1

10.9K 621 14
                                    

အပိုင်း - ၁

ဘာသာပြန်သူ - Emily

**

ယွမ်ထျန် ထောင့်စွန်းနားလေးမှာ တိတ်တိတ်လေးထိုင်နေသည်။ လက်ထဲမှာက အေးစက်နေတဲ့ ဘန်းကိတ်တစ်လုံးကို ကိုင်ထားလေသည်။ သူမ ဘန်းကိတ်ကို ခပ်ကြီးကြီးနှစ်ကိုက်လောက်ကိုက်ချလိုက်ပြီး ခက်ခက်ခဲခဲ ဝါးနေရသည်။

သူမရဲ့စိတ်က တွေဝေနေတုန်းဖြစ်သည်။

အစာစားရင်းနဲ့တောင် သူမ တွေဝေနေမိသည်။

ယွမ်ထျန်က အနုပညာလောကထဲက ၁၈ဆင့်သရုပ်ဆောင်လို့တောင် မခေါ်ထိုက်သေးသည့် မင်းသမီးပေါက်စတစ်ယောက်ဖြစ်သည်။ ဒါပေမဲ့ မမျှော်လင့်ရပါပဲနဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ ဇာတ်ရံနေရာလေးတစ်ခုကို ရရှိခဲ့သည်။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာဖြင့် ရိုက်ကူးရေးလုပ်နေတုန်း ဘန်း! ဆိုတဲ့ အသံကြီးကိုကြားလိုက်ရပြီး မီးအိမ်တစ်ခုက သူမခေါင်းကို လာထိမှန်ခဲ့သည်။

ပြီးတော့ ဆေးရုံပေါ်မှာ အချိန်အကြာကြီးကိုမာဝင်နေခဲ့ကာ အိပ်မက်အရှည်ကြီးတစ်ခုကို မက်ခဲ့သည်။ တကယ်ကို ပျော်ရွှင်စရာမကောင်းသည့် အိပ်မက်တစ်ခုပင်။

ပြန်လည်နိုးထလာပြီးနောက်မှာတော့ ယွမ်ထျန် တကယ်ကို ရှော့ခ်ရသွားခဲ့သည်။ သူမက တကယ်ပဲ စာအုပ်တစ်အုပ်ထဲမှာ ဖြစ်နေခဲ့သည်။ အဲဒီစာအုပ်ထဲက တကယ်ကို ****မိန်းမတဲ့လေ။

သူမ အသက်ဆယ့်ခုနစ်နှစ်မပြည့်ခင်တုန်းက ထျန်ယွမ် သူမကိုယ်သူမ ဘုရားသခင်စေလွှတ်လိုက်တဲ့အထဲ ကံမကောင်းဆုံးဝိဥာဉ်လိုပတောင် ထင်ခဲ့မိသည်။ သူမမှာ လုံးဝကို မအောင်မြင်တဲ့ ဘဝတစ်ခုရှိသည်။ သူမ ဘယ်တုန်းကမှ ကျောင်းကို မသွားခဲ့ရသလို စာလည်း မဖတ်တတ်ခဲ့ပေ။ သူမ အစားဝဝမစားရသလို ကောင်းကောင်းမွန်မွန်လည်း မဝတ်စားရပေ။ သူမ အဝတ်စုတ်တွေကိုပဲ ဝတ်စာ နေခဲ့ရသည်။

သူမ ဆယ့်ခုနစ်နှစ်ပြည့်ပြီးနောက်မှာတော့ အရမ်းကို ဈေးကြှးသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် စုံတွဲက သူမအရှေ့မှာ လာရပ်ကာ သူမရဲ့မိဘအရင်းလို့ ပြောခဲ့သည်။

ငယ်ရွယ်သည့် အမျိုးသမီးက မျက်ရည်တွေသုတ်လိုက်ကာ သူမပေါ့ဆခဲ့မိတာကြောင့် သမီးလေးကို လူကုန်ကူးသူတွေက ပြန်ပေးဆွဲသွားတာကို ခံရတာလို့ ပြောလာသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now