လူသားသစ္စာ (701-900)

Von kilulayuu121

156K 29.2K 678

....... Mehr

အခန်း (701)
အခန်း (702)
အခန်း (703)
အခန်း (704)
အခန်း (705)
အခန်း (706)
အခန်း (707)
အခန်း (708)
အခန်း (709)
အခန်း (710) End of Book 51
အခန်း (711)
အခန်း (712)
အခန်း (713)
အခန်း (714)
အခန်း (715)
အခန်း (716)
အခန်း (717)
အခန်း (718)
အခန်း (719)
အခန်း (720)
အခန်း (721)
အခန်း (722)
အခန်း (723)
အခန်း (724)
အခန်း (725) Book 52 End
အခန်း (726)
အခန်း (727)
အခန်း (728)
အခန်း (729)
အခန်း (730)
အခန်း (731)
အခန်း (732)
အခန်း (733)
အခန်း (734)
အခန်း (735)
အခန်း (736)
အခန်း (737)
အခန်း (738)
အခန်း (739) Book 53 End
အခန်း (740)
အခန်း (741)
အခန်း (742)
အခန်း (743)
အခန်း (744)
အခန်း (745)
အခန်း (746)
အခန်း (747)
အခန်း (748)
အခန်း (750)
အခန်း (751)
အခန်း (752)
အခန်း (753)
အခန်း (754)
အခန်း (755)
အခန်း (756)
အခန်း (757)
အခန်း (758)
အခန်း (759)
အခန်း (760)
အခန်း (761)
အခန်း (762)
အခန်း (763)
အခန်း (764)
အခန်း (765)
အခန်း (766)
အခန်း (767)
အခန်း (768)
အခန်း (769)
အခန်း (770)
အခန်း (771)
အခန်း (772)
အခန်း (773)
အခန်း (774)
အခန်း (775)
အခန်း (776)
အခန်း (777)
အခန်း (778)
အခန်း (779)
အခန်း (780)
အခန်း (781)
အခန်း (782) Book 57
အခန်း (783)
အခန်း (784)
အခန်း (785)
အခန်း (786)
အခန်း (787)
အခန်း (788)
အခန်း (789)
အခန်း (790)
အခန်း (791)
အခန်း (792)
အခန်း (793)
အခန်း (794)
အခန်း (795)
အခန်း (796)
အခန်း (797)
အခန်း (798)
အခန်း (799)
အခန်း (800)
အခန်း (801)
အခန်း (802)
အခန်း (803)
အခန်း (804)
အခန်း (805)
အခန်း (806)
အခန်း (807)
အခန်း (808)
အခန်း (809) Book 58 End
အခန်း (810)
အခန်း (811)
အခန်း (812)
အခန်း (813)
အခန်း (814)
အခန်း (815)
အခန်း (816)
အခန်း (817)
အခန်း (818)
အခန်း (819)
အခန်း (820)
အခန်း (821)
အခန်း (822)
အခန်း (823)
အခန်း (824) Book 60
အခန်း (825)
အခန်း (826)
အခန်း (827)
အခန်း (828)
အခန်း (829)
အခန်း (830)
အခန်း (831)
အခန်း (832)
အခန်း (833)
အခန်း (834)
အခန်း (835)
အခန်း (836)
အခန်း (837)
အခန်း (838)
အခန်း (839)
အခန်း (840)
အခန်း (841)
အခန်း (842)
အခန်း (843)
အခန်း (844)
အခန်း (845)
အခန်း (846)
အခန်း (847)
အခန်း (848)
အခန်း (849)
အခန်း (850)
အခန်း (851)
အခန်း (852)
အခန်း (853)
အခန်း (854)
အခန်း (855)
အခန်း (856)
အခန်း (857)
အခန်း (858)
အခန်း (859)
အခန်း (860)
အခန်း (861)
အခန်း (862)
အခန်း (863)
အခန်း (864)
အခန်း (865)
အခန်း (866) Book 63
အခန်း (867)
အခန်း (868)
အခန်း (869)
အခန်း (870)
အခန်း(871)
အခန်း (872)
အခန်း (873)
အခန်း (874)
အခန်း (875)
အခန်း (876)
အခန်း (877)
အခန်း (878)
အခန်း (879)
အခန်း (880)
အခန်း (881)
အခန်း (882)
အခန်း (883)
အခန်း (884)
အခန်း (885)
အခန်း (886)
အခန်း (887)
အခန်း (888)
အခန်း (889)
အခန်း (890)
အခန်း (891)
အခန်း (892)
အခန်း (893) book 64 End
အခန်း (894)
အခန်း (895)
အခန်း (896)
အခန်း (897)
အခန်း (898)
အခန်း (899)
အခန်း (900)

အခန်း (749)

750 137 1
Von kilulayuu121

အခန်း (၇၄၉)  :  စကြဝဠာနံရံကြီး ပွင့်လာခြင်း

“ ကျုပ်က ဆိုင်ကို ရောင်းမှာပါ ….” လူလတ်အရွယ် အမျိုးသားကြီးက လိုချင်ဆန္ဒများကို ချိုးနှိမ်ကာ ခြောက်ကပ်ကပ် ပြောလိုက်၏။

ကောင်းကင်ဘုံ အလွန် မြို့ငယ်လေး၌ ဆိုင်ပိုင်ရှင်များက ဈေးဝယ်သူအား လုယက်လျှင် သူတို့ဆိုင်ပိုင်ဆိုင်ခွင့်အား ဖယ်ရှားခံရသည်။

“ အဲဆို ဆိုင်ရဲ့ ပိုင်ဆိုင်မှာ စာချုပ်ကို ထုတ်ပြီးတော့ စိတ်ဝိညာဉ် အမှတ်အသားကို ပြောင်းလိုက် ” မိုဝူကျိက အေးအေးဆေးဆေး ပြောလိုက်သည်။

ကျင့်ကြံခြင်းလောက၌ ဆိုင်များ၏ စာချုပ်မှာ နာမည်နှင့် အမှတ်အသားပေါ် မူတည်ထားခြင်း ဖြစ်၏။ သို့သော်လည်း အင်မော်တယ်လောက၌ ဆိုင်၏ စာချုပ်မှာ စိတ်ဝိညာဉ် အမှတ်အသားပေါ် မူတည်နေပြန်သည်။ အမှတ်အသား ပြောင်းလဲခြင်းမှာ နှစ်ဖက်လုံးမှ သဘောတူညီချက် လိုအပ်ပေ၏။ မဟုတ်လျှင် ဝယ်ယူသူ၏ စိတ်ဝိညာဉ်အမှတ်အသားမှာ ပိုင်ဆိုင်ခွင့် ရှိကြောင်း စာချုပ်ပေါ်၌ တွယ်ကပ်နေမည် မဟုတ်ပေ။

“ ဟုတ်ပြီ ” လူလတ်အရွယ် အမျိုးသားကြီးက ဆိုင်၏ ပိုင်ဆိုင်မှု စာချုပ်ကို ထုတ်ကာ မိုဝူကျိဆီ ပေးလိုက်၏  “ မင်းရဲ့ စိတ်ဝိညာဉ် အမှတ်အသားကို ဒီကျောက်စိမ်းပေလွှာဆီ ပို့လိုက် …. ပြီးသွားရင် ငါ့ကို ပေး။ ငါလည်း သဘောတူဖို့ လိုတယ် ”

