27.2

3.2K 476 23
                                    

ယွမ်ထျန် အဆုံးထိpaid gpကို 2500နဲ့ ဝင်ဖတ်လို့ရပြီနော်❤

အပိုင်း - ၂၇.၂

ဘာသာပြန်သူ - Emily

**

ဒါရိုက်တာက ယွမ်ထျန်ရဲ့ သရုပ်ဆောင်ကောင်းမှုကို စပရိုက်ဖြစ်သွားသည်။ ယွမ်ထျန်ကို အရင်က ဒီအတိုင်း သရုပ်ဆောင်စကေးနည်းနည်းရှိတဲ့ မင်းသမီးအသစ်လေးလို့ပဲ သူ ထင်နေခဲ့တာပင်။ အခု ရှေးခေတ်အကြောင်းကို သရုပ်ဆောင်နေတာတောင်မှ သူမရဲ့အော်ရာတွေက မလျော့သွားခဲ့ပေ။

"ယွမ်ထျန် မင်း သူ့ကို သတ်တဲ့အချိန်မှာ မင်းရဲ့မျက်လုံးတွေက ပိုပြီးခက်ထန်နေရမယ်။ ဒါဆို တိုက်ခိုက်ခန်းက ပြည့်စုံပြီ"

"ကောင်းပါပြီ ဒါရိုက်တာ"

သူမက တကယ့်ကို ကြမ်းတမ်းလွန်းနေတယ်လို့ ယွမ်ထျန်က တွေးနေတာဖြစ်သည်။

ဒုတိယအကြိမ် ပြန်ရိုက်ကူးတော့ ယွမ်ထျန်ရဲ့လူသတ်ချင်စိတ်က အရမ်းကိုအားကောင်းလာခဲ့သည်။ မျက်ခုံးပင့်ပြီး ကြည့်လိုက်တဲ့အကြည့်တစ်ချက်ကတောင် သရုပ်ဆောင်ဟောင်းဂူကျင်းကျစ်ကို ရှော့ခ်ရသွားစေသည်။ သူမက တကယ်ကြီးသူ့ကို သတ်တော့မယ်လို့ ခံစားလိုက်ရတာ ကြောက်စိတ်တွေ ဝင်လာတော့သည်။

ယွမ်ထျန်က ဓားကိုယူကာ ပျံပြီး သူ့ဆီသွားတဲ့အချိန်မှာ အက်ဆီးဒင့်တစ်ခုဖြစ်သွားသည်။ ကြိုးတွေက တင်းကြပ်သွားကာ သူမရဲ့ဦးတည်ချက်ကလည်း ပြောင်းသွားပြီး ဘေးနားက ကျောက်တောင်အတုတွေနဲ့ ဝင်တိုက်မိသွားသည်။

ရိုက်ကွင်းကလူတွေအားလုံး ရုတ်တရက်ထရပ်မိသွားကြသည်။ ဒါရိုက်တာကလည်း လန့်သွားပြီး မြေပြင်ပေါ်ကနေ ယွမ်ထျန်ကို သွားထူတော့သည်။
"မစ်ယွမ် အဆင်ပြေရဲ့လား?"

ယွမ်ထျန်က သူမကိုယ်ပေါ်က ဖုန်မှုန့်တွေကို ခါပစ်လိုက်ကာ
"ဘာမှမဖြစ်ပါဘူး"

အရမ်းကြီးမနာသေးသရွေ့ သူမအတွက်တော့ အိုခေပဲ။ ဒါက သူမရဲ့ခံနိုင်ရည်ကို မကျော်လွန်သေးပါဘူး။

သူမ အဆင်ပြေတယ်ဆိုမှ ဒါရိုက်တာက ထိုင်ခုံဆီပြန်သွားကာ
"နောက်တစ်ခေါက် ပြန်စမယ်"

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now