Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပ...

By PhyoMonMonOo

896K 134K 7K

Author >> Ju Mao Ge Ge Original title >> Da Lao Dai Qiu Pao ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး သွေးနားထင်ရောက... More

Prologue
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134 + 135
Chapter 136
Chapter 137+138
Chapter 139
Chapter 140
Chapter 141+142
Chapter 143 + 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149 + 150
Chapter 151
Chapter 152
Chapter 153
Chapter 154 + 155
Chapter 156 + 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165+166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Sorry
Chapter 178
Chapter 179
Chapter 180
Chapter 181
Chapter 182
Chapter 183
Chapter 184
Manhua promotion
ဇာတ်ကောင်မိတ်ဆက်
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Chapter 191
Chapter 192 + 193
Chapter 194
Chapter 195
Chapter 196
Chapter 197
Chapter 198
thanks
Chapter 199+200
Chapter 201+202
Chapter 203
Chapter 204
Chapter 205+206
Let's click for victory
Please answer me
Chapter 207(Uni)
Chapter 208 (Uni)
Chapter 209(Uni)
Chapter 210(Uni)
Chapter 207+208+209+210(Zawgyi)
Chapter 211
Chapter 212
Chapter 213 + 214 + 215(Uni)
Chapter 213+214+215(Zawgyi)
Chapter 216+217+218(U)
Chapter 216+217+218(Z)
Chapter 219+220(U)
Chapter 219 + 220(Z)
Please Read ❗❗
Chapter 223 to 229(U)
Chapter 223 to 229 (Z)
Chapter 230 to 234
Chapter 230 to 234 (Z)
Chapter 235 to 240 (Unicode )
Chapter 235 to 240 ( Zawgyi)
Chapter 241 + 242(U)
Chapter 241+242(Z)
Chapter 243 (Z+U)
တောင်းပန်ရဦးမယ် 😅
Chapter 244 +245 (U + Z)
Chapter 246 +247+248 (U)
Chapter 246+247+248(Z)
Chapter 249(Z+U)
Chapter 250 (Z+U)
Chapter 251
Chapter 252
Chapter 253
Chapter 254
Chapter 255
Chapter 256
chapter 257
Chapter 258
Chapter 259
Chapter 260
Chapter 261
Chapter 262+263+264(U)
Chapter 262+263+264(Z)
Chapter 265
Chapter 266
Chapter 267
Chapter 268
Chapter 269
Chapter 270
Chapter 271
attention please!!

Chapter 126

10.9K 1.7K 177
By PhyoMonMonOo

တစ်နေ့တာရဲ့ နေ့လည်ခင်းချိန်တိုင်းမှာ ပိုင်ရှီရှန်းက ယုပေါ်ယွင်ရဲ့ ကျန်းမာရေးအခြေအနေကို မပျက်မကွက်
လာစစ်ဆေးလေ့ရှိတယ် ။ ဒီနေ့လည်း ထုံးစံအတိုင်း ပိုင်ရှီရှန်းရောက်လာတာကြောင့် ယုပေါ်ယွင်က ကုတင်ပေါ်မှာလှဲပြီး အစစ်ဆေးခံနေတယ် ။

စစ်ဆေးပြီးနောက် ပိုင်ရှီရှန်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်တယ် ။

ယုပေါ်ယွင်ရဲ့ ကျန်းမာရေးက လုံးဝ စိတ်ချရပြီ ။ ဆေးရုံမှာဆက်နေဖို့တောင် မလိုလောက်တော့ဘူး ။ တဆက်တည်း သူက ကုဖုန်းကိုပါ ကျေးဇူးတင်စွာ ကြည့်လိုက်တယ် ။

ခွဲစိတ်မှုပြီးတဲ့နောက်ပိုင်းမှာ သေလုမျောပါးဖြစ်သွားတဲ့ ယုပေါ်ယွင်ကို အသက်ပြန်ကယ်နိုင်ခဲ့တာ ကုဖုန်းကြောင့် ။

အဲ့ဒီချမ်းသာကြွယ်ဝတဲ့လူက ယုပေါ်ယွင်သာ အသက်ရှင်မယ်ဆိုရင် ဘာပဲရင်းရ ရင်းရ ။
အဆိုးဆုံးကို မျှော်တွေးတာမဟုတ်ပေမယ့် ယုပေါ်ယွင်ကိုယ်ဝန်ရှိနေကြောင်း စသိစဥ်တည်းက ဖြစ်လာနိုင်ချေတွေကို အဖက်ဖက်က ထည့်သွင်းစဥ်းစားပြီး လိုအပ်တဲ့ ပစ္စည်းကိရိယာ ၊ ဆေးဝါး နဲ့ အတော်ဆုံး အထက်မြက်ဆုံး ပါရဂူတွေကို ကြိုတင်ပြင်ဆင်ထားရှိစေတယ် ။ ငွေနဲ့လမ်းခင်းခဲ့ရတယ်လို့ဆိုရလောက်အောင်ကို ပိုက်ဆံကတော့ သောက်သောက်လဲ ကုန်တာပေါ့ ။ ဒါပေမယ့် အဲ့ဒီလူက မျက်တောင်တစ်ချက်တောင်မခတ်ဘဲ ငွေတွေကို လွှင့်ပစ်လိုက်သလို အကုန်အကျခံခဲ့တယ် ။ နှမြောတွန့်တိုခြင်း တစ်စက်လေးတောင်မရှိခဲ့ဘူး ။

အဲ့ဒီလို ကြိုတင်ပြင်ဆင်ထားတာကြောင့်လည်း သေမင်းလက်ထဲကနေ ယုပေါ်ယွင်ကို ပြန်လုနိုင်ခဲ့တာ ။

ကုဖုန်းက ယုပေါ်ယွင်ကုတင်ဘေးမှာထိုင်ပြီး တစ်ရက်ပြီးတစ်ရက် ထူထူထောင်ထောင်ဖြစ်လာတဲ့ ယုပေါ်ယွင်ကို ကြည့်နေတယ် ။

အဲ့ဒီအချိန်မှာ ပုခက်ထဲက ငိုသံလေး ထွက်လာတယ် ။

အကြိမ်ကြိမ်အခါခါ လေ့ကျင့်မှုတွေလုပ်ထားပြီးတဲ့ ကုဖုန်းက ခုတော့လည်း ကလေးကို ပရိုကျကျ ချီတတ်နေပြီ ။ သူက သူ့ရဲ့လက်တံရှည်တွေကို ဆန့်ထုတ်ပြီး ပုခက်ထဲက ကုကျားယွဲ့လေးကို ကောက်ချီလိုက်တယ် ။ ကုဖုန်းကိုကြည့်ရတာ တောင်ပံတွေဖြန့်ကားထားတဲ့ ပင်လယ်ငှက်ကြီးတစ်ကောင်လိုပဲ ။