မိုဝူကျိက ထူးခြားလှသည်ဟု မထင်မိပေ။ ထိုအရာမှာ ပိုင်ဆိုင်မှု စာချုပ် လွဲပြောင်းစဉ် လုပ်လေ့လုပ်ထ ရှိသည့်အရာများသာ ဖြစ်၏။ သူက ကျောက်စိမ်းပေလွှာကို လက်ခံကာ စိတ်ဝိညာဉ်အမှတ်အသားကို မှတ်သားပေးလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပေလွှာကို တစ်ဖက်လူဆီ ပြန်ပေးလိုက်၏။ လုပ်ရိုးလုပ်စဉ် တစ်လျောက်လုံး မိုဝူကျိက စိတ်စွမ်းအားကို ကျောက်စိမ်းပေလွှာ၌ ဆက်တိုက် အာရုံစိုက်ထားပေသည်။

သူ့အနေနှင့် တစ်ဖက်လူက သူ့စိတ်ဝိညာဉ် အမှတ်အသားကို ပိုင်ရှင်အသစ်အဖြစ် လက်ခံလိုက်လား  သိရအောင် ဖြစ်၏။

လူလတ်အရွယ် အမျိုးသားကြီးက မိုဝူကျိ၏ အပြုအမူနောက်ကွယ်မှ အဓိပ္ပါယ်ကို ကောင်းကောင်း သိပေသည်။ သူက ဘာကိုမှ လိမ်ညာမနေဘဲ ပိုင်ဆိုင်မှု စာချုပ်ကို ချက်ချင်း သဘောတူပေးလိုက်ပြီး မိုဝူကျိ၏ စိတ်ဝိညာဉ် အမှတ်အသားကို ဆိုင်ပိုင်ရှင် ဖြစ်လာစေရန် ခွင့်ပြုပေးလိုက်သည်။

မိုဝူကျိ၏ စိတ်စွမ်းအားက ထိုအရာကို အာရုံခံမိလိုက်သောအခါ ပြန်ရုတ်သိမ်းလိုက်၏။

“ ကျုပ် ဒီပိုင်ဆိုင်မှုစာချုပ်ကို  သိမ်းထားဦးမယ်။ ခင်ဗျား ပစ္စည်းတွေ ပေးမှ ကျုပ် ပြန်လွဲပေးမယ် ” ဆိုင်ပိုင်ရှင်က မိုဝူကျိကို တကယ်ယုံဟန် မပေါ်ပေ။ စိတ်စွမ်းအား ပြန်ရုတ်သိမ်းပြီးနောက် သူက စာချုပ်ကို ပြန်လည် သိမ်းထားလိုက်သည်။

မိုဝူကျိက အနည်းငယ် မျက်မှောင်ကျုတ်လိုက်ပြီး  တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ သို့သော်လည်း တာအိုအငွေ့အသက် မတည်မငြိမ် ဖြစ်နေသည့် အင်မော်တယ်ဘုရင်တစ်ယောက်ကိုတော့ မိုဝူကျိက များစွာ မစိုးရိမ်ပေ။ သူက ဖန်လျှပ်စီးလှံရှည်ပါသည့် ကျောက်စိမ်းသေတ္တာကို ထုတ်ကာ ပေးလိုက်၏။

“ ဒီ အဆင့် ၉ အင်မော်တယ် လက်နက်က ခင်ဗျားလက်ထဲ ရောက်နေပြီပဲ။ အခု စာချုပ်ကို ကျုပ်ဆီ ပေး …. ကျန်တဲ့ပစ္စည်းနှစ်ခုကို လွဲပေးမယ် ”

အင်မော်တယ်လောက၌ အဆင့် ၉ အင်မော်တယ် လက်နက်မှာ ဗောဓိစိမ်းဆေးလုံးထက် များစွာ အဆင့်မြင့်သော်လည်း ဤသည်မှာ အင်မော်တယ်လောက မဟုတ်ဘဲ ကောင်းကင်ဘုံ နယ်နမိတ်အလွန် ဖြစ်၏။ မိုဝူကျိက ဤနေရာ၌ ကြာကြာနေလာသည် မဟုတ်သော်လည်း ဤနေရာ၌ ကုသဆေးလုံးများမှာ အဖိုးတန်ဆုံးဖြစ်ကြောင်း သိပေသည်။

“ ဟင်း …” ဆိုင်ပိုင်ရှင်က လှံရှည်ကို သိမ်းထားပြီးနောက် သူ့မျက်နှာမှာ အေးစက်လာကာ  “ ကျန်တဲ့ပစ္စည်းနှစ်ခုကို ပေးလိုက် …. ဒါက အလဲအလှယ်ဆိုမှတော့ အလဲအလှယ်အတိုင်း စည်းမျည်းတွေကို လိုက်နာရမယ် ”

မိုဝူကျိက ဤဆိုင်ပိုင်ရှင်မှာ ရယ်စရာတစ်ခုခု လုပ်ဖို့ ကြိုးစားနေကြောင်း သိလိုက်သည်။ သဘောတရားအရပြောရမည်ဆိုလျှင် စာချုပ်ပေါ်မှ စိတ်ဝိညာဉ် အမှတ်အသားမှာ ပြောင်းလဲပြီးသား  ဖြစ်သောကြောင့် ဤဆိုင်မှာ သူ့အပိုင် ဖြစ်သွားလေပြီ။ သူက ဤဆိုင်ပိုင်ရှင်သည် အဘယ်ကြောင့် တဇွတ်ထိုး လုပ်နေမှန်း နားမလည်ပေ။

သူ မသိသေးသည့် စည်းမျည်းများ ရှိနေတာလား ….

လော့စီလည်း မရှိတော့ပြီ ဖြစ်သည့်အတွက် သူ မေးလို့ရမည့် လူ မရှိပေ။

မိုဝူကျိက တစ်ဖက်လူနှင့် ရန်မဖြစ်လိုသောကြောင့် ကျောက်စိမ်းပုလင်းနှစ်ပုလင်းကို ထုတ်ကာ ပေးလိုက်၏  “ ဒါက ဗောဓိစိမ်းဆေးလုံးနဲ့ နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ်ပဲ … အခု စာချုပ်ကို ပေးတော့ ”

ကျောက်စိမ်းနှစ်ပုလင်းလုံးမှာ ဗလာ ဖြစ်၏။ တစ်ဖက်လူက သူ့အား လိမ်ညာဖို့ ကြိုးစားနေမှန်း သိသောကြောင့် သူက တစ်ဖက်လူကို အလွယ်လေး အနိုင်ယူနိုင်သော်လည်း မိုဝူကျိက သူ့ပစ္စည်းများကို ထိုလူ့လက်ထဲ မပေးလိုပေ။

ဆိုင်ပိုင်ရှင်က ကျောက်စိမ်းပုလင်းအထဲကို မစစ်ဆေးကြည့်ဘဲ တန်း၍ သိမ်းကာ မထူးမခြားနား ပြောလိုက်သည်

“ မင်းက ပစ္စည်းတွေကို မပေးချင်မှတာ့ အလဲအလှယ် အဆုံးသတ်ပြီ … ”

“ ဘာ ” မိုဝူကျိ၏ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာလေ၏။ ကမ္ဘာမြေတွင် ဖြစ်စေ၊ တခြားနေရာတွင် ဖြစ်စေ မိုဝူကျိက ဤသို့အရှက်မဲ့သည့် လူမျိုးကို မမြင်ဖူးပေ။

