37

3K 455 28
                                    

အပိုင်း - ၃၇

ဘာသာပြန်သူ - Emily

**

/2017တုန်းက ငါတို့အတန်းမှာ ယွမ်ထျန်က အကြောင်းပြချက်မရှိပဲ အတန်းချိန်ကို 22ခါလောက် ပျက်ဖူးတယ်။ ပြီးတော့ အကြောင်းပြချက်မရှိပဲ နောက်ဆုံးစာမေးပွဲကိုလည်း လာမဖြေပဲ လွတ်သွားဖူးတယ်။ သူမက ကျောင်းစည်းကမ်းကို လုံးဝကိုမလိုက်နာဘူး။ အခုလည်း သူမက ကောလိပ်ကနေ နားခိုင်းထားတာလေ/

စာရွက်က အဖြူနဲ့အမဲဖြစ်ပြီး ကျောင်းတံဆိပ်ပါပါသေးသည်။ ဒါက အတုမဟုတ်။

သူမကို ဒီလိုမျိုး သတိလာပေးတဲ့သူက တကယ်ကို ပြဿနာလှလှလေး လာရှာပေးနေတာလို့ ယွမ်ထျန်တွေးလိုက်သည်။ လွန်ခဲ့တဲ့ သုံးနှစ်တုန်းကအတိတ်တွေက တစ်ခါပြန်ပေါ်လာဦးမှာလား?

ဒီဝတ္ထုထဲမှာ သူမရဲ့ဇာတ်ကောင်က ရင်နာစရာအရမ်းကောင်းတယ်လို့ ယွမ်ထျန်တွေးလိုက်မိသည်။ အဲဒီအချိန်တုန်းက အတိတ်ကို ပြန်ပြောင်းတွေးမိတော့ သူမက အချစ်ကြောင့် အရမ်းကိုရူးသွပ်ပြီး ဒေါသကြီးတဲ့ ကောင်မလေးဖြစ်ခဲ့တယ်ဆိုတာကို လက်ခံရတော့သည်။

သူမ မနေနိုင်တော့ပဲ စာရေးသူကို ဆဲမိတော့သည်။ အပြင်မှာတွေ့ရင် သတ်ပစ်မယ်!* လို့။ ဒီခွေးသွေးဇာတ်လမ်းမှာ မင်းသမီးအတွက် သူမက ခြေနင်းတုံးသာသာပဲ။ အဓိကမင်းသားနဲ့ one night stand ဖြစ်ခဲ့ယုံသာမက ကျောင်းနားခံရတဲ့အပြင် မိဘကလည်း မလိုချင် ဒီကြားထဲကားကလည်း အတိုက်ခံလိုက်ရသေးသည်။

အမှန်ဆို ယွမ်ထျန်က မြို့တော်က ရုပ်ရှင်အကယ်ဒမီကျောင်းမှာ အမြင့်ဆုံးအမှတ်နဲ့ ပြီးဆုံးထားတာဖြစ်သည်။ ပထမနှစ်ဝက်ပထမဆုံးစာမေးပွဲမှာလည်း သူမက အမှတ်အမြင့်ဆုံးနဲ့ တစ်တန်းလုံးမှာ ပထမဖြစ်သည်။ ဆရာမကလည်း သူမကို သဘောကျသည်။ အထက်တန်းကျောင်းတုန်းကလို မဟုတ်ပဲ အတန်းဖော်တွေနဲ့လည်း သူမက ဆက်ဆံရေးပြေပြစ်သည်။

ဒါပေမဲ့ အဆိုးကတော့ အဆိုးပါပဲ။ အဲဒီအချိန်တုန်းက ယွမ်ထျန်ရဲ့ ခေါင်းက မကောင်းသေးဘူး။ သူမကိုယ်သူမ ဝတ္ထုစာအုပ်ထဲက ဇာတ်ရံလေးဆိုတာကို မသိဘူး။ ဒါကြောင့် သူမက အချစ်ကြောင်း မျက်ကန်းဖြစ်နေတုန်းပဲ။

ချမ်းသာတဲ့ခင်ပွန်းဟောင်းက ပြန်လက်ထပ်ဖို့ ငိုပြီးလာတောင်းပန်နေတယ်😒Where stories live. Discover now