66.1

2.2K 301 16
                                    

အပိုင်း - ၆၆.၁

ဘာသာပြန်သူ - Emily

**

ယွမ်ထျန်က သူမနဲ့အနာဂတ်မှာ အလုပ်အတူတူတွဲလုပ်ရမယ့်လူအပေါ်ကို လုံးဝကို မယဉ်ကျေးပဲ အနိုင်ယူလိုက်တာဖြစ်သည်။ ပြီးတော့ ယွမ်ထျန်က ကျိုးမန့်ကိုကြည့်ကာ အံ့သြသွားတဲ့ပုံနဲ့ လက်မထောင်ပြလိုက်ကာ ဝမ်ပိုင်ယွမ်ပြောသလို လေသံဖြင့်
"မန့်ကျဲကျဲက မိုက်လိုက်တာ"

ကျိုးမန့် မျက်ရည်မကျပဲ အော်ငိုချင်နေပြီ။ တကယ်ကို ဒေါသထွက်ရင်းမက ထွက်နေရပါပြီ။ သူမက ယွမ်ထျန်ကို ကန်ထုတ်ချင်တာလေ။ ပြီးတော့ ရှီအန်း. ရှီအန်းရဲ့ပုံစံကိုကြည့်ပြီး သူမက အသိုင်းအဝိုင်းကြီးတဲ့ မိသားစုက လာတယ်ဆိုတာကို ခန့်မှန်းနိုင်သည်။ ကျိုးမန့်အနေနဲ့ အသိုင်းအဝိုင်းကြီးတဲ့သူတွေကို သွားမထိရဲပေ။

သူမ အခု လုံးဝကို မရယ်နိုင်ပါဘူးနော်။ အသံတိုးတိုးလေးနဲ့ ရှင်းပြလိုက်သည်။
"မရည်ရွယ်ခဲ့ပါဘူး"

ဒီစကားကိုကြားတော့ ဂိတ်အပြင်က ရှီအန်း နှာခေါင်းရှုံ့လိုက်မိသည်။ ပြီးတော့ ဂိတ်ပေါက်အထဲက လူတွေကို မတူတဲ့အကြည့်နဲ့ကြည့်လိုက်သည်။ ကျိုးမန့်ရဲ့စကားတွေက ယုံရပါ့မလားဆိုတာကို သူမ မသိ။

ကျိုးမန့်ကတော့ တကယ်ကို လန့်နေမိကာ တိုးတိုးလေး ထပ်တောင်းပန်မိပြန်သည်။
"ငါ တကယ်ကို မရည်ရွယ်ခဲ့ပါဘူး"

ယွမ်ထျန်က ကျိုးမန့်ပခုံးကို ပုတ်ပေးလိုက်ကာ
"နားလည်ပါပြီ"

ဝမ်ပိုင်ယွမ်ကလည်း နားလည်ပေးနိုင်ပါတယ်ဆိုတဲ့ အမူအရာနဲ့
"ကျွန်တော်တို့အားလုံး နားလည်ပါတယ်ဗျာ"

ရှင်းပြဖို့မလိုဘူးပေါ့။ ဒါက သူမကိုပဲ ယိုးမယ်ဖွဲ့ပြီး အပြစ်ပုံချနေတာနဲ့ အတူတူပဲ။

ကျိုးမန့်ငိုချင်နေပေမဲ့လည်း မငိုခဲ့ပေ။

ရှိုးပြီးသွားတော့ ယွမ်ထျန်နဲ့ကျီဝမ်ကျန်းရဲ့ဖန်တွေ ပွဲဖြစ်နေကြပြီဖြစ်သည်။ ကျီဝမ်ကျန်းက အသက်ငယ်ငယ်ကတည်းက ပွဲဦးထွက်ခဲ့ပြီး အသက်17နှစ်မှာ အမြင့်ဆုံးရွှေအဆင့်ကို ရောက်နေပြီးသားဖြစ်သည်။ သူ့မှာ ဖန်တွေအများကြီးရှိသည်။ ဖန်တွေကြားက ပြိုင်ဆိုင်မှုက အရမ်းကြီးမားသည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now