76

1.4K 196 1
                                    

အပိုင်း - ၇၆

ဘာသာပြန်သူ - Emily

**

*ကြွေလွင့်သွားသော ကြယ်လေး* က အရမ်းဝမ်းနည်းစရာကောင်းတဲ့ ဇာတ်အိမ်လေးကို တည်ထားတာဖြစ်သည်။ ရုပ်ရှင်ထဲမှာ လူတွေရဲ့အနိုင်ကျင့်တတ်တဲ့ ဇာတ်ရုပ်တွေကို ထည့်ထားသည်။ ပြီးတော့ အဓိကမင်းသမီးရဲ့ဇာတ်ကောင်က အရမ်းဇာတ်နာသောကြောင့် လူတွေရဲ့ပါးစပ်ဖျားမှာ ခဏခဏဆွေးနွေးနေတတ်ကြသည်။

ရုပ်ရှင်က စက်တင်ဘာလရဲ့အကောင်းဆုံးစံချိန်ကို ချိုးသွားခဲ့သည်။ ဒုတိယနေ့ရဲ့လက်မှတ်ရောင်းအားက ပထမနေ့ထက်ကျော်လွန်ပြီးတော့ 100မီလီယံအထိရခဲ့သည်။ ဆွေးနွေးနေတဲ့ ဇာတ်ကားအကောင်းအရာကလည်း ပိုပိုပြီးတော့ တိုးများလာခဲ့သည်။

*ကျန်းဝမ်*ကတော့ ပရိသတ်အပြောများဆုံးဇာတ်ကောင်ဖြစ်သည်။ သူမရဲ့ဇာတ်ကောင်က မုန်းစရာလည်းကောင်းသလို သနားစရာလည်းကောင်းနေပြန်ပါသည်။ ပြီးတော့ ဒီတစ်ကြိမ် ယွမ်ထျန်ရဲ့သရုပ်ဆောင်ချက်က သုံးနှစ်လုံးလုံး တစ်ခါမှ ထုတ်မပြဖူးတဲ့ ပုံစံသစ်ဖြစ်သည်။

ခေါင်းမာတာရော သနားစရာကောင်းတာရော ခံစားချက်တွေ ထိန်းချုပ်ထားတာရော ခံစားချက်ပေါက်ကွဲထွက်ပြီး အသိစိတ်မဲ့သွားတာတွေရောက အရမ်းကို ယုတ္တိဆန်သည်။ နောက်ဆုံး သူမရဲ့ ရူးသွပ်နေတဲ့ မျက်လုံးတွေနဲ့ အသိစိတ်လွတ်ပြီး လူအားလုံးကို သတ်ပစ်တဲ့အခန်းဆိုရင် အရမ်းကို ကြက်သီးထစရာကောင်းလွန်းသည်။

ပြီးတော့ သူမရဲ့ကမ္ဘာက အနက်ရောင်ကနေ အနီရင့်ရင့်သွေးရောင်အဖြစ်ကို ပြောင်းလဲသွားတယ်လေ။

ရုပ်ရှင်ရဲ့နောက်ဆုံးအခန်းကို သူမက အသက်မဲ့နေတဲ့ သူမရဲ့မောင်လေးကို ပွေ့ဖက်ပြီးတော့ နီရဲနေတဲ့ မျက်လုံးတွေနဲ့ အသံတိတ်ငိုနေတဲ့အခန်းနဲ့ အဆုံးသတ်ထားတာဖြစ်သည်။ ပြီးတော့ မြင်ကွင်းက ပိုပိုပြီး ဝေးကွာသွားခဲ့သည်။

/ငါ *ကြွေလွင့်ခဲ့သော ကြယ်ကလေး*ကို သွားကြည့်ခဲ့တယ်။ ဒါက ဒါရိုက်တာချောင်ရဲ့ပုံမှန်ရုပ်ရှင်တွေလိုမျိုးပဲ Healing စတိုင်ဖြစ်မယ်လို့ ခန့်မှန်းထားခဲ့တာ။ စိတ်ကျရောဂါအကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်မယ်လို့ မထင်ထားဘူး။ အဓိကခေါင်းဆောင်နေရာက သရုပ်ဆောင်တွေက တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိတယ်။ ပြီးတော့ ယွမ်ထျန်ရဲ့သရုပ်ဆောင်ချက်တွေက အရင်ကားတွေနဲ့ မတူပဲကွဲထွက်နေတယ်။ ဒါရိုက်တာနဲ့စာရေးဆရာထက် ငါက ယွမ်ထျန်ကိုပိုပြီးတော့ ချီးကျူးတယ်။ ရုပ်ရှင်ထဲက သူမရဲ့သရုပ်ဆောင်စကေးတွေက အပြင်မှာလိုပဲ လက်တွေ့အရမ်းကျတယ်။ ပေါက်ကွဲတဲ့အခန်းဆို အရမ်းကိုအရှိန်အဝါကီးပြီးတော့ မျက်လုံးဖမ်းစားနိုင်တယ်။ ငါအကြံပေးချင်တာကတော့ ဒီရုပ်ရှင်ကိုသွားကြည့်ကြပါ။ တကယ်တန်ပါတယ်/

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now