“ ငါ မင်းနဲ့ အလဲအလှယ် မလုပ်ဘူးလို့ ပြောနေတာလေ” ဆိုင်ပိုင်ရှင်က အေးစက်စွာ ပြောလိုက်၏။

သူက စိတ်ထဲ၌ သရော်မိလိုက်သည်။ လူသစ်လေးက စည်းမျည်းများကို မသိဘဲဖြင့် ဆိုင်ကို လာဝယ်ချင်နေသေး၏။

ကောင်းကင်ဘုံ အလွန်မြို့၌ ပိုင်ဆိုင်မှု စာချုပ်မှာ ဆိုင်ပိုင်ရှင်များကို မျက်နှာသာပေးထားလေ၏။ နှစ်ဖက်လုံးက စိတ်ဝိညာဉ်အမှတ်အသား ပြောင်းလဲဖို့ရာ သဘောတူလိုက်သော်လည်း ထိုအရာမှာ သုံးရက်နောက်ပိုင်းတွင်သာ အကျုံးဝင်လေသည်။ ထို့ကြောင့် မူလဆိုင်ပိုင်ရှင်က ဒုတိယမြောက်ရက် သို့မဟုတ် တတိယမြောက်ရက်ကျ စိတ်ဝိညာဉ်အမှတ်အသားကို ပြန်ပြောင်းလဲ၍ ရပေသည်။

ဆိုလိုသည်မှာ မိုဝူကျိ၏ စိတ်ဝိညာဉ် အမှတ်အသားမှာ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါ တစ်ရက်ရက်၌ ဖယ်ရှားခံရနိုင်ပေ၏။ ဆိုင်ပိုင်ရှင်က ပိုင်ရှင်အဖြစ် ကျန်ရှိနေဦးမည် ဖြစ်သည်။

ပထမရက်နေ့ မဖယ်ရှားနိုင်သည့် အကြောင်းအရင်းမှာ ဝယ်ယူသူဘက်ကို အနည်းငယ် အလေးပေးထားခြင်း ဖြစ်၏။

မိုဝူကျိက လုံးဝ မသိပေ။ သူက ပစ္စည်းများကို ပေးပြီးသည့်နောက်တွင် တစ်ဖက်လူသည် ကတိဖျက်လိမ့်မည်မှန်း မသိပေ။

မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ ထိုသူ့ကို သတ်ပြီး ကျတ်တီးနယ်မြေဆီ ထွက်ပြေးဖို့ရာ စဉ်းစားမိလိုက်သည့်အချိန် ခရမှုတ်သံကို ကြားလိုက်ရသည်။

နောက်အခိုက်အတန့်လေး၌ ကောင်းကင်ဘုံအလွန် မြို့ငယ်တစ်ခုလုံးကား ဒုံးကျည်အလား ပြေးထွက်သွားကြသည်။ မိုဝူကျိက သူ့စိတ်စွမ်းအားထဲ၌ မြောက်များစွာသော ကျင့်ကြံသူတို့ ကောင်းကင်ဘုံအလွန်မြို့မှ ထွက်သွားသည်ကို မြင်လိုက်ရသည်။ မိုဝူကျိအား တားဆီးလုနီးပါး ဖြစ်ခဲ့သော အစောင့်နှစ်ယောက်လည်း ပါဝင်ပေသည်။

“ စကြဝဠာနံရံကြီး ပွင့်လာပြီး …” ဆိုင်ပိုင်ရှင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ လက်တစ်ချက် ဝှေ့ကာ ဆိုင်ထဲမှ မှော်ရတနာ အားလုံးကို သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းလိုက်တော့သည်။ ထို့နောက် သူက လိုချင်တာ ရသွားသည့် ကလေးငယ်တစ်ယောက်လို  မိုဝူကျိအား လုံးဝကို လျစ်လျူရှုထားရင်း ပြေးထွက်သွားလေ၏။

တကယ်တော့ ဆိုင်ပိုင်ရှင်တချို့သာ ဆိုင်ထဲ၌ ပစ္စည်းကောင်း ရှိခြင်း ဖြစ်လေရာ စကြဝဠာနံရံကြီး ပွင့်လာသည့်အခါ မည်သူကမှ ဆိုင်များကို မလုယက်လိုကြပေ။ ဆိုင်၏ အဖိုးတန်ဆုံးအရာမှာ ဆိုင်သာ ဖြစ်၏။

ဆိုင်ကိုလည်း လုယူ၍ မရနိုင်ပေ။ အသက်ရှင်လျက် ပြန်လာနိုင်လျှင် ဆိုင်က ကိုယ့်အပိုင် ဖြစ်နေဦးမည် ဖြစ်၏။

မူလက ဆိုင်ပိုင်ရှင်ကို သတ်ပစ်တော့မည့် မိုဝူကျိသည် စကြဝဠာနံရံ ပွင့်လာသည့်အကြောင်း ကြားသောအခါ ထိုအတွေးကို ပယ်ဖျက်လိုက်တော့သည်။ ဆိုင်ပိုင်ရှင်နောက်ကနေ လိုက်သွားဖို့ရာ တုံ့ဆိုင်းမနေပေ။ သူက ထိုလူကို သတ်ပစ်မည် ဖြစ်သော်လည်း ဤနေရာက  နေရာမှန် မဟုတ်သေးပေ။

လော့စီ၏ မိတ်ဆက်ပေးချက်အရ စကြဝဠာနံရံကြီး ပွင့်လာသည်နှင့် ရတနာများအတွက် တိုက်ပွဲများ မဖြစ်သေးဘဲ အားလုံးက ရတနာ ရဖို့ရာသာ အာရုံစိုက်ထားကြသည်။ စကြဝဠာနံရံကြီး ပိတ်သွားသည့်အခါမှ တိုက်ပွဲကြီးများ ဖြစ်လာခြင်း ဖြစ်၏။

အမွေးတိုင်တစ်ဝက်စာ ကြာပြီးနောက် ဤဆိုင်ပိုင်ရှင်က ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးမှ ပြေးထွက်ကာ ကျတ်တီးနယ်မြေအတွင်း ပြေးဝင်သွားတော့သည်။ ထိုစဉ် ကျတ်တီးနယ်မြေ၌ လူများစွာ ရှိနေပြီ ဖြစ်ရာ တစ်ယောက်ချင်းစီက ဦးတည်ရာအတူတူသို့ သွားနေကြသည်။

မိုဝူကျိက ကောင်းကင်ဘုံအလွန်မြို့မှ ထွက်လာသည်နှင့် ထိုဆိုင်ပိုင်ရှင် နောက်သို့ ရွေ့ပြောင်းစွမ်းရည် သွားလိုက်ပြီး လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။

သူ့လက်သီးချက်မှာ စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက် ဖြစ်၏။ သူက ဆိုင်ပိုင်ရှင်ကို တတ်နိုင်သမျှ မြန်မြန် ဖယ်ရှားပစ်လို၏။ ထို့နောက် စကြဝဠာနံရံဆီ သွားကြည့်ရမည်။

ဘေးပတ်လည်ရှိ အားလုံးက ထိုလက်သီးချက်ကြောင့် အင်မော်တယ် သဘာဝစွမ်းအားကို ချက်ချင်း ခံစားမိလိုက်၏။ သူတို့က ဘေးဖယ်လိုက်ပြီးနောက် ဆက်လက် သွားလိုက်ကြသည်။ မည်သူကမှ ထိုစွမ်းအားလှိုင်းအကြောင်း ရပ်တန့်၍ ရှာဖွေမနေပေ။

