34

3.2K 469 25
                                    

အပိုင်း - ၃၄

ဘာသာပြန်သူ - Emily

**

ရုပ်ရှင် ပထမဆုံးပြတဲ့နေ့မှာ ယွမ်ထျန်ရဲ့ပရိသတ်တွေက သူမအတွက် ပထမဆုံးအကြိမ်အဖြစ် စပရိုက်တွေ ပြင်ပေးထားခဲ့သည်။ ယွမ်ထျန်က နန်နီကားထဲမှာ ထိုင်နေကာ ကားအပြင်ဘက်က ပရိသတ်အုပ်ကြီးကို ကြည့်လိုက်သည်။ သူမ အံ့သြသွားပြီး ပြတင်းပေါက်မှန်အနားနီးကပ်သွားကာ ကောင်မလေးတွေ ကိုင်ထားသော ဗီနိုင်းပြားပေါ်က စာတွေကို လိုက်ဖတ်ကြည့်လိုက်သည်။ ကောင်မလေးတွေရဲ့ ဆူဆူညံညံအော်သံတွေကိုလည်း ကြားလိုက်ရသေးသည်။

"ကျဲရေ ဒီကမ္ဘာကြီးက အရမ်းကိုဆူညံနေတာပဲ။ ငါ ကျဲကို အပြိုင်ကမ္ဘာကို ခေါ်သွားပေးမယ်နော်"

"ကမ္ဘာကြီးရဲ့တစ်နေရာရာမှာ ယွမ်ထျန်ကျဲရှိနေတယ်ဆိုတာကို စဉ်းစားမိရင်တောင် ကမ္ဘာလုံးက တောက်ပနေတယ်လို့ ငါခံစားရတယ်"

"ကမ္ဘာပေါ်မှာ သကြားတွေမရှိတော့ဘူးဆိုရင်တောင်မှ မင်းလေးရှိရင် ချိုမြိန်နေဦးမှာပါပဲ"

"ကျဲနဲ့ အိမ်ပြန်လိုက်ခဲ့နော် ဝက်ဝံလေး. ဝက်ဝံလေးကို ကျဲက ကာကွယ်ပေးပါ့မယ်"

ယွမ်ထျန် ထိုအသံတွေကို ကြားလည်းကြားသလို ရေးထားတဲ့စာတွေကိုလည်း တိတ်တဆိတ်ခိုးဖတ်နေသည်။ အချို့ကတော့ ဖုန်းပေါ်မှာ ရေးထားတဲ့စာတွေကို ပြနေကြသည်။ အဓိကဝင်ပေါက်ကိုဖြတ်ပြီးတော့ ခဏလောက်နေပြီးမှ ယွမ်ထျန်က ကားပြတင်းမှန်ကိုချလိုက်ကာ ဖန်တွေဘက်ကိုလှည့်ပြီး ပြုံးပြလိုက်သည်။

"ကျေးဇူးပါ"

ဆူဆူညံညံအသံကြီးက သူမနားစည်အထိကို ပျံ့နှံ့လာသည်။

"အား!! ငါ့ကျဲကျဲက ငါ့ကို ရယ်ပြနေတယ်"

"ငါ နောင်တမရပဲ သေလို့ရပြီ။ သေတဲ့အထိ ကျဲကျဲရဲ့ဖန်အဖြစ်နဲ့ပဲ ဆက်ရှိနေပါ့မယ်"

"ဒီကိုလာ ဘေဘီ. ကိုယ်ဒီမှာ ရှိနေတယ်!!!"

အရင်တုန်းက အစားထိုးတစ်ယောက်အဖြစ် သရုပ်ဆောင်တုန်းက တစ်နေ့မှာ သူမလည်း ပရိသတ်အများကြီး ပိုင်ဆိုင်ချင်ကြောင်းကို ပြောခဲ့ဖူးသည်။ အဲဒီတုန်းက ဖန်တွေက သူတို့ကြိုက်တဲ့ သရုပ်ဆောင်တွေဆီကို ကော်ဖီထရပ်တွေက ပို့ကြတာကို သူမ မှတ်မိပါသေးသည်။ အဲဒီတုန်းက သူမ အားကျလွန်းပြီး မနေနိုင်မထိုင်နိုင် ပြောလိုက်မိတာက

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now