39.2

3.3K 483 19
                                    

အပိုင်း - ၃၉.၂

ဘာသာပြန်သူ - Emily

**

/ဝေါင်း/

/အိုး…ဟိုး…/

/မေးခွန်းကိုအရင် အာရုံစိုက်ကြပါဦး။ ရှုကျင်းရဲ့စကားလုံးတွေက အရမ်းကို ထိရောက်တယ်နော်။ သူ့မိန်းမကို လုံးဝမထိစေချင်လို့ သူဝင်ပါလိုက်တဲ့ပုံစံမျိုးနဲ့ အား!!! ကျေနပ်လိုက်တာ/

/အား!!!ငါ့ရဲ့ ကာပယ်က ငါတောင် သင်္ဘောလွှင့်စရာမလိုတော့ဘူး/

/စူပါမားကက်မှာတုန်းကတောင် ငါက ရှုကျင်းကိုပြောချင်နေတာ။ သူက ယွမ်ထျန့်အပေါ် အရမ်းကို ချိုသာတာပဲ။ သူတို့တွေ ချစ်မိနေကြပြီဆိုတာ သေချာတယ်။ သူတို့က သာမန်ပတ်သက်မှုနဲ့ မတူဘူးနော်/

/ငါသာ ယွမ်ထျန့်နေရာမှာဆိုရင် တစ်နေ့လုံး အိပ်ပျော်မှာမဟုတ်တော့ဘူး/

ရှုကျင်းအနေနဲ့ ဒါကို မမေးလိုက်ရင် ပိုအဆင်ပြေလိမ့်မည်။ အခုတော့ ချင်အန်းခမျာ ခွေးအကြောင်းကို ပြန်အမှတ်ရသွားပြီး ဒေါသထွက်ရတော့သည်။ ရှိုးကနေ ဖိတ်ခေါ်ထားတဲ့ခွေးက အရမ်းကို ထိန်းသိမ်းကရခက်သည်။ အဲကောင်က မလိမ္မာယုံသာမက တစ်ယောက်ယောက်ကို တွေ့တာနဲ့ သွားကြီးဖြီးပြကာ ဟောင်တော့သည်။ မကိုက်ပေမယ့်လည်း ခွေးခြေထောက်တွေက တော်တော်ကို မြန်သည်။ ခွေးနဲ့လမ်းလျှောက်ဖို့မပြောနဲ့။ လည်ပင်းကကြိုးကို ချင်အန်းက ခိုင်ခိုင်လေးမချည်ခဲ့တာကြောင့် သေအောင် ပြေးလိုက်ရသေးသည်။

"မလုပ်ဘူး"

ယွမ်ထျန်က
"တကယ့်ယောက်ျားက မလုပ်နိုင်တဲ့အရာကို မလုပ်နိုင်ဘူးလို့ မပြောဘူး။ မလုပ်နိုင်ရင်တောင် ရအောင် လုပ်တာလေ။ ဟုတ်တယ်မလား?"

ချင်အန်း စိတ်လွတ်လုနီးနိးပင်။ သူ ယွမ်ထျန့်ကို စူးစူးဝါးဝါး ကြည့်ပစ်လိုက်သည်။ (မိုးမေလင်းလိုက် ယွမ်ထျန်စုတ်. ခင်ဗျားတော့ သေတော့မယ်) ဆိုတဲ့ ပုံစံကြီးနဲ့။

ရှုကျင်းနဲ့ အခြားဝန်ထမ်းများ - "……"

ချင်အန်းက အထွန့်တက်လိုက်သည်။
"တကယ်ကြိုးစားခဲ့တာတောင် အဆင်မပြေလို့ပေါ့"

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now