86

994 124 4
                                    

အပိုင်း - ၈၆

ဘာသာပြန်သူ - Emily

**

ချင်ယွီရဲ့မျက်လုံးတွေက အရမ်းလှသည်။ အဖျားက ကော့တက်သွားကာ မျက်တောင်တွေကလည်း ရှည်ပြီး နက်မှောင်ကာကော့စင်းနေသည်။ မျက်ဆံလေးရဲ့အရောင်က အမဲရောင်ဆိုပေမဲ့ ထူထဲပြီး တောက်ပနေသည်။ မျက်နှာရော ကိုယ်ပုံစံကပါ မကြွေချင်စရာမရှိပေ။

နှင်းဆီပန်းကိုက ယွမ်ထျန်က စားပွဲပေါ်မှာထားခဲ့ပေမဲ့ သန့်ရှင်းရေးတွေက သိမ်းသွားတာဖြစ်သည်။

သူ အရေးမပါတဲ့အရာတစ်ခုကို စကားလုပ်ပြီးမေးလိုက်မိတယ်လို့ ချင်ယွီတွေးလိုက်မိသည်။ သူမလက်ထဲမှာ ဘာမှမရှိတာကို မြင်ကတည်းက ဟိုးအရင်ကလိုပဲ အခုသူပေးတဲ့နှင်းဆီပန်းကိုလည်း လွှင့်ပစ်လိုက်ပြီဆိုတာကို သူသိသင့်တယ်လေ။

မျှော်လင့်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လှောင်ရယ်လိုက်သည်။ ပြီးတော့ အသံမာမာဖြင့်
"မင်းဘယ်လို လွှင့်ပစ်လိုက်ပြန်ပြီလဲ?"

"ငါ မလွှင့်ပစ်ခဲ့ပါဘူး"

ချင်ယွီက မျက်ခုံးပင့်လိုက်ကာ
"ဒါဆို ပန်းတွေက ဘယ်မှာလဲ?"

"လိုက်ဂရုစိုက်မနေဘူး"

ချင်ယွီ လှောင်ပြုံးတစ်ခုကို ချိတ်ဆွဲလိုက်သည်။ ဒါကို သူမက ဒေါသထွက်သွားကာ
"နင့်ပန်းတွေက အံ့သြစရာကောင်းတဲ့ပန်းတွေမို့လို့လား? ငါက ရတနာတွေကြိုက်တာ. ပန်းနဲ့ရတနာက တူလား?"

ချင်ယွီ်ရဲ့ပုံစံက တကယ်ကို နေမကောင်းဖြစ်နေတဲ့ပုံပေါက်သည်။ အမှန်ဆို သူ ဒီနေ့ ဆေးရုံကဆင်းရမှာမဟုတ်ပေ။ ဆရာဝန်က သူ့ကိုပြောလို့မရလို့သာ ဆေးရုံဆင်းခွင့်ပေးလိုက်တာဖြစ်သည်။ သူ့ကျန်းမာရေးက ရာသီဥတုနဲ့လည်းဆိုင်သည်။ ဒါကြောင့် အေးအေးဆေးဆေးနွေးနွေးထွေးထွေးလေး နေရမှာဖြစ်သည်။

အခုတော့ လေအေးတိုက်ခံပြီး သူမကို စောင့်ပြီးနောက်မှာ အဖျားဝင်နေပြီဖြစ်သည်။

သူ့မျက်နှာကိုကြည့်ပြီး တစ်ခုခုမှားနေပြီဆိုတာကို သိတာနဲ့ ယွမ်ထျန် သူ့နားကို တိုးသွားလိုက်သည်။ သူ့အနားမရောက်ခင်မှာပင် သူ့ကိုယ်က သူမအပေါ်ကို လဲကျလာသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Où les histoires vivent. Découvrez maintenant