17.1

3.6K 556 48
                                    

အပိုင်း - ၁၇.၁
ဘာသာပြန်သူ - Emily

**

ပိုစတာတင်လိုက်သည့် နေ့မှာတင် ပို့စ်တွေအများကြီးတက်လာကာ ပို့စ်တိုင်းလိုလိုမှာ ယွမ်ထျန်ရဲ့နာမည်ပါလာသည်။

/*အမည်မသိသော ရုပ်ရှင်ကို ငါကြည့်ဖြစ်အောင် ကြည့်ရမယ်။ ချင်အန်းကလည်း ထိပ်တန်းမင်းသားတစ်လက်ပဲ။ အရေးကြီးဆုံးကတော့ ရိုက်ကွင်းရိုက်ကွက်တွေက တော်တော်ကောင်းမယ့်ပုံပဲ။ ဒါရိုက်တာနဲ့စာရေးဆရာကလည်း နာမည်ကြီးတွေပဲ/

/ဒီတစ်ခေါက်ရုပ်ရှင်ရိုက်တာကို အရမ်းကိုလျှို့ဝှက်ထားတယ်နော်။ ငါတော့ အရမ်းကို စိတ်ဝင်စားနေပြီ/

/ဒီရုပ်ရှင်က ပြစ်မှုတွေကို ရိုက်ထားတာနဲ့တူတယ်။ အဓိကမင်းသားရော မင်းသမီးရောက ရဲအရာရှိတွေပဲ။ ငါ အခြားသူတွေရဲ့roleတွေကိုတော့ မသိသေးဘူး။ ဒါပေမဲ့ ရုပ်ရှင်ကတော့ ကောင်းမယ့်ပုံပဲ/

/ယွမ်ထျန်က ဒုတိယမင်းသမီးနေရာမှာရိုက်တော့ သိပ်မကောင်းလောက်ဘူးလို့ထင်တယ်/

/ဒါပေမဲ့ ယွမ်ထျန်ရဲ့မျက်လုံးတွေက တကယ်ကို အသက်ဝင်လွန်းတယ်။ သူမရဲ့သရုပ်ဆောင်ချက်ကမဆိုးလောက်ဘူးလို့ ငါ့စိတ်ကအလိုလိုထင်နေတယ်/

ပို့စ်တွေအောက်မှာ ဝင်ရောက်ဆွေးနွေးနေသူတွေကလည်း အတော်များများပင်။ အချို့အင်တာတိန်းမန့်တွေကရော ယွမ်ထျန်ရဲ့ပုံကိုတွေ့တာနဲ့ သူမရဲ့သရုပ်ဆောင်စကေးက မိုက်မယ်လို့ တွေးနေကြသည်။ ပြီးတော့ သူမက နာမည်ကြီးဒါရိုက်တာ ချောင်ဆွေ့အန်းရဲ့ရုပ်ရှင်မှာတောင် ပါဝင်ရိုက်ကူးရတာဆိုတော့ သူမစကေးတွေက အတော်ကို ကောင်းမဲ့ပုံပင်။

တစ်ခါတလေတော့ ယွမ်ထျန်ကို မကောင်းမြင်သည့်ပို့စ်တွေက တက်နေတုန်းပင်။ ရုပ်ရှင်နဲ့ပတ်သက်သည့် ထင်ကြေးတွေက အခုထိတောင် မပြီးသေးပေ။ ရိုက်ကွင်းက နှစ်ကြာသွားပြီ။

ချင်ယွီက နေ့တိုင်း ရိုက်ကွင်းမှာရှိနေသည်။ မန်နေဂျာတွေထဲက တစ်ယောက်ကိုလည်း သူ့အတွက် သီးသန့်စီစဉ်ပေးထားရသည်။

ယွမ်ထျန်ကတော့ သူ့ကိုတွေ့သည့်တိုင် လုံးဝကို နှုတ်မဆက်ပေ။ *ငါဒီလူကို မသိဘူး*ဆိုတဲ့ စကားလုံးတွေကိုသာ သူမမျက်နှာပေါ်မှာ ချိတ်ဆွဲထားသည်။ ရိုက်ကွင်းတစ်ခုမှာ သူမနဲ့ချင်ယွီလိုမျိုး ကမ္ဘာ့ရန်သူတွေ အတူတူမရှိသင့်ဘူးလို့ သူမက တွေးသည်။ ပြီးတော့ ချင်ယွီက သူမရိုက်ကွင်းကို လာလည်တယ်ဆိုတဲ့အချက်ကိုတော့ လုံးဝကို မစဉ်းစားပေ။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now