61+62

2.4K 307 15
                                    

အပိုင်း - ၆၁

ဘာသာပြန်သူ - Emily

**

*စတားတွေရဲ့စွမ်းအား* ရှိုးက စရိုက်ကတည်းက ပေါက်သည့် ရှိုးတစ်ခုဖြစ်သည်။ ရှိုးက စိတ်ဝင်စားဖွယ်ကောင်းတဲ့အပြင် စိတ်လှုပ်ရှားစရာလည်း ကောင်းသေးသည်။ ကြည့်ရှုနှုန်းကလည်း မြင့်သလို ကြည့်တဲ့သူတိုင်းကလည်း ကြိုက်သည်။ ဒီရှိုးမှာပါဖို့အတွက် စတားတွေက အပြိုင်အဆိုင်ကို ဖြစ်နေကြတာ။

ဒါပေမဲ့လည်း အွန်လိုင်းပေါ်မှာ အရမ်းနာမည်ကြီးတဲ့စတားတွေကိုပဲ ရှိုးက ဖိတ်တာမို့ နာမည်မရှိသေးတဲ့သူတွေအတွက် အိပ်မက်မက်ခွင့်ပဲ ရတော့သည်။

ဒီရှိုးရဲ့ တစ်ခုတည်းသော ပြစ်ချက်က ဧည့်သည်တွေကို မညှာတာဖြစ်သည်။ ကောင်းကောင်းမကစားတတ်ရင် ဒါမှမဟုတ် တစ်ချိန်လုံးပုန်းနေရင် ဒါရိုက်တာကိုယ်တိုင်က ထုတ်ပယ်တာဖြစ်သည်။ အဲလိုသာထုတ်ခံလိုက်ရရင် နောက်ရှိုးတွေအတွက် မျက်နှာမလှတော့ပေ။

ဒီရှိုးရဲ့ပထမပိုင်းကို ပြန်ကြည့်ဖို့အတွက် ယွမ်ထျန် အချိန်တစ်ပတ်ယူလိုက်သည်။ အတိုချုံးပြောရရင် ဒီရှိုးက အင်အားအရမ်းသုံးရသည်။ အထူးသဖြင့် ကိုယ်ကာယအား. မြန်မြန်ပြေးနိုင်ရမယ်။ ကောင်းကောင်းပုန်းနိုင်ရမယ်။ ဒါမှ နောက်ဆုံးကျရင် အောင်နိုင်သူဖြစ်မှာ။

ရှိုးမှာပါဝင်လာမယ့် နူးညံ့တဲ့သခင်လေးတွေကို တွေးကြည့်ရင်း သူမအနိုင်ရလိမ့်မယ်ဆိုပြီး ယွမ်ထျန် ယုံကြည်ချက်တွေတိုးလာသည်။

*ငါလေးက အားလုံးကို အနိုင်ကျင့်ပေးမယ်နော် ဟီးဟီး*

သူမ သိချင်နေတာတစ်ခုကတော့ ကျိုးမန့်နဲ့ဝမ်ပိုင်ယွမ်က ဘယ်လိုလုပ်ပြီး အင်အားသုံးရတဲ့ ဒီရှိုးမှာ ပါလာလဲ ဆိုတာပါပဲ။ အထူးသဖြင့် ဝမ်ပိုင်ယွမ် သူက ကျိုးပဲ့တော့မယ့် ပန်းပွင့်ငယ်လေးလို သခင်ငယ်လေးလေ။ ထိလိုက်တာနဲ့ ညှိုးသွားမှဖြင့်ကွာ…

ရှိုးအတွက် အဝတ်အစားတွေထုပ်ပိုးပြီးတဲ့အချိန်မှာ ကျန်းလီလီက သူမကို တင်ပြလာသည်။။
"ရုပ်ရှင်အတွက် မင်းသားကိုရွေးလိုက်ပြီတဲ့"

"အဲဒါက မကောင်းဘူးလား?"

အဓိကမင်းသားနဲ့မင်းသမီးနေရာကို ရွေးပြီးပြီဆိုတော့ လုပ်ငန်းတစ်ဝက်ပြီးလုနီးပါးပဲမဟုတ်လား? အဓိကမင်းသားက 17နှစ်ကျောင်းသားအရွယ်ကို သရုပ်ဆောင်ရမှာဖြစ်သည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Opowieści tętniące życiem. Odkryj je teraz