ေရပန္းစားမႈကို ေတာင့္ခံနိုင္ေတာ့မွာလဲ ။

စိတ္ကူးနဲ႕တင္႐ူးေနၿပီျဖစ္တဲ့ ေဟာင္ကူအန္း ။ ေအးေဆးတည္ၿငိမ္ေနတဲ့ ယုေပၚယြင္ေနာက္ေက်ာကို စိတ္အားထက္သန္စြာ ၾကည့္လိုက္တယ္ ။ သူ႕မ်က္လုံးေတြက ၾသဇာအာဏာယစ္မူးၿပီး ေလာဘေရာင္ေတြ တဝင္းဝင္းနဲ႕ ။

Continue Reading

You'll Also Like

173K 20.4K 64
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
1.1M 60.1K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
3.4M 277K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
994K 116K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...