22.1

3.4K 502 9
                                    

အပိုင်း - ၂၂.၁

ဘာသာပြန်သူ - Emily

**

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့သူတိုင်း သူမအတွက် မျက်ရည်ကျလိမ့်မယ်ဆိုတာကို ကျိုးမန့်က သိနေသည်။ ပြီးတော့ ဒီကိစ္စသာ ချောချောမွေ့မွေ့နဲ့ ပြီးသွားခဲ့ရင် ရလာမယ့်အမြတ်က သူမအတွက်ချည်းပဲ။ သူမငှါးထားတဲ့ဖန်တွေကလည်း သူမအတွက် ကြိုးစားပေးနေကြသည်။

သူမက အေးဂျင့်လက်ထဲက တစ်ယောက်တည်းသော မင်းသမီးဖြစ်သည်။ ဒါကြောင့် အရာအားလုံးက သူမအပေါ်မှာပဲ မျှော်လင့်ထားရတာပင်။ ကြက်သွေးရောင်ဆိုတာကလည်း အနီရောင်ပဲလေ။ ဂုဏ်သတင်းကောင်းက ဘာသုံးစားလို့ရလို့လဲ? ဒီတစ်ကြိမ်တော့ ကျိုးမန့်တို့က အချီကြီးနိုင်သွားမှာကို တွေးစရာတောင်မလိုတော့ပေ။

ကျိုးမန့် သူမအတွက် ဘလော့ဂါတွေဝယ်ဖို့အတွက် ပိုက်ဆံတွေ အများကြီးကို သုံးခဲ့သည်။ အားလုံးကလည်း အဖြူကိုအမည်းဖြစ်အောင် ပြောင်းလဲနိုင်သည့်သူတွေချည်းဖြစ်သည်။

အနုပညာအတွင်းအတင်းများ - /*ခရီးသွားခြင်း* ရှိုးပွဲမှာ ကွာရှင်းထားတဲ့ အနုပညာရှင်က တကယ်ကို သန်မာတာပဲ။ သူမက စိတ်ထားသေးသိမ်တဲ့မင်းသမီးနဲ့တူတယ်။ ကွာရှင်းထားပြီးသားမင်းသမီးက အကျိုးအမြတ်ရဖို့အတွက် ဒီရှိုးကိုဝင်ပါတာက သေချာနေတာပဲ။ ပြီးတော့ သူမက ဒီရှိုးကို အဆက်အသွယ်သုံးပြီးတော့ ဝင်ပါခဲ့တယ်ဆိုတာ သေချာတယ်။ ပြီးတော့သူမက အခြားမင်းသားငယ်ကိုလည်း အတင်းပြောပြီး အနိုင်ကျင့်သေးတယ်။ နောက်ခံသာမရှိဘူးဆိုရင် အဲလိုမျိုး ပေါ်တင်ကြီး အနိုင်ကျင့်ရဲ့မှာတဲ့လား?/

အနုပညာလောကရဲ့ အထူးသတင်းများ - /အခုလက်ရှိကတော့ *ခရီးသွားခြင်း* ရှိုးပွဲမှာပါဝင်သွားတဲ့ မင်းသမီးနှစ်လက်ရဲ့ ရန်ပွဲအသေးစားလေးဖြစ်ပေါ်နေပါတယ်။ မင်းသမီးဧည့်သည်တွေကြားက ဆက်ဆံရေးကတော့ တကယ့်ကို ကောင်းတဲ့အခြေနေမှာ ရှိမနေပါဘူးနော်။ ယွမ်ထျန်က ချမ်းသာတဲ့မိသားစုကလာတဲ့သူဖြစ်ပါတယ်။ ပြီးတော့ သူမက အခက်အခဲတွေကို ရင်မဆိုင်ဖူးတဲ့ မင်းသမီးလေးလို ရွှေလင်ဗန်းနဲ့အချင်းဆေးခဲ့သူဖြစ်ပါတယ်။ အခြားတစ်ယောက်ကတော့ ကိုယ့်အားကိုယ်ကိုးပြီး နေရာတစ်ခုရအောင် အရမ်းကြိုးစားအားထုတ်ခဲ့ရတဲ့ တက်သစ်စမင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်/

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now