71

1.6K 237 3
                                    

အပိုင်း - ၇၁

ဘာသာပြန်သူ - Emily

**

ယွမ်ထျန် ရှန်းရှဲကိုလိုက်ခဲ့သလိုမျိုး ချင်ယွီကလည်း သူမကို လိုက်ခဲ့သည်။ လိုက်ခဲ့တဲ့ နည်းလမ်းက မတူဘူးဆိုပေမယ့်လို့ပေါ့။ ယွမ်ထျန်က ရှန်းရှဲသွားတဲ့နေရာတွေကို လိုက်တတ်ရင် ချင်ယွီက သူမကျောပိုးအိတ်ကို လုပြီး သူ့ကျောမှာပိုးကာ ထွက်သွားတတ်သည်။ အဲဒါမှ ယွမ်ထျန်က ရှန်းရှဲအနောက်ကို လိုက်မသွားမှာလေ။

စတိုးဆိုင်တွေမှာ အလုပ်လုပ်တာကို သူလိုက်ကြည့်လို့ ဖမ်းမိသွားရင် ယွမ်ထျန်က အလုပ်ပြောင်းသွားလေ့ရှိသည်။ ဒါကြောင့် သူလည်း အရွဲ့တိုက်ပြီး သူမအလုပ်ကို ဝင်ဝင်ရှုပ်တာ။ ပြီးတော့ သူမက မနက်အစောကြီးထပြီး အိတ်သေးသေးလေးကိုလွယ်. ဆံပင်ကို ကပိုကရိုစည်းပြီး အနီးဆုံးဘတ်စ်ကားဂိတ်ကို ပြေးတတ်သည်။

ဒီစကားတွေကိုပြန်ကြားရတော့ ယွမ်ထျန် တွေဝေသွားမိသည်။ ချင်ယွီ ဘာအကြောင်းတွေပြောချင်နေလဲဆိုတာကို သူမမခန့်မှန်းတတ်ပေ။ အဲဒီစကားတွေက သူမအကြောင်းဆိုတာကို သိနေပေမဲ့ ချင်ယွီရဲ့ဆိုလိုရင်းကို သူမမသိ။

ကောင်မလေးရဲ့မျက်လုံးတွေ နက်မှောင်ကာ ဝိုင်းစက်စက်လေးနဲ့ တောက်ပတဲ့အပြင် ရေကန်လေးအလား ကြည်လင်နေသည်။ သူမရဲ့မျက်ဆံတစ်ဝက်က နက်မှောင်ပြီး တစ်ဝက်ကတော့ အရောင်ဖျော့ဖျော့လေး။ အရမ်းလှတဲ့မျက်လုံးနှစ်လုံးမှာ ပုံဖော်ထားတာကတော့ *ငါဘာမှနားမလည်ဘူး* *ကိစ္စမရှိဘူး* ဆိုတဲ့ စကားလုံးတွေပဲ။

ချင်ယွီ သူမရဲ့မျက်လုံးတွေကို စိုက်ကြည့်ဖို့အတွက် အရမ်းကို ရဲဆေးတင်ထားရတာဖြစ်သည်။ ဒါပေမဲ့ အခုသူမမျက်လုံးတွေက သူ့ကိုပြာကျစေချင်နေတဲ့ အကြည့်တွေမဟုတ်နေခဲ့။

သူ့ကိုယ်သူ ရယ်မိသည်။ သူ့မျက်လုံးတွေက နည်းနည်းနာနေသည်။ အခုချိန်မှ သူသိလိုက်ရတာက သူတစ်ယောက်တည်းကသာ ယွမ်ထျန့်ကိုလိုက်ဆန့်ကျင်ပြီး ကစားနေခဲ့တာ။ ယွမ်ထျန်ဆိုတဲ့ မိန်းမကတော့ သူ့ကို နည်းနည်းလေးတောင် စိတ်ထဲထားတာမဟုတ်ဘူး။

သူ့ကမ္ဘာမှာ သူမစပေါ်လာကတည်းက သူက မေ့မရခဲ့ပေမဲ့ သူမကတော့ သူ့ကို မျက်လုံးထဲတောင် ထည့်မနေပေ။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now