88

1K 132 4
                                    

အပိုင်း - ၈၈

ဘာသာပြန်သူ - Emily

**

ချင်ယွီက သူမကို ကောင်းကောင်းနားလည်သည်။ သူမက တွေးတောင်မတွေးပဲ ပြန်ငြင်းလိုက်မယ်ဆိုတာကို သူတွေးကြည့်စရာတောင်မလိုပဲ သိသည်။

ယွမ်ထျန်က ခေါင်းမော့လာကာ
"ဒီလိုမျိုး အနိုင်ကျင့်ဖို့ကို အရမ်းကြီးယုံကြည်မှုရှိမနေနဲ့နော်"

ချင်ယွီက လှေကားထစ်တွေကို တစ်ထစ်ချင်းဆင်းလာကာ သူမဘေးနားမှာရပ်လိုက်သည်။ သူ ခေါင်းငုံ့ကြည့်လိုက်တော့ သူ့မျက်လုံးတွေက သူမရဲ့ဆံပင်တွေ ဖရိုဖရဲကျနေသော လည်တိုင်ကျော့ကျော့လေးဆီ ရောက်သွားသည်။

"တကယ်ငြင်းနေတာလား?"

"လမ်းဖယ်ပေး ငါ အပေါ်ထပ်တက်မလို့"

ချင်ယွီက ချက်ချင်း သူမခါးကိုဆွဲဖက်ကာ နူးညံ့တဲ့လေသံလေးနဲ့
"တွေးတောင်မတွေးကြည့်တော့ဘူးလား?"

"တွေးစရာမလိုဘူး"

ချင်ယွီက သူမလက်ထဲက အိတ်တွေကို လုလိုက်ကာ သူမခါးကို ခပ်တင်းတင်းဖက်လိုက်သည်။
"သွားရအောင်။ ကိုယ့်အမေက မင်းကို မကိုက်စားပါဘူးကွာ"

နင့်အမေမဟုတ်ဘူး! နင့်ကို မတွေ့ချင်တာဟ! အိုခေ?

"နင့်အမေကြောင့်မဟုတ်ပါဘူး"
သူမ ဗြောင်ပဲပြောလိုက်သည်။
"နင့်ကြောင့်လေ"

ချင်ယွီကတော့ သူမစကားကြောင့် နာကျင်မှုတွေကို မခံစားရတော့ပေ။ အဲဒီစကား သူက သူမကို ကားထဲပစ်ထည့်ပြီး တံခါးကို လော့ခ်လိုက်သည်။ ပြီးတော့ အေးစက်စက်လေသံနဲ့
"မောင်းတော့"

ယွမ်ထျန် ဒေါသထွက်သွားကာ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ပြီးတော့ သူမရဲ့အိတ်ထဲကနေ ကိုလာတစ်ဗူးထုတ်သောက်လိုက်သည်။

ချင်ယွီက သူမကို အေးစက်စက်တစ်ချက်ကြည့်လာကာ
"ကိုယ် ဒေါသမထွက်ချင်ဘူး။ လက်တွေကို ငြိမ်ငြိမ်ထား"

ယွမ်ထျန်နှုတ်ခမ်းကိုက်ပြီး ကားတံခါးဖွင့်နေတဲ့ လက်တွေကို ပြန်ချထားလိုက်သည်။

ဒရိုင်ဘာက နောက်ခုံကနှစ်ယောက်ကို မှန်ထဲကနေ တိတ်တိတ်လေး ကြည့်နေသည်။ ဒီနေ့ သွားခေါ်မယ့်လူက အနာဂတ်ရဲ့သခင်မလေးဆိုပြီး သူ့ဇနီးက သူ့ကိုပြောခဲ့သည်။ ဒါပေမဲ့ အခု သူတို့ထိုင်နေပုံက အလယ်မှာ တစ်ယောက်စာရသေးသည်။ ကြည့်ရတာ သူတို့ ဆက်ဆံရေးက ကောင်းတဲ့ပုံမရဘူး

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Hikayelerin yaşadığı yer. Şimdi keşfedin