40

2.8K 416 3
                                    

အပိုင်း - ၄၀

ဘာသာပြန်သူ - Emily

**

ယွမ်ထျန် ဒီသီချင်းကို မဆိုတာကြာပြီဖြစ်သည်။ ဒါပေမဲ့ သီချင်းစာသားတွေကို မမေ့သေးပေ။ သူမက ဒါရိုက်တာလွီရဲ့လက်ထဲက မိုက်ကိုယူလိုက်ကာ ခုံပေါ်မှာ တက်ထိုင်လိုက်သည်။ (အစက အားလုံးအောက်မှာ ထိုင်နေကြတာနော်) အလင်းရောင်ရဲ့အောက်မှာ သူမရဲ့မျက်လုံးတွေက မှိန်နေသလို သူမရဲ့အသံကလည်း အားနည်းနေပုံ။

ပေါ့ပါးတဲ့အသံလေးက မိုက်ကနေတစ်ဆင့် အားလုံးရဲ့နားထဲသို့ စီးဝင်လာသည်။ အသံက ချောမွေ့နေကာ ချိုမြိန်သည်။ ပြီးတော့ ဝမ်းနည်းမှုတွေလည်း ရောယှက်နေသည်။

ယွမ်ထျန် သီချင်းဆိုပြီးတော့ ရှုကျင်းအပါအဝင်အားလုံးက ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုတောင် မသိတော့ပဲဖြစ်သွားသည်။ သူမ ဒီလောက် သီချင်းဆိုကောင်းတယ်ဆိုတာကို သူတို့မသိပေ။

အမှန်ဆို ဒီသီချင်းကို အထက်တန်းကျောင်းတုန်းက ရှုကျင်းတစ်ခါကြားဖူးသည်။ အဲဒီတုန်းက သူတို့အားလုံး ဆရာတွေလိုမျိုး ထိင်နေကာ ပြုံးပြီးကြည့်ခဲ့ဖူးသည်။ ဒါပေမဲ့ အရမ်းကြီးစိတ်ဝင်တစားနဲ့ နားထောင်ခဲ့တာ မဟုတ်။ ဒါပေမဲ့ အဲဒီနေ့တုန်းက ကျောင်းယူနီဖောင်းဝတ်ထားတဲ့ ယွမ်ထျန်က ခါတိုင်းနေ့တွေထက် ပိုလှတယ်လို့တော့ သူ တွေးခဲ့ဖူးသည်။

ယွမ်ထျန်က ပထမအဆင့်ကိုအောင်ပြီး အပြစ်ပေးမှုကနေ လွတ်တယ်လို့ ဒါရိုက်တာလွီက ကြေညာလိုက်သည်။ ဒါရိုက်တာလွီက တကယ့်ကို အံ့သြစရာကောင်းတယ်လို့ ယွမ်ထျန်က တွေးနေသည်။ သူ ဒီလိုတွေလုပ်တာကြောင့် *ဘက်စုံထူးချွန်ကြယ်ပွင့်*မှာရော အခုရှိုးမှာရော ပါဝင်သူတွေ နည်းနေတယ်ဆိုတာကို သူမ သိတာပေါ့။

ဒုတိယသီချင်းရဲ့အစမှာ စန်ပိုင်က နိုင်ရမယ်လို့ အားတင်းထားသည်။ ဒါပေမဲ့ သနားစရာကောင်းတာက ဒုတိယသီချင်းက သူ မကြားဖူးတဲ့ သီချင်းပဲ။ သီချင်းတွေ အပုဒ်ရေ ဒါဇင်ချီလာတာတောင် ယွမ်ထျန်ကပဲ ဒိုင်ခံဖြေနေသလိုဖြစ်နေသည်။

ဒီတော့ ဒါရိုက်တာလွီရဲ့နှုတ်ခမ်းထောင့်က အပြုံးတွေက ပျောက်ကွယ်သွားတော့သည်။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now