"ဒက်ဒီ့ပေါက်စနလေးက နိုးလာတာနဲ့ တန်းငိုတော့တာပါလား! "

ယုပေါ်ယွင်က ဘေဘီကုလေးကို ပြုံးကြည့်နေရင်း ပိုင်ရှီရှန်းကို မေးလိုက်တယ် ။
"သူ ဘယ်အချိန်လောက်ဆို လေးဘက်သွားမှာလဲ"

"စိတ်တွေမစောပါနဲ့ကွာ "
ပိုင်ရှီရှန်းက ဂျူတီကုတ်ပြန်ဝတ်နေတယ်။
"သူ့ အသက်အလိုက်ပေါ့...အရင်ဦးဆုံးတော့ ထိုင်တာကနေ စတယ်..အဲ့ဒီကနေမှတဆင့် တဖြည်းဖြည်း လေးဘက်စမ်းလာမယ်...အနည်းဆုံး ရှစ်လလောက်ဆိုရင်တော့ မပီမသစကားလေးတွေ တစ်ခွန်းစ နှစ်ခွန်းစဆိုလာမယ်..တစ်နှစ်လောက်ဆိုရင်တော့ မတ်တတ်စမ်းစပြုပြီ.."

"ရှစ်လ ? ...တစ်နှစ် ?.."
ကုဖုန်း မျက်မှောင်ကုပ်ပြီး သူ့လက်ထဲမှာငိုနေတဲ့ ကုကျားယွဲ့လေးကို နူးညံ့စွာ ကြည့်လိုက်တယ် ။ သူ့ရဲ့စိုစွတ်စွတ်မျက်ဝန်းတွေကတော့
ကုကျားယွဲ့လေးကို မေးခွန်းတွေမေးနေဟန် ။

"မင်း ဘာလို့ အရမ်း တုံးအ,ရတာလဲ "

ပိုင်ရှီရှန်လေး စိတ်လေသွားတယ် ။

အေး ဒီအဖေနဲ့ ဒီသားနဲ့ ဟုတ်တော့ဟုတ်နေပြီ !

"ကလေးတွေက သူတို့ ကြီးထွားမှုဖြစ်စဥ်နဲ့ သူတို့ပဲလေ..ဒါက ပုံမှန်ပဲကို..ခင်ဗျားက ကလေးကို မွေးပြီးတစ်ပတ်အတွင်းမှာပဲ သင်္ချာပုစ္ဆာတွေ ထတွက်ခိုင်းမယ်လို့များ တွေးနေတာလား...အိပ်မက်မက်နေတာတွေ ရပ်လိုက်စမ်းပါ..ကလေးတစ်ယောက် အရွယ်ရောက်လာအောင် ပြုစုပျိုးထောင်ရတာ လွယ်တဲ့အလုပ်မဟုတ်ဘူး..ဖြေး​ဖြေးချင်းသွားရမှာ...ခုရေတွင်းတူး ခုရေကြည်သောက်ချင်လို့မရဘူးလေဗျာ"

ယုပေါ်ယွင်က ပိုင်ရှီရှန်းပြောတာ အရမ်းကို သဘာဝကျတယ်လို့ ခံစားလိုက်ရတယ် ။

ကုဖုန်းကတော့ ငိုလို့ဝပြီး ​ပြန်အိပ်ပျော်သွားပြီဖြစ်တဲ့ ကုကျားယွဲ့လေးကိုကြည့်နေတုန်း ။
ဘယ်လိုပဲကြည့်ကြည့် သူ့ရဲ့ကုပေါက်လေးက
နုံနုံအအလေးလို့ပဲ သူ မြင်မိတယ် ။

ထိုအချိန်မှာ ညင်သာတဲ့ တံခါးခေါက်သံ ထွက်လို့လာတယ် ။

တံခါးက ချပ်ခနဲ ပွင့်သွားပြီး မြင့်မားတောင့်ဖြောင့်တဲ့ ပုံရိပ်က သူတို့မြင်ကွင်းထဲကို ဝင်လာတယ် ။

ထိုသူက ကျန်းဟောင် ။

ကျန်းဟောင်က လက်ထဲမှာ သစ်သီးခြင်းလေးဆွဲပြီး အပြုံးရေးရေးလေးနဲ့ ။ ယုပေါ်ယွင်ဘေးမှာထိုင်နေ​ပြီး သူ့ကို လှည့်ကြည့်တဲ့ ကုဖုန်းကိုတော့ ကျိန်းသေပေါက်ကို မမြင်ချင်ယောင်ဆောင်နေတာပေါ့ ။ သူက ယုပေါ်ယွင်ကုတင်ရှိရာကိုသာ တန်းတန်းမတ်မတ်သွားလိုက်တယ် ။

"ဒီရက်ပိုင်းအတွင်း မင်းကို လာမကြည့်နိုင်တဲ့အတွက် တောင်းပန်ပါတယ် ပေါ်ယွင် "

"ရပါတယ် "
ယုပေါ်ယွင်က အပြုံးလေးနဲ့ ခေါင်းခါပြလိုက်တယ် ။
"ငါလည်း ကောင်းနေပါပြီကွာ "

ကျန်းဟောင်က ယုပေါ်ယွင်ဘေးမှာထိုင်နေတဲ့ကုဖုန်းကို စွေကြည့်လိုက်တယ် ။
ပြီးမှ ခါးသက်သက်ပြုံးရင်း
"အပူတပြင်းဖြေရှင်းရမယ့်ကိစ္စတွေ ကုမ္ပဏီမှာ ပေါ်လာလို့လေ...ငါ့အဖေက ငါ့ကို မျက်ခြေမပြတ်ကြည့်ပြီး အဲ့ဒါတွေဖြေရှင်းခိုင်းနေတာ..နေ့မအား ညမအားပဲ..ငါ့မှာ အပြင်ထွက်လာဖို့အချိန်ကို မရှိဘူး...ဒီနေ့ထိပဲ ဆိုပါတော့ကွာ..ခုမှသာ ရတုန်းလေး လစ်ထွက်ပြီး မင်းကို လာကြည့်နိုင်တာ "

ယုပေါ်ယွင်က ကျန်းဟောင်းကို ကြည့်နေရင်း သူ့အကြည့်က ကုဖုန်းဘက်ကို ရွေ့သွားတယ် ။

ဒီပြဿနာရဲ့နောက်ကွယ်ကလူကို ပြေးမကြည့်ဘဲ တွေးကြည့်ရုံနဲ့တင် သူ သိလိုက်ပြီ ။

အဲဒါ ကုဖုန်းဆိုတဲ့ တစ္ဆေသရဲလို လူပေါ့ !