လက်တွေ့၌ စကြဝဠာနံရံကြီး ပွင့်လာသည့်အခါ လူတော်တော်များများ ထိုနေရာသို့ သွားကြ၏။ သာမာန်အခြေအနေအောက်တွင် မည်သူကမှ ရပ်ပြီး တိုက်ခိုက်နေမည် မဟုတ်ချေ။ အားလုံးက စကြဝဠာနံရံကြီး ပွင့်လာသည့်အခါ ရတနာများစွာ ကျလာမည် ဖြစ်ကြောင်း သိကြသောကြောင့် ထိုသို့အချိန်အခါမျိုး၌ အားလုံးက အကျိုးမြတ်ရဖို့သာ အာရုံစိုက်ထားကြသည်။ ပြောရမည်ဆိုလျှင် ထိုစကြဝဠာနံရံကြီးက အဆုံးမဲ့ ရတနာတွင်းကြီး မဟုတ်ပါလော။ ဤသို့ဆိုမှတော့ မည်သူကမှ ရတနာရှာမည့်အစား အချိန်မဖြုန်းနေလိုကြပေ။

တိုက်ပွဲဖြစ်လာသည့် တစ်ခုတည်းသော အချိန်မှာ ရန်ကြွေးကြီးကြီးကြောင့်သာ ဖြစ်၏။ ထို့ကြောင့် အားလုံးက မိုဝူကျိ၏ တိုက်ခိုက်မှုကို ခံစားမိသည့်အခါ ကိုယ့်လမ်းကိုသာ ဆက်သွားနေကြခြင်း ဖြစ်သည်။ မည်သူကမှ မိုဝူကျိသည် မည်သူကို တိုက်ခိုက်နေမည်မှန်း ဂရုမစိုက်ကြပေ။

“ မင်းက သေချင်နေတာပဲ။ ဒီဘုရင်ကြီးက မင်းအသက်ကို ချမ်းသာပေးမလို့ပဲ။ မင်းက ကိုယ့်သေတွင်းကို လာတူးလိမ့်မယ်လို့ ထင်မထားဘူး …” ဆိုင်ပိုင်ရှင်က မိုဝူကျိ၏ လက်သီးချက်ကို ခံစားမိလိုက်သောအခါ ချက်ချင်း ဒေါသထွက်သွားလေ၏။

သူက မိုဝူကျိ၏ အသက်ကို ချမ်းသာမပေးလိုပေ။ တကယ်တော့ ယခု သူ့တွင် ပို၍ အရေးကြီးသည့် ကိစ္စ ရှိနေသေးပေ၏။

စကြဝဠာနံရံကြီး ပွင့်လာပြီ မဟုတ်ပါလော။

ထိုသို့မျိုး အရေးပါသည့် အခိုက်အတန့်၌ ပုရွတ်ဆိတ်လေး တစ်ကောင်က သူ့အပေါ် လက်လာရွယ်ရဲနေလေ၏။

ဤဆိုင်ပိုင်ရှင်က ဓားမော့တစ်ချောင်းကို ထုတ်လိုက်သည်။ သူက မိုဝူကျိကို တတ်နိုင်သမျှ မြန်မြန် ဖယ်ရှားပစ်လို၏။ စကြဝဠာနံရံကြီး၌ အဆုံးမသတ်နိုင်သည့် ရတနာများစွာ ရှိနေလေရာ ရောက်ရှိသွားသည့် အချိန်မှာ ရတနာ မည်မျှ ရနိုင်လဲ ဆိုသည့်အပေါ် သက်ရောက်မှု ရှိနေသည်။

“ ခွမ်း ” ဆိုင်ပိုင်ရှင်၏ စွမ်းအားစက်ကွင်းမှာ အားအပြည့်နှင့် ထွက်ပေါ်မလာခင် မိုဝူကျိ၏ လက်သီးချက်ကြောင့် တစစီ ဖြစ်သွားရသည်။ တူညီလှစွာ သူ့သဘာဝ စွမ်းအားများက သူ့ဓားမော့ပေါ် မစုစည်းနိုင်လိုက်ခင် မိုဝူကျိ၏ စွမ်းအားကြောင့် ပေါက်ကွဲသွားလေ၏။

“ ဘုန်း ” အင်မော်တယ် သဘာဝစွမ်းအားများက နေရာအနှံ့ ပြန့်ကျဲကုန်ပေသည်။ ဤအင်မော်တယ်ဘုရင်၏ ဓားမော့က စက်ဝိုင်းပြတ်လေးပင် မထုတ်လိုက်နိုင်ဘဲ မိုဝူကျိ၏ လက်သီးချက်ကြောင့် လွင့်စင်သွားလေ၏။

ဤလူက အနည်းဆုံး အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်လောက်မည်။ ဆိုင်ပိုင်ရှင်က မိုဝူကျိ၏ စွမ်းရည်ကို အထင်သေးမိသွားကြောင်း ချက်ချင်း သိလိုက်သည်။

“ ရပ် …. ငါ မင်းကို ပစ္စည်းတွေ ပြန်ပေးမယ် ” မိုဝူကျိ၏ အားပြင်းလှသော စွမ်းအားများကို ခံစားမိသောအခါ ဤအင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက မိုဝူကျိနှင့် မည်သို့ ဆက်တိုက်ခိုက်ရဲမည်နည်း။

မိုဝူကျိက တစ်ဖက်လူ၏ စကားများကို မကြားသည့်အလား ပြုမူနေသည်။ သူ့အာကာပြင် ချုပ်နှောင်မှုဖြင့် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူအား ပိတ်လှောင်ထားလိုက်သည်။ ထိုအခါ သူ့လက်သီးချက်က ဆိုင်ပိုင်ရှင်ဆီ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။

“ ဘန်း ” မိုဝူကျိအား မျက်လုံးထဲပင် မထည့်သည့် အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူက ရင်ဘတ်ကို အထိုးခံလိုက်ရသည်။

သွေးမြူများပင် ထွက်ပေါ်လာလေ၏။ မိုဝူကျိက လက်ဖဝါးကို ဖြန့်ကာ ထိုလူ၏ သိုလှောင်လက်စွပ်ကို သိမ်းယူလိုက်သည်။ သူက လျှပ်စီးအား နှစ်ချက်ပင် ပစ်လွှတ်လိုက်သေး၏။ ဆိုင်ပိုင်ရှင်၏ ကမ္ဘာဦး စိတ်ဝိညာဉ်က ခေါင်းထဲမှ ထွက်လာခါစ ဖြစ်သော်လည်း  မိုဝူကျိ၏ လျှပ်စီးချက်ကြောင့် ဗလာနတ္ထိအဖြစ် ပြောင်းလဲခံလိုက်ရသည်။ မိုဝူကျိက လှုပ်ရှားလိုက်ကတည်းက ထိုလူ့အား သတ်ဖို့ရာ နှစ်ကွက်သာ ထုတ်သုံးလိုက်ရ၏။ ဆိုင်ပိုင်ရှင်မှာ တိုက်ကွက်တစ်ကွက်ပင် အားအပြည့် ထုတ်မပြသွားနိုင်ပေ။

