96

1.5K 133 2
                                    

အပိုင်း - ၉၆

ဘာသာပြန်သူ - Emily

**

ယွမ်ထျန်က ဘာမှမဟုတ်ပဲ ပြောလိုက်ပေမဲ့ ချင်ယွီကတော့ ထိရှသွားသည်။ ချက်ချင်းပဲ ကြောင်အသွားကာ သူ့မျက်တောင်ခပ်နက်နက်ခပ်ထူထူက လှုပ်ရှားသွားပြီး ပွင့်လာသည်။
"ကိုယ်က မစွမ်းဆောင်နိုင်ဘူးဆိုတာ သေချာလား?"

သူ့ရဲ့အေးစက်စက်အသံကို ကြားလိုက်ရတော့ ယွမ်ထျန်လည်း နေရခက်လာသည်။
"ငါ ဘာမှမပြောမိပါဘူးနော်"

ချင်ယွီ ခဏလောက်တိတ်နေပြီးမှ ထပြီး ယွမ်ထျန့်အပေါ်ကို အုပ်မိုးလိုက်သည်။ သူ့လက်တွေက သူမအိပ်နေတဲ့ ခေါင်းအုံးကို ဖိထားပြီး သူမကိုငုံ့ကြည့်သည်။ သူ့ရဲ့နက်မှောင်နေတဲ့ မျက်လုံးတွေက ပိုမိုနက်ရှိုင်းနေကာ သူမရဲ့ပါးတွေကို စိုက်ကြည့်လိုက်သည်။ ပြီးတော့ လက်မနဲ့ သူမရဲ့မေးကိုပွတ်သပ်ကာ သူ့အသက်ရှူငွေ့လေးကတောင် ယွမ်ထျန်ကို အရည်ပျော်ကျလုမတတ်။

"ယွမ်ထျန်"

အချိန် နှစ်စက္ကန့်လောက် တန့်သွားသလိုပင်။ သူ့အသံပျောက်သွားပြီးမှ အနည်းငယ်ပြင်းထန်နေပုံရတဲ့ အသက်ရှူသံနဲ့ အက်ရှရှအသံက ပြန်ထွက်လာသည်။

"မင်း မယုံတာတောင်မှ ကိုယ်မင်းကို ကြိုက်တယ်လို့ အကြိမ်ကြိမ်ပြောခဲ့တယ်နော်"

ယွမ်ထျန် မျက်နှာလွှဲချင်ပေမဲ့ သူက မေးကိုဖိကိုင်ထားကာ လွှဲခွင့်မပေးပဲ မျက်လုံးချင်းဆုံစေသည်။
"မင်းကို ချစ်နေတဲ့ယောက်ျားအရှေ့မှာ… မင်းပြောသလိုနေဖို့ ကိုယ့်အတွက် ခက်ခဲလွန်းတယ်"

ယွမ်ထျန် နှုတ်ခမ်းကိုက်လိုက်သည်။

"ပြီးတော့ မင်းအနားမှာရှိရင် ကိုယ့်ကိုယ်ကိုယ် ထိန်းလို့မရဘူးဆိုတာကို မသိဘူးလားကွာ"

"တော်တော့။ ငါ့ကိုအရင် သွားခွင့်ပေးဦး"

ချင်ယွီကတော့ သွားခွင့်မပေးသေး။ ဒီနေ့တွေမှာ သူ့အမှားကိုပြန်ပြင်ဆင်ဖို့ လူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုနေရမယ် ဘယ်လိုလုပ်ရမယ်ဆိုတာကို သူ သင်ယူပြီး လုပ်ဆောင်နေတာဖြစ်သည်။ သူ နည်းနည်းလေးတော့ ပြန်ရသင့်တယ်မလား။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now