ဒီမြို့တော်မှာ ကျန်းမိသားစုလို အိမ်တော်ကြီးကို ခုလို ပြဿနာကြီးကြီးပေးနိုင်တာ ကုဖုန်းကလွဲပြီး ဘယ်သူမှ မရှိနိုင်ဘူးလေ ။

ကုဖုန်းက ခေါင်းငုံ့ပြီး မျက်လွှာချထားတယ် ။

သူ တကယ်ကို အဲ့ဒီနှစ်ယောက်ရဲ့ အပြုံးတွေကို မကြည့်နိုင်ဘူး !
ဘာလုပ်ရင် ကောင်းမလဲ ?!
Oh !
သူ့သားတစ်ယောက်လုံး ရှိနေတာပဲ !

ကုဖုန်း သူ့လက်ထဲမှာ အိပ်ပျော်နေတဲ့ ကုကျားယွဲ့လေးမျက်နှာကို ဖျစ်ညှစ်လိုက်တယ် ။

ငိုလိုက်စမ်းပါ ကလေးဆိုးလေးရာ !
ဆေးရုံကြီးပွင့်ထွက်သွားတဲ့အထိ ငိုလိုက်စမ်းပါ !

ကျန်းဟောင် သစ်သီးခြင်းလေးကို ယုပေါ်ယွင်ကုတင်ဘေးက စားပွဲပေါ်တင်ပြီး ပြုံးရင်းမေးလိုက်တယ် ။
"မင်း ဆေးရုံရောက်တာ ဘယ်လောက်ကြာပြီလဲ...ဘယ်တော့လောက် ဆေးရုံကဆင်းရမှာလဲ"

"အင်း သိပ်တော့မကြာသေးဘူးထင်တယ်.."
ယုပေါ်ယွင်လည်း ရေရေရာရာ မရှင်းပြနိုင်ဘူး ။
"ဆယ့်ငါးရက်လောက်တော့ရှိပြီထင်တယ် "

ကျန်းဟောင် ခေါင်းညိတ်တယ် ။
"ငါ မင်းအတွက် ပန်းသီး ခွဲပေးမယ် "

"မလုပ်နဲ့..မလုပ်နဲ့ "
ယုပေါ်ယွင် ပျာပျာသလဲ ငြင်းလိုက်တယ် ။
"ငါ ခုလေးတင် စားထားတာ..ဗိုက်ပြည့်နေပြီ...ထပ်မစားနိုင်တော့ဘူး "

"ခွဲထားလိုက်မယ်လေ..ခဏနေရင် ဗိုက်ချောင်သွားမှာပါ "
ကျန်းဟောင်ပြောပြီး အပြုံးမပျက်ဘဲ
သစ်သီးခြင်းထဲက နီရဲပြီးလှပနေတဲ့ ပန်းသီးကြီးတစ်လုံးကို ထုတ်ယူလိုက်တယ် ။ ဘေစင်မှာ ပန်းသီးကို ရေစင်စင်ဆေးပြီး ခြင်းထဲက ဓားတစ်လက်ပါ ထုတ်လိုက်သေးတယ် ။
သူ့မျက်နှာက တကယ့် ဝါရင့်မစ္စတာကြီးတစ်ယောက်လို ဓားတစ်လက် ပန်းသီးတစ်လုံးနဲ့ စတင်အလုပ်ရှုပ်တော့တယ် ။

ဒါပေမယ့် အချိန်တွေကြာပြီး လူသာ ချွေးဒီးဒီးကျလာတယ် ။ ပန်းသီးခွာလို့တောင် မပြီးသေးဘူး ။ ကြိုးစားပမ်းစား ခွာ,ရှာပေမယ့် အခွံနဲ့အတူပါသွားတဲ့ အသားတွေက အမှိုက်ပုံထဲမှာ အခန့်သား ။ သူ့လက်ထဲက ပန်းသီးကလည်း အရည်တောင်လည်နေပြီ ။

ကုဖုန်းက ကလေးချီထားရင်း နှာခေါင်းရှုံ့လိုက်တယ် ။
"ဒီပန်းသီးလေးတောင် အဖြစ်ရှိအောင် မခွာနိုင်ဘူး "

ကျန်းဟောင် ရှက်လို့သွားတယ် ။ သူ့အိမ်မှာဆိုရင် ပန်းသီးစားချင်တဲ့အခါ အဒေါ်ကြီးကို စားချင်ကြောင်း ပြောလိုက်ရုံပဲ ။ အဒေါ်ကြီးက သေချာဆေးကြော လှလှပပစိပ်ပြီး ပန်းကန်ထဲ သပ်သပ်ရပ်ရပ်ထည့်ကာ သူ့အခန်းထဲအရောက် လာပို့ပေးနေကျလေ ။ စစ်တပ်ထဲရောက်တော့လည်း သူ့အထက်လူကြီးတွေ နဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စစ်သားတွေကြားမှာ ဖြစ်သလိုပဲ ရေဆေးပြီး ဒီတိုင်းကိုက်စားလိုက်တာပဲလေ ။ မင်းသမီးလေးလို တယုတယ အခွံနွှာစားရင် တပ်ထဲက ရဲဘော်တွေက သူ့ကို လှောင်လိုက်မယ့်ဖြစ်ခြင်း ။

ကုဖုန်း နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးလိုက်တယ် ။ ပြီးတော့ ကျန်းဟောင်နားလျှောက်သွားပြီး ပန်းသီး နဲ့ ဓားကို လက်လွှဲယူကာ ကလေးကိုလည်း ပရိုကျကျ ချီရင်း
ပန်းသီးကိုလည်း ကျွမ်းကျွမ်းကျွင်ကျွင်
ခွာပြလိုက်တယ် ။

အချိန်အနည်းငယ်ကြာချိန်မှာ ခုနက မြင်ရက်စရာမရှိ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ပန်းသီးလေးက ကုဖုန်းလက်ထဲမှာ လှလှပပ
နေရာယူလို့ ။

(ကုဖုန်း - ၁ ၊ ကျန်းဟောင် - ၀)

ကုဖုန်း ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်တယ် ။

ဒါက အမြော်အမြင်ရှိစွာနဲ့ လေ့ကျင့်သင်ကြားထားတဲ့ အကျိုးတွေ ။ ကုမ္ပဏီတစ်ဘက်နဲ့ အားရင်အားသလို လေ့လာတယ် ၊ သင်ကြားတယ် ၊ လေ့ကျင့်တယ် ။ ယုပေါ်ယွင်ကို သူ တလှည့်ပြန်ပြီး လုပ်ကိုင်ပေးချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ ။ ခုတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ။ ကြိုးစားထားသမျှ အရာထင်သွားပြီလေ ။