သူတို့က မိုဝူကျိ၏ အင်အားကို ခံစားမိသည့်အခါ အားလုံးက လမ်းဖယ်ပေးလိုက်ကြသည်။ မည်သူကမှ ဤကိစ္စလေးကို အရေးမစိုက်ကြပေ။ ထိုစဉ် အားလုံး၏ အကြည့်များက စကြဝဠာနံရံကြီးဆီသာ ရောက်နေလေ၏။

Zawgi##

အခန္း (၇၄၉)  :  စၾကဝဠာနံရံႀကီး ပြင့္လာျခင္း

“ က်ဳပ္က ဆိုင္ကို ေရာင္းမွာပါ ….” လူလတ္အ႐ြယ္ အမ်ိဳးသားႀကီးက လိုခ်င္ဆႏၵမ်ားကို ခ်ိဳးႏွိမ္ကာ ေျခာက္ကပ္ကပ္ ေျပာလိုက္၏။

ေကာင္းကင္ဘုံ အလြန္ ၿမိဳ႕ငယ္ေလး၌ ဆိုင္ပိုင္ရွင္မ်ားက ေဈးဝယ္သူအား လုယက္လွ်င္ သူတို႔ဆိုင္ပိုင္ဆိုင္ခြင့္အား ဖယ္ရွားခံရသည္။

“ အဲဆို ဆိုင္ရဲ႕ ပိုင္ဆိုင္မွာ စာခ်ဳပ္ကို ထုတ္ၿပီးေတာ့ စိတ္ဝိညာဥ္ အမွတ္အသားကို ေျပာင္းလိုက္ ” မိုဝူက်ိက ေအးေအးေဆးေဆး ေျပာလိုက္သည္။

က်င့္ႀကံျခင္းေလာက၌ ဆိုင္မ်ား၏ စာခ်ဳပ္မွာ နာမည္ႏွင့္ အမွတ္အသားေပၚ မူတည္ထားျခင္း ျဖစ္၏။ သို႔ေသာ္လည္း အင္ေမာ္တယ္ေလာက၌ ဆိုင္၏ စာခ်ဳပ္မွာ စိတ္ဝိညာဥ္ အမွတ္အသားေပၚ မူတည္ေနျပန္သည္။ အမွတ္အသား ေျပာင္းလဲျခင္းမွာ ႏွစ္ဖက္လုံးမွ သေဘာတူညီခ်က္ လိုအပ္ေပ၏။ မဟုတ္လွ်င္ ဝယ္ယူသူ၏ စိတ္ဝိညာဥ္အမွတ္အသားမွာ ပိုင္ဆိုင္ခြင့္ ရွိေၾကာင္း စာခ်ဳပ္ေပၚ၌ တြယ္ကပ္ေနမည္ မဟုတ္ေပ။

“ ဟုတ္ၿပီ ” လူလတ္အ႐ြယ္ အမ်ိဳးသားႀကီးက ဆိုင္၏ ပိုင္ဆိုင္မႈ စာခ်ဳပ္ကို ထုတ္ကာ မိုဝူက်ိဆီ ေပးလိုက္၏  “ မင္းရဲ႕ စိတ္ဝိညာဥ္ အမွတ္အသားကို ဒီေက်ာက္စိမ္းေပလႊာဆီ ပို႔လိုက္ …. ၿပီးသြားရင္ ငါ့ကို ေပး။ ငါလည္း သေဘာတူဖို႔ လိုတယ္ ”

မိုဝူက်ိက ထူးျခားလွသည္ဟု မထင္မိေပ။ ထိုအရာမွာ ပိုင္ဆိုင္မႈ စာခ်ဳပ္ လြဲေျပာင္းစဥ္ လုပ္ေလ့လုပ္ထ ရွိသည့္အရာမ်ားသာ ျဖစ္၏။ သူက ေက်ာက္စိမ္းေပလႊာကို လက္ခံကာ စိတ္ဝိညာဥ္အမွတ္အသားကို မွတ္သားေပးလိုက္သည္။ ထို႔ေနာက္ သူက ေက်ာက္စိမ္းေပလႊာကို တစ္ဖက္လူဆီ ျပန္ေပးလိုက္၏။ လုပ္႐ိုးလုပ္စဥ္ တစ္ေလ်ာက္လုံး မိုဝူက်ိက စိတ္စြမ္းအားကို ေက်ာက္စိမ္းေပလႊာ၌ ဆက္တိုက္ အာ႐ုံစိုက္ထားေပသည္။

သူ႔အေနႏွင့္ တစ္ဖက္လူက သူ႔စိတ္ဝိညာဥ္ အမွတ္အသားကို ပိုင္ရွင္အသစ္အျဖစ္ လက္ခံလိုက္လား  သိရေအာင္ ျဖစ္၏။

လူလတ္အ႐ြယ္ အမ်ိဳးသားႀကီးက မိုဝူက်ိ၏ အျပဳအမူေနာက္ကြယ္မွ အဓိပၸါယ္ကို ေကာင္းေကာင္း သိေပသည္။ သူက ဘာကိုမွ လိမ္ညာမေနဘဲ ပိုင္ဆိုင္မႈ စာခ်ဳပ္ကို ခ်က္ခ်င္း သေဘာတူေပးလိုက္ၿပီး မိုဝူက်ိ၏ စိတ္ဝိညာဥ္ အမွတ္အသားကို ဆိုင္ပိုင္ရွင္ ျဖစ္လာေစရန္ ခြင့္ျပဳေပးလိုက္သည္။

မိုဝူက်ိ၏ စိတ္စြမ္းအားက ထိုအရာကို အာ႐ုံခံမိလိုက္ေသာအခါ ျပန္႐ုတ္သိမ္းလိုက္၏။

“ က်ဳပ္ ဒီပိုင္ဆိုင္မႈစာခ်ဳပ္ကို  သိမ္းထားဦးမယ္။ ခင္ဗ်ား ပစၥည္းေတြ ေပးမွ က်ဳပ္ ျပန္လြဲေပးမယ္ ” ဆိုင္ပိုင္ရွင္က မိုဝူက်ိကို တကယ္ယုံဟန္ မေပၚေပ။ စိတ္စြမ္းအား ျပန္႐ုတ္သိမ္းၿပီးေနာက္ သူက စာခ်ဳပ္ကို ျပန္လည္ သိမ္းထားလိုက္သည္။

မိုဝူက်ိက အနည္းငယ္ မ်က္ေမွာင္က်ဳတ္လိုက္ၿပီး  တစ္ခုခု လြဲမွားေနေၾကာင္း ခံစားမိလိုက္သည္။ သို႔ေသာ္လည္း တာအိုအေငြ႕အသက္ မတည္မၿငိမ္ ျဖစ္ေနသည့္ အင္ေမာ္တယ္ဘုရင္တစ္ေယာက္ကိုေတာ့ မိုဝူက်ိက မ်ားစြာ မစိုးရိမ္ေပ။ သူက ဖန္လွ်ပ္စီးလွံရွည္ပါသည့္ ေက်ာက္စိမ္းေသတၱာကို ထုတ္ကာ ေပးလိုက္၏။

“ ဒီ အဆင့္ ၉ အင္ေမာ္တယ္ လက္နက္က ခင္ဗ်ားလက္ထဲ ေရာက္ေနၿပီပဲ။ အခု စာခ်ဳပ္ကို က်ဳပ္ဆီ ေပး …. က်န္တဲ့ပစၥည္းႏွစ္ခုကို လြဲေပးမယ္ ”

