77

1.4K 191 3
                                    

အပိုင်း - ၇၇

ဘာသာပြန်သူ - Emily

**

ရှင်းရှင်းအင်တာတိန်းမန့်က တင်လိုက်တဲ့ weiboပို့စ်တစ်ခုကြောင့် အင်တာနက်တစ်ခုလုံး ပွက်လောရိုက်သွားကြသည်။ ညဘက်ရဲ့နွေးထွေးရဲ့မီးရောင်အောက်မှာ ယောက်ျားက မိန်းကလေးရဲ့သေးသွယ်တဲ့ ခါးလေးကိုကိုင်ပြီးတော့ ခေါင်းငုံ့ပြီး နမ်းနေသည်။ အနမ်းက အရမ်းမကြမ်းတမ်းပေသည်။ သူ့မျက်လုံးတွေကို ရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ အချစ်တွေပျော်ဝင်နေတယ်ဆိုတာကိုတော့ ကောင်းကောင်းမြင်နိုင်သည်။

ဒါက အရမ်းကိုချိုမြိန်တဲ့ အနမ်းလေးတစ်ခုပေါ့…

ပုံတင်လိုက်တာနဲ့ ချက်ချင်းကို ရှာဖွေမှုအမြင့်ဆုံး 1 သို့ရောက်ရှိသွားတော့သည်။ ငယ်ချစ်ဦးဆိုတဲ့ သီအိုရီတွေရော သခင်လေးရဲ့အဖိုးတန်အသည်းအသက်ကလေးဆိုတဲ့ သီအိုရီတွေရောက ချင်ယွီနဲ့ယွမ်ထျန်ကို ကိုယ်စားပြုပြီးတော့ ပုံပြင်ပေါင်း 800ကျော်တောင် ရှိသွားခဲ့သည်။

လူအများစုကတော့ ချင်အန်းရဲ့weiboကိုသွားပြီး *ဘာတွေဖြစ်သွားတာလဲ?* ဆိုပြီးသွားမေးကြသည်။

ချင်အန်းကတော့ ဘာပြန်ဖြေရမှန်းမသိ။

ငါက ဘယ်သိပါ့မလဲ?

ယွမ်ထျန်က ငါ့သူငယ်ချင်းမှမဟုတ်တာ!

ပရိသတ်တွေက ယွမ်ထျန်နဲ့တွဲဖက်ပေးစားခြင်းကို ခံရတဲ့ ယွမ်ထျန်နဲ့အလုပ်အတူတူလုပ်ဖူးသူတွေကတော့ ပျော်နေကြသည်။ နောက်ဆိုရင် ယွမ်ထျန်နဲ့ သတင်းထွက်အောင် လုပ်စရာမလိုတော့ဘူးလေ!

ရှန်းယွမ်ကိုအားပေးကြတဲ့ ဖန်တွေကတော့ အသည်းတွေကွဲပြီးတော့ ရှန်းရှဲကို စာတွေပို့ကြသည်။

/@ရှန်းရှဲ နင့်ဇနီးလေးတော့ သွားပြီ။ နင့်ရဲ့ညီကိုက ခိုးသွားပြီ။ အခု ဘာလုပ်နေလဲ!/

ရှန်းရှဲဘက်ကနေပြီးတော့ ယွမ်ထျန်ကိုအသေပြောဆိုခဲ့ကြတဲ့ သူတွေကတော့ တိတ်နေကြသည်။ ပုံကိုမြင်ပြီးတော့သူတို့တွေ အရမ်းရှော့ခ်ရသွားခဲ့ကြတယ်လေ။

ဘယ်လောက်ပဲ အခြားသူတွေနဲ့ship ship။ ဘယ်လိုပဲ တစ်ယောက်နဲ့တစ်ယောက်မတည့်ပါစေ။ ချစ်မိသွားတာက ချစ်မိသွားတာပဲလေ။ ကွာရှင်းဖူးပေမဲ့ အသက်နှစ်ဆယ်ကျော် ကောင်မလေးတစ်ယောက်က ထပ်ချစ်မိသွားတော့ ဘာဖြစ်သွားမှာမို့လို့လဲ?

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now