ပိုင်ရှီရှန်းက ယုပေါ်ယွင်ကို တောင်းဆိုစကားလေး ဆိုလိုက်တယ် ။
"မင်း ပြောတော့ ဥက္ကဌ ကု က လက်ကြောမတင်းဘူး...သူဌေးသား လူပေါ်ကျော့ဆို...ကြည့်ပါဦး..ဖြစ်နိုင်သမျှအမြန်ဆုံးနည်းနဲ့ သူ့ကို ချည်ထိုးပန်းထိုးလေး သင်ခိုင်းလိုက်ပါလား...
ငါတို့ မိသားစုက ဆင်းရဲချို့တဲ့တော့ စောင်တစ်ထည်တည်းကို နှစ်ယောက်ခြုံနေရတယ်ကွာ...ငါ့အတွက် ပင်လယ်ထဲက အပြာရောင်နဂါးပုံနဲ့ စောင်လေးတစ်ထည်လောက် ချုပ်ပေးပါလို့ ကုဖုန်းကို ပြောမပေးချင်ဘူးလား "

ယုပေါ်ယွင် တဟားဟားထရယ်ပြီး ပိုင်ရှီရှန်းကို အတင်းပြန်ခိုင်းလိုက်ရတယ် ။

သူ့မျက်လုံးထဲမှာလည်း အပ်ကြီးတကိုင်ကိုင်နဲ့ ချည်ထိုးပန်းထိုးနေတဲ့ ကုဖုန်းပုံကြီးကို မြင်ယောင်လို့ !

ကုဖုန်းသာ အပ် နဲ့ အပ်ချည်ကိုင်ပြီး အဲ့ဒီလိုချုပ်နေရင် သူ့အဝတ်တွေ အကုန်ချွတ်ပြီး လေသာဆောင်မှာရပ်ကာ သုံးကြိမ်တိတိ အော်ရယ်ပစ်လိုက်မှာ ဟား ဟား ဟား !!!!!

အဲ့ဒါက လုံးဝမဖြစ်နိုင်တာကြီးကို !

ကုဖုန်းက အေးဆေးတည်ငြိမ်စွာပဲ အခွံခွာပြသွားတာ ။ ပြီးတော့ အခွံအားလုံးပြောင်စင်ပြီး လှပနေတဲ့ပန်းသီးကိုကိုင်ကာ ကျန်းဟောင်မျက်နှာရှေ့မှာ တမင်သက်သက် လှည့်ပတ်ပြလိုက်ပြီး ယုပေါ်ယွင်ဆီ ယူလာခဲ့တယ် ။
"စားလို့ရပါပြီဗျာ "

ယုပေါ်ယွင်လေး အကူအညီမဲ့စွာပဲ ပန်းသီးကိုယူကာ တစ်ကိုက်ကိုက်လိုက်တယ် ။ ပန်းသီးက အရည်ရွှမ်းလွန်းတာကြောင့် သူ့ပါးစပ်ထဲမှာ ချိုမြနေတဲ့ ပန်းသီးရည်တွေ ပြည့်လို့သွားလေတယ် ။

ကျန်းဟောင်က ယုပေါ်ယွင်ကို
ပန်းသီးခွာကျွေးပြီး မျက်နှာရချင်ခဲ့တာ ။ ကံမကောင်းစွာပဲ ကျွမ်းကျင်မှုမရှိတဲ့ သူ့ အရည်အချင်းကြောင့် မရှုမလှု
ရှုံးနိမ့်သွားရရှာတယ် ။

ဒါပေမယ့် သူက မျက်နှာမှာ ဘာအမူအရာမှမဖော်ပြဘဲ ကုဖုန်းလက်ထဲမှာ အိပ်မောကျနေတဲ့ ကျားယွဲ့လေးကို့ ငုံ့ကြည့်ပြီး ယုပေါ်ယွင်ကို မေးလိုက်တယ် ။

"ငါ ကလေးချီကြည့်လို့ရလား "

ယုပေါ်ယွင် ခေါင်းညိတ်ပြလိုက်တယ် ။

ကျန်းဟောင်က ပုလဲသွယ်တန်းပမာ သွားဖွေးဖွေးလေးတွေပေါ်အောင် ပြုံးတယ် ။ ထိုအပြုံးကြောင့် သူ့ပုံစံက ပိုမိုတောက်ပသွားပြီး ပိုပြီးလည်းချောမောသွားတယ် ။

ပြီးတော့ သူ့ကို သတ်မတတ်ဖြတ်မတတ် မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ကုဖုန်းကို လျစ်လျူရှုပြီး ကလေးလေးကို လက်လှမ်းယူလိုက်တယ် ။ ကံအားလျော်စွာပဲ ပိုင်ရှီရှန်းက ထွက်မသွားသေးတာကြောင့် ကလေးကို အနေအထားမှန်မှန် ချီနိုင်အောင်လို့ သင်ပြပေးတယ် ။ မဟုတ်ရင် ကုကျားယွဲ့လေးက ငိုတော့မှာ ။

"ကလေးလေးက ချစ်စရာကောင်းလိုက်တာ "
ကျန်းဟောင်က မျက်လုံးတောက်တောက်တွေနဲ့ ကျားယွဲ့လေးကို ကြည့်ပြီး ဆိုလိုက်တယ် ။
"ချောမောခန့်ညားတဲ့ကောင်လေးတစ်ယောက်ပဲ ...."

ယုပေါ်ယွင် သူ့သားလေးကို လူချောလေးလို့ပြောတော့ သဘောတွေကျနေရော ။
အဲ့ဒါကြောင့် ပြုံးရွှင်စွာနဲ့ ဆိုလိုက်တယ် ။
"မင်းက ငယ်သေးပေမယ့် အမြင်စူးရှသားပဲ "

ကျန်းဟောင်က ရေးရေးလေးပြုံးနေရင်းနဲ့ နှုတ်ခမ်းတစ်စုံလုံး ကွေးတက်သွားတယ် ။
"ကျွန်တော် ကြားဖူးတာတော့ ကလေးတစ်ယောက်မှာ ခေါင်းကိုင်မိခင် ၊ ခေါင်းကိုင်ဖခင်ဆိုတာမျိုး ရှိကြတယ်တဲ့...ကျွန်တော်ရော ခေါင်းကိုင်ဖခင် ဖြစ်လို့ရမလား "

(ဒီကမ္ဘာကြီး ရူးသွားပြီကို အေးဆေး ဘာသာပြန်မှာပါ...အဲ့ဒါကြောင့်လည်း တစ်ပတ် တစ်ပိုင်းလောက်ပဲလို့ ကြိုတင်ပြီး စကားပလ္လင်ခံထားပါတယ်ရှင်..ကုဖုန်းတို့ကိုလည်း အရင်အတိုင်းပဲ ဦးစားပေးပြီး အားရင်အားသလို ပြန်ပေးသွားမှာပါ..ကိုယ့် ဘေးဘေတို့ ...စိတ်မပူကြပါနဲ့ကွယ်)