အင္ေမာ္တယ္ေလာက၌ အဆင့္ ၉ အင္ေမာ္တယ္ လက္နက္မွာ ေဗာဓိစိမ္းေဆးလုံးထက္ မ်ားစြာ အဆင့္ျမင့္ေသာ္လည္း ဤသည္မွာ အင္ေမာ္တယ္ေလာက မဟုတ္ဘဲ ေကာင္းကင္ဘုံ နယ္နမိတ္အလြန္ ျဖစ္၏။ မိုဝူက်ိက ဤေနရာ၌ ၾကာၾကာေနလာသည္ မဟုတ္ေသာ္လည္း ဤေနရာ၌ ကုသေဆးလုံးမ်ားမွာ အဖိုးတန္ဆုံးျဖစ္ေၾကာင္း သိေပသည္။

“ ဟင္း …” ဆိုင္ပိုင္ရွင္က လွံရွည္ကို သိမ္းထားၿပီးေနာက္ သူ႔မ်က္ႏွာမွာ ေအးစက္လာကာ  “ က်န္တဲ့ပစၥည္းႏွစ္ခုကို ေပးလိုက္ …. ဒါက အလဲအလွယ္ဆိုမွေတာ့ အလဲအလွယ္အတိုင္း စည္းမ်ည္းေတြကို လိုက္နာရမယ္ ”

မိုဝူက်ိက ဤဆိုင္ပိုင္ရွင္မွာ ရယ္စရာတစ္ခုခု လုပ္ဖို႔ ႀကိဳးစားေနေၾကာင္း သိလိုက္သည္။ သေဘာတရားအရေျပာရမည္ဆိုလွ်င္ စာခ်ဳပ္ေပၚမွ စိတ္ဝိညာဥ္ အမွတ္အသားမွာ ေျပာင္းလဲၿပီးသား  ျဖစ္ေသာေၾကာင့္ ဤဆိုင္မွာ သူ႔အပိုင္ ျဖစ္သြားေလၿပီ။ သူက ဤဆိုင္ပိုင္ရွင္သည္ အဘယ္ေၾကာင့္ တဇြတ္ထိုး လုပ္ေနမွန္း နားမလည္ေပ။

သူ မသိေသးသည့္ စည္းမ်ည္းမ်ား ရွိေနတာလား ….

ေလာ့စီလည္း မရွိေတာ့ၿပီ ျဖစ္သည့္အတြက္ သူ ေမးလို႔ရမည့္ လူ မရွိေပ။

မိုဝူက်ိက တစ္ဖက္လူႏွင့္ ရန္မျဖစ္လိုေသာေၾကာင့္ ေက်ာက္စိမ္းပုလင္းႏွစ္ပုလင္းကို ထုတ္ကာ ေပးလိုက္၏  “ ဒါက ေဗာဓိစိမ္းေဆးလုံးနဲ႔ ႏွစ္သန္းတစ္ေထာင္ သစ္သားအဆီအႏွစ္ပဲ … အခု စာခ်ဳပ္ကို ေပးေတာ့ ”

ေက်ာက္စိမ္းႏွစ္ပုလင္းလုံးမွာ ဗလာ ျဖစ္၏။ တစ္ဖက္လူက သူ႔အား လိမ္ညာဖို႔ ႀကိဳးစားေနမွန္း သိေသာေၾကာင့္ သူက တစ္ဖက္လူကို အလြယ္ေလး အႏိုင္ယူႏိုင္ေသာ္လည္း မိုဝူက်ိက သူ႔ပစၥည္းမ်ားကို ထိုလူ႔လက္ထဲ မေပးလိုေပ။

ဆိုင္ပိုင္ရွင္က ေက်ာက္စိမ္းပုလင္းအထဲကို မစစ္ေဆးၾကည့္ဘဲ တန္း၍ သိမ္းကာ မထူးမျခားနား ေျပာလိုက္သည္

“ မင္းက ပစၥည္းေတြကို မေပးခ်င္မွတာ့ အလဲအလွယ္ အဆုံးသတ္ၿပီ … ”

“ ဘာ ” မိုဝူက်ိ၏ သတ္ျဖတ္ေငြ႕မ်ား ထြက္ေပၚလာေလ၏။ ကမာၻေျမတြင္ ျဖစ္ေစ၊ တျခားေနရာတြင္ ျဖစ္ေစ မိုဝူက်ိက ဤသို႔အရွက္မဲ့သည့္ လူမ်ိဳးကို မျမင္ဖူးေပ။

“ ငါ မင္းနဲ႔ အလဲအလွယ္ မလုပ္ဘူးလို႔ ေျပာေနတာေလ” ဆိုင္ပိုင္ရွင္က ေအးစက္စြာ ေျပာလိုက္၏။

သူက စိတ္ထဲ၌ သေရာ္မိလိုက္သည္။ လူသစ္ေလးက စည္းမ်ည္းမ်ားကို မသိဘဲျဖင့္ ဆိုင္ကို လာဝယ္ခ်င္ေနေသး၏။

ေကာင္းကင္ဘုံ အလြန္ၿမိဳ႕၌ ပိုင္ဆိုင္မႈ စာခ်ဳပ္မွာ ဆိုင္ပိုင္ရွင္မ်ားကို မ်က္ႏွာသာေပးထားေလ၏။ ႏွစ္ဖက္လုံးက စိတ္ဝိညာဥ္အမွတ္အသား ေျပာင္းလဲဖို႔ရာ သေဘာတူလိုက္ေသာ္လည္း ထိုအရာမွာ သုံးရက္ေနာက္ပိုင္းတြင္သာ အက်ဳံးဝင္ေလသည္။ ထို႔ေၾကာင့္ မူလဆိုင္ပိုင္ရွင္က ဒုတိယေျမာက္ရက္ သို႔မဟုတ္ တတိယေျမာက္ရက္က် စိတ္ဝိညာဥ္အမွတ္အသားကို ျပန္ေျပာင္းလဲ၍ ရေပသည္။

ဆိုလိုသည္မွာ မိုဝူက်ိ၏ စိတ္ဝိညာဥ္ အမွတ္အသားမွာ မနက္ျဖန္ သို႔မဟုတ္ သန္ဘက္ခါ တစ္ရက္ရက္၌ ဖယ္ရွားခံရႏိုင္ေပ၏။ ဆိုင္ပိုင္ရွင္က ပိုင္ရွင္အျဖစ္ က်န္ရွိေနဦးမည္ ျဖစ္သည္။

ပထမရက္ေန႔ မဖယ္ရွားႏိုင္သည့္ အေၾကာင္းအရင္းမွာ ဝယ္ယူသူဘက္ကို အနည္းငယ္ အေလးေပးထားျခင္း ျဖစ္၏။

မိုဝူက်ိက လုံးဝ မသိေပ။ သူက ပစၥည္းမ်ားကို ေပးၿပီးသည့္ေနာက္တြင္ တစ္ဖက္လူသည္ ကတိဖ်က္လိမ့္မည္မွန္း မသိေပ။

မိုဝူက်ိက သူ႔လျခမ္းေကြး ပုဆိန္လွံရွည္ကို ထုတ္ကာ ထိုသူ႔ကို သတ္ၿပီး က်တ္တီးနယ္ေျမဆီ ထြက္ေျပးဖို႔ရာ စဥ္းစားမိလိုက္သည့္အခ်ိန္ ခရမႈတ္သံကို ၾကားလိုက္ရသည္။

