65

2.4K 342 11
                                    

အပိုင်း - ၆၅

ဘာသာပြန်သူ - Emily

**

ကျီဝမ်ကျန်းလို အေးစက်စက်နေတတ်တဲ့ မင်းသားက ရှီအန်းအတွက်နဲ့ သူမကို စိန်ခေါ်လာမယ်လို့  ယွမ်ထျန် မထင်ထားခဲ့ပေ။ ကြည့်ရတာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက သူမထင်ထားတာထက်ပိုကောင်းမယ် ထင်တယ်။

ယွမ်ထျန် တစ်ယောက်ချင်းစိန်ခေါ်ပွဲကို ပျော်ရွှင်စွာပဲ လက်ခံလိုက်သည်။ အရင်က ကျီဝမ်ကျန်းဆိုတဲ့ ခွေးကောင်ရဲ့ခေါင်းကို ရိုက်ဖို့ အခွင့်ရေးမရခဲ့ဘူးလေ။ အခုတော့ အခွင့်အရေးရပြီပဲဟာ။

ရှီအန်းကတော့ ဝင်မပါပေ။ ယွမ်ထျန် သူမကို တိုက်ခိုက်နေတာကို ခဏခဏခံနေရတာ အဆင်မပြေ။ သူမ အေးစက်တဲ့မျက်လုံးတွေနဲ့ ယွမ်ထျန်ကိုစိုက်ကြည့်နေလိုက်သည်။

ယွမ်ထျန်လည်း သူမကို ပြန်စိုက်ကြည့်ပေးလိုက်သည်။ ကျစ်ရှောင်ကျိုလိုမျိုး လူမျိုးနဲ့ဆုံတွေ့ခဲ့ရပြီးပြီမို့ ရှီအန်းဆိုတာ သူမအတွက် သိပ်ပြီးအရေးမကြီးပေ။

အနက်ရောင်အားကစားအင်္ကျီကိုဝတ်ထားပြီး နဖူးပေါ်အောင် ဆံပင်သိမ်းထားတဲ့ ကျီဝမ်ကျန်းရဲ့ပုံက ကောလိပ်ကျောင်းသားပုံပေါက်နေသည်။ အနီရောင်နှုတ်ခမ်းတစ်စုံနဲ့ သွားဖြူဖြူတွေကလည်း လူကို ပျော်ဝင်စေနိုင်သည်။

ယွမ်ထျန် သူ့ကို ခဏလေးငမ်းလိုက်ပြီးမှ အကျောလျှော့သည်။ ပြိုင်ပွဲမစခင် ဝမ်ပိုင်ယွမ်က
"ယွမ်ထျန် မင်းဘယ်လိုလုပ်ပြီး ကျီဝမ်ကျန်းကို စိန်ခေါ်ရဲရတာလဲ? သူက အရင်က အားကစားအသင်းသားဖြစ်ဖူးပုံပဲ။ မင်းကရော?"

"မဖြစ်ဖူးဘူး"

ဝမ်ပိုင်ယွမ်က သူ့ထက်နာမည်ကြီးတဲ့ သူအားလုံးကို မုန်းသည်။ ပြီးတော့ ကျီဝမ်ကျန်းရဲ့ အခြားသူတွေကို ဂရုမစိုက်တဲ့ အေးစက်စက်ပုံက ပိုပြီးမုန်းချင်စရာကောင်းသည်။ ဒီတော့ ယွမ်ထျန်နိုင်ပါစေဆိုပြီး သူ ကျိတ်ပြီး ဆုတောင်းနေမိသည်။ အကြောင်းတစ်မျိုးမျိုးကြောင့် ယွမ်ထျန်က အရာအားလုံးကို အနိုင်ယူနိုင်တယ်ဆိုပြီး သူ ယုံကြည်နေမိသည်။

"ကစားတဲ့အခါကျရင် သူ့ဆံပင်ကိုဆွဲ သူ့ကိုယ်အောက်ပိုင်းကို ကန်ပစ်၊ ပြီးရင် သူ့နာမည်ကဒ်ကို တစ်စစီဖြစ်အောင် ဆွဲဖြဲပစ်လိုက်၊ ပြီးရင် သူ့ခေါင်းကို သဲပုံကြားမြှုပ်ထားလိုက်တော့"

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now