***************************************

တစ္ေန႕တာရဲ႕ ေန႕လည္ခင္းခ်ိန္တိုင္းမွာ ပိုင္ရွီရွန္းက ယုေပၚယြင္ရဲ႕ က်န္းမာေရးအေျခအေနကို မပ်က္မကြက္
လာစစ္ေဆးေလ့ရွိတယ္ ။ ဒီေန႕လည္း ထုံးစံအတိုင္း ပိုင္ရွီရွန္းေရာက္လာတာေၾကာင့္ ယုေပၚယြင္က ကုတင္ေပၚမွာလွဲၿပီး အစစ္ေဆးခံေနတယ္ ။

စစ္ေဆးၿပီးေနာက္ ပိုင္ရွီရွန္း ေက်နပ္အားရစြာ ေခါင္းညိတ္လိုက္တယ္ ။

ယုေပၚယြင္ရဲ႕ က်န္းမာေရးက လုံးဝ စိတ္ခ်ရၿပီ ။ ေဆး႐ုံမွာဆက္ေနဖို႔ေတာင္ မလိုေလာက္ေတာ့ဘူး ။ တဆက္တည္း သူက ကုဖုန္းကိုပါ ေက်းဇူးတင္စြာ ၾကည့္လိုက္တယ္ ။

ခြဲစိတ္မႈၿပီးတဲ့ေနာက္ပိုင္းမွာ ေသလုေမ်ာပါးျဖစ္သြားတဲ့ ယုေပၚယြင္ကို အသက္ျပန္ကယ္နိုင္ခဲ့တာ ကုဖုန္းေၾကာင့္ ။

အဲ့ဒီခ်မ္းသာႂကြယ္ဝတဲ့လူက ယုေပၚယြင္သာ အသက္ရွင္မယ္ဆိုရင္ ဘာပဲရင္းရ ရင္းရ ။
အဆိုးဆုံးကို ေမွ်ာ္ေတြးတာမဟုတ္ေပမယ့္ ယုေပၚယြင္ကိုယ္ဝန္ရွိေနေၾကာင္း စသိစဥ္တည္းက ျဖစ္လာနိုင္ေခ်ေတြကို အဖက္ဖက္က ထည့္သြင္းစဥ္းစားၿပီး လိုအပ္တဲ့ ပစၥည္းကိရိယာ ၊ ေဆးဝါး နဲ႕ အေတာ္ဆုံး အထက္ျမက္ဆုံး ပါရဂူေတြကို ႀကိဳတင္ျပင္ဆင္ထားရွိေစတယ္ ။ ေငြနဲ႕လမ္းခင္းခဲ့ရတယ္လို႔ဆိုရေလာက္ေအာင္ကို ပိုက္ဆံကေတာ့ ေသာက္ေသာက္လဲ ကုန္တာေပါ့ ။ ဒါေပမယ့္ အဲ့ဒီလူက မ်က္ေတာင္တစ္ခ်က္ေတာင္မခတ္ဘဲ ေငြေတြကို လႊင့္ပစ္လိုက္သလို အကုန္အက်ခံခဲ့တယ္ ။ ႏွေျမာတြန့္တိုျခင္း တစ္စက္ေလးေတာင္မရွိခဲ့ဘူး ။

အဲ့ဒီလို ႀကိဳတင္ျပင္ဆင္ထားတာေၾကာင့္လည္း ေသမင္းလက္ထဲကေန ယုေပၚယြင္ကို ျပန္လုနိုင္ခဲ့တာ ။

ကုဖုန္းက ယုေပၚယြင္ကုတင္ေဘးမွာထိုင္ၿပီး တစ္ရက္ၿပီးတစ္ရက္ ထူထူေထာင္ေထာင္ျဖစ္လာတဲ့ ယုေပၚယြင္ကို ၾကည့္ေနတယ္ ။

အဲ့ဒီအခ်ိန္မွာ ပုခက္ထဲက ငိုသံေလး ထြက္လာတယ္ ။

အႀကိမ္ႀကိမ္အခါခါ ေလ့က်င့္မႈေတြလုပ္ထားၿပီးတဲ့ ကုဖုန္းက ခုေတာ့လည္း ကေလးကို ပရိုက်က် ခ်ီတတ္ေနၿပီ ။ သူက သူ႕ရဲ႕လက္တံရွည္ေတြကို ဆန့္ထုတ္ၿပီး ပုခက္ထဲက ကုက်ားယြဲ႕ေလးကို ေကာက္ခ်ီလိုက္တယ္ ။ ကုဖုန္းကိုၾကည့္ရတာ ေတာင္ပံေတြျဖန့္ကားထားတဲ့ ပင္လယ္ငွက္ႀကီးတစ္ေကာင္လိုပဲ ။

"ဒက္ဒီ့ေပါက္စနေလးက နိုးလာတာနဲ႕ တန္းငိုေတာ့တာပါလား! "

ယုေပၚယြင္က ေဘဘီကုေလးကို ၿပဳံးၾကည့္ေနရင္း ပိုင္ရွီရွန္းကို ေမးလိုက္တယ္ ။
"သူ ဘယ္အခ်ိန္ေလာက္ဆို ေလးဘက္သြားမွာလဲ"

"စိတ္ေတြမေစာပါနဲ႕ကြာ "
ပိုင္ရွီရွန္းက ဂ်ဴတီကုတ္ျပန္ဝတ္ေနတယ္။
"သူ႕ အသက္အလိုက္ေပါ့...အရင္ဦးဆုံးေတာ့ ထိုင္တာကေန စတယ္..အဲ့ဒီကေနမွတဆင့္ တျဖည္းျဖည္း ေလးဘက္စမ္းလာမယ္...အနည္းဆုံး ရွစ္လေလာက္ဆိုရင္ေတာ့ မပီမသစကားေလးေတြ တစ္ခြန္းစ ႏွစ္ခြန္းစဆိုလာမယ္..တစ္ႏွစ္ေလာက္ဆိုရင္ေတာ့ မတ္တတ္စမ္းစျပဳၿပီ.."

"ရွစ္လ ? ...တစ္ႏွစ္ ?.."
ကုဖုန္း မ်က္ေမွာင္ကုပ္ၿပီး သူ႕လက္ထဲမွာငိုေနတဲ့ ကုက်ားယြဲ႕ေလးကို ႏူးညံ့စြာ ၾကည့္လိုက္တယ္ ။ သူ႕ရဲ႕စိုစြတ္စြတ္မ်က္ဝန္းေတြကေတာ့
ကုက်ားယြဲ႕ေလးကို ေမးခြန္းေတြေမးေနဟန္ ။

"မင္း ဘာလို႔ အရမ္း တုံးအ,ရတာလဲ "

ပိုင္ရွီရွန္ေလး စိတ္ေလသြားတယ္ ။

ေအး ဒီအေဖနဲ႕ ဒီသားနဲ႕ ဟုတ္ေတာ့ဟုတ္ေနၿပီ !