ေနာက္အခိုက္အတန႔္ေလး၌ ေကာင္းကင္ဘုံအလြန္ ၿမိဳ႕ငယ္တစ္ခုလုံးကား ဒုံးက်ည္အလား ေျပးထြက္သြားၾကသည္။ မိုဝူက်ိက သူ႔စိတ္စြမ္းအားထဲ၌ ေျမာက္မ်ားစြာေသာ က်င့္ႀကံသူတို႔ ေကာင္းကင္ဘုံအလြန္ၿမိဳ႕မွ ထြက္သြားသည္ကို ျမင္လိုက္ရသည္။ မိုဝူက်ိအား တားဆီးလုနီးပါး ျဖစ္ခဲ့ေသာ အေစာင့္ႏွစ္ေယာက္လည္း ပါဝင္ေပသည္။

“ စၾကဝဠာနံရံႀကီး ပြင့္လာၿပီး …” ဆိုင္ပိုင္ရွင္က သူ႔ကိုယ္သူ ေရ႐ြတ္လိုက္သည္။ လက္တစ္ခ်က္ ေဝွ႔ကာ ဆိုင္ထဲမွ ေမွာ္ရတနာ အားလုံးကို သိုေလွာင္လက္စြပ္အတြင္း ထည့္သိမ္းလိုက္ေတာ့သည္။ ထို႔ေနာက္ သူက လိုခ်င္တာ ရသြားသည့္ ကေလးငယ္တစ္ေယာက္လို  မိုဝူက်ိအား လုံးဝကို လ်စ္လ်ဴရႈထားရင္း ေျပးထြက္သြားေလ၏။

တကယ္ေတာ့ ဆိုင္ပိုင္ရွင္တခ်ိဳ႕သာ ဆိုင္ထဲ၌ ပစၥည္းေကာင္း ရွိျခင္း ျဖစ္ေလရာ စၾကဝဠာနံရံႀကီး ပြင့္လာသည့္အခါ မည္သူကမွ ဆိုင္မ်ားကို မလုယက္လိုၾကေပ။ ဆိုင္၏ အဖိုးတန္ဆုံးအရာမွာ ဆိုင္သာ ျဖစ္၏။

ဆိုင္ကိုလည္း လုယူ၍ မရႏိုင္ေပ။ အသက္ရွင္လ်က္ ျပန္လာႏိုင္လွ်င္ ဆိုင္က ကိုယ့္အပိုင္ ျဖစ္ေနဦးမည္ ျဖစ္၏။

မူလက ဆိုင္ပိုင္ရွင္ကို သတ္ပစ္ေတာ့မည့္ မိုဝူက်ိသည္ စၾကဝဠာနံရံ ပြင့္လာသည့္အေၾကာင္း ၾကားေသာအခါ ထိုအေတြးကို ပယ္ဖ်က္လိုက္ေတာ့သည္။ ဆိုင္ပိုင္ရွင္ေနာက္ကေန လိုက္သြားဖို႔ရာ တုံ႔ဆိုင္းမေနေပ။ သူက ထိုလူကို သတ္ပစ္မည္ ျဖစ္ေသာ္လည္း ဤေနရာက  ေနရာမွန္ မဟုတ္ေသးေပ။

ေလာ့စီ၏ မိတ္ဆက္ေပးခ်က္အရ စၾကဝဠာနံရံႀကီး ပြင့္လာသည္ႏွင့္ ရတနာမ်ားအတြက္ တိုက္ပြဲမ်ား မျဖစ္ေသးဘဲ အားလုံးက ရတနာ ရဖို႔ရာသာ အာ႐ုံစိုက္ထားၾကသည္။ စၾကဝဠာနံရံႀကီး ပိတ္သြားသည့္အခါမွ တိုက္ပြဲႀကီးမ်ား ျဖစ္လာျခင္း ျဖစ္၏။

အေမြးတိုင္တစ္ဝက္စာ ၾကာၿပီးေနာက္ ဤဆိုင္ပိုင္ရွင္က ေကာင္းကင္ဘုံ အလြန္ ၿမိဳ႕ငယ္ေလးမွ ေျပးထြက္ကာ က်တ္တီးနယ္ေျမအတြင္း ေျပးဝင္သြားေတာ့သည္။ ထိုစဥ္ က်တ္တီးနယ္ေျမ၌ လူမ်ားစြာ ရွိေနၿပီ ျဖစ္ရာ တစ္ေယာက္ခ်င္းစီက ဦးတည္ရာအတူတူသို႔ သြားေနၾကသည္။

မိုဝူက်ိက ေကာင္းကင္ဘုံအလြန္ၿမိဳ႕မွ ထြက္လာသည္ႏွင့္ ထိုဆိုင္ပိုင္ရွင္ ေနာက္သို႔ ေ႐ြ႕ေျပာင္းစြမ္းရည္ သြားလိုက္ၿပီး လက္သီးတစ္ခ်က္ ပစ္ခြင္းလိုက္သည္။

သူ႔လက္သီးခ်က္မွာ စြမ္းအားစက္ကြင္းေခ်ဖ်က္ လက္သီးခ်က္ ျဖစ္၏။ သူက ဆိုင္ပိုင္ရွင္ကို တတ္ႏိုင္သမွ် ျမန္ျမန္ ဖယ္ရွားပစ္လို၏။ ထို႔ေနာက္ စၾကဝဠာနံရံဆီ သြားၾကည့္ရမည္။

ေဘးပတ္လည္ရွိ အားလုံးက ထိုလက္သီးခ်က္ေၾကာင့္ အင္ေမာ္တယ္ သဘာဝစြမ္းအားကို ခ်က္ခ်င္း ခံစားမိလိုက္၏။ သူတို႔က ေဘးဖယ္လိုက္ၿပီးေနာက္ ဆက္လက္ သြားလိုက္ၾကသည္။ မည္သူကမွ ထိုစြမ္းအားလႈိင္းအေၾကာင္း ရပ္တန႔္၍ ရွာေဖြမေနေပ။

လက္ေတြ႕၌ စၾကဝဠာနံရံႀကီး ပြင့္လာသည့္အခါ လူေတာ္ေတာ္မ်ားမ်ား ထိုေနရာသို႔ သြားၾက၏။ သာမာန္အေျခအေနေအာက္တြင္ မည္သူကမွ ရပ္ၿပီး တိုက္ခိုက္ေနမည္ မဟုတ္ေခ်။ အားလုံးက စၾကဝဠာနံရံႀကီး ပြင့္လာသည့္အခါ ရတနာမ်ားစြာ က်လာမည္ ျဖစ္ေၾကာင္း သိၾကေသာေၾကာင့္ ထိုသို႔အခ်ိန္အခါမ်ိဳး၌ အားလုံးက အက်ိဳးျမတ္ရဖို႔သာ အာ႐ုံစိုက္ထားၾကသည္။ ေျပာရမည္ဆိုလွ်င္ ထိုစၾကဝဠာနံရံႀကီးက အဆုံးမဲ့ ရတနာတြင္းႀကီး မဟုတ္ပါေလာ။ ဤသို႔ဆိုမွေတာ့ မည္သူကမွ ရတနာရွာမည့္အစား အခ်ိန္မျဖဳန္းေနလိုၾကေပ။

