92

1.2K 124 6
                                    

အပိုင်း - ၉၂

ဘာသာပြန်သူ - Emily

**

အဲဒီလိုအရာမျိုးကို ယွမ်ထျန် တစ်ခါအတွေ့အကြုံရှိဖူးတာကြောင့် ချက်ချင်းပင် မျက်နှာရောနားရွက်တွေပါ ပူထူပြီး နီရဲလာသည်။ သူမ ဘာစကားမှပြန်မပြောခင် သူ့ရဲ့သဘာဝပစ္စည်းအပြုအမူကြောင့် တော်တော်ရှော့ခ်ရသွားခဲ့သည်။

ဒါပေမဲ့ ဒေါသထွက်ဖို့ကို အမေ့အမေ့အလျော့လျော့နဲ့ ရှက်နေမိသည်။
"နင်က တော်တော်ကို အရှက်မဲ့တာပဲ"

ဆေးရုံအပြင်ဘက်မှာ အစားစာသွားဝယ်တဲ့ ချင်အန်းက အချိန်အရမ်းကြာပြီဆိုတော့ သီချင်းလေးညီးပြီး အခန်းဆီပြန်လာသည်။ တံခါးဖွင့်လိုက်တာနဲ့ ယွမ်ထျန်က သူ့အစ်ကိုပေါ်မှာရှိနေတာကို တွေ့လိုက်ရသည်။ နှစ်ယောက်သားရဲ့အနေအထားက လှတယ်လို့ပြောလို့မရပေ။

သူလည်း ယောက်ျားတစ်ယောက်ပေမဲ့မို့ ဒါက ဘယ်လိုအနေအထားဆိုတာကို သူသိသည်။
"ခွင့်ပြုပါဦးနော်။ အစားစာထပ်ပြီးသွားဝယ်လိုက်ဦးမယ်"

ယွမ်ထျန် - "…"

သူမ ချက်ချင်းပင် ချင်ယွီကိုယ်ပေါ်ကနေ ဆင်းလိုက်ကာ သူနဲ့တစ်မီတာအကွာမှာ ရပ်လိုက်သည်။ ပြီးတော့ သူမရဲ့ရှုပ်ပွသွားတဲ့ ဆံပင်ကို ပြန်စည်းလိုက်ကာ
"နင် နေမကောင်းဖြစ်နေတာနော်. အဲဒီနှာစိတ်ကို ဖျောက်! တစ်ချိန်လုံး ထန်မနေနဲ့"

ချင်ယွီက နှုတ်ခမ်းထောင့်စွန်းလေးတွေ ကော့တက်လာအောင် ပြုံးကာ အပြစ်ကင်းတဲ့အကြည့်လေးနဲ့
"အဲဒါက ကိုယ့်စကားကိုမှ နားမထောင်တာ ကိုယ်က ဘယ်လိုလုပ်နိုင်မှာလဲ?"

သူ့ရဲ့အရှက်မရှိမှုကို ယွမ်ထျန် သည်းမခံနိုင်တော့ပေ။
"ဖြတ်ပစ်လိုက်ဖို့ အကြံပေးပါရစေ"

ချင်ယွီ - "…"

ချင်ယွီရဲ့မျက်နှာက နေမကောင်းမှုကြောင့် ဖျော့တော့နေပေမဲ့ သူမကို စနောက်ဖို့တော့ အင်အားအပြည့်ရှိနေသေးတာကို သူမသိသွားသည်။

"ကောင်းကောင်းနားတော့ ငါအိမ်ပြန်ပြီ"

ချင်ယွီက ခေါင်းညိမ့်ပြလိုက်ပေမဲ့ သူမကို သတိပေးဖို့လည်း မမေ့ပေ။
"ဆန်ပြုတ်မေ့မယ်နော်"

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now