"ကေလးေတြက သူတို႔ ႀကီးထြားမႈျဖစ္စဥ္နဲ႕ သူတို႔ပဲေလ..ဒါက ပုံမွန္ပဲကို..ခင္ဗ်ားက ကေလးကို ေမြးၿပီးတစ္ပတ္အတြင္းမွာပဲ သခၤ်ာပုစ္ဆာေတြ ထတြက္ခိုင္းမယ္လို႔မ်ား ေတြးေနတာလား...အိပ္မက္မက္ေနတာေတြ ရပ္လိုက္စမ္းပါ..ကေလးတစ္ေယာက္ အ႐ြယ္ေရာက္လာေအာင္ ျပဳစုပ်ိဳးေထာင္ရတာ လြယ္တဲ့အလုပ္မဟုတ္ဘူး..ေျဖးေျဖးခ်င္းသြားရမွာ...ခုေရတြင္းတူး ခုေရၾကည္ေသာက္ခ်င္လို႔မရဘူးေလဗ်ာ"

ယုေပၚယြင္က ပိုင္ရွီရွန္းေျပာတာ အရမ္းကို သဘာဝက်တယ္လို႔ ခံစားလိုက္ရတယ္ ။

ကုဖုန္းကေတာ့ ငိုလို႔ဝၿပီး ျပန္အိပ္ေပ်ာ္သြားၿပီျဖစ္တဲ့ ကုက်ားယြဲ႕ေလးကိုၾကည့္ေနတုန္း ။
ဘယ္လိုပဲၾကည့္ၾကည့္ သူ႕ရဲ႕ကုေပါက္ေလးက
ႏုံႏုံအအေလးလို႔ပဲ သူ ျမင္မိတယ္ ။

ထိုအခ်ိန္မွာ ညင္သာတဲ့ တံခါးေခါက္သံ ထြက္လို႔လာတယ္ ။

တံခါးက ခ်ပ္ခနဲ ပြင့္သြားၿပီး ျမင့္မားေတာင့္ေျဖာင့္တဲ့ ပုံရိပ္က သူတို႔ျမင္ကြင္းထဲကို ဝင္လာတယ္ ။

ထိုသူက က်န္းေဟာင္ ။

က်န္းေဟာင္က လက္ထဲမွာ သစ္သီးျခင္းေလးဆြဲၿပီး အၿပဳံးေရးေရးေလးနဲ႕ ။ ယုေပၚယြင္ေဘးမွာထိုင္ေနၿပီး သူ႕ကို လွည့္ၾကည့္တဲ့ ကုဖုန္းကိုေတာ့ က်ိန္းေသေပါက္ကို မျမင္ခ်င္ေယာင္ေဆာင္ေနတာေပါ့ ။ သူက ယုေပၚယြင္ကုတင္ရွိရာကိုသာ တန္းတန္းမတ္မတ္သြားလိုက္တယ္ ။

"ဒီရက္ပိုင္းအတြင္း မင္းကို လာမၾကည့္နိုင္တဲ့အတြက္ ေတာင္းပန္ပါတယ္ ေပၚယြင္ "

"ရပါတယ္ "
ယုေပၚယြင္က အၿပဳံးေလးနဲ႕ ေခါင္းခါျပလိုက္တယ္ ။
"ငါလည္း ေကာင္းေနပါၿပီကြာ "

က်န္းေဟာင္က ယုေပၚယြင္ေဘးမွာထိုင္ေနတဲ့ကုဖုန္းကို ေစြၾကည့္လိုက္တယ္ ။
ၿပီးမွ ခါးသက္သက္ၿပဳံးရင္း
"အပူတျပင္းေျဖရွင္းရမယ့္ကိစၥေတြ ကုမၸဏီမွာ ေပၚလာလို႔ေလ...ငါ့အေဖက ငါ့ကို မ်က္ေျခမျပတ္ၾကည့္ၿပီး အဲ့ဒါေတြေျဖရွင္းခိုင္းေနတာ..ေန႕မအား ညမအားပဲ..ငါ့မွာ အျပင္ထြက္လာဖို႔အခ်ိန္ကို မရွိဘူး...ဒီေန႕ထိပဲ ဆိုပါေတာ့ကြာ..ခုမွသာ ရတုန္းေလး လစ္ထြက္ၿပီး မင္းကို လာၾကည့္နိုင္တာ "

ယုေပၚယြင္က က်န္းေဟာင္းကို ၾကည့္ေနရင္း သူ႕အၾကည့္က ကုဖုန္းဘက္ကို ေ႐ြ႕သြားတယ္ ။

ဒီျပႆနာရဲ႕ေနာက္ကြယ္ကလူကို ေျပးမၾကည့္ဘဲ ေတြးၾကည့္႐ုံနဲ႕တင္ သူ သိလိုက္ၿပီ ။

အဲဒါ ကုဖုန္းဆိုတဲ့ တစ္ေဆသရဲလို လူေပါ့ !

ဒီၿမိဳ႕ေတာ္မွာ က်န္းမိသားစုလို အိမ္ေတာ္ႀကီးကို ခုလို ျပႆနာႀကီးႀကီးေပးနိုင္တာ ကုဖုန္းကလြဲၿပီး ဘယ္သူမွ မရွိနိုင္ဘူးေလ ။

ကုဖုန္းက ေခါင္းငုံ႕ၿပီး မ်က္လႊာခ်ထားတယ္ ။

သူ တကယ္ကို အဲ့ဒီႏွစ္ေယာက္ရဲ႕ အၿပဳံးေတြကို မၾကည့္နိုင္ဘူး !
ဘာလုပ္ရင္ ေကာင္းမလဲ ?!
Oh !
သူ႕သားတစ္ေယာက္လုံး ရွိေနတာပဲ !

ကုဖုန္း သူ႕လက္ထဲမွာ အိပ္ေပ်ာ္ေနတဲ့ ကုက်ားယြဲ႕ေလးမ်က္ႏွာကို ဖ်စ္ညွစ္လိုက္တယ္ ။

ငိုလိုက္စမ္းပါ ကေလးဆိုးေလးရာ !
ေဆး႐ုံႀကီးပြင့္ထြက္သြားတဲ့အထိ ငိုလိုက္စမ္းပါ !

က်န္းေဟာင္ သစ္သီးျခင္းေလးကို ယုေပၚယြင္ကုတင္ေဘးက စားပြဲေပၚတင္ၿပီး ၿပဳံးရင္းေမးလိုက္တယ္ ။
"မင္း ေဆး႐ုံေရာက္တာ ဘယ္ေလာက္ၾကာၿပီလဲ...ဘယ္ေတာ့ေလာက္ ေဆး႐ုံကဆင္းရမွာလဲ"

"အင္း သိပ္ေတာ့မၾကာေသးဘူးထင္တယ္.."
ယုေပၚယြင္လည္း ေရေရရာရာ မရွင္းျပနိုင္ဘူး ။
"ဆယ့္ငါးရက္ေလာက္ေတာ့ရွိၿပီထင္တယ္ "

က်န္းေဟာင္ ေခါင္းညိတ္တယ္ ။
"ငါ မင္းအတြက္ ပန္းသီး ခြဲေပးမယ္ "

"မလုပ္နဲ႕..မလုပ္နဲ႕ "
ယုေပၚယြင္ ပ်ာပ်ာသလဲ ျငင္းလိုက္တယ္ ။
"ငါ ခုေလးတင္ စားထားတာ..ဗိုက္ျပည့္ေနၿပီ...ထပ္မစားနိုင္ေတာ့ဘူး "

"ခြဲထားလိုက္မယ္ေလ..ခဏေနရင္ ဗိုက္ေခ်ာင္သြားမွာပါ "
က်န္းေဟာင္ေျပာၿပီး အၿပဳံးမပ်က္ဘဲ
သစ္သီးျခင္းထဲက နီရဲၿပီးလွပေနတဲ့ ပန္းသီးႀကီးတစ္လုံးကို ထုတ္ယူလိုက္တယ္ ။ ေဘစင္မွာ ပန္းသီးကို ေရစင္စင္ေဆးၿပီး ျခင္းထဲက ဓားတစ္လက္ပါ ထုတ္လိုက္ေသးတယ္ ။
သူ႕မ်က္ႏွာက တကယ့္ ဝါရင့္မစၥတာႀကီးတစ္ေယာက္လို ဓားတစ္လက္ ပန္းသီးတစ္လုံးနဲ႕ စတင္အလုပ္ရႈပ္ေတာ့တယ္ ။

ဒါေပမယ့္ အခ်ိန္ေတြၾကာၿပီး လူသာ ေခြၽးဒီးဒီးက်လာတယ္ ။ ပန္းသီးခြာလို႔ေတာင္ မၿပီးေသးဘူး ။ ႀကိဳးစားပမ္းစား ခြာ,ရွာေပမယ့္ အခြံနဲ႕အတူပါသြားတဲ့ အသားေတြက အမွိုက္ပုံထဲမွာ အခန့္သား ။ သူ႕လက္ထဲက ပန္းသီးကလည္း အရည္ေတာင္လည္ေနၿပီ ။

ကုဖုန္းက ကေလးခ်ီထားရင္း ႏွာေခါင္းရႈံ႕လိုက္တယ္ ။
"ဒီပန္းသီးေလးေတာင္ အျဖစ္ရွိေအာင္ မခြာနိုင္ဘူး "

က်န္းေဟာင္ ရွက္လို႔သြားတယ္ ။ သူ႕အိမ္မွာဆိုရင္ ပန္းသီးစားခ်င္တဲ့အခါ အေဒၚႀကီးကို စားခ်င္ေၾကာင္း ေျပာလိုက္႐ုံပဲ ။ အေဒၚႀကီးက ေသခ်ာေဆးေၾကာ လွလွပပစိပ္ၿပီး ပန္းကန္ထဲ သပ္သပ္ရပ္ရပ္ထည့္ကာ သူ႕အခန္းထဲအေရာက္ လာပို႔ေပးေနက်ေလ ။ စစ္တပ္ထဲေရာက္ေတာ့လည္း သူ႕အထက္လူႀကီးေတြ နဲ႕ တုံးတိုက္တိုက္ က်ားကိုက္ကိုက္ စစ္သားေတြၾကားမွာ ျဖစ္သလိုပဲ ေရေဆးၿပီး ဒီတိုင္းကိုက္စားလိုက္တာပဲေလ ။ မင္းသမီးေလးလို တယုတယ အခြံႏႊာစားရင္ တပ္ထဲက ရဲေဘာ္ေတြက သူ႕ကို ေလွာင္လိုက္မယ့္ျဖစ္ျခင္း ။

ကုဖုန္း ႏႈတ္ခမ္းတစ္ဖက္တြန့္႐ုံ ၿပဳံးလိုက္တယ္ ။ ၿပီးေတာ့ က်န္းေဟာင္နားေလွ်ာက္သြားၿပီး ပန္းသီး နဲ႕ ဓားကို လက္လႊဲယူကာ ကေလးကိုလည္း ပရိုက်က် ခ်ီရင္း
ပန္းသီးကိုလည္း ကြၽမ္းကြၽမ္းကြၽင္ကြၽင္
ခြာျပလိုက္တယ္ ။

အခ်ိန္အနည္းငယ္ၾကာခ်ိန္မွာ ခုနက ျမင္ရက္စရာမရွိ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနတဲ့ ပန္းသီးေလးက ကုဖုန္းလက္ထဲမွာ လွလွပပ
ေနရာယူလို႔ ။

(ကုဖုန္း - ၁ ၊ က်န္းေဟာင္ - ၀)

ကုဖုန္း ဂုဏ္ယူဝံ့ႂကြားစြာ ၿပဳံးလိုက္တယ္ ။

ဒါက အေျမာ္အျမင္ရွိစြာနဲ႕ ေလ့က်င့္သင္ၾကားထားတဲ့ အက်ိဳးေတြ ။ ကုမၸဏီတစ္ဘက္နဲ႕ အားရင္အားသလို ေလ့လာတယ္ ၊ သင္ၾကားတယ္ ၊ ေလ့က်င့္တယ္ ။ ယုေပၚယြင္ကို သူ တလွည့္ျပန္ၿပီး လုပ္ကိုင္ေပးခ်င္တဲ့ ရည္႐ြယ္ခ်က္ေလးနဲ႕ ။ ခုေတာ့ တိုက္တိုက္ဆိုင္ဆိုင္ပဲ ။ ႀကိဳးစားထားသမွ် အရာထင္သြားၿပီေလ ။

ပိုင္ရွီရွန္းက ယုေပၚယြင္ကို ေတာင္းဆိုစကားေလး ဆိုလိုက္တယ္ ။
"မင္း ေျပာေတာ့ ဥကၠဌ ကု က လက္ေၾကာမတင္းဘူး...သူေဌးသား လူေပၚေက်ာ့ဆို...ၾကည့္ပါဦး..ျဖစ္နိုင္သမွ်အျမန္ဆုံးနည္းနဲ႕ သူ႕ကို ခ်ည္ထိုးပန္းထိုးေလး သင္ခိုင္းလိုက္ပါလား...
ငါတို႔ မိသားစုက ဆင္းရဲခ်ိဳ႕တဲ့ေတာ့ ေစာင္တစ္ထည္တည္းကို ႏွစ္ေယာက္ၿခဳံေနရတယ္ကြာ...ငါ့အတြက္ ပင္လယ္ထဲက အျပာေရာင္နဂါးပုံနဲ႕ ေစာင္ေလးတစ္ထည္ေလာက္ ခ်ဳပ္ေပးပါလို႔ ကုဖုန္းကို ေျပာမေပးခ်င္ဘူးလား "

ယုေပၚယြင္ တဟားဟားထရယ္ၿပီး ပိုင္ရွီရွန္းကို အတင္းျပန္ခိုင္းလိုက္ရတယ္ ။

သူ႕မ်က္လုံးထဲမွာလည္း အပ္ႀကီးတကိုင္ကိုင္နဲ႕ ခ်ည္ထိုးပန္းထိုးေနတဲ့ ကုဖုန္းပုံႀကီးကို ျမင္ေယာင္လို႔ !

ကုဖုန္းသာ အပ္ နဲ႕ အပ္ခ်ည္ကိုင္ၿပီး အဲ့ဒီလိုခ်ဳပ္ေနရင္ သူ႕အဝတ္ေတြ အကုန္ခြၽတ္ၿပီး ေလသာေဆာင္မွာရပ္ကာ သုံးႀကိမ္တိတိ ေအာ္ရယ္ပစ္လိုက္မွာ ဟား ဟား ဟား !!!!!

အဲ့ဒါက လုံးဝမျဖစ္နိုင္တာႀကီးကို !

ကုဖုန္းက ေအးေဆးတည္ၿငိမ္စြာပဲ အခြံခြာျပသြားတာ ။ ၿပီးေတာ့ အခြံအားလုံးေျပာင္စင္ၿပီး လွပေနတဲ့ပန္းသီးကိုကိုင္ကာ က်န္းေဟာင္မ်က္ႏွာေရွ႕မွာ တမင္သက္သက္ လွည့္ပတ္ျပလိုက္ၿပီး ယုေပၚယြင္ဆီ ယူလာခဲ့တယ္ ။
"စားလို႔ရပါၿပီဗ်ာ "

ယုေပၚယြင္ေလး အကူအညီမဲ့စြာပဲ ပန္းသီးကိုယူကာ တစ္ကိုက္ကိုက္လိုက္တယ္ ။ ပန္းသီးက အရည္႐ႊမ္းလြန္းတာေၾကာင့္ သူ႕ပါးစပ္ထဲမွာ ခ်ိဳျမေနတဲ့ ပန္းသီးရည္ေတြ ျပည့္လို႔သြားေလတယ္ ။

က်န္းေဟာင္က ယုေပၚယြင္ကို
ပန္းသီးခြာေကြၽးၿပီး မ်က္ႏွာရခ်င္ခဲ့တာ ။ ကံမေကာင္းစြာပဲ ကြၽမ္းက်င္မႈမရွိတဲ့ သူ႕ အရည္အခ်င္းေၾကာင့္ မရႈမလႈ
ရႈံးနိမ့္သြားရရွာတယ္ ။

ဒါေပမယ့္ သူက မ်က္ႏွာမွာ ဘာအမူအရာမွမေဖာ္ျပဘဲ ကုဖုန္းလက္ထဲမွာ အိပ္ေမာက်ေနတဲ့ က်ားယြဲ႕ေလးကို႔ ငုံ႕ၾကည့္ၿပီး ယုေပၚယြင္ကို ေမးလိုက္တယ္ ။

"ငါ ကေလးခ်ီၾကည့္လို႔ရလား "

ယုေပၚယြင္ ေခါင္းညိတ္ျပလိုက္တယ္ ။

က်န္းေဟာင္က ပုလဲသြယ္တန္းပမာ သြားေဖြးေဖြးေလးေတြေပၚေအာင္ ၿပဳံးတယ္ ။ ထိုအၿပဳံးေၾကာင့္ သူ႕ပုံစံက ပိုမိုေတာက္ပသြားၿပီး ပိုၿပီးလည္းေခ်ာေမာသြားတယ္ ။

ၿပီးေတာ့ သူ႕ကို သတ္မတတ္ျဖတ္မတတ္ မ်က္လုံးေတြနဲ႕ ၾကည့္ေနတဲ့ ကုဖုန္းကို လ်စ္လ်ဴရႈၿပီး ကေလးေလးကို လက္လွမ္းယူလိုက္တယ္ ။ ကံအားေလ်ာ္စြာပဲ ပိုင္ရွီရွန္းက ထြက္မသြားေသးတာေၾကာင့္ ကေလးကို အေနအထားမွန္မွန္ ခ်ီနိုင္ေအာင္လို႔ သင္ျပေပးတယ္ ။ မဟုတ္ရင္ ကုက်ားယြဲ႕ေလးက ငိုေတာ့မွာ ။

"ကေလးေလးက ခ်စ္စရာေကာင္းလိုက္တာ "
က်န္းေဟာင္က မ်က္လုံးေတာက္ေတာက္ေတြနဲ႕ က်ားယြဲ႕ေလးကို ၾကည့္ၿပီး ဆိုလိုက္တယ္ ။
"ေခ်ာေမာခန့္ညားတဲ့ေကာင္ေလးတစ္ေယာက္ပဲ ...."

ယုေပၚယြင္ သူ႕သားေလးကို လူေခ်ာေလးလို႔ေျပာေတာ့ သေဘာေတြက်ေနေရာ ။
အဲ့ဒါေၾကာင့္ ၿပဳံး႐ႊင္စြာနဲ႕ ဆိုလိုက္တယ္ ။
"မင္းက ငယ္ေသးေပမယ့္ အျမင္စူးရွသားပဲ "

က်န္းေဟာင္က ေရးေရးေလးၿပဳံးေနရင္းနဲ႕ ႏႈတ္ခမ္းတစ္စုံလုံး ေကြးတက္သြားတယ္ ။
"ကြၽန္ေတာ္ ၾကားဖူးတာေတာ့ ကေလးတစ္ေယာက္မွာ ေခါင္းကိုင္မိခင္ ၊ ေခါင္းကိုင္ဖခင္ဆိုတာမ်ိဳး ရွိၾကတယ္တဲ့...ကြၽန္ေတာ္ေရာ ေခါင္းကိုင္ဖခင္ ျဖစ္လို႔ရမလား "

(ဒီကမၻာႀကီး ႐ူးသြားၿပီကို ေအးေဆး ဘာသာျပန္မွာပါ...အဲ့ဒါေၾကာင့္လည္း တစ္ပတ္ တစ္ပိုင္းေလာက္ပဲလို႔ ႀကိဳတင္ၿပီး စကားပလႅင္ခံထားပါတယ္ရွင္..ကုဖုန္းတို႔ကိုလည္း အရင္အတိုင္းပဲ ဦးစားေပးၿပီး အားရင္အားသလို ျပန္ေပးသြားမွာပါ..ကိုယ့္ ေဘးေဘတို႔ ...စိတ္မပူၾကပါနဲ႕ကြယ္)











































































Continue Reading

You'll Also Like

3.4M 279K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...
22.2K 3.7K 45
ဘာသာပြန်သူ - စွဲညို့အသင်း
175K 16.1K 43
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Imaginary Heaven and im...
10.5K 911 17
တနင်္လာနေ့တိုင်း update ရှိပါသည်။ ကြာပန်းဖြူလေးများအဖွဲ့