8.2

4K 533 10
                                    

(oppa မွေးနေ့❤💜)

အပိုင်း - ၈.၂

ဘာသာပြန်သူ - Emily

**

ယွမ်ထျန် ခဏလောက် ဇာတ်ညွှန်းကိုပြန်စဉ်းစားလိုက်သည်။ ဒီအချိန်က ကျစ်ရှောင်ကျိုရဲ့ဒုတိယအကြိမ်ခွဲစိတ်မှုဖြစ်ကာ သူမက ကျစ်ရှောင်ကျိုကို သွေးလှူရမဲ့အချိန်ပင်။

အရံဇာတ်ကောင်က စိတ်ထားမကောင်းတာကြောင့် သူမကမသွားခဲ့ပေ။ ဒါကို ကျစ်မားက သူမကို တုပ်နှောင်ဖို့ လူတွေလွှတ်လိုက်ကာ ဆေးရုံကိုခေါ်သွားခဲ့သည်။

ယွမ်ထျန်က မတတ်နိုင်စွာဖြင့် ဖုန်းတစ်ဖက်က အမျိုးသမီးကို စကားပြန်လိုက်သည်။

"သမီးလာပါ့မယ်"

သူမရဲ့မိသားစုက တကယ်ကို ဘက်လိုက်တယ်လို့ ယွမ်ထျန်တွေးလိုက်သည်။ သူမ ဒီမိသားစုနဲ့အချိန်ကြာအောင် အတူတူနေခဲ့တာတောင်မှ အရမ်းကြီးသူတို့အပေါ် ခံစားချက်မရှိပေ။

သူမကို သူတို့တွေလာရှာသည့် အဲဒီနေ့ကသာ သူတို့မငိုဘူးဆိုရင် သူမက သူတို့ရဲ့သမီးအရင်းမဟုတ်ဘူးလို့တောင် သူမထင်မိလိမ့်မည်။

သူမ ဆေးရုံကို ခပ်မြန်မြန်သွားခဲ့သည်။ ဟိုကိုရောက်တာနဲ့ ကျစ်မားက သူမလက်မောင်းကိုဆွဲကာ သွေးထုတ်ဖို့ ခေါ်သွားသည်။

ကျစ်ရှောင်ကျိုက မျက်မှောင်ကျုံ့ကာ

"မား. ဒီလိုမလုပ်ပါနဲ့။ ညီမလေးက ဆန္ဒမရှိဘူး"

ယွမ်ထျန် ကုတင်ပေါ်က ကျစ်ရှောင်ကျိုကိုကြည့်လိုက်သည်။ သူမရဲ့မျက်ခုံးများက တွန့်ချိုးသွားကာ သူမရဲ့မျက်နှာက ဖြူဖျော့နေသည်။ သူမရဲ့အနက်ရောင်ဆံပင်ရှည်ကလည်း သူမလည်ပင်းအောက်မှာနေရာယူထားကာ တကယ်ကို ငြိမ်းချမ်းသည့်အလှလေးပင်ဖြစ်သည်။

အခုချိန်မှာ ယွမ်ထျန်ပြောချင်တာက ဘယ်လောက်တောင်ဇာတ်လိုက်မဆန်လဲ ဆိုတာပင်။ တကယ်ကို သောက်အရမ်းဖြူစင်တဲ့မျက်နှာလေးလေ။

ကျစ်မားမားကတော့ မစောင့်နိုင်ပဲ ယွမ်ထျန်ကို အေးစက်စွာကြည့်လိုက်သည်။

"နင် မလုပ်ချင်ဘူးလား?"

ပြီးတော့ သူမကပင်ဆက်၍

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now