တိုက္ပြဲျဖစ္လာသည့္ တစ္ခုတည္းေသာ အခ်ိန္မွာ ရန္ေႂကြးႀကီးႀကီးေၾကာင့္သာ ျဖစ္၏။ ထို႔ေၾကာင့္ အားလုံးက မိုဝူက်ိ၏ တိုက္ခိုက္မႈကို ခံစားမိသည့္အခါ ကိုယ့္လမ္းကိုသာ ဆက္သြားေနၾကျခင္း ျဖစ္သည္။ မည္သူကမွ မိုဝူက်ိသည္ မည္သူကို တိုက္ခိုက္ေနမည္မွန္း ဂ႐ုမစိုက္ၾကေပ။

“ မင္းက ေသခ်င္ေနတာပဲ။ ဒီဘုရင္ႀကီးက မင္းအသက္ကို ခ်မ္းသာေပးမလို႔ပဲ။ မင္းက ကိုယ့္ေသတြင္းကို လာတူးလိမ့္မယ္လို႔ ထင္မထားဘူး …” ဆိုင္ပိုင္ရွင္က မိုဝူက်ိ၏ လက္သီးခ်က္ကို ခံစားမိလိုက္ေသာအခါ ခ်က္ခ်င္း ေဒါသထြက္သြားေလ၏။

သူက မိုဝူက်ိ၏ အသက္ကို ခ်မ္းသာမေပးလိုေပ။ တကယ္ေတာ့ ယခု သူ႔တြင္ ပို၍ အေရးႀကီးသည့္ ကိစၥ ရွိေနေသးေပ၏။

စၾကဝဠာနံရံႀကီး ပြင့္လာၿပီ မဟုတ္ပါေလာ။

ထိုသို႔မ်ိဳး အေရးပါသည့္ အခိုက္အတန႔္၌ ပု႐ြတ္ဆိတ္ေလး တစ္ေကာင္က သူ႔အေပၚ လက္လာ႐ြယ္ရဲေနေလ၏။

ဤဆိုင္ပိုင္ရွင္က ဓားေမာ့တစ္ေခ်ာင္းကို ထုတ္လိုက္သည္။ သူက မိုဝူက်ိကို တတ္ႏိုင္သမွ် ျမန္ျမန္ ဖယ္ရွားပစ္လို၏။ စၾကဝဠာနံရံႀကီး၌ အဆုံးမသတ္ႏိုင္သည့္ ရတနာမ်ားစြာ ရွိေနေလရာ ေရာက္ရွိသြားသည့္ အခ်ိန္မွာ ရတနာ မည္မွ် ရႏိုင္လဲ ဆိုသည့္အေပၚ သက္ေရာက္မႈ ရွိေနသည္။

“ ခြမ္း ” ဆိုင္ပိုင္ရွင္၏ စြမ္းအားစက္ကြင္းမွာ အားအျပည့္ႏွင့္ ထြက္ေပၚမလာခင္ မိုဝူက်ိ၏ လက္သီးခ်က္ေၾကာင့္ တစစီ ျဖစ္သြားရသည္။ တူညီလွစြာ သူ႔သဘာဝ စြမ္းအားမ်ားက သူ႔ဓားေမာ့ေပၚ မစုစည္းႏိုင္လိုက္ခင္ မိုဝူက်ိ၏ စြမ္းအားေၾကာင့္ ေပါက္ကြဲသြားေလ၏။

“ ဘုန္း ” အင္ေမာ္တယ္ သဘာဝစြမ္းအားမ်ားက ေနရာအႏွံ႔ ျပန႔္က်ဲကုန္ေပသည္။ ဤအင္ေမာ္တယ္ဘုရင္၏ ဓားေမာ့က စက္ဝိုင္းျပတ္ေလးပင္ မထုတ္လိုက္ႏိုင္ဘဲ မိုဝူက်ိ၏ လက္သီးခ်က္ေၾကာင့္ လြင့္စင္သြားေလ၏။

ဤလူက အနည္းဆုံး အင္ေမာ္တယ္ အုပ္စိုးသူအဆင့္ ျဖစ္ေလာက္မည္။ ဆိုင္ပိုင္ရွင္က မိုဝူက်ိ၏ စြမ္းရည္ကို အထင္ေသးမိသြားေၾကာင္း ခ်က္ခ်င္း သိလိုက္သည္။

“ ရပ္ …. ငါ မင္းကို ပစၥည္းေတြ ျပန္ေပးမယ္ ” မိုဝူက်ိ၏ အားျပင္းလွေသာ စြမ္းအားမ်ားကို ခံစားမိေသာအခါ ဤအင္ေမာ္တယ္ဘုရင္အဆင့္ က်င့္ႀကံသူက မိုဝူက်ိႏွင့္ မည္သို႔ ဆက္တိုက္ခိုက္ရဲမည္နည္း။

မိုဝူက်ိက တစ္ဖက္လူ၏ စကားမ်ားကို မၾကားသည့္အလား ျပဳမူေနသည္။ သူ႔အာကာျပင္ ခ်ဳပ္ေႏွာင္မႈျဖင့္ အင္ေမာ္တယ္ဘုရင္အဆင့္ က်င့္ႀကံသူအား ပိတ္ေလွာင္ထားလိုက္သည္။ ထိုအခါ သူ႔လက္သီးခ်က္က ဆိုင္ပိုင္ရွင္ဆီ တန္းတန္းမတ္မတ္ ဝင္ေရာက္သြားေတာ့သည္။

“ ဘန္း ” မိုဝူက်ိအား မ်က္လုံးထဲပင္ မထည့္သည့္ အင္ေမာ္တယ္ဘုရင္အဆင့္ က်င့္ႀကံသူက ရင္ဘတ္ကို အထိုးခံလိုက္ရသည္။

ေသြးျမဴမ်ားပင္ ထြက္ေပၚလာေလ၏။ မိုဝူက်ိက လက္ဖဝါးကို ျဖန႔္ကာ ထိုလူ၏ သိုေလွာင္လက္စြပ္ကို သိမ္းယူလိုက္သည္။ သူက လွ်ပ္စီးအား ႏွစ္ခ်က္ပင္ ပစ္လႊတ္လိုက္ေသး၏။ ဆိုင္ပိုင္ရွင္၏ ကမာၻဦး စိတ္ဝိညာဥ္က ေခါင္းထဲမွ ထြက္လာခါစ ျဖစ္ေသာ္လည္း  မိုဝူက်ိ၏ လွ်ပ္စီးခ်က္ေၾကာင့္ ဗလာနတၳိအျဖစ္ ေျပာင္းလဲခံလိုက္ရသည္။ မိုဝူက်ိက လႈပ္ရွားလိုက္ကတည္းက ထိုလူ႔အား သတ္ဖို႔ရာ ႏွစ္ကြက္သာ ထုတ္သုံးလိုက္ရ၏။ ဆိုင္ပိုင္ရွင္မွာ တိုက္ကြက္တစ္ကြက္ပင္ အားအျပည့္ ထုတ္မျပသြားႏိုင္ေပ။

သူတို႔က မိုဝူက်ိ၏ အင္အားကို ခံစားမိသည့္အခါ အားလုံးက လမ္းဖယ္ေပးလိုက္ၾကသည္။ မည္သူကမွ ဤကိစၥေလးကို အေရးမစိုက္ၾကေပ။ ထိုစဥ္ အားလုံး၏ အၾကည့္မ်ားက စၾကဝဠာနံရံႀကီးဆီသာ ေရာက္ေနေလ၏။

Weiterlesen

Das wird dir gefallen

57K 4.2K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
2.3M 316K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
400K 50.5K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
231K 29.9K 198
